-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"
Showing posts with label ချစ်ရေးချစ်ရာ. Show all posts
Showing posts with label ချစ်ရေးချစ်ရာ. Show all posts

Saturday, July 13, 2013

တကယ်တော့ အချစ်ဆိုတာ တစ်ယောက်ရဲ့လိုအင်ကိုတစ်ယောက်ကဖြည့်ဆည်းပေးရင်း ကိုယ်ချစ်ရတဲ့လူကိုစိတ်ချမ်းသာစေခြင်းပဲမဟုတ်လား...?

" တစ်ခါက အရမ်းဆင်းရဲတဲ့ လင်မယား ၂ယောက်ရှိတယ်..
တနေ့မှာတော့ မိန်းမဖြစ်သူက သူ့ယောက်ျား အလုပ်သွားကာနီးမှာ
" ..သူ့ဆံပင်တွေ အရမ်းကိုရှည်လွန်းနေပြီဖြစ်လို့
ရှင်းလင်းဖို့ ဘီး ကောင်းကောင်းလေးတစ်ချောင်းလောက် ၀ယ်လာခဲ့ပေးပါလား " လို့ ပူဆာတယ်။
မိန်းမရဲ့စကားကိုကြားတော့ ယောက်ျားဖြစ်သူက အရမ်းကိုဝမ်းနည်းသွားတယ်.......

" ငါ့အတွက် မရှိမဖြစ်လိုအပ်တဲ့နာရီလေးကြိုးပြတ်နေခဲ့တာကိုလဲဖို့အတွက်တောင်
ငါ့မှာ ပိုက်ဆံ အလုံအလောက်မရှိပါဘူး မိန်းမရယ်" လို့ ပြန်ပြောတယ်..
ဒါနဲ့ မိန်းမကလည်း ဇွတ်အတင်း မပူဆာခဲ့ဘူး..
ယောက်ျားလည်းသူ့အလုပ်ကိုထွက်သွားခဲ့တယ်..