တစ်ခါက
လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ
ပျောက်သွားခဲ့တယ်..။
ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ
တစ်လုံးလည်း
ဖြစ်တယ်..။ အသစ်ပြန်ဝယ်လို့ ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ
ဖြစ်နေမိတယ်..။
အားလုံး မဂ်လာပါသူငယ်ချင်းတို့ရေ သင်ဆရာ မြင်ဆရာ ကြားဆရာများကိုလည်း ဒီ BLOG လေးနှင့် လေးစားစွာ ဂါဝရ ပြုလျှက် အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကို၏ကျန်းမာချင်းနှင့် ပြီးပြည့်စုံကြပါစေ...ကျနော် တောင်သာသားလေးမှ မေတ္တာပို့သလိုက်ပါတယ်......
ယုံလေးအတွက်
ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက
အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့
တောက်ပတဲ့ ကြယ်လေးကို
ခူးဆွတ်ယူခွင့်ပြုပါ။
လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက
အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့
ရိုးသားဖြူစင်တဲ့ မင်းလေးကို
ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။
(အလွမ်းပြေ နှစ်သိမ့်တဲ့တေး
နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ
ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး
မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့
ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ
မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့
အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ
ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်...
ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့်
တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ
နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ
ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ
အလွမ်းပြေစရာပေါ့ ယုံကလေးရယ်.....
Showing posts with label ပုံပြင်. Show all posts

Sunday, September 8, 2013
Monday, July 15, 2013
၁၆-၇-၂၀၁၃ " ကံ " ကို အားကိုတဲ့ ငါး ရယ် ၊ " ဥာဏ် " ကို အားကိုးတဲ့ ငါးရယ် ၊ " ၀ီရိယ " ကို အားကိုးတဲ့ ငါးလေး သုံးကောင်စာပေရသတစ်ခုပါ
ဟိုးရှေးရှေးတုန်းကပေါ့ .........." ကံ " ကို အားကိုတဲ့ ငါး ရယ် ၊ " ဥာဏ် " ကို အားကိုးတဲ့ ငါးရယ် ၊ " ၀ီရိယ " ကို အားကိုးတဲ့ ငါးလေး သုံးကောင်ရှိခဲ့တယ် ....
တစ်နေ့ သူတို့ သုံးကောင် ပင်လယ်ထဲမှာ ပျော်မြူးရင်းနဲ့  တံငါသည်ရဲ့  ပိုက်ကွန်ထဲကို တိုးဝင်မိပြီး တံငါရဲ့ လှေ ပေါ်ထဲကိုရောက်သွားခဲ့ပါတယ်
ကံ ကို အားကိုးတဲ့ ငါးလေးက ......
" တကယ်လိုကွာ ငါသာ သေဖို့ ကံမပါလာခဲ့ဘူးဆိုရင် ဒီတံငါသည် လက်ထဲက လွတ်မှာဘဲကွ " ဟုဆိုကာ အေးအေးဆေးဆေး အိပ်စက်နေခဲ့တယ် ..
Sunday, June 23, 2013
ဘ၀ဇာတ်လမ်းလေး တစ်ပုဒ်
ကျွန်တော် ရုံးဆင်းလို့ ရုံးမှ အိမ်ကို ပြန်လာတိုင်း တွေ့မြင်နေကျ မြင်ကွင်းတစ်ခုရှိသည်။ အဲ့ဒါကတော့ ကျွန်တော်တို့ လမ်းထိပ်တွင် ရပ်ကွက်ထဲက ကလေးတစ်သိုက် ပျော်ရွှင်စွာ ဆော့ကစားနေခြင်းဖြစ်သည်။ ရုံးမှာ ပင်ပန်းလာသမျှကို ကလေးပေါင်းစုံ ပျော်ရွှင်စွာ ဆော့ကစားနေတာကို ကြည့်ရင်း ကျွန်တော် အပန်းဖြေလေ့ ရှိသည်။ အပူအပင်ကင်းမဲ့ပြီး ဘာဟန်ပန်မှ မရှိသော သူတို့လေးတွေကို ကြည့်ရတာ ကျွန်တော့်အဖို့ အလွန်ကြည်နူးဖွယ် ကောင်းလှသည်ဟု ထင်မိသည်။ ဒီမြင်ကွင်းလေးသည် ကျွန်တော့်အဖို့ နေတိုင်း မရိုးနိုင်သော မြင်ကွင်းလေးတစ်ခုဖြစ်နေတော့သည်။
Friday, June 21, 2013
သရဲနဲ့ လောင်းကြေးထပ်တဲ့ည
"သရဲဆိုတာ တစ်ကယ်မရှိပါဘူးကွာ…."
"မင်းက မကြုံဖူးသေးတော့ ဘယ်ယုံပါ့မလဲ..၊ လက်တွေ့ဆိုရင် မင်းယုံသွားလိမ့်မယ်.."
"အေး.. ငါကလည်း မင်းတို့ပြောတဲ့ အဲ့ဒီ လက်တွေ့ သရဲကို စောင့်နေတာပဲ..၊ တွေ့မှ မတွေ့တာ.."
ကျွန်တော်တို့ သူငယ်ချင်းတွေ သရဲအကြောင်းနဲ့ ပတ်သက်ပြီး အငြင်းအခုန် လုပ်နေကြခြင်းဖြစ်သည်။ ကျွန်တော်တို့ အဖွဲ့ထဲတွင် သတ္တိအရှိဆုံးလို့ပြောလို့ရသလို သရဲနဲ့ တစ်ခါမှ မတွေ့ကြုံဖူးသေးသည့် သက်အောင်နဲ့ ငြင်းခုန်နေခြင်းဖြစ်သည်။

Labels:
ပုံပြင်
Thursday, May 16, 2013
တစ်ချို့ပုံပြင်တွေဟာ ရယ်ရွှင်ဖွယ်
ဂြိုဟ်ရံလဆိုတာ ထုံးတမ်းစဉ်လာအတိုင်း ဂြိုဟ်ကြီးရဲ့ ဆွဲအားဖြင့် လှည့်ပတ်ဝန်းရံနေတယ်လို့ လူတွေက တွေးတောယူဆကြလေတာ။ ဒါပေမယ့် သေးသေးမွှားမွားဂြိုဟ်လေးတစ်ခုကတော့ ဂြိုဟ်ကြီးပေါ်မှာ နေထိုင်တဲ့ကလေးလေးတစ်ဦးကို တွယ်တာဟုန်ဖြင့် ရွေ့လျားနေခြင်းရယ်သာ။ ဟုတ်ပါတယ်။ ကလေးလေးက သိတတ်စအရွယ်တုန်းက ထိုဂြိုဟ်လေးကို စိတ်ဝင်တစားချစ်ခင်ခဲ့တာပေါ့။
ကလေးလေးအမေက ကလေးလေးကို ချီပြီး ဖိုးလမင်းကြီးဆီက ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ပေးပါ။ သားသားက ဗိုက်ဆာလို့ပါ လို့ပြောပြီး မကြာမီ ထမင်းတစ်ပန်းကန်သယ်လာပြီး ကလေးလေးကို ထမင်းခွံ့ကျွေးတတ်တာ။ ဒီလိုနဲ့ ကလေးလေးက ထမင်းစားရင်လည်း ဂြိုဟ်လေးကိုကြည့်ပြီး စားသလို အိပ်ရင်လည်း အိပ်ရင်လည်း ပြတင်းပေါက်ကတဆင့် ဂြိုဟ်လေးကို ကြည့်ရင်းပင် အိပ်ပျော်သွားတတ်တာ။
ခပ်အေးအေးဂြိုဟ်လေးကတော့ သတ္တဝါတွေကို အမှုမဲ့အမှတ်မဲ့နေရင်းမှာပင် ကလေးလေးစကားပြောတတ်စအရွယ်ရောက်မှ သတိပြုမိတာရယ်။ ကလေးလေးတို့ သဘာဝအတိုင်း လူကြီးတွေက လဟာ ထောပတ်တွေနဲ့ ပြုလုပ်ထားတယ်လို့ စနောက်တဲ့အခါ ကလေးလေးဟာ အဟုတ်အမှန်လို့ ထင်မှတ်နေတယ်တဲ့။ ဆန်ဖွတ်နေတဲ့ အဖိုးအိုက ကလေးလေးကို ချိုချဉ်တွေ ပေးမှာလို့ ယုံမှတ်နေသတဲ့။ အဖိုးအိုနားက ယုန်ကလေးကလည်း ကလေးလေးရဲ့ ကစားဖော်အဖြစ် ရောက်လာမှာလို့ တွေးမှတ်နေသတဲ့။ ဒီလိုနဲ့ ကလေးလေးက “လရေး…လရေး” လို့ တကြော်ကြော်ခေါ်တတ်လာတယ်လေ။
ဂြိုဟ်လေးက အဲလိုခေါ်သံကြားလို့ တအံ့တသြနဲ့ စောင့်ကြည့်နေတုန်းမှာပဲ ကလေးလေးက ကဗျာလေးတွေ ရွတ်တတ်လာတယ်။ “ လလေးက ချစ်စဖွယ်။ဟော ကြည့်ပါကွယ်။” တဲ့။ အသိဥာဏ်ငယ်နုသေးတဲ့ ကလေးလေးဟာ သူ့အဘွားပြောတဲ့ ပုံပြင်တွေထဲကလို လနတ်သမီးလေးက အဲဒီဂြိုလ်မှာနေတယ်လို့ စွဲမှတ်နေတာပေါ့။ ကလေးလေးက အဲဒီလို အရေးတယူပြုံးကြည့်တဲ့အခါ အေးစိမ့်မှောင်မိုက်တဲ့ အာကာသထဲမှာ အထီးကျန်ရွေ့လျားနေတဲ့ ဂြိုဟ်လေးဟာ ကြည်နူးနှစ်သက်မှုကို ပထမဆုံးခံစားတတ်လာခဲ့တယ်။ တဖြည်းဖြည်းပျော်ရွှင်ချမ်းမြေ့လာတယ်။ ဒီလိုနဲ့ ဂြိုဟ်လေးက ပြုံးတတ်လာတယ်။ နေခင်းမှာ နေ့အလင်းကြောင့် ကလေးလေးက ဂြိုဟ်လေးကို မမြင်ပေမယ့်လည်း ဂြိုဟ်လေးကတော့ တိတ်တဆိတ်စောင့်ကြည့်ချစ်ခင်နေတာပေါ့။
တဖြည်းဖြည်းကလေးလေးက မပီကလာပီကလာ သီချင်းဆိုတတ်လာတာ။ ဒါပေမယ့် လအကြောင်းမဟုတ်ပါဘူး။ လှပစုံလင်တဲ့ ကြယ်ကလေးတွေ အကြောင်း။ " Twinkle twinkle little star ..." လို့ အစချီကာပေါ့ ။ ကလေးလေးက ကစားခုန်စားကာ သူငယ်ချင်းများစွာနဲ့ ပျော်မြူးနေပေမယ့် သူဟာ ညကောင်းကင်ကို ကြည့်ဖို့ မမေ့ပါဘူး။ သူဟာ ဂြိုလ်လေးကို ကြည့်ပြီး ၊ ကြယ်လေးတွေကို ငေးပြီး သီချင်းဆိုတတ်လေရဲ့။
ဒါပေမယ့်လည်း တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အခါ ကလေးလေးဟာ လကို ချစ်ခင်တဲ့သီချင်းကဗျာတွေ မရွတ်တော့ပါဘူး။ လဆိုတာ ဒီရေအတက်အကျလောက်သာ စွမ်းဆောင်နိုင်ပြီး ဘဝမှာအသုံးမဝင်တဲ့ ဂြိုဟ်လို့ နားလည်လက်ခံသွားပြီလေ။ ကလေးလေးဟာ ဆန့်ကျင်ဘက်လိင်ကို တမ်းတချစ်ခင်တဲ့ သီချင်းတွေ ဆိုတတ်လာပါပြီ။ ဂြိုဟ်လေးကတော့ ကလေးလေး ဘာပဲဆိုဆို၊ ဘာပဲရွတ်ရွတ် ကလေးလေးအသံကို နာပျော်စွာ ချစ်ခင်စောင့်ကြည့်မြဲပါဘဲ။ ဒါပေမယ့် ကလေးလေးကတော့ ဂြိုလ်လေးကို သတိမရတော့ပါဘူး။ ကလေးလေးဟာ လူလားမြောက်ခဲ့ပြီရယ်။
အရွယ်ရောက်လာတဲ့ ကလေးလေးဟာ ဂြိုဟ်လေးကို လုံးလုံးမေ့သွားခဲ့ပါပြီ။ ကလေးလေးမှာ ဖြူစင်နူးညံ့တဲ့ အပြုံးလှလှလေးတွေ မရှိတော့ဘူး။ ကလေးလေးဟာ အကြောင်းခြင်းရာမရှိဘဲ ရယ်တတ်ခဲ့ပြီ။ကလေးလေးက ပီယဝါစာ စကားသံကြည်ကြည်လေးတွေ မဆိုတော့ဘူး။ ကလေးလေးဟာ ဆဲရေးတိုင်းထွာတတ်လာပြီ။ ကလေးလေးဟာ ချိုသာတဲ့သံစဉ်ယဉ်ယဉ်လေးတွေ မဆိုတော့ဘူး။ ကလေးလေးဟာ တစ်ဖက်သားကို စော်ကားရန်လိုတဲ့ တီးလုံးတွေကို ဖန်တီးခဲ့ပြီ။ ကလေးလေးဟာ လူပဲလေလို့ ဂြိုဟ်လေးဟာ သူ့ကိုယ်သူဖျောင်းဖျတယ်။ ဒါပေမယ့် ဂြိုဟ်လေးမပျော်တော့ဘူး။ သူဟာ ဝမ်းနည်းစိတ်မကောင်းဖြစ်လာတယ်။ ကလေးလေးရဲ့ စိတ်ပျက်စရာအမူအရာတွေကို မြင်ရတဲ့အခါ ချစ်ဖို့မကောင်းတော့တဲ့ ကလေးလေးကို စောင့်မကြည့်တော့ဘူးလို့ ဆုံးဖြတ်ချက်တင်းတင်းချသတဲ့။ ဒါပေမယ့် ဂြိုလ်လေးဟာ ဖြတ်ကနဲခဏမျှပင် ကလေးလေးကို ဖြတ်ကနဲ မမြင်ရရင် သူ့ခမျာ မနေတတ်ရှာတော့ဘူး။
တိမ်ရိပ်ဖုံးတဲ့ နေ့တွေမှာ၊ လှည့်ပတ်နေရင်း နေနဲ့လမ်းကြောင်း တတန်းတည်းကျတဲ့အခါတွေမှာ ကလေးလေးအရိပ်ကွယ်နေရင် ဂြိုဟ်လေးဟာ ကသိကအောက်နဲ့ သောကရောက်နေသတဲ့။ ဂြိုဟ်လေးဟာ နာကျင်ကြေကွဲတတ်ခဲ့ပြီ။ ဒါပေမယ့် သူဟာ ကလေးလေးကို တမြတ်တနိုး စောင့်ကြည့်မြဲပေါ့။ ဒါပေမယ့် လှပတဲ့နွေဦးတရက်မှာတော့ ကိုယ့်ခြေထောက်ကိုယ်ရပ်ဖို့ ကြိုးစားနေတဲ့ ကလေးလေးဟာ ဆုံးဖြတ်ချက်တစ်ခုချလေတာ။ ဒီဂြိုဟ်ဟာ သူ့အတွက်သေးလွန်းတယ်တဲ့။ တခြားဂြိုဟ်ဆီမှာ အခြေချဖို့ ကြိုးစားလေပြီ။ ကလေးလေးဟာ ဂြိုဟ်ကလေးမျက်စိအောက်က စွန့်ခွာဖို့ပြင်လေပြီ။ ဂြိုဟ်လေးက မတားနိုင်ဘူး။ ဂြိုဟ်ဆိုတာ စကားမှ မပြောတတ်ဘဲလေ။ ဂြိုဟ်ဟာ ကလေးလေးကို ထာဝစဉ်မြင်နေရအောင် ဘယ်လိုလုပ်ရပါ့မလဲလို့ ကြံစည်နေတုန်းမှာပဲ ကလေးလေးက ယာဉ်ပျံကြီးစီးလို့ တခြားစကြာဝဠာက ဂြိုဟ်ကြီးတစ်ခုဆီ ကူးသွားလေတာ။
ဝမ်းနည်းလွန်းလို့ ဂြိုလ်လေးရဲ့ မျက်နှာပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန်ခြောက်သွေ့သွားတယ်။သူဟာ ကလေးလေးကို မမြင်ရတော့ဘူး။ သူဟာ ကလေးလေးရှိတဲ့ ဂြိုဟ်ဆီကိုလည်း လိုက်မသွားနိုင်ဘူး။ ဂြိုဟ်ပတ်လမ်းမှာ ကြေကွဲစွာ လွင့်နေရင်း တစ်နေ့ပြီးတစ်နေ့ ကလေးလေးပြန်လာမှာလားလို့ မျှော်တယ်။ ကလေးလေးကို တောင့်တတယ်။ စောင့်စားတယ်။ ဒါပေမယ့် ကလေးလေးကတော့ ဘယ်တော့မှ ပြန်မလာတော့ပါဘူး။
ဖြစ်ရပ်မှန်ကို နားလည်လက်ခံသွားတဲ့ ဂြိုဟ်လေးဟာ နာကျင်လွန်းလို့ တကိုယ်လုံး လှိုက်လှဲတုန်ခါလာတယ်။ ဂြိုဟ်လေးဟာ ကလေးလေးဆီ ဘယ်လိုသွားရမယ်ဆိုတာ မဆုံးဖြတ်နိုင်ဘူး။ သူဟာ ဂြိုဟ်ကြီးရဲ့ ဆွဲငင်မှုကလည်း ရုန်းမထွက်နိုင်ဘူး။ ဒါပေမယ့် ဂြိုဟ်လေးဟာ မနိုင်ဝန်ကို သံယောဇဉ်အားနဲ့ တွန်းလှန်ရှာတယ်။ ။ သူဟာ ကလေးလေးရှိတဲ့ ဂြိုလ်ဆီ အရောက်သွားဖို့ သေလုမျောပါး ကြိုးစားတယ်လေ။ ဒါပေမယ့် အားချင်းမညီ ချိန်ခွင်မမျှတဲ့နောက် ခံနိုင်ရည်အားနည်းချို့တဲ့ ဂြိုလ်လေးရဲ့ ရင်ထဲကအစိတ်အပိုင်းတွေ အက်ကွဲလာလေတာ။ ဂြိုဟ်လေးဟာ ဒီလိုသာ ဆက်ရုန်းကန်လှုပ်ရှားရင် ပြိုကွဲပျက်စီးတော့မယ်ဆိုတာ သိလည်း သူ့ကြိုးစားမှုကို မရပ်ဘူး။ နောက်ဆုံးတော့ ဂြိုလ်လေးဟာ အက်ကွဲထွက်လာပြီး ဂြိုဟ်ကြီးနဲ့ ဆွဲအားကို မလွန်ဆန်နိုင်ဘဲ ဝင်တိုက်မိကာ အစိတ်စိတ်အမွှာမွှာပေါက်ကွဲပျက်စီးသွားလေတာ။
ဂြိုလ်လေးဆီက အစိတ်အပိုင်းတွေဟာ အာကာသထဲ လွင့်စင်သွားတာပေါ့။ အရှိန်ပြင်းပြင်းလွင့်လာတဲ့ ဂြိုလ်လေးရဲ့ ရုပ်အပိုင်းအစလေးတွေဟာ လေထုနဲ့ပွတ်တိုက်မိပြီး အရောင်လင်းထွက်ကြတဲ့အခိုက်မှာ လူတွေက ကြယ်ကြွေတာ ဆိုပြီး ဆုတောင်းကြတယ်တဲ့။ ကလေးလေးကတော့ အရေးမထားပါဘူး။ သူဟာ မျက်မှန်မည်းတပ်ပြီး လမ်းလျှောက်တတ်တဲ့၊ သောကတွေ ထမ်းပိုးရင်း စိတ်တိုတတ်တဲ့ လူငယ်လေးဖြစ်သွားပြီလေ။
အဲဒီညမှာပဲ ကလေးလေးဟာ ကျောက်ခဲသေးသေးလေးကို ခလုတ်တိုက်မိတယ်။ ကလေးလေးဟာ ဒေါသထွက်ထွက်နဲ့ ကျောက်ခဲလေးကို ထပ်ကန်တယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီကျောက်ခဲလေးဟာ အဝေးကလူတစ်ယောက်အနား ကျသွားလေတာ။ ကလေးလေးက သွားတောင်းပန်တော့ အဲဒီလူက စိတ်မဆိုးသည့်အပြင် သူက နက္ခတဗေဒပညာရှင်ပါလို့ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပြီး “ဒီကျောက်ခဲက ဂြိုလ်ပြာက ပဲ့ကျလာတာဗျ။ ပြတိုက်သွားပို့ရမယ်” လို့ ဝမ်းသားအားရ နှုတ်ဆက်ထွက်သွားလေရဲ့။
ကလေးလေးဟာ ဘယ်ဂြိုဟ်က အပိုင်းအစလဲဆိုတာ မမေးပါဘူး။ ကလေးလေးဟာ ဘယ်ဂြိုဟ်မှ၊ဘယ်ကြယ်မှ စိတ်မဝင်စားတော့ဘူးလေ။ ကလေးလေး လက်ရှိုနေထိုင်နေတဲ့ ဂြိုဟ်မှာ ဂြိုဟ်ရံလများစွာရှိပေမယ့် ဘယ်ဂြိုဟ်ကိုမှလည်း အရေးတယူမရှိတော့ပါဘူး။ ဂြိုဟ်ရံလတွေ များလွန်းတော့ ဘယ်ဂြိုဟ်ရံလကို ရွေးချယ်နှစ်သက်ရမည်ကို ဝေခွဲမရတာကြောင့် မဟုတ်ပါဘူး။ ကလေးလေးရဲ့ ပင်ကိုသဘောအရ စိတ်မဝင်စားတော့ခြင်းသာရယ်။ အဲဒီနောက်တော့ ကလေးလေးဟာ ထွန်းညီးလှပတဲ့ရောင်စုံမီးများအကြား တိုးဝင်ပျောက်ကွယ်သွားလေတာ။
မယ်ကိုး

Wednesday, May 15, 2013
အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ

တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်…..ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….
“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “
အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..
ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….
နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်…
အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….
ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…
ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…
ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးကပေးလိုက်ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“

ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…
အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????
ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…
ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….
“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင်နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်
ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရတော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???
အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ

သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “

အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..
“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “
ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…
ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????
သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………
………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ……………………………… ………………………………..မလှပနိုင်တော့ဘူးနော်……….

(သင်လဲဒီပုံပြင်လေးကို ဖြတ်ပြီးရင် မှတ်ချက်လေးတော့ ပေးခဲ့နော်)
Myanmar News Update
Labels:
ပုံပြင်
Subscribe to:
Posts (Atom)