-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Monday, July 15, 2013

၁၆-၇-၂၀၁၃ " ကံ " ကို အားကိုတဲ့ ငါး ရယ် ၊ " ဥာဏ် " ကို အားကိုးတဲ့ ငါးရယ် ၊ " ၀ီရိယ " ကို အားကိုးတဲ့ ငါးလေး သုံးကောင်စာပေရသတစ်ခုပါ

ဟိုးရှေးရှေးတုန်းကပေါ့ ..........
" ကံ " ကို အားကိုတဲ့ ငါး ရယ် ၊ " ဥာဏ် " ကို အားကိုးတဲ့ ငါးရယ် ၊ " ၀ီရိယ " ကို အားကိုးတဲ့ ငါးလေး သုံးကောင်ရှိခဲ့တယ် ....
တစ်နေ့ သူတို့ သုံးကောင် ပင်လယ်ထဲမှာ ပျော်မြူးရင်းနဲ့  တံငါသည်ရဲ့  ပိုက်ကွန်ထဲကို တိုးဝင်မိပြီး တံငါရဲ့ လှေ ပေါ်ထဲကိုရောက်သွားခဲ့ပါတယ်


ကံ ကို အားကိုးတဲ့ ငါးလေးက ......
" တကယ်လိုကွာ ငါသာ သေဖို့ ကံမပါလာခဲ့ဘူးဆိုရင် ဒီတံငါသည် လက်ထဲက လွတ်မှာဘဲကွ " ဟုဆိုကာ အေးအေးဆေးဆေး အိပ်စက်နေခဲ့တယ် ..

ဝီရိယ ကို အားကိုးတဲ့ ငါးလေးကတော့ ......
" ဟ ကိုယ်တိုင်ကကြိုးစား အားထုတ်မူ့ မရှိရင် ကိုယ်လိုချင်တဲ့ပန်းတိုင်းကို ဘယ်တော့မှ မရောက်ဘူးကွ ... ငါတော့ ဒီကလွတ်အောင်ကြိုးစားမယ် "
ဟုဆိုကာ တံငါသည် လှေထဲကနေ '" ဖလပ် " ဖလပ် " နဲ့  ခုန ခုနခုန်ထွက်ဖို့  ကြိုးစားနေပါတယ် ...
အကြိမ်ဖန်များစွာ ကြိုးစားတာကို တံငါသည် သတိပြူမိသွားတော့ ချက်ချင်းဘဲ လှော်တက်နဲ့  ရိုက်သတ်ခြင်းခံလိုက်ရပါတယ် ..
ဥာဏ်ကို အားကိုးတဲ့ ငါးလေးကတော့ အခွင့်ခါသင့်အချိန်ကို စောင့်နေခဲ့ပါတယ် ..
ခနုကြာတော့ လေပြင်းတစ်ချက်တိုက်ခတ်တာကြောင့် လှေဟာ အနည်းငယ် စောင်းသွားခဲ့ပါတယ် ...
အဲဒီချိန် ဥာဏ် ကို အားကိုးတဲ့ ငါးက ဟာ အခွင်ရေးဘဲဆိုပြီး တစ်ချက်ဘဲ ခုန်လိုက်ရပြီး အသက်သေဘေးမှ လွတ် မြောက်သွားခဲ့ရပါတယ်....
တံငါသည် က ငါးတစ်ကောင်လွတ်သွားတာကို သတိပြူမိပြီး ကျန်နေတဲ့ ငါးတစ်ကောင်လဲ လွတ်မှာ စိုးရိမ်တာမို့  ချက်ခြင်းဘဲ ကံကို အားကိုတဲ့ ငါးကို ရိုက်သတ်လိုက်ပါတယ် ...

ရည်မှန်းထားတာ အောင်မြင်ဖို့  " ကံ နဲ့  ၀ိရိယ " ရှိနေခဲ့ရူံနဲ့  မရဘဲ .....
" ကံ ၊ ဥာဏ် ၊ ၀ိရိယ " သုံးခုလုံးကို သေချာပိုင်နိုင်စွာ အသုံးချနိုင်ခဲ့မှသာ လိုချင်တဲ့ ပန်းတိုင်းကို ရောက်နိုင်လိမ့်လို့  ရည်ညွန်းထားခဲ့ခြင်းဖြစ်ပါတယ် ....
( ငယ်စဉ်က နာကြားခဲ့ဘူးသော တရားတော်များအား ပြန်လည်ရေးသားခြင်းသာ .......

Written by ကောင်လေး

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...