-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"
Showing posts with label ဆောင်ပါး. Show all posts
Showing posts with label ဆောင်ပါး. Show all posts

Thursday, June 13, 2013

ပြန်လာပါသားကြီးရေ '

*••.¸¸☾☆★¸¸.•*¨*••.¸¸☾☆¸.•*¨*★☆☾
☆ သားဆိုတာမိသားစုအတွက်အားကိုးစရာဖြစ်စေရမယ်လို့
မလေးဆိုတဲ့နိုင်ငံထွက် အလုပ်လုပ်နေတဲ့သားကြီးရေ..
☆ ကြားရတဲ့သတင်းတွေကြောင့်
ရတက်မအေးလိုက်တာ..
☆ ဖုန်းလေးထဲကတဆင့် သားက စိတ်မပူနဲ့အမေတဲ့
ဘယ်လိုပဲတွေးတွေး
မျက်စိရှေ့မရောက်လာသေးသ၍
အမေစိတ်မအေးရပါဘူးသားရယ်…
ဆားနဲ့ပဲစားရပါစေ…ပြန်လာခဲ့ပါ….
☆ အမေငွေမမက်ပါဘူး..
အမေ့အတွက်တော့ သားက ဘာနဲ့မှမလဲနိုင်တဲ့ရတနာပါ..
မင်းအဖေချန်ခဲ့တဲ့ ယာကွက်မှာအေးအေးလူလူခြံစိုက်စားမယ်လေ…
☆ ပေါင်မုန့် ပီဇာ တွေလောက်မခန်းနားပေမယ့်
ကိုယ့်နိုင်ငံမှာ ထမင်းကြမ်းခဲယပ်ခပ်စားရတာ အေးချမ်းပါတယ်..
အမေ့ရင်ခွင်ကို အမြန်ပြန်လာပါသား…..
☆ သားနဲ့အတူ မလေးမှာရှိနေတဲ့ မြန်မာနိုင်ငံသားအားလုံး
ဘေးရန်ကင်းစွာ ပြန်လာနိုင်ကြပါစေ..
*••.¸¸☾☆★¸¸.•*¨*••.¸¸☾☆¸.•*¨*★☆☾
Linn Lat Kyal '

Monday, June 10, 2013

ဘဏ်လုယက်မှုက ရတဲ့ သင်ခန်းစာ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သင်လေ့လာထားမှု အပေါ်မှာပဲ အာရုံစိုက်တာကို အသက်မွေးဝမ်းကျောင်းတဲ့ ပရို လို့ခေါ်တယ်
တရုပ်နိုင်ငံ ဂွမ်ဇောင်းပြည်နယ် ဘဏ်လုယက်မှု တခုမှာ လုယက်သူတွေက သေနတ်နဲ့ ချိန်ရွယ်ပြီး ဒီလိုအော်ပါတယ် ။
" မလှုပ်နဲ့ ၊ ပိုက်ဆံဆိုတာ နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်တယ် ၊ မင်းတို့ ပိုင်တာ ဆိုလို့ မင်းတို့ အသက်ပဲ ရှိတယ် "
ထိုအချိန်မှာ မလုံမခြုံ အဝတ်အစား ဝတ်ထားတဲ့ အမျိုးသမီးက စားပွဲပေါ် လှဲချလိုက်တဲ့အခါ
လုယက်သူက

Tuesday, April 9, 2013

ထာဝရငြိမ်းချမ်းရေးတဲ့လား


မြန်မာ့လွတ်လပ်ရေး၏ ဖွားဖက်တော်ဖြစ်တဲ့ ပြည်တွင်းစစ် (သို့) တိုင်းရင်းသားလူမျိုးစု၊ လူနည်းစုအသီးသီး တို့၏ တန်းတူညီမျှရေး၊ လွတ်လပ်ရေး၊ အသိအမှတ်ပြုရေး နိုင်ငံရေးအာဏာနှင့် နေရာတို့အတွက် တိုက်ပွဲဝင်လျှက်ရှိသော လက်နက်ကိုင်စစ်ပွဲများသည် နှစ်ပေါင်း (၆၀) နီးပါးကြာမြင့်နေပြီ ဖြစ်သည်။
တစ်တိုင်ပြည်လုံး စီးပွားရေး ချွတ်ချုံကျဖြစ်စေခဲ့တဲ့ ပြည်တွင်းစစ်မီးကြီးကို ငြိမ်းသတ်နိုင်ဖို့အတွက် ဒီမိုကရေစီအစိုးရသစ်ရဲ့သမ္မတကြီး၏ ငြိမ်းချမ်းရေးမှုနှင့် ၀န်ကြီးဦးအောင်မင်းရဲ့ ထာဝရငြိမ်းချမ်းရေး ဗီဇာကဒ်ကိုင်ဆောင်ထားတဲ့ မစ်ရှင်အဖွဲ့၊တို့သည် ငြိမ်းချမ်းရေး အားထုတ်မှုများကို အစိုးရသစ်သက်တမ်း အစမှာဘဲ ဆက်တိုက်ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။ အစိုးရသစ်၏၂၀၁၁/၂၀၁၂ ဒီမိုကရေစီ ဖေါ်ဆောင် နှစ်တွင် ငြိမ်းချမ်းရေးဆောင် ရွက်ချက်များသည် အထိုက်အလျောက်အောင် မြင်မှုများရရှိနေပြီးဖြစ် ကြောင်းကို သတင်းမီဒီယာများနှင့် မြန်မာ့အရေးနှင့် မြန်မာ့အရင်းအမြစ်များစိတ်ဝင်စားသောနိုင်ငံများက ချီးကျူးထောပနာပြုနေကြပါ သော်လည်း ကချင်ပြည်နယ်စစ်ဘေးသင့်ခံရသော တိုင်းရင်းသား ပြည်သူများ အဖို့မှာတော့မီးခိုးလုံးများ၊လေယာဉ်သံများ၊စက်သေနတ်သံများအကြား အသက်မ၍ ပြေးလွှားနေရတုန်း ပင်ဖြစ်သည်။ ပုံသဏ္ဍာန်ငြိမ်းချမ်းရေး၊ အနှစ်သာရငြိမ်းချမ်းရေး ထိုးစစ်ဆင်မှုများ၊ အပစ်အခေတ်များ ခဏ တာရပ်စဲ သွားခြင်း၊ လက်နက်အင်အားမမျှတလို့ ခဏတာအင်းအား ပြန်လည် စုဆောင်ခြင်း၊ ရာသီဥတု ဆိုးရွားလို့ ယာယီထိုးစစ်ဆင်မှုများနားနေခြင်း၊တစ်ဖက်နှင့်တစ်ဖက်တွေ့ဆုံ၍ စကားခေါ်ငြိမ်းချမ်းရေး ပွဲပြုလုပ်ခြင်းစတဲ့ လုပ်ဆောင်ချက်များကို ပုံသဏ္ဍာန်င်ြမ်းချမ်းရေးလို့ခေါ်ဆိုပါသည်။

ပြည်သူလူထုအပေါ်မတရားဖိနှိပ်မှုများ၊ အဓမ္မခိုင်းစေမှုများ၊ မမျှတသည့်အခွန်အခများ၊ ဥပဒေများထုတ်ပြီး လုပ်ကွက်၊ စားကွက်များပုံဖေါ်ဆောင်ရွက်တဲ့ စီမံကိန်းများ၊ အမြတ်ထုတ်မှုများ၊ မတရားဆက်ဆံမှုများ စတဲ့အရာများ အားလုံးးသည်ပင် ပုံသဏ္ဍာန်ငြိမ်းချမ်းရေးအသွင်ဆောင်သည်။ လက်နက်အင်အားဖြင့် တစ်ဖက်မှအနိုင်ယူစိုးမိုး ထားပြီးတိုက်ခိုက်မှုများမရှိခြင်းကိုလည်း ပုံသဏ္ဍာန်ငြိမ်ချမ်းရေးဟုပင် ယူဆနိုင် ပါသည်။ ပုံသဏ္ဍာန်ငြိမ်းချမ်းမှုသည်ကြားကာလအနေအထားတစ်ရပ်ဖြစ်လေ့ရှိပြီးညီညွတ်မျှတရေး၊ဆွေးနွေးမှုများရှိမှုမရှိမှုပေါ်မှုတည်၍ အပြည့်အ၀ ငြိမ်း ချမ်းရေးဆီသို့ဖြစ်စေ သို့မဟုတ် စစ်ပွဲဆီသို့ဖြစ်စေ ပြန်လည်ဦးတည်စေနိုင်ပါသည်။
အနှစ်သာရငြိမ်းချမ်းရေးဆိုသည်မှာ တရားမျှတမှုပင်ဖြစ်သည်။ အနှစ်သာရငြိမ်းချမ်းရေးကို ဖေါ်ဆောင် သောအဆင့်များစွာရှိပြီး အဆင့်တိုင်းအဆင့်တိုင်းတွင်မတရားမှုများကို ဖယ်ရှားပစ်ရမည်။မျှတမှုရှိတဲ့ စီးပွားရေး၊ စနစ်ဖြစ်ရမည်။ လူနည်းစုနှင့်လူများစုအတွင်း တစ်ဦးနှင့်တစ်ဦးမျှတမှုကို အခြေခံသော ဆက်ဆံရေးတည်ရှိစေရ မည်။ လူမျိုးကိုအခြေခံသောခွဲခြားမှုများ၊ ကျားမအပေါ်အခြေခံသောခွဲခြားမှုများ၊အရည်အချင်းကြောင့်မဟုတ်ဘဲ အသင်းအဖွဲ့လူတန်းစား၊ အနေအထားကြောင့်ခွဲခြားဆက်ဆံခံရခြင်းတို့ကို ဖယ်ရှားပေးရမည်။ဒီမိုကရေစီဖေါ် ဆောင်ရာတွင်အနှစ်သာရငြိမ်းချမ်းရေးသည် အရေးကြီးဆုံးအခန်း ကဏ္ဍမှ ပါဝင်သည်။ အနှစ်သာရငြိမ်းချမ်းရေး တွင်နိုင်ငံရေးတန်းတူညီမျှမှုသည် အရေးကြီးဆုံးဖြစ်သည်။

အပစ်အခေတ်ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးမဟုတ်သေး။ မြန်မာနိုင်ငံတွင် လက်နက်ကိုင်လူမျိုးစုများနှင့် စစ်အစိုးရကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို စစ်အစိုးရလက်ထက်တိုင်းတွင် အကြိမ် အကြိမ်ပြုလုပ်ခဲ့သော်လည်း ထာဝရငြိမ်းချမ်းရေးမပြောနဲ့ ယာယီငြိမ်း ချမ်းရေးပင်မတည်ဆောက်နိုင် ခဲ့ကြပါ။ အကြောင်းကား အပစ်အခတ်ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးမဟုတ်သေး သောကြောင့်ဖြစ်သည်။နူနာရောဂါစွဲကပ်နေတဲ့ ဥပမာမျိုးလိုပါဘဲ ယားယံသည့်အခါတွင်သာ မီးဖိုဆီသို့ပြေးပြီ နူနာကိုမီးကင် သလိုမျိုး အယားသက်သာသွားတဲ့အခါ မီးဖိုမှခေတ္တခွာနေပြီး တစ်ခါပြန်ယားတဲ့အခါ မီးဖိုဆီသို့ပြန်ပြေး မီးကင်၊ သည်လိုနဲ့ဘဲခွာလိုက်ကင်လိုက်နဲ့ဘဲ တနေ့တခြားရောဂါသာရင့်လာတယ် ရောဂါပျောက်ကင်း သွားခြင်းမရှိပါဘူး။ အမှန်တကယ်က အမြစ်တွယ်နေတဲ့ရောဂါကို အမြတ်ဖြတ်ကုသတဲ့ကုထုံးကို အသုံးပြုပြီး ကုသရမည်ဖြစ်ပေသည်။ ယ္ခုလက်ရှိအစိုးရသစ်လက်ထက်ထက်တွင်လည်း နိုင်ငံ၏လက်နက်ကိုင်လူမျိုးစု လူနည်းစုတို့၏ နှစ်ကြာရှည်စွာ အမြစ်တွဲစွဲကပ်နေခဲ့တဲ့ပြည်တွင်းစစ်ရောဂါကြီး၏ အရင်းအမြစ်ကို မကုစားနိုင်သရွေ့ ကာလပတ်လုံးသည် နူနာမီးကင်သလိုမျိုးအဖြစ်မျိုးသာ ဖြစ်နေပေလိမ့်ဦးမည်သာ ဖြစ်သည်။

အပစ်အခေတ်ရပ်စဲခြင်း၏အဓိကရည်ရွယ်ချက်မှာ“ ပဋိပက္ခထိန်းချုပ်ရေးကြိုးပမ်းချက်ပင်ဖြစ်သည်။” တကယ်တမ်းတော့ အပစ်ရပ်စဲသဘောတူညီချက်များ၏ စည်းမျဉ်းများသည်နိုင်ငံရေးအရဖြေရှင်းချက် သို့မဟုတ် ငြိမ်းချမ်းရေးသဘောတူညီချက်များထက် စစ်ရေးအရရပ်စဲခြင်းနဲ့သာ သက်ဆိုင်နေသည်။ရောဂါ၏အရင်းအမြစ်များ သဘောတရားအရပြောရရင် ပဋိပက္ခဖြေရှင်းရေး ချဉ်းကပ်နည်းများသည် ပဋိပက္ခ၏ အကြောင်းအရင်းများ နောက်ကွယ်မှ အရင်းခံကြသည့်ကွဲလွဲချက်များပြဿနာကို ကိုင်တွယ်ရန် လိုအပ်ပါသည်။ နိုင်ငံမှလူမျိုးစုများ၏ အဓိကမကျေနပ်မှုများမှာ နိုင်ငံရေးဆုံးဖြတ်ချက်ချရာ၌ ပါဝင် ဆောင်ရွက်ရာတွင်လည်းကောင်း၊ လူမျိုးစုအမှတ်လက္ခဏာများ ထိန်းသိမ်းရာလည်းကောင်း၊ တန်းတူအခွင့် အလမ်းများကင်းမှုပြနေခြင်းပင်ဖြစ်သည်။
အစိုးရ၏အပစ်အခတ်ရပ်စဲရေးများသည် ပဋိပက္ခလျော့ပါးရေးအပိုင်း တိုးတက်လာမှုကို အကျိုးဖြစ်စေခဲ့ သော်လည်း လူမျိုးစုမကျေလည်မှုများကို နိုင်ငံရေးအရဖြေရှင်းရေးနှင့်ပတ်သက်၍ မည့်သည့်တိုးတက်မှုမျှ မရှိစေဘဲ၊ အကျိုးမဲ့ငြိမ်းချမ်းရေးကိုသာဖြစ်ပေါ်စေခဲ့သည်။

၂၀၀၈ဖွဲ့စည်းပုံသည် စစ်အစိုးရကချုပ်ကိုင်ထားခြင်းနှင့်အတူ အမျိုးသားနိုင်ငံရေးတွင် စစ်တပ်၏ဦးဆောင်မှု အခန်းကို အခြေခံဥပဒေသစ်၏ အခြေခံမူတစ်ရပ်အဖြစ် ချမှတ်ခဲ့သည်။ဆိုလိုသည်မှာ ပါလီမန်အမတ်နေရာ (၂၅%) ကို စစ်တပ်အရာရှိများအတွက် သီးသန့်ဖယ်ထားကာ သမ္မတရာထူးအတွက်လည်း စစ်ဘက်အတွေ့ အ ကြုံ့ရှိရန်နှင့်ကာကွယ်ရေး၊ပြည်ထဲရေး၊ နယ်စပ်ဒေသရေးရာဝန်ကြီးများကို စစ်တပ်အတွက် သီးသန့် ထားရန် သတ် မှတ်ထားခြင်းအားဖြင့် ဥပဒေပြုအာဏာနှင့် အုပ်ချုပ်ရေးအာဏာကို စစ်တပ်ကလုံးဝချုပ် ကိုင်မည် ဟူ၍ဖြစ်သည်။
ထိုအပြင်လူမျိုးစုလူနည်းစုများကို ဗမာလူမျိုးလူများစုနှင့် တန်းတူအခွင့်အရေးများပေးရန် အာမခံမှုမရှိပေ။အရင်းခံ နိုင်ငံရေး (ရောဂါ၏ မှုလဇစ်မြစ်)နှင့် လူမျိုးစုရေးမကျေနပ်ချက်များ မဖြေရှင်းဘဲရှိနေသ၍ ကာလ ပတ်လုံးမြန်မာနိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခသံသရာ အသစ်တဖန် လည်နေဦးမည်သာဖြစ်သည်။၂၀၁၁-၂၀၁၂ ကာလအတွင်း အစိုးရသစ်၏ပြည်တွင်းငြိမ်းချမ်းရေး သဘောထားနှင့်လုပ်ဆောင်ချက်များ
၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရသစ်သည် ဒီမိုကရေစီအသံများဟစ်ကြွေးကာ နန်းတက်လာခဲ့ပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်ရန်အတွက် မီဒီယာများမှတဆင့် လူသိရှင်ကြား ပထမဆုံးအကြိမ် ဖိတ်ခ်ါခဲ့ပြီး နှစ်ပေါင်းများစွာဖြစ်ပွားနေခဲ့သော ပြည်တွင်းစစ်ကို ရပ်တန့်ရန်သို့မဟုတ်။ နိုင်ငံတကာက ဒီမိုကရေစီနိုင်ငံဟု အသိအ မှတ်ပြုရန် (သို့) တရားဝင်အစိုးရဖြစ်ကြောင်း ပြသရန်ဆိုတဲ့ ရည်ရွယ်ချက် မျိုးစုံတို့ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ လွှတ်တော်နိုင်ငံရေးဖြင့် ၂၀၀၈ အခြေခံဖွဲ့စည်းပုံ အသက်ရာကျော် တည်မြဲရေး စီမံချက်ဖြင့် ထာဝရငြိမ်းချမ်းရေးမစ်ရှင်ကို စတင်အကောင်ထည်ဖေါ်ရန် ကြိုးစားခဲ့ပါသည်။

ယင်းမစ်ရှင်တွင် အဆင့်(၃) ဆင့်ပါရှိပြီး ပထမအဆင့်တွင် ပြည်နယ်အဆင့် နှစ်ဦးနှစ်ဖက်ရန်လိုမှု ပစ်ခတ်
တိုက်ခိုက်မှုများ ရပ်စဲရန်ဖြစ်သည်။ ဒုတိယအဆင့်တွင်ပြည်ထောင်စုအဆင့်ဖြင့် စီးပွားရေးဖွံ့ဖြိုးရေး လုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊နိုင်ငံရေးပါတီများ ထူထောင်ရန်၊လွှတ်တော်တွင်ပါဝင်ပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်း၌ပြင်ဆင်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်ခုတည်းသော လက်နက်ကိုင်တပ်မတော်အဖြစ် ရပ်တည်ရေးညှိနိုင်း ဆောင်ရွက်ရန်ဖြစ်သည်။ တတိယအဆင့်တွင် ပြည်ထောင်စုလွှတ်တော်အတွင်း သဘောတူလက်မှတ် ရေးထိုးရန်နှင့် ထာဝရငြိမ်းချမ်းရေး မဖြစ်မနေလုပ် ဆောင်ရန်ဖြစ်သည်။ ယင်းကိုအကောင်ဖေါ် လုပ်ဆောင်ရန် သမ္မတကြီးဦးသိန်းစိန်၏ ငြိမ်းချမ်းရေးမှု (၈) ချက်ဖြင့် စတင် အကောင်ထည်ဖေါ်ခဲ့သည်။

သမ္မတဦးသိန်စိန်၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းမှု (၈) ချက်
(၂၀၁၂ ခုနှစ်၊မေလ(၃)ရက်)
(၁) ပြည်ထောင်စုအတွင်းအမြဲအတူတကွပူးပေါင်းနေထိုင်ရေး။
(၂) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး၊ တို့ကိုသဘောတူရေး။
(၃) စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီပူးတွဲ၍ တရားဝင်ဆောင်ရွက်ရေး။
(၄) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများတိုက်ဖျက်ရေးအား ပူးပေါင်းဆောင် ရွက်ရေး။
(၅) ပါတီထောင်၍ရွေးကောက်ပွဲဝင်ရေး။
(၆) ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့်ပြင်ဆင်လိုသည့်ကိစ္စများရှိပါက လွှတ်တော်အတွင်း၌ အများသဘောတူ ဆန္ဒနှင့်အညီဆောင်ရွက်ရေး။
(၇) ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တန်းတူညီတူနေထိုင်၊ သွားလာ၊ လုပ်ကိုင်စားသောက်ရေး။
(၈) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသောလက်နက်ကိုင်တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရေးကို ညှိနိုင်းဆောင်ရွက်ရေး တို့ဖြစ်သည်။

ယင်းလမ်းစဉ်အရ ၂၀၁၂ ခုနှစ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့နှင့် ပထမအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် အဖွဲ့စည်းတစ်ဖွဲဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၏ အစိုးရ၏ငြိမ်းချမ်းရေးမှုအပေါ် ထားရှိသောသဘောထား အချို့မှာ
(၁) ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးမူ အချက် (၁) ကို အကောင်ထည်ဖေါ် ဆောင်ရွက်နိုင်ရန်အတွက် နှစ်ဦးနှစ်ဘက် အပြန်အလှန်လေးစားမှုရှိခြင်း၊ ယုံကြည်မှုရှိခင်း၊ အသိအမှတ်ပြုခြင်း၊ တန်းတူညီမျှရှိခြင်း၊အေးအတူပူအမျှရှိုခြင်း၊ စသည့်အချက်များပါဝင်ရပေလိမ့်မည်။
(၂) နိုင်ငံတော်တွင် စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တန်းတူညီမျှမှုရှိပါက အချက် (၃)ဖြစ်သည့် စီးပွားရေးလုပ်ငန်းများလည်း အလိုအလျောက် တိုးတက်လာပါလိမ့်မည်။
(၃) အချက်(၅) ပါတီထူထောင်ခြင်းနှင့်ပတ်သက်၍ ပြီးပြည့်စုံသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာ ပြီးမှသာလျှင် ထည့်သွင်းစဉ်းစားနိုင်မည်ဖြစ်ပါမည်။
(၄) ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားပြည်သူများအားလုံး ကျေနပ်လက်ခံနိုင်သည့်အဆင့်အထိ ပြည်ထောင်စုလွှတ်တော်မှ တာဝန်ယူပြင်ဆင်ပေးပါမည်ဟူသော ဆုံးဖြတ်ချက် အတည်ပြုသတ်မှတ် ပြီးမှသာလျှင် အခြေခံဥပ ဒေရေးရာကိစ္စရပ်များတွင်လက်တွဲပါဝင်ဆောင်ရွက်နိုင်ပါမည်။
(၅) ပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်သော လုပ်ငန်းစဉ်များတွင်ပြည်တွင်းပြည်ပမီဒီယာများ၏ ဆောင်ရွက် ချက်များကို လွတ်လပ်စွာရေးသားထုတ်ဖေါ်ပြောဆိုပိုင်ခွင့် အပြည့်အ၀ရှိစေရမည်။
(၆) အထက်ပါအချက်များအတိုင်း ဆောင်ရွက်လာမည်ဆိုပါက မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို အလွယ်တကူ တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။

အစိုးရ၏ ငြိမ်းချမ်းရေးမူနှင့် ကချင်ပြည်နယ် လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ပဋိပက္ခများ သို့သော်လက်ရှိအခြေအနေတွင် အစိုးရသည် ကချင်ပြည်နယ်၊ တရုပ်ပြည်နယ်စပ်တွင် အပြင်းအထန် တိုက်ပွဲဖြစ်လျှက်ရှိနေသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် အကြိမ် (၂၀) ကျော် (အလွတ်သဘောအပါအ၀င်) တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း နိုင်ငံရေးအရ ဆွေးနွေးမှုများပါဝင်ခြင်းမရှိဟု ဆိုကာတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အပြန်အလှန် စွပ်စွဲမှုများကို သတင်းမီဒီယာအားများကို အသုံးပြုကာ သူထက်ငါဦးအောင် မီဒီယာအမျိုးမျိုးအသုံးပြုကာ မီဒီတိုက်ပွဲများပါ ပြင်းထန်လျှက်ရှိပါသည်။
အစိုးရတပ်များနှင့် KIA ကြားတင်မာမှုများ ပြင်းထန်မှု ပိုမိုတိုးလာရခြင်း အကြောင်းရင်းမှာ ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့KIOအဖွဲ့ဟာ ၁၉၉၄ခုနှစ်က အစိုးရနဲ့ အပစ်အခပ် ရပ်စဲခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ သဘောထားကွဲလွဲမူတွေ ဖြစ်ပြီးနောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် အစိုးရဘက်မှ ငြိမ်းချမ်းရေးစကားပြောရန် ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ရန်ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း KIA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့သည် ၂၀၁၂ အောက်တိုဘာ ၃၀ ရက်နေ့တွင် ရွှေလီမြို့၌ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထပ်မံတွေ့ဆုံရန်ညှိနှိုင်းနေကြစဉ် အတွင်း စစ်ရေးအခြေအနေများ ပိုမိုတင်းမာလာခြင်းဖြစ်သည်။ မီဒီယာတိုက်ပွဲများ၊ အပြန်အလှန် ထုတ်ပြန် ကြေငြာချက်များ ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရမှ ကြည်း၊ လေ တပ်အင်အား အလုံးအရင်းသုံး၍ ထိုးစစ်ဆင်နေမှုများ ပြင်းပြင်းထန်ထန်ပြုလုပ်နေခြင်းကို စိုးရိမ်ကြောင်းနှင့် ထိုးစစ်ဆင်မှုများကို ရပ်တန့်ပေး ရန် ပြည်ပမီဒီယာများမှ တဆင့်တရုပ်၊ အမေရိကန်၊ ဗြိတိန်၊ ကုလသမဂ္ဂအဖွဲ့အစည်းများက ထုတ်ပြန် ကြေငြာချက်များ ပြုလုပ်ခဲ့ကြသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ခြေကုပ်စခန်း များအား မြန်မာ့တပ်မတော်က တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အပြစ်မဲ့ ပြည်သူများအား အန္တရာယ်ဖြစ်စေ မည့် လုပ်ရပ်များကိုရှောင်ကျဉ်စေလိုကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ကပြောဆိုခဲ့သည်။ယင်းသို့ပြောဆိုမှုနဲ့ပတ်သက်၍ အစိုးရဘက်မှလည်း တုံပြန်ထုတ်ပြန်ချက်များကို အစိုးရပိုင်မီဒီယာများမှ တစ်ဆင့်ပြုလုပ်ခဲ့သည်။

ကချင်ထိုးစစ်နှင့် ပတ်သက်၍ အစိုးရထုတ်ပြန်ကြေငြာချက်
“ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည် တိုက်ပွဲများနှင့် အစိုးရတပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် ကုလသမဂ္ဂနှင့်နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ မြန်မာအစိုးရမှ ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့သည်။
(၁) KIA ၏ ရှေ့တန်း စခန်းထောက်နေရာဖြစ်သော လဂျားယန်စခန်း ပွိုင့် ၇၇၁ တောင်ကုန်းကို ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အစိုးရစစ်တပ်က လေကြာင်းပစ်ကူ တိုက်ခိုက်မှုဖြင့် သိမ်းပိုက်ခဲ့သည်။
(၂) သမ္မတရုံး၏ ကြေညာချက်တွင် KIA အဖွဲ့၏ ရထားလမ်း၊ ကားလမ်းများ၊ တံတားများကို မိုင်းခွဲ ဖျက်ဆီးခြင်း၊ စီးပွားရေး လုပ်ငန်းများအား ဟန့်တားနှောင့်ယှက်ခြင်း၊ ဓာတ်အားလိုင်းများကို ဖောက်ခွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းစသည့်လုပ်ရပ်များကြောင့် စစ်ရေးအရပြန်လည်တုံပြန်ရခြင်းဖြစ်သော်လည်း တပ်မတော်မှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သည်ဟု ဖော်ပြထားသည်။ မြန်မာ့တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်သည့် နေရာများမှာ ဒေသခံများ နေထိုင်ခြင်းမရှိသည့် KIA စစ်စခန်းများသာ ဖြစ်သည်ဟုလည်း ပါရှိသည်။
(၃)တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်များကိုလည်း အစိုးရက ယာယီစခန်းများ ဖွင့်လှစ်ပြီး စားဝတ်နေရေး၊ ပညာရေး ထောက်ပံမှုများ ပေးထားကြောင်း၊ အစိုးရအနေဖြင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို တည်ဆောက်နိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
(၄)ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် လဂျားယန်စခန်းတ၀ိုက် ထိန်းချုပ်ရေး တိုက်ပွဲများတွင် အစိုးရ တပ်က လေယာဉ်များ အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်။
(၅)ထိုသို့လေကြောင်းနှင့်လက်နက်ကြီး`ပစ်ကူများဖြင့်တိုက်ခိုက်ခြင်းမှာ လဂျားယန်စခန်းသို့ သွားရောက် ရိက္ခာပို့သည့် စစ်တပ်ယာဉ်တန်းများ မကြာခဏ ချုံခိုတိုက်ခိုက်ခံရသည့်အတွက် အစိုးရတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ များပြားခဲ့ရ၍ ရှင်းလင်းခြင်းဖြစ်သည်ဟု စစ်ဘက်အသိုင်းအ၀န်းက ဆိုသည်။ ထို့အပြင်အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒု ဥက္ကဋ္ဌဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ကမူ မြန်မာ့တပ်မတော်အနေဖြင့် KIA အခြေစိုက်ရာ လိုင်ဇာကို သိမ်းပိုက်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အာမခံပြောကြားခဲ့သည်။ တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ခြင်း၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်းမှလွဲ၍ စခန်းများအား စတင်တိုက်ခိုက်ခြင်းမပြုဘဲ သည်းခံဆောင်ရွက်လျက် ရှိသော်လည်း ဒေသအတွင်း လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် ယခုကဲ့သို့ တိုက်ခိုက် သိမ်းပိုက်ခြင်း ဖြစ်ကြောင်း မြဝတီ ရုပ်သံ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ စစ်တပ်ပိုင် မြဝတီရုပ်သံက KIA ကို အကြမ်းဖက် သောင်းကျန်းသူဟု ခေါ်ဝေါ် သုံးစွဲထားပြီး KIA ဘက်က ၂၀၁၁ ဇွန်လမှစတင်၍ ရထားလမ်း မိုင်းခွဲမှု အကြိမ် ၅၀ ကျော်၊ လမ်းတံတား ဖောက်လုပ်ရေး ယန္တရားများ တိုက်ခိုက်ဖျက်စီးမှု အကြိမ် ၁၀၀ ကျော် လုပ်ဆောင်ခဲ့သည် ဟုလည်း ဖော်ပြထားသည်။

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ (၁၁) ဖွဲ့ဖြင့် စုပေါင်း ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကြေငြာချက်
ကချင်ပြည်နယ် အတွင်းရှိ အစိုးရ တပ်များ၏ ထိုးစစ်များ လုံးဝ ရပ်တန့်ပေးရန် ဒီဇင်ဘာလ ၃၁ ရက်နေ့ ရက်စွဲဖြင့် ကချင်အဖွဲ့ ၁၁ ဖွဲ့မှ ပူးတွဲ၍လည်းကောင်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် အသီးသီး ကြေငြာချက်များ ထုတ်ပြန်ကာ တောင်းဆို လိုက်သည်။ ကချင် အဖွဲ့ ၁၁ ဖွဲ့မှ ပူးတွဲ၍ ထုတ်ပြန်ထားသည့် ကြေငြာချက်တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA ကိုလေကြောင်းမှ လေယာဉ်များဖြင့် အသုံးပြု တိုက်ခိုက်နေမှုများနှင့် လက်နက်ကြီး များဖြင့် ကချင်-တရုတ် နယ်စပ် တလျှောက်ရှိ ကချင်ဒုက္ခသည် စခန်းများဘက်သို့ ပစ်ခတ်နေမှုများကို ချက်ခြင်း ရပ်တန့်ပေးရန်နှင့် စစ်ရေးအရ ဖိအားပေးမှုများ ဖယ်ရှားကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် အပါအဝင် အချက် လေးချက်ကို တောင်းဆိုထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရမှ ကြည်း၊ လေ အင်အား အလုံးအရင်းသုံး၍ ထိုးစစ်ဆင်နေမှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေခြင်းကို ရပ်တန့်ပေးရန်နှင့် ထို့သို့ ရပ်တန့် ပေးခဲ့ခြင်းမရှိပါက ဖြစ်ပေါ် လာမည့် နောင်ဆိုးကျိုးများ အားလုံးသည် အာဏာရအစိုးရနှင့် ဗမာ့တပ်မတော်၏တာဝန်သာဖြစ်သည်ဟု ပြည်သူများ သိစေအပ်ကြောင်း လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ (၁၁) ဖွဲ့ဖြင့် စုပေါင်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ကြေငြာချက်တစ်စောင် ထုတ်ပြန်၍ အသိပေးခဲ့ပါသည်။

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားရန်၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့က UNFC အဖွဲ့နှင့်တွေ့ဆုံစဉ် ဦးအောင်မင်းက သဘောတူထားပြီး ဖြစ်သော်လည်း ယခုကဲ့သို့ ကချင် KIA အပေါ် ပြင်းထန်စွာ တိုက်ခိုက်လာသည်ကို အစိုးရဘက်မှ အပြောတမျိုး အလုပ်တမျိုး မရိုးသားသည့် သဘောထားများကို ဖော်ပြနေသည်ဟုလည်း ကြေငြာချက်၌ ဆိုထားပါသည်။ အစိုးရအဖွဲ့၏ လက်ရှိ ပြောဆို ဆွေးနွေးမှုနှင့် လက်တွေ့ လုပ်ရပ်သည် ပြည်တွင်း ငြိမ်းချမ်းရေး ဘက်သို့ ဦးတည် နေခြင်း မဟုတ်ဟု မြင်မိပါကြောင်းလည်း ၄င်းတို့မှ သုံးသပ်ထားပါသည်။ပြည်တွင်း၌ အနှစ် (၆၀) ကျော် ဖြစ်ပွါးနေသည့် တိုင်းရင်းသား ပြသနာများကို လက်နက်အားကိုးပြီး အစိုးရအဆက်ဆက် ဖြေရှင်း ခဲ့ သော်လည်း မပြေလည်ရုံမက တိုင်းပြည် ခေတ်နောက်ကျကာ ပြည်သူများ ဒုက္ခ ရောက်နေရသည်ကို သင်ခန်းစာမယူပဲ စစ်ရေးနည်းလမ်းဖြင့် ထပ်မံ ဖြေရှင်း နေခြင်းသည် အလွန်မိုက်မဲသော လုပ်ရပ် ဖြစ်ကြောင်းလည်း ကြေငြာချက်၌ ထောက်ပြထားပါသည်။ UNFC ဘက်မှ အစိုးရနှင့် ရရှိထားပြီး ဖြစ်သော နိုင်ငံရေး ပြသနာကို နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံ ဖြေရှင်းရေး သဘောတူညီချက်ကို မပျက်ပြား စေလို၍ စိတ်ရှည်စွာ ထိမ်းသိမ်းလုပ်ဆောင် နေခဲ့ခြင်း ဖြစ်ကြောင်းလည်း ဆိုပါသည်။ “တိုင်းရင်းသား ပြသနာများကို လက်နက်အားကိုးပြီး နှစ်ပေါင်းများစွာ ဖြေရှင်းခဲ့သော်လည်းမပြေလည်နိုင်ရုံမျှမက တိုင်းပြည် ခေတ်နောက်ကျ ပြည်သူများ ဒုက္ခ ရောက်နေရသည်ကို သင်ခန်းစာ မယူပဲ စစ်ရေး နည်းဖြင့် ဆက်လက် ဖြေရှင်းခြင်းသည် အလွန် မိုက်မဲသော လုပ်ရပ် ဖြစ်သည်” ဟု ကြေငြာချက်၌ ဖော်ပြပါရှိသည်။အောက်တိုဘာလ (၂၀) ရက်နေ့၌ ဦးအောင်မင်းနှင့် ကချင် ကိုယ်စားလှယ် အဖွဲ့တို့တွေ့ဆုံစဉ်၌ လည်းကောင်း၊ နိုဝင်ဘာလ ၉ ရက်နေ့က UNFC ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ်၌လည်းကောင်း နိုင်ငံရေးနည်းလမ်းအရဖြေရှင်းရန် သဘောတူညီိမှုရရှိထားခဲ့ပြီးဖြစ်သည်။ ထိုအပြင်ပြည်တွင်းနိုင်ငံရေးပါတီအချို့ ၊၈၈ မျိုးဆက်ကျောင်းသားများ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများက ၀ိုင်းဝန်းကန့်ကွက်ဆန္ဒပြမှုများပြုလုပ်နေကြပါသော်လည်း ငြိမ်းချမ်းရေး၏ ပထမခြေလှမ်းဖြစ်သော အပစ်အခတ် ရပ်စဲရေးကို အစိုးရသစ်အနေဖြင့်လုံးဝ ရပ်တန့်ုသွားအောင်မဆောင်ရွက်နိုင်သေးပေ။
UNFC ညီလာခံမှာ ကချင်ပြည်နယ်အရေး အလေးထားဆွေးနွေးအစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်မရပ်စဲရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဒီကနေ့ ဇန်န၀ါရီလ ၇ရက်နေ့ ကနေ ၁၁ ရက်နေ့ထိ ၄ ရက်ကြာထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပနေပါတယ်။ ဒီအစည်းအဝေးမှာ ကချင်ပြည်နယ်အရေးကိစ္စ အပါအ၀င် UNFC အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ၊ အစိုးရနဲ့ UNFC တို့ တွေ့ဆုံဆွေးနွေးနေမှုအခြေအနေတွေကို အဓိကထား ဆွေးနွေးသွားကြဖို့ရှိတယ်လို့ UNFC အဖွဲ့အတွင်းရေးမှူး ၂ ဦးခွန်ဥက္ကာ က RFA ကို ပြောပါတယ်။

အခုကျင်းပနေတဲ့ အစည်းအဝေးကို UNFC ဥက္ကဌ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က ဒုတိယ ဗိုလ်ချူပ်ကြီး အင်ဘန်လ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကခေါင်းဆောင်တစ်ဦးဖြစ်သူ အေဘယ်တွိ၊ ကရင်အမျိုးသားအစည်းအရုံး KNU ကခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုစောဒေးဗစ်သကဘော၊ မွန်ပြည်သစ်ပါတီ NMSP ကခေါင်းဆောင် နိုင်ဟံသာ တို့အပါအ၀င် အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင် ၄၅ဦး တက်ရောက်နေတယ်လို့သိရပါတယ်။ UNFC အဖွဲ့ဝင် ၁၁ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦး CNF ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသားအစည်းအရုံးKNU၊ မွန်ပြည်သစ်ပါတီ NMSP စတဲ့အဖွဲ့တွေပါဝင်ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေနဲ့ ၂၀၁၃ ခုနှစ်ပြည်တွင်း ငြိမ်းချမ်းရေး အလားအလာ လက်ရှိဖြစ်ရပ်များကို ခြုံငုံသုံးသပ်ကြည့်ကြမည်ဆိုရင် လက်ရှိအစိုးရသစ်၏ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အပစ်အခတ်ရပ်စဲရေးသည် ယာယီပဋိပက္ခချုပ်ငြိမ်းရေးမျှသာဖြစ်ပြီး ထာဝရ ငြိမ်းချမ်းရေးကို ဆက်လက်ဖေါ်ဆောင် နိုင်ရန်အတွက်မှာ များစွာလိုအပ်နေပါလိမ့်မည်။

အစိုးရနှင့်လက်နက်ကိုင်တို့အကြားအာဏာနှင့် အကျိုးစီးပွားများအတွက် တိုင်းရင်းသားပြည်သူများက ကြားညှပ်၍ မြေဇာပင်အဖြစ်စတေခြင်းခံရပြီး ဒုက္ခအမျိုးမျိုးဆက်လက်ခံစား နေရဦးမည့် ၀ဋ်ဆင်းရဲမှ လွတ်ကင်းနိုင်ဖွယ်ရာမှာမမြင်မိသေးပါကြောင်း။
“ထိုကြောင့်၂၀၁၃ခုနှစ်တွင်ထာဝရငြိမ်းချမ်းရေးအတွက် အစိုးရသည်တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးပါဝင်သည့် ညှိနိုင်းအစည်းအဝေးကြီးကိုမဖြစ်မနေလုပ်ဆောင်ရပေလိမ့်မည်။ အကယ်၍ ထိုအစည်းအဝေး၌ ယ္ခုလက်ရှိပဋိပက္ခဖြစ်နေသော KIO မပါဝင်ခဲ့ပါက ထာဝရငြိမ်းရေးတည်ဆောက်မှုတွင် အနည်းနှင့်အများတော့ အဟန့်အတား၊ ကြန့်ကြာမှုများဖြစ်ပေါ်လာနိုင်ပေမည်။”ဟုနိုင်ငံရေးသမား အများ စုက သုံးသပ်ပြောဆိုနေကြသည်။
အမှန်တကယ်တော့ အစိုးရ၏သဘောထားသည် ပဋိပက္ခ၏ အကြောင်းအရင်းခံများကို ကိုင်တွယ်ပြီး
တိုင်းပြည်၏ ပကတိနိုင်ငံရေးအခြေအနေကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် နိုင်ငံရေးစိတ်ဆန္ဒလည်း မရှိ ။အလေးအနက် ထားအားထုတ်မှုလည်း မရှိကြောင်းပြနေခဲ့ပြီး ယခင်စစ်အစိုးရ၏ အပစ်အခတ်ရပ်စဲရေး မဟာဗျူဟာနှင့် နိုင်ငံရေးအစီအစဉ်အတိုင်းသာ ကျင့်သုံးနေခဲ့သည်။ သဘောတရားအရဆိုရင် လူမျိုးစုတို့ အတွက်နိုင်ငံရေးနေရာနှင့် ဒီမိုကရေစီအဆောက်အအုံများသည် တိုက်ရိုက်အချိုးကြနေပါသည်။
အကယ်၍ နိုင်ငံရေးအင်အားစုများအာလုံး တန်းတူပြောဆိုခွင့်ရှိသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြည်သူတွေစိတ်ကြိုက်ရေးဆွဲသော ပြည့်စုံကျယ်ပြန့်သော အခြေခံဖွဲ့စည်းပုံအသစ်ကို မပြဌာန်းနိုင်သ၍ (သို့) စစ်အစိုးရစိတ်ကြိုက် ရေးဆွဲပြဌာန်းထားတဲ့၂၀၀၈ အခြေခံဖွဲ့စည်းပုံကို မပြင်ဆင်နိုင်သ၍ ကာလပတ်လုံး အကြမ်းဖက်မှုများနှင့် မလုံခြုံမှုများ၊ မငြိမ်းချမ်းမှု များသည် ပိုနေမြဲ၊ကျား နေမြဲဆက်လက်တည်ရှိနေဦးမည်သာဖြစ်ပါတော့သည်။

မောင်သာမြား

ကိုးကား။ ။
(၁) သမ္မတဦးသိန်စိန်၏ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းမှု (၈)ချက်( ၂၀၁၂ခုနှစ်၊မေလ(၃)ရက်)
(၂) လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ (၁၁) ဖွဲ့ဖြင့် စုပေါင်း ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကြေငြာချက် (ရွှေင်္ဟသာသတင်းဌာန)
(၃) ၀၃-၀၄။၂၀၁၂RCSSမှုကြမ်းရေးဆွဲထားသည့်ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက်အခြေခံမှုများအပေါ်ပြန် လည်ပြင်ဆင်ဖြည်ပစွက်ချက်များ
(၄) ကချင်ထိုးစစ်နှင့် ပတ်သက်၍ မြန်မာအစိုးရ ၏ထုတ်ပြန် ကြေညာချက်
(၅) ၇-၁-၂၀၁၃ နေ့ RFA သတင်း

Sunday, April 7, 2013

မြန်မာမိန်းကလေးများ မြန်မာ့ယဉ်ကျေးမှုကိုထာဝရထိန်းသိမ်းနိုင်ကြပါစေ...

အောင်ကျော်ပိုင်
ခေတ်ကာလ မိန်းမပျိုတို့၏ ဝတ်စား ဆင်ယင်မှု အတင့်ရဲလာခြင်း၊ မိဘလူကြီး သူမတို့အပေါ် ဆက်ဆံရာတွင် ရိုင်းစိုင်းသည့် အသွင် ဆောင်လာခြင်း တို့ကို မိတ်ဆွေ စာပေသမားတို့ ဆုံဆည်းခိုက် ဆွေးနွေး မိကြသည်။
''ဟိုတုန်းက အနောက်တိုင်း ယဉ်ကျေးမှုဆိုပြီး အမေရိကနဲ့ ဥရောပ ဒေသများက လူတွေရဲ့ ဓလေ့ စရိုက် ကိုမှ အတုယူ အထင်ကြီး အားကျတဲ့ လူတန်းစား တစ်ရပ် ရှိခဲ့ကြောင်း၊ ပါတီပွဲ တွေမှာများ ရောနှော အရက် အတူတူသောက်၊ တွဲပြီးကခုန်ကြ၊ ညဥ့်နက်သန်းခေါင်မှ မူးယစ်ရီဝေစွာ အိမ်ပြန်ကြတဲ့ မိန်းကလေးတွေ ရှိခဲ့ ဖူးကြောင်း၊ ဒါကလည်း လူကုံထံ အသိုင်းအဝိုင်း နည်းနည်းကလေး များပင် ဖြစ်တာကြောင့် မြန်မာ တစ်မျိုး သားလုံး အတွက် မထောင်းသာကြောင်း၊ ခုများကျတော့ အရှေ့တိုင်းက ကိုရီးယား ယဉ်ကျေးမှုက မြန်မာ့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအပေါ် အကွက်ကျကျ အကြားအလပ်မရှိ လွှမ်းမိုးလာတာဟာ ရှေ့ အနာဂတ် အတွက် ရင်လေးစရာ ကောင်းလှကြောင်း'' မိတ်ဆွေ ရှေ့နေကြီးက ပြောပြပါသည်။

ခုခေတ် မိန်းကလေးတွေဟာ သူတို့ အထင်ကြီး လေးစားတဲ့ ပြည်တွင်း ပြည်ပ ရုပ်ရှင်နဲ့ ဂီတနယ်ပယ်က ပုဂ္ဂိုလ်တွေ (အထူးသဖြင့်) အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှု စတိုင်လ်တွေကို အားကျအတုခိုး မြန်လွန်း ကြောင်း၊ စီးပွားရေးသမားများ ကလည်း အကွက်မြင်သူများ ပီပီ ရုပ်ရှင်ထဲက အဝတ်အစား ဒီဇိုင်းတွေကို ချက်ချင်း ဆိုင်ပေါ်ရောက်အောင် စီမံနိုင်ကြလေတော့ အလွန် ကူးစက်မြန်တဲ့ ယဉ်ကျေးမှု ရေစီးကြောင်း ကြီးဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှု နောက်ကျတဲ့ နိုင်ငံက လူငယ်တွေကို နေ့စဉ် ဝါးမျို သိမ်းသွင်းလျက် ရှိကြောင်း ပင်စင်စား ကျောင်းဆရာကြီး ကလည်း ဝင်ပြီး ဆွေးနွေးပါသည်။

ထို ကိုရီးယားမှာပင် ယခုအခါ  စကပ်တို ယဉ်ကျေးမှု (စကပ်တို ဝတ်စားမှု) ကို ကန့်ကွက်သည့် ဥပဒေများ ထုတ်ပြန် လာပြီ ဖြစ်ကြောင်း၊ ကိုရီးယားကို အတုခိုးသည့် မြန်မာမလေးများ သတိပြုကြ စေလိုကြောင်း၊ မိမိ၏ ဝတ်စား ဆင်ယင်မှုသည် တစ်ဖက်သား (အထူးသဖြင့် ယောက်ျားသား) များနှင့် မိဘ မောင်ဖားများကို မည်မျှ စိတ်အနှောင့်အယှက် ဖြစ်ရမည်ကို ကြို တွေးသင့်ကြောင်း၊ ဆရာကြီး ရွှေဥဒေါင်းတို့ ခေတ်ကဆိုလျှင် မိန်းကလေးများ စက်ဘီး စီးသည်ကိုပင် အချို့ မြန်မာကြီးများက မြန်မာ့ယဉ်ကျေးမှု ပျက်ပြားစေသည်ဟု ရှုတ်ချ ခဲ့ဖူးကြောင်း ရှေ့နေကြီးက ထောက်ပြ ဆွေးနွေးပါသည်။

စာရေးသူမှလည်း ''ခေတ်ကာလကို မဆန့်ကျင် လိုပါကြောင်း၊ သို့သော် မိမိ၏ ဝတ်စား ဆင်ယင်မှုနှင့် အပြု အမူသည် မိမိ သွားရမည့် လမ်းခရီး၊ နေရာဌာန၊ တွေ့ဆုံရမည့် လူပုဂ္ဂိုလ်နှင့် ပတ်သက်ပြီး ချင့်ချိန်သုံးသပ် ပြီးမှ ဝတ်စားဆင်ယင် သွားလာကြပါလျှင် အမြင်မတော်မှု များ လျော့နည်း နိုင်ပါကြောင်း၊ ယောက်ျား၊ မိန်းမ ဟူ၍ မဆိုလိုဘဲ အချို့ ယောက်ျားလေးများ သည်လည်း အင်တာဗျူး ဖြေဆိုရာတွင်ပင် ဘောင်းဘီတို၊ ဆံပင် စုတ်ဖွား နီကြောင်ကျား၊ နားကွင်းများ ဝတ်ဆင်လျက် လာကြကြောင်း၊ မိမိအား အလုပ်ခန့်အပ်မည့် ပုဂ္ဂိုလ်များအပေါ် ထီမထင်သည့် မျက်နှာပေး၊ အပြုအမူ၊ အပြောအဆိုများကို တွေ့ရသည့်အခါ စိတ်မ ကောင်း ဖြစ်မိကြောင်း၊ မြန်မာတို့၏ ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်သည် တိုင်းခြား ယဉ်ကျေးမှု တို့၏ တိုက်စား နင်းချေခြင်းကို လှလှပပကြီး ခံလိုက်ရပြီလားဟု သံသယ ဖြစ်မိပါကြောင်း'' ရင်ဖွင့် မိပါသည်။

သို့သော် ဆရာဝန် ကြီးကမူ တစ်မျိုး ထင်မြင်ချက် ပေးပြန်ပါသည်။ ''တစ်ခုတော့ ရှိတယ်ဗျ...ကျွန်တော်တို့မှာ ဌာနရဲ့ လိုအပ်ချက်ဆိုတာ ရှိတယ်...အဲဒီစံနဲ့လည်း တိုင်းရဦးမှာ...သူ့ရဲ့ လုပ်ငန်း ကျွမ်းကျင်မှု၊ ဌာနအတွက် အသုံးဝင်မှုကို ကြည့်ပြီး ကျန်တဲ့ အားနည်းချက် တွေကို လျစ်လျူရှုသင့်ရင် လျစ်လျူရှု ရမှာပဲ... လုပ်ငန်း အောင်မြင်မှု အလုပ်ဖြစ်မှုက အဓိကလို့ပဲ မြင်ပါတယ်'' ဟု ရိုးရှင်း ပွင့်လင်းစွာ ဆွေးနွေး လာပါသည်။

ယနေ့ လွတ်လပ် ပွင့်လင်းသော ကာလတွင် နယ်ပယ် အသီးသီးမှာ ကလည်း လွတ်လပ်ပွင့်လင်းမှု တွေက မိုးဦးကျ ထွက်လာသည့် မှိုပွင့်များ အလား အပြိုင်းအရိုင်း အစီအရီ...မိသားစုအတွက် မဆိုထားနှင့်၊ ကိုယ် တစ်ဦး အတွက်ကိုပင် ရုန်းကန်လှုပ်ရှား နေရရှာသည့် ခေတ်ကာလ လူငယ်များ၏ ဘဝ အမောကိုလည်း စာနာ မိပါသည်။

အလုပ်တစ်နေရာ ရဖို့အရေး တက်လိုက်ရသည့် သင်တန်းတွေ၊ ဖြေလိုက်ရတဲ့ အင်တာဗျူးတွေ၊ တကယ်တမ်း လက်တွေ့ လုပ်ငန်းခွင် ရောက်ပြန်တော့ သင်တန်းက သင်လိုက်တဲ့ ပညာနဲ့ မိမိ လုပ်ငန်းခွင် နဲ့က တလွဲတွေ ဖြစ်တာက များနေသည်။

အလုပ် တစ်မျိုးက နောက် တစ်မျိုးကို ပြောင်းကြရ ပြန်သည်။ သူတို့ ခေါင်းထဲမှာ ''ယဉ်ကျေးစွာ ဝတ်စား ဆင်ယင် ပြောဆို ပြုမူခြင်း'' ဘာသာရပ်ကို ထည့်မထားနိုင် ကြရှာ။

လုပ်ငန်းခွင် ထဲမှာလည်း ရာထူး၊ အသက် ကြီးသူကို ဂါရဝတရားဖြင့် ပြောဆို ဆက်ဆံရန် ဝန်လေးကြဟန် တူသည်။ သူတို့ တတ်ထားသည့် ပညာရပ် များသည် မည်သည့်ရာထူး၊ မည်မျှအသက် အရွယ်ရှိ ပုဂ္ဂိုလ် မျိုးနှင့်မဆို ရင်ပေါင်တန်း အမီ လိုက်နိုင်သည်ဟု ခံယူထားကြ လေသလားမသိ။ ရာထူးကြီး ခြင်းသည် အရေးမပါ။

အသက် ကြီးခြင်းသည် အရာမရောက်၊ သူတို့ တက်ရောက် ပိုင်ဆိုင် ထားလေသည့် သူတို့ လေးတွေ၏ ဘွဲ့လက်မှတ် ကလေးများ ကသာလျှင် သူတို့၏ ဘဝပဲ့ကိုင်ရှင်များ ဖြစ်ရမည်ဟု ခံယူထားကြ လေသလား မသိ။ တကယ်တော့ သူတို့၏ လုပ်ငန်းခွင်ရှိ အကြီးအကဲ တာဝန် ယူထားသူများ အားလုံးသည် သူတို့ကဲ့သို့ လူငယ် ဘဝများကို ကြိုးစားမှုဖြင့် အောင်မြင်စွာ ဖြတ်သန်း ခဲ့ကြရာတွင် ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား လေးစား တန်ဖိုးထားမှုသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့၍သာ ဤနေရာ၊ ဤရာထူးများဖြင့် အောင်မြင်မှု ရနေကြသည်ကို သိမှ သိကြပါလေစ။

ယနေ့ ရုပ်ရှင်နှင့် ဂီတနယ်ပယ်မှ မိန်းမပျိုတို့၏ ဝတ်စား ဆင်ယင်မှုမှာလည်း လိုသည်ထက်ပို၍ လွတ်လပ် ပွင့်လင်းမှု လွန်ကဲလှသည်။ သည်ကို အခွင့်ကောင်းယူ၍ ဂျာနယ် အချို့ကလည်း မျက်နှာဖုံးမှာရော၊ အတွင်း စာမျက်နှာမှာပါ ပေါ်ပေါ်ထင်ထင်ကြီး ဖော်ပြပေးသည်က ဆေးရောင်စုံဖြင့် ကြည့်ရှုရသည့် ဖိုသတ္တဝါတိုင်း သဘော ကျမည်ဟု တစ်သဝေမတိမ်း မမှတ်ယူသင့်ပါ။ သားပျို၊ သမီးပျိုရှိ မိဘတိုင်း ရင်မောရသည့် ဂျာနယ်ထဲက ဓာတ်ပုံများပါ။ အင်တာနက်ထဲက ဆိုတာတော့ စိတ်ကူးနှင့် ကြည့်ဖို့ပင် မဝံ့ရဲအောင် ဖြစ်ကြရ ပါလိမ့်မည်။

ကိုယ်ကျင့်တရား ဟူသည် ယဉ်ကျေးမှုနှင့် ဆက်စပ် နေပါလိမ့်မည်။ လျှပ်ပေါ်လော်လည်စွာ ဝတ်စား ဆင်ယင် ထားသည့် မိန်းမပျို တစ်ဦးသည် လည်းကောင်း၊ ရိုင်းပျ ကြောင်ကျား ဝတ်ဆင်ထားသည့် ယောက်ျားပျို တစ်ဦးသည် လည်းကောင်း ချိုသာ ယဉ်ကျေးသည့် အပြုအမူ အပြောအဆို ကို ပြုမူ ပြောဆိုရန် ခက်ခဲ ပါလိမ့်မည်။ ကိုယ်ကျင့်တရား ဟူသော စာရိတ္တ မဏ္ဍိုင် ခိုင်ခံ့ဖို့ကတော့ မလွယ်ကူလှပါ။ သို့သော် ခြွင်းချက် အနေဖြင့် ရိုးသားသည့် ကျေးတောသားများ အသွင် ဝတ်စားဆင်ယင်ပြီး (အယောင်ဆောင်) လိမ်ညာ သွားသော ဇာတ်လမ်းများ ကလည်း ရှိထားခဲ့လေရာ၊ ရိုးရှင်း ယဉ်ကျေးစွာ ဝတ်စား ထားသူတိုင်း ကိုယ်ကျင့်တရား ကောင်းရမည်ဟု တထစ်ချ ပြောရန်လည်း ခက်ခဲ လှပေသည်။

လူတစ်ယောက်၏ စိတ်နေ စိတ်ထားကို အပေါ်ယံ ဝတ်စားဆင်ယင်မှု တစ်ခုတည်း ကြည့်၍ တထစ်ချ ပြောရန် ခဲယဉ်းကောင်း ခဲယဉ်း ပါလိမ့်မည်။ သို့သော် ထိုသူ၏ ဝတ်စား ဆင်ယင်မှု၊ ပြောဆိုမှု၊ အပြုအမူ အားလုံးကို ခြုံငုံ သုံးသပ်ပါက အတိအကျ မဟုတ်သည့်တိုင် အကြမ်းအားဖြင့် ခန့်မှန်း ကောက်ချက်ချနိုင် ပါသည်။

ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသည့် မြန်မာတို့သည် တိုင်းတစ်ပါးက အသိအမှတ်ပြု ခံရသည်အထိ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဓလေ့ ထုံးစံဖြင့် ရပ်တည်လာနိုင် ခဲ့သည့် လူမျိုး ဖြစ်ပါသည်။

မြန်မာလူငယ် တို့သည် သိမြင် တတ်လွယ်သည့် ဥာဏ်ရည်အဆင့် မြင့်မားသော ပညာရပ် တစ်ခုကို ထိုးထွင်း ဥာဏ်ဖြင့် ဆည်းပူး လေ့လာနိုင်စွမ်း ရှိသော သူများဖြစ်ကြောင်း နိုင်ငံတကာက လက်ခံထားပြီး ဖြစ်ပါသည်။ ကိုယ်ပိုင် ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်၊ ထိုတာဝန်နှင့်အတူ လူမှုရေး နယ်ပယ်တွင် ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ အရည်အသွေး မြင့်မားမှုကို မှတ်ကျောက်တင် ခံနိုင်ရပါမည်။

''တောင်းမှာအကွပ်၊ လူမှာအဝတ်'' ဆိုရိုးစကားကို သတိပြု၍ မိမိတို့ ကျင်လည် နေရသည့် ပတ်ဝန်းကျင်တွင် ယဉ်ကျေးစွာ ဝတ်စားဆင်ယင် ပြုမူနေထိုင် သင့်လှပေသည်။ ယဉ်ကျေးမှု တည်းဟူသော ခံတပ်ကြီး လုံခြုံပြီ ဆိုမှ ကောင်းမွန် သန့်ရှင်းသော ကိုယ်ကျင့် တရားကို တည်ဆောက် နိုင်ပါမည်။ ပတ်ဝန်းကျင် အပေါ် မြင့်မားသော စွမ်းဆောင်ရည်ဖြင့် လွှမ်းမိုးနိုင်မှုသည် ပတ်ဝန်းကျင်၏ လေးစား အထင်ကြီးမှုကို မလွဲ ရရှိနိုင်ပါ လိမ့်မည်။ ပတ်ဝန်းကျင်၏ အထင်ကြီး လေးစားမှု ရိုက်ခတ်ခြင်းဖြင့် မိမိကိုယ်ကို ဂုဏ်ယူလေးစား တန်ဖိုးထား လိုစိတ်များ ကိန်းအောင်း လာပါလိမ့်မည်။

ထိုမှတစ်ဆင့် ကောင်းမွန်သည့် ကိုယ်ကျင့် တရားကို တည်ဆောက်ခြင်းဖြင့် မိမိတို့၏ ဘဝများသည် မြင့်မား ထူးချွန် လာပါလိမ့်မည်။ ယဉ်ကျေးမှုသည် ကိုယ်ကျင့်တရား၏ အခြေခံ အုတ်မြစ်ဖြစ်ကြောင်း လူငယ်တို့ သတိ ပြုသင့်လှပေသည်။

မည်သို့ဆိုစေ မြန်မာလူငယ် အားလုံးတို့သည် ကာလအလျောက် ဝတ်စား ဆင်ယင်မှုတွင် မလွန်ကဲကြစေ လိုပါ။ လျှပ်ပေါ်လော်လည် ရိုင်းပျ ရုန့်ရင်းသော ဝတ်စားဆင်ယင်မှု၊ ပြုမူပြောဆိုမှု တို့ကို ရှောင်ရှားနိုင်ကြ ပါစေ...ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားကို အမျိုးဂုဏ်၊ ဇာတိဂုဏ်ဟူသော စိတ်ဓာတ်ဖြင့် စောင့် ထိန်းနိုင်ကြ ပါစေလို့ ဆန္ဒပြုလျက်။       ။

 

Friday, April 5, 2013

( မြန်မာပြည်မှ ဖြစ်စဉ်များဖြစ်ပါတယ် )

ထိုးကျွေးလိုက်ရသော နွမ်းကြေဘဝများ....(ဆောင်းပါး)

မီးရောင်မှိန်ပျပျ ထွန်းထားတဲ့ ၁၀ ပေ ပတ်လည် အခန်းကျဉ်းလေးထဲမှာ

ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး မွေ့ရာတခုစီပေါ်မှာ လဲလျောင်း နေကြပါတယ်။

လေအေးပေးစက်က ထုတ်လွှတ်နေတဲ့ အအေးငွေ့တွေကြောင့် အခန်းတွင်းမှာ အေးစိမ့်နေပေမယ့်

မိန်းကလေး နှစ်ဦးစလုံး စွပ်ကျယ်ပုံစံ အင်္ကျီ လက်ပြတ်တွေနဲ့ ဂျင်းဘောင်းဘီရှည် ၀တ်ဆင်ထားကြတယ်။

မှိန်ပျပျအလင်းရောင်ကြောင့် သူတို့ရဲ့ မျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့်

သူတို့ဆီက စူးစူးရှရှ ပြင်းလွန်းတဲ့ ရေမွှေးအနံ့တွေက လေအေးစက် တပ်( အမှန်က ပန်ကာပါ...၂ခန်းစာအတွက် rotate လည်၏ )

အခန်းတခုလုံးကို ဖုံးလွှမ်းနေတယ်။

အသက် ၅၀ ကျော်အရွယ် အမျိုးသားနှစ်ဦး အခန်းထဲကို လှမ်းဝင်လာတဲ့အချိန်မှာ မိန်းမငယ် နှစ်ဦးစလုံး

လဲလျောင်းနေရာကထလို့ “မင်္ဂလာပါ” ဆိုတဲ့ မြန်မာလို မပီမသ နှုတ်ဆက်သံနဲ့ ခရီးဦးကြို ပြုလိုက်ကြတယ်။

မိန်းကလေးနှစ်ဦးက အမျိုးသားနှစ်ဦးကို သူတို့ရဲ့ မွေ့ရာနှစ်ခုပေါ်မှာ လဲလျောင်းခိုင်းပြီး အမျိုးသားနှစ်ဦးရဲ့ ခြေဖ၀ါးတွေကို

တစ်ရှုးနဲ့ သုတ်ပေးကာ စတင်နှိပ်နယ်ပေးပါတယ်။

၁၅ မိနစ်လောက်အကြာမှာ အမျိုးသားနှစ်ဦးရဲ့ဘေးမှာ မိန်းမငယ်နှစ်ဦးပါ လဲလျောင်းလုံးထွေးသွားပြီး

မွေ့ရာနှစ်ခုကြားမှာ အနက်ရောင် လိုက်ကာစ တခုက ကာဆီးသွားပါတယ်။

အဲဒီအချိန် အခန်းတွင်းမှာရှိနေတဲ့ မှိန်ပျပျအလင်းရောင်က လူလုံး သဲသဲကွဲကွဲမမြင်ရတဲ့အထိ အရမ်းမှောင် မိုက်သွားခဲ့ပါပြီ။

မိန်းကလေးနှစ်ဦးက ရန်ကုန်မြို့မှာ အနှိပ်ခန်းအမည်ခံ ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမလေးတွေဖြစ်ပါတယ်။

ရန်ကုန်မြို့တော်မှာ ကာရာအိုကေ၊ တည်းခိုခန်း၊ အနှိပ်ခန်း အမည်ခံပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ဖွင့်လှစ်မှုက

တနေ့ထက်တနေ့ ပိုမိုတိုးပွားလာနေပါတယ်။

လမ်းမတွေ၊ ရပ်ကွက်တွေ၊ ဈေးတွေ၊ ကားဂိတ်တွေ၊ ရုပ်ရှင်ရုံတွေအောက်မှာ ပုံစံ အသွင် အမျိုးမျိုးယူ လုပ်ကိုင်ကြတဲ့ ပြည့်တန်ဆာတွေရှိနေသလို

ကြီးမားလှတဲ့ တိုက်တာအဆောက်အဦးတွေပေါ်မှာ အမည်အမျိုးမျိုးခံ ဖွင့်လှစ်ထားတဲ့

တရားမ၀င်၊ တရားဝင် စီးပွားရေးအမည်တပ် လုပ်ငန်းကြီးတွေမှာ လုပ်ကိုင်ကြတဲ့ ပြည့်တန်ဆာတွေလည်း မနည်းလှပါဘူး။

အထူးသဖြင့် တရားမ၀င် အနှိပ်ခန်းတွေက ပြည့်တန်ဆာလုပ်ငန်းကို ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေတဲ့

အမည်ခံ လုပ်ငန်းတွေဆိုရင် မမှားနိုင်ပါဘူး။

ရန်ကုန်မြို့လယ်ခေါင်နဲ့ ဆင်ခြေဖုံးနေရာတွေအထိ ဖွင့်လှစ်နေကြတဲ့ အနှိပ်ခန်းဆိုတဲ့ လုပ်ငန်းတွေက

တကယ်တော့ ကျန်းမာရေးအတွက် ညောင်းညာလို့ နှိပ်တဲ့အနှိပ်ခန်းမျိုးတွေ မဟုတ်သလို ............

အဲဒီ အနှိပ်ခန်းတွေကို လာကြတဲ့သူတွေကလည်း အနင်းအနှိပ် ခံချင်လို့လာကြတဲ့ သူတွေမဟုတ်ပါဘူး။

အခကြေးငွေပေး လိင်ပျော်ပါးနိုင်တဲ့ အဲဒီလို အမည်ခံ အနှိပ်ခန်းတွေ ဖွင့်နိုင်ဖို့ကိုလည်း ဒေသခံအာဏာပိုင်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို

အနှိပ်ခန်းပိုင်ရှင်တွေက လာဘ်ငွေအရင်းအနှီး ကြီးကြီးမားမားပေး ဖွင့်လှစ်ရတာဖြစ်ပါတယ်။

“ဆိုဖီ” လို့ သူ့ကိုယ်သူ မိတ်ဆက်တဲ့ အသက် ၂၅ နှစ်အရွယ် မိန်းမငယ်က..................

တာမွေမြို့နယ်၊ သမိန်ဘရမ်းလမ်းမပေါ်...အထပ်မြင့် တခုမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတခုက အလုပ်သမ ဖြစ်ပါတယ်။

မြန်မာစကား ဝဲဝဲနဲ့ သူရဲ့အသံကို ကြားတာနဲ့ ဆိုဖီက တိုင်းရင်းသူတယောက်မှန်း သိသာစေပါတယ်။

“ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာ ၃ နှစ်ကျော်သွားပြီ။

၂၀၁၀ ခုနှစ် ရန်ကုန် စရောက်တုန်းက သူနာပြု အကူသင်တန်း တက်တယ်။

သင်တန်းဆင်းပြီးတော့ ဆေးခန်းတခုမှာ အကူသူနာပြုအဖြစ် အလုပ်ဝင်တယ်။

လစာ ၃ သောင်းခွဲရတယ်။ ဒါပေမယ့် အိမ်ကိုပြန်ပို့ဖို့ ဘယ်လိုမှ မလုံလောက်ဘူး။

အဆောင်နေ သူငယ်ချင်းက လစာကောင်းတဲ့အလုပ် လုပ်မလားဆိုပြီး ခေါ်လာရာက ဒီလုပ်ငန်းခွင်ထဲ ရောက်လာခဲ့တယ်။

ပထမတော့ နှိပ်ပေးရတယ်လို့ပဲ မှတ်ခဲ့တာ။ သူငယ်ချင်းက မေးတယ်၊ နှိပ်တာတခုတည်းနဲ့တော့ တလကို ၅ သောင်းအပြင် ပိုမရဘူး။

ငွေရွှင်တဲ့သူ ဘောစိ (သူဌေး) တွေလာရင် ဘာမစဉ်းစားနဲ့ ကိုယ်လိုချင်သလောက် တောင်း၊။

အဲ ..သာမန်ဆို......တဆက်ရှင် ( ၄၅ မိနစ်ကတော့ = ၅၀၀၀ကျပ်ပါ)

လိင်ပျော်ပါးဖို့ .....ကွန်ဒုံး ပါပီး .......ထပ်ပေးရမှာ က ၈၀၀၀ ကျပ်ပါ...

ပြီးတော့ တနာရီလောက် ခန့် အတူတူအိပ်ပေးလိုက်ဆိုတာနဲ့ အဲဒီကစပြီး ဒီအလုပ် လုပ်ဖြစ်သွားတာ” လို့

ဆိုဖီက သူ့ရဲ့ အနှိပ်သမဘ၀ အစကို ပြောပြပါတယ်။(မှတ်ချက်။ ။ ခုအချိန်ဟာ ၁၈၈ ထုတ်ထားတာပါ။)

ဆိုဖီက ကချင်ပြည်နယ် မြစ်ကြီးနားက လာရောက်တာဖြစ်ပြီး သူ့မှာ မိသားစု ခြောက်ဦးရှိတယ်လို့ဆိုပါတယ်။

သူ့မိဘနှစ်ဦး အပါအ၀င် မောင်နှမလေးဦးရှိတဲ့ သူ့မိသားစုမှာ သူက အကြီးဆုံးသမီးပါတဲ့။

၁၀ တန်းမအောင်တဲ့အချိန် မိသားစု စားဝတ်နေရေး မပြေလည်လို့ ရန်ကုန်တက် အလုပ်လုပ်ရာကနေ ဒီအလုပ်ကို လုပ်ဖြစ်သွားခဲ့တာပါ။

အကူသူနာပြုဘ၀က တလ ၃ သောင်းခွဲနဲ့ အိမ်ကို ငွေပြန်ပို့ဖို့ နေနေသာ ကိုယ့်ဝမ်းဝအောင်တောင် မစားနိုင်ခဲ့ရာက

အနှိပ်ခန်း အလုပ်သမဘ၀မှာတော့ သူ့ဘ၀ အများကြီးအဆင်ပြေလာပြီလို့ ဆိုဖီက ဆိုပါတယ်။

“တလကို နှစ်သိန်း အိမ်ပြန်ပို့နိုင်တယ်။ မိဘတွေလည်း ဘာအလုပ်လုပ်မှန်း မသိဘူး၊ မေးလည်း မမေးဘူး။

ဒီအလုပ်က ကိုယ့်အတွက်ရော အိမ်အတွက်ရော အရမ်း အဆင်ပြေတယ်..

ခုတော့ ကုလား-ဗမာ လှုံ့ဆော်လိုသူတွေကြောင့် ဧည့်သည်နဲပါတယ်..” လို့ သူက ပြောပါတယ်။

ဆိုဖီက အနှိပ်ခန်းလာတဲ့လူတိုင်းနဲ့ အတူညအိပ်ရတာမျိုးမဟုတ်ဘဲ

အနှိပ်ခန်းကို ပုံမှန်လာ ငွေဖြုန်းနိုင်တဲ့၊ သောက်စားမူးယစ်နိုင်တဲ့ ငွေကြေးတတ်နိုင်သူတွေကိုသာ အဓိကထား လိင်ဖျော်ဖြေမှုပေးရတာလို့ ဆိုပါတယ်။

သူ့အနေနဲ့ ရွေးချယ်ပိုင်ခွင့်ဆိုတဲ့ လွတ်လပ်မှုတခုရှိတယ်လို့ ဆိုဖီက ဆိုတယ်။

ဒါက လမ်းမတွေပေါ်က ပြည့်တန်ဆာ ညဥ့်ငှက်လေးတွေထက်သာတဲ့ အခွင့်အလမ်းတခုပါလို့ သူက ပြောပါတယ်။

“အနှိပ်ခန်းဆိုတာက လူမျိုးစုံပဲ။ ကိုယ်က လူတိုင်းနဲ့ အိပ်တာမျိုးမဟုတ်ဘူး။

တချို့လူတွေက လာအနှိပ်ခံ၊ ဟိုကိုင်၊ ဒီကိုင်လုပ်၊ မုန့်ဖိုးပေး၊ ပြန်သွားကြတယ်။

အဓိက ပုံမှန်ဖောက်သည်ကိုပဲ အဓိက အားထားရတာ။

ဖား (သူဌေး) တကောင် ရထားပြီဆိုရင်လည်း ကိုယ့်အတွက်ရော၊ အနှိပ်ခန်းအတွက်ရော အများကြီးအဆင် ပြေတယ်။

အနှိပ်ခန်းမှာ ဖား သုံး၊ လေးကောင် ချိတ်ထားနိုင်တဲ့ သူဆိုရင် သိပ်မပင်ပန်းတော့ဘူး” လို့ ဆိုဖီက ဆိုတယ်။

“ဆိုဖီ” လို တိုင်းရင်းသူ မိန်းကလေးမျိုးတွေ ရန်ကုန်မြို့ရဲ့ အနှိပ်ခန်း တော်တော်များများမှာ ရှိနေပါတယ်။

မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံအနီးမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတခုမှာဆိုလည်း အနှိပ်သမ စုစုပေါင်း ၄၇ ဦး ရှိပါတယ်။

ဘုရင့်နောင်၊ အောင်မင်္ဂလာကားဂိတ်၊ ရာဇာမင်း။ဒဂုံဧရာအဝေးပြေးလို လူစည်ကားတဲ့ကားဂိတ်တွေ၊

ရန်ကုန်မြို့လယ်ခေါင်၊ မြို့စွန်စတဲ့ မြို့နယ်ပေါင်းစုံမှာ အနှိပ်ခန်း ထောင်ချီရှိနိုင်တယ်လို့ ကားပွဲစားတွေက ဆိုပါတယ်။

“ဘုရင့်နောင် လမ်းဆုံနားမှာတင် မရှိဘူးဆိုရင် အနှိပ်ခန်းရော၊ တည်းခိုခန်းရော၊ ကာရာအိုကေရော တရာလောက်ရှိမယ်။

အဲဒါတွေအကုန်လုံးကလည်း ဇယားရွှေ့ (လိင်ပျော်ပါး) လို့ ရတဲ့နေရာတွေချည်းပဲ” လို့ ကားပွဲစားတဦး( ဘ၀ပျက်သွားသူ)က ပြောတယ်။

ဒါပေမယ့် အနှိပ်ခန်းတွေကတော့ အဓိက ပြည့်တန်ဆာလုပ်ငန်းရဲ့ အချက်အချာလို့ ဆိုပါတယ်။

အနှိပ်သမလေးတွေ၊ KTV ဆိုင်တွေက အလုပ်လုပ်နေတဲ့ မိန်းကလေးတွေထဲမှာ

ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ပအို့ဝ် စတဲ့ တိုင်းရင်းသူတွေ အများကြီးရှိနေတယ်လို့

ပုံမှန်သွားရောက်လေ့ရှိတဲ့ ဘုရင့်နောင်က ကားပစ္စည်းရောင်းဝယ်ရေး စီးပွားရေးသမားတဦးက ဆိုတယ်။

“တချို့ဆိုရင် မြန်မာစကား နားမလည်ဘူး။ ကိုယ်လုပ်ခိုင်းချင်တဲ့အရာကို အမူအရာနဲ့ လုပ်ပြခိုင်းရတယ်” လို့ အဲဒီ စီးပွားရေးသမားက ဆိုပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ အနှိပ်ခန်းတွေ တော်တော်များများမှာ ပုံမှန်.....၁ နာရီအနှိပ်ခံရင် ၀န်ဆောင်မှုကို လိုက်လို့

၂၅၀၀ နဲ့ ၃၅၀၀ အကြား ဈေးနှုန်းသတ်မှတ်ထားပါတယ်။

ဒါပေမယ့် ဒီဈေးနှုန်းက သာမန်နှိပ်ပေးတဲ့ ၀န်ဆောင်မှုပဲရမှာဖြစ်ပြီး လိင်ပျော်ပါးချင်လို့ရှိရင်တော့

အနည်းဆုံး ၁၅၀၀၀ ( ၁၇ - ၂၂ နှစ်အရွယ်ခန့် ......များသောအားဖြင့် အင်းကျီိအနက် ၀တ်တတ်)လောက်ပေးရတယ်လို့ သိရပါတယ်။

အနှိပ်ခန်းမှာ လာရောက်အလုပ်လုပ်တဲ့ မိန်းကလေးတွေမှာ

မအူပင်၊ လပွတ္တာ၊ ဒေးဒရဲ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံ၊လှိုင်သာယာ၊ရွှေပြည်သာ၊ ဧရာဝတီတိုင်း၊ အိမ်မဲ၊စတဲ့ နယ်ဘက် ကျေးရွာတွေက

မိန်းကလေးတွေပါသလို တည်ငြိမ်အေးချမ်းမှုမရှိတဲ့ ရခိုင်၊ ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်ဘက်တွေကမိန်းကလေးတွေပါတယ်လို့ ဆိုပါတယ်။

ဖွံ့ဖြိုးမှု နှေးကွေးတဲ့ ချင်း၊ ရခိုင်လို ဒေသက မိန်းကလေးတွေလည်း ရှိပေမယ့် အရေအတွက်အားဖြင့် နည်းတယ်လို့ သိရပါတယ်။

အနှိပ်ခန်းအများစုက နယ်ဒေသတွေက လာရောက်တဲ့ မိန်းကလေးတွေကိုပဲ လိုလိုလားလား အလုပ်ခန့်ချင်ကြပြီး ။

နယ်ဒေသက မိန်းကလေးတွေက အလုပ်ပြောင်းရွှေ့မှု အလွန်နည်းတာကြောင့် အလုပ်ခန့်ချင်ကြတာလို့ သိရပါတယ်။

“အနှိပ်ခန်းတွေမှာ နယ်က မိန်းကလေးတွေ ဘာလို့ ပိုပိုများလာလဲဆိုတော့ နယ်က မိန်းကလေးတွေက

ရန်ကုန်ရောက် အထည်ချုပ်တို့ ဘာတို့ ၀င်လုပ်၊ ရတဲ့လစာနဲ့ ဘယ်လိုမှ မလောက်ဘူး။

မလောက်တော့ ထွက်ပေါက်ရှာရင်း တချို့လည်းအနှိပ်ခန်းရောက်၊ တချို့လည်း KTV ရောက်၊

တချို့တွေကတော့ လမ်းပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာဘ၀တွေဆီ ရောက်ကုန်ကြတာ။အဓိက စားဝတ်နေရေးပဲ” လို့

အနှိပ်ခန်းတခုက မန်နေဂျာတဦးက ဆိုပါတယ်။

အနှိပ်ခန်းရောက်လာတဲ့ မိန်းကလေးတွေရဲ့ဘ၀က လမ်းမတွေပေါ်က ဘ၀တွေထက်စာရင် အများကြီး လုံခြုံတယ်လို့ အဲဒီမန်နေဂျာက ဆိုပါတယ်။

“လမ်းမပေါ်မှာဆိုရင် စောင့်ရှောက်ပေးမယ့်လူ မရှိဘူး။ အနှိပ်ခန်းမှာ အလိုမတူရင်၊ ပြဿနာရှိရင် အနှိပ်ခန်းဘက်က တာဝန်ယူရှင်းပေးရတာ။

ဖောက်သည်က မူးပြီး ရမ်းလို့ရှိရင်လည်း Waiter တွေက ဆွဲထုတ်သွားတာပဲ။

လမ်းပေါ်က ဘ၀ထက်တော့ အများကြီးသာပါတယ်။ တခုတော့ရှိတယ်။ အလုပ်က ၂၄ နာရီမှာ ၁၈ နာရီလောက်လုပ်ရတယ်။

အိပ်ချိန်နည်းတယ်။ သူလုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးအမြတ် ကျန်မယ်။

လစာက တသောင်း၊ လူတယောက် တဆက်ရှင် (တနာရီ) ၂၅၀၀ နဲ့ နှိပ်ရင် နှိပ်တဲ့မိန်းကလေး အတွက်က အနည်းဆုံး ငါးရာရတယ်၊

ဧည့်သည်က ပေးတဲ့ မုန့်ဖိုးရှိတယ်။

တကယ်လို့ ဧည့်သည်နဲ့ မိန်းကလေးနဲ့ အဆင်ပြေလို့ ကိစ္စ (လိင်ပျော်ပါး) ဖြစ်ရင်လည်း အနှိပ်ခန်းဘက်က ရသလို မိန်းကလေး ဘက်ကလည်း ရတယ်။ ဘယ်လိုပြောပြော မိန်းကလေးတယောက်ကို တလနှစ်သိန်းခွဲ အနည်းဆုံး ပြေးမလွတ်ဘူး။ ဒါ နေစရိတ်၊ စားစရိတ်ငြိမ်း” လို့ အဲဒီမန်နေဂျာက ပြောပါတယ်။

အနှိပ်ခန်း မန်နေဂျာရဲ့အဆိုအရ အနှိပ်ခန်းတွေနဲ့ အနှိပ်သမ ပြည့်တန်ဆာလေးတွေရဲ့ ဘ၀က အဆင်ပြေလှတယ်လို့ ထင်စရာရှိပါတယ်။

တကယ်တော့ အမြဲတမ်း အဆင်ပြေနေတာတော့ မဟုတ်ပါဘူး။

၂၀၁၀ ရွေးကောက်ပွဲအကြို အောက်တိုဘာလနဲ့ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလမှာ နဲ့ မင်္ဂလာတောင်ညွန့် မင်္ဂလာဈေး..ကောလာဟာလ အပီးမှာ...

ရန်ကုန်တိုင်းတတိုင်းလုံးက အနှိပ်ခန်းတွေကို ပိတ်ထားဖို့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေက အကြောင်းကြားခဲ့တဲ့အပြင် ၂၀၁၀....

အစိုးရသစ်တက်ပြီး ဧပြီလနဲ့ မေလမှာလည်း အနှိပ်ခန်းတွေကို ဖမ်းဖို့ ရန်ကုန်တိုင်းအစိုးရက စီမံချက်ချတာကြောင့် အနှိပ်ခန်းတွေ လနဲ့ချီ ပိတ်ခဲ့ရပါတယ်။

အဲဒီလို ပိတ်သွားတဲ့အချိန်မှာ အနှိပ်သမတွေ ဘယ်လို ၀င်ငွေနဲ့ နေထိုင်စားသောက်ကြပါသလဲ။ အဖြေကတော့ ရှင်းပါတယ်။

လမ်းမတွေပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာ၊ ညဥ့်ငှက်လေးတွေအဖြစ် အသွင်းပြောင်း ရုန်းကန်ရတာတွေ ရှိတယ်လို့ အနှိပ်သမလေးတွေက ဆိုပါတယ်။

ဆိုဖီက စီမံချက်ရှိလို့ အနှိပ်ခန်းတွေ လနဲ့ချီပိတ်ရရင် သူ့ရဲ့ပုံမှန်ဖောက်သည်တွေကို ဆက်သွယ်ပြီး အပြင်မှာ အော်ဒါ (ပြည့်တန်ဆာ) လိုက်ဖြစ်ခဲ့တယ်တဲ့။

ဒါပေမယ့် သူရဲ့မိတ်ဆွေ အနှိပ်သမ တချို့ကတော့ လမ်းမပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာအလုပ်ကို မဖြစ်မနေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“စီမံချက်ဆိုရင် အလုပ်က လနဲ့ချီနားရတယ်။ ကိုယ်က ပုံမှန်ဖောက်သည်တွေကို ဖုန်းဆက်ပြီး အကူအညီတောင်း။

သူတို့နဲ့ ပြန်ဆက်သွယ်ရတယ်။ ဒါပေမယ့် ဖောက်သည်နဲ့ ပြန်ဆက်လို့ မရတဲ့သူတွေက လမ်းပေါ်ပဲ ထွက်ရတာပဲ။

အဲဒီအချိန်မျိုးမှာ ရွေးချယ်စရာမရှိဘူး။ တချို့ဆိုရင် ထမင်းစားရရင်တော်ပြီ ဆိုပြီး ခေါ်ရာလိုက်တာပဲ။

စီမံချက်မကြောက်လို့ဖွင့်တဲ့ အနှိပ်ခန်းတွေဆီမှာ သွားလုပ်တဲ့သူတွေလည်း လုပ်ကြတယ်။

အဲဒီအနှိပ်ခန်းတွေက ရဲဖမ်းခံရတာများတယ်။ အဖမ်းခံရရင် ပြည့်တန်ဆာမှုနဲ့ ထောင်ချခံရမှာ။



မှုခင်းဂျာနယ်ထဲမှာ အနှိပ်ခန်းမှာ အတူလုပ်ဖူးတဲ့ သူငယ်ချင်းသုံးယောက် အဖမ်းခံရတဲ့သတင်းတောင် ဖတ်လိုက်ရတယ်” လို့ ဆိုဖီက ဆိုပါတယ်။

တရားမ၀င် အနှိပ်ခန်းဆိုတဲ့နေရာမှာလည်း နှစ်မျိုးရှိပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ကို လိုင်းကြေး သိန်းချီပေးဖွင့်တဲ့ အနှိပ်ခန်းနဲ့

လိုင်းကြေးမပေးဘဲ ခိုးဖွင့်တဲ့ အနှိပ်ခန်းရယ်လို့ နှစ်မျိုးရှိတယ်လို့ သိရပါတယ်။

အနှိပ်သမလေးတွေအနေနဲ့ အလုပ်ရွေးချယ်တဲ့နေရာမှာ

လိုင်းကြေးပေး၊ မပေးကိုလည်း အမြဲစုံစမ်းပြီး လိုင်းကြေးပေးတဲ့ အနှိပ်ခန်းမှာသာ ကြာကြာ အလုပ်လုပ်လေ့ရှိတယ်လို့ သိရပါတယ်။

( ၁၈၈ ထုတ်ထားတာ မသိဖူးလားဆိုပီး။ရဲက ခေါ်ပီး ညလုံးပေါက်ပျော်ပါးနေတာတွေကို လဲ တွေ့နေရပါတယ်တဲ့ မပြောရဲဖူးလေတဲ့)

သန်းခေါင်ယံ ရန်ကုန်မြို့ရဲ့ နီယွန်ရောင်ထိန်ထိန်ညီးနေတဲ့ ကားလမ်းမကြီးတွေပေါ်မှာ လူသူကင်းရှင်း နေပြီဖြစ်ပေမယ့်

မှိန်ပျပျ မီးအလင်းရောင် အနှိပ်ခန်းတွေမှာတော့ သက်ဝင်လှုပ်ရှားမှု တွေရှိနေဆဲ ဖြစ်ပါတယ်။

ဒါတွေဟာ...အနှိပ်ခန်းကဘ၀တွေပါ....

..ကျန်သည့်... CLUB..များ...ကတော့..............

( ၉လွှာ၊ဂျေဂျေ။အာရှ...။တောင်ညွန့်ဒေသ မဟုတ်သည့်ကလပ် များ မှ ၁၈၈ ထုတ်ထားဆဲကာလ မှာတောင်..စားဝတ်နေရေးအတွက်)

မိန်းကလေးများရဲ့ဘ၀အမောတွေကတော့...ရန်ကုန်ညများနဲ့အတူ.....ဆက်လက်ဖြတ်သန်းနေရဆဲပါ။

Lon Ely ( ၄-၄ -၁၃)

Thursday, March 7, 2013

မိန်းမတစ်ယောက်ရဲ့ နောက်ဆုံးအပျိုစင်





"အပျိုစင်”ဆိုတဲ့ စကားလေး(၃)ခွန်းဟာ စကားအရာ(၃)ခွန်းဆိုပေမယ့် ထိန်းသိမ်းရတာတော့ ခက်ပါလားနော် အမေကမွေးပြီးအချိန်မှစလို့ အရွယ်ရောက်တဲ့အချိန်၊ ဆယ်ကျော်သက် ရူးမိုက်တတ်စအချိန်တွေမှာ ထိန်းသိမ်း ရ ခက်ခဲပါတယ်။ ကိုယ်တိုင်စောင့်ရှောက်မှုနဲ့အတူ အမေ့ရဲ့သွန်သင်ဆုံးမမှုတွေကြောင့်သာ ဆယ်ကျော်သက် ဆိုတဲ့ ဘ၀လေးကနေ အသိဥာဏ်တွေရင့်ကျက်တဲ့ အသက်အရွယ်အထိ “အပျိုစင်”ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ထိန်းသိမ်းနိုင်ခဲ့တာပါ။

ဆယ်ကျော်သက်အရွယ်နဲ့အတူ ဒွန်တွဲပြီးဖြစ်ပေါ်လာတတ်တဲ့ အချစ်ဆိုတဲ့အရာဟာ အရွယ်နဲ့မမျှအောင် အင်အားကြီးမားခဲ့တာမို့ ရင်ခုန်သံတွေရဲ့နောက်ကို ပါမသွားလေရအောင် ခက်ခက်ခဲခဲနဲ့ ထိန်းသိမ်းခဲ့ရသူတွေ ကတော့ ကျွန်မတို့ မိန်းမသားတွေမဟုတ်လား…။

ရင်ခုန်သံတွေ စတင်ပြီး ခုန်လာတတ်စမှာတော့ သိပ်ချစ်တာပဲဆိုတဲ့ စကားလေးတစ်ခွန်းဟာ မိန်းမတစ်ယောက် အတွက် တန်ဘိုးမဖြတ်နိုင်ပါဘူး…မိန်းမတစ်ယောက်ဟာ သူမရဲ့ဘ၀ကြီးတစ်ခုအတွက် ရှိသမျှအချစ်တွေ အားလုံးကို ပေးချင်တတ်ကြပါတယ်၊အဲ့ဒီအရွယ်ဟာ..ဆယ်ကျော်သက်အရွယ်လေးပါ…ဘာကိုမှ မစဉ်းစားချင်၊ ဘာကိုမှလည်း မဆုံးဖြတ်ဘဲ….တဒိန်းဒိန်းခုန်နေတာကို အချစ်လို့ မှတ်ယူတတ်ခဲ့လို့ပါပဲ…။

ခုတော့လည်း ရင်ခုန်သံတွေက တဆင့်ကျော်လာခဲ့ပြီမို့ အချစ်ဆိုတာကို နားလည်သယောယောင်တော့ ရှိလာသလိုလို…ဒါပေမယ့်လည်း မိန်းမတစ်ယောက်ရဲ့စိတ်ဟာ ခန့်မှန်းရခက်သားလား။ ယောက်ျားတွေ တွေ့တိုင်းဆွေ့ဆွေ့ခုန်၊ ရင်ခုန်ခြင်းမျိုးလည်းမဟုတ်။ ရင်ခုန်သံတွေ တဒိန်းဒိန်းမြည်နေခဲ့တိုင်းလည်း မိန်းမတွေ မချစ်တတ်ခဲ့…။ ဒါဆို…ကျွန်မတို့ မိန်းမတွေရဲ့ အချစ်ဆိုတာကို ဘယ်လိုနားလည်ရမလဲ။

ဆယ်ကျော်သက်ရဲ့အထက် နှစ်ဆယ်ကျော်အရွယ်အစမှာတော့ အချစ်ကိုရှာဖွေချင်သူဖြစ်လာခဲ့ပြန်ပါပြီ… ရှာဖွေချင်သော်ငြားလည်း ရှာမရခဲ့။ တိတ်တိတ်လေး ရင်ထဲမှာကြိတ်နေပြီး ချစ်တဲ့သူကို လိုက်ရှာနေ မိတော့သည်…ဆယ်ကျော်သက်အရွယ်ကစိတ်မျိုးမဟုတ်ခဲ့…မိန်းမတစ်ယောက်ဟာ သူမမြတ်နိုးသူ၊ သိပ်ချစ် တတ်တဲ့သူကိုသာ ရှာဖွေတတ်သည်…ယောက်ျားတစ်ယောက်က ချစ်သလား၊ ကြိုက်သလားဆိုတဲ့ အရာကို မစဉ်းစားမိ… စကားပုံတစ်ခုလိုပါပဲ… မချစ်ဘူးလို့ အချစ်ရူး….အချစ်ဦးမို့ အချစ်ထူးဆိုသလိုပါပဲ ပစ်ပစ်ခါခါ၊ နှစ်နှစ်ကာကာချစ်ဖို့ ကြိုးစားပြန်သည်….အချစ်တွေစုဆောင်းပြီး တောင်ပုံကြီးတစ်ခုလို ဖြစ်လာတဲ့အခါ မိန်းမတစ်ယောက်ရဲ့အချစ်ဟာ…လောဘဆိုတဲ့အရာနဲ့ ဒွန်တွဲလာပြန်ပါတယ်…။ သူမပေးထားသော အချစ်တွေ အတွက် ယောက်ျားတစ်ယောက်ဆီက အစွမ်းကုန်လိုချင်သောအချစ်တစ်ခုပေါ့…ဆန့်ကျင်ဘက်တစ်ခုကတော့ ပေးဆပ်ခြင်းဆိုတဲ့စိတ်တစ်ခုရယ်ပါ။ မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက် အရမ်းချစ်တတ်တဲ့ စိတ်တွေရှိလာတဲ့အချိန် နှလုံးသားတစ်ခုကိုပါ စတေးပြီးချစ်တတ်ကြပါတယ်။ ဒါပေမယ့် မိန်းမတစ်ယောက်ဟာ အဲ့ဒီအချိန်မှာ အချစ်ဆိုတဲ့အရာကို ဆန်းစစ်ရှာဖွေနေချိန်လို့ ပြောလို့ရနိုင်သလို သေရာပါမယ့်အချစ်မျိုးဆိုရင် လည်း မှားမယ်မထင်ပါဘူး။

နောက်ဆုံးအပျိုစင်ဘ၀…နောက်ဆုံးဆိုတဲ့ စကားလေးတစ်ခွန်းကို ကြားမိတာနဲ့ မိန်းမတစ်ယောက်ရဲ့ မကြားချင်ဆုံးသော စကားတစ်ခွန်းပါ။ မိန်းမတွေဟာ လောဘကြီးတယ်လို့ ယောက်ျားတွေရဲ့ တဖက်သက် အမြင်တွေကို စွပ်စွဲခဲ့မယ်ဆိုရင်…သူမပြောပြချင်ပါတယ်…

ယောက်ျားတစ်ယောက်ရဲ့အချစ်ဆိုတာ ဘ၀ရဲ့တစ်စိတ်တပိုင်းပါ…မိန်းမတစ်ယောက်ကတော့ သူမရဲ့အပျိုစင် ဆိုတဲ့ ဘ၀လေးကို စွန့်လွှတ်ရတော့မယ်ဆိုတဲ့အသိစိတ်တစ်ခုဟာ မီးတောင်တစ်ခုပေါက်ကွဲမတတ် ခံစားရ တတ်ကြပါတယ်…ဘာကြောင့်လဲဆိုတဲ့အဖြေတစ်ခု မိန်းမတွေမှာ ရှိပါတယ်…အဲ့ဒီအချိန်မှာ မိန်းမတွေဟာ အချစ်ဆိုတဲ့အရာကို နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ အသိစိတ်တွေက ရင့်ကျက်သွားခဲ့လို့ပါ။

မိန်းမတစ်ယောက်ရဲ့ အပျိုစင်ဘ၀ကို သူမချစ်တဲ့သူနဲ့ ဖြတ်သန်းလိုက်ရမလား..သို့မဟုတ် သူမ မချစ်မနှစ်သက် သူနဲ့ ဖြတ်သန်းလိုက်ရမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေက မိန်းမတစ်ယောက်ကို အကြီးအကျယ်ရိုက်ခတ်စေပါ တယ်..ကျွန်မတို့မိန်းမသားဘ၀တွေမှာ…နောက်ဆုံးအပျိုစင်ဘ၀ ကုန်ဆုံးသွားခဲ့ရင် အရာအားလုံးဟာ ပျောက်ဆုံးနေခဲ့ပါပြီ။ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ရင်ထဲကခံစားချက်၊ လွတ်လပ်ခွင့်တွေဟာ နည်းပါးသွားခဲ့ရပါပြီ။ ရှေးရိုးအစဉ်လာတည်းက မိန်းမတစ်ယောက်ဖြစ်ခဲ့ရင် မီးဖိုချောင်မှာ ချက်ပြုတ်လုပ်ရတဲ့အလုပ်ပဲ လုပ်ရမယ်လို့ သတ်မှတ်ချက်တစ်ခုဟာ မိန်းမတစ်ယောက်အတွက် အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးရသလိုဖြစ်စေပါ တယ်။

အပျိုစင်ဘ၀တွေမှာ ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်ပိုင်ခွင့်၊ အများနှင့်တန်းတူ ပညာသင်ခွင့်တွေဟာ နောက်ဆုံး အပျိုစင်ဘ၀မှာ စွန့်လွှတ်ခဲ့ရပါသည်။ အပျိုစင်ဘ၀လေးကို မစွန့်လွှတ်ခင်အချိန်ကလေးမှာ ကျွန်မတို့မိန်းမတွေ ဘယ်လောက်ထိ ခက်ခက်ခဲခဲနဲ့ ထိန်းသိမ်းခဲ့ရတယ်ဆိုတာ သိနိုင်မယ်ဆိုရင်……

Myanmar Express

Friday, March 1, 2013



တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော် (အပိုင်း ၁) ဆောင်းပါးရှင် တိုင်းရင်းသား တစ်ဦး




တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော်
--- တိုင်းရင်းသား တစ်ဦး
ယခုအချိန်မှာ မြန်မာပြည်ဟာ ဒီမိုကရေစီစံနစ်သစ်ဆီသို့ ဦးတည်သွားနေပြီလို့ ဆိုပါတယ်။ ဒီမို ကရေစီ  စံနစ်ကို ထူထောင်မယ် ဆိုလိုက်တာနဲ့ တရားဥပဒေ စိုးမိုးရေးဟာ အင်မတန် အရေးကြီးတာလဲ လူတိုင်း သိကြပါတယ်။ (အဲဒီလို အရေးကြီးလို့ကို လွှတ်တော်ထဲမှာ ဒေါ်စုက တရားဥပဒေ စိုးမိုးရေး တာဝန်ကို ယူထားတာပေါ့။) ဥပဒေ စိုးမိုးရေး ဆိုရာမှာလဲ ယခုလက်ရှိမှာ ဥပဒေပြင်ပ ရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ဥပဒေ ဘောင်ဝင်အောင် ဘယ်လို legalize လုပ်မလဲ၊ အနာဂတ် ပြည်ထောင်စု တပ်မတော်နဲ့ ဘယ်လို ပေါင်းစည်းကြမလဲ ဆိုတဲ့ ပြဿနာ တွေဟာ အရေး တကာ့ အရေးအကြီးဆုံး ကိစ္စတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေအတွက် အစိုးရရော အတိုက်အခံဖက် ကပါ ရေရေရာရာ စီမံချက် ရှိသေးပုံ မရဘူး၊ ရှိတယ်ဆိုရင်လဲ ပွင့်လင်းမြင်သာမှုမရှိသေးဘူး။ အဲဒီကိစ္စ္စ တွေနဲ့ ပတ်သက်လို့ ပြည်သူတဦးရဲ့ အမြင်ကို တင်ပြချင်တဲ့အတွက် ဒီဆောင်းပါးကို ရေးရတာ ဖြစ်ပါ တယ်။
ပထမဆုံးအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဥပဒေဘောင်ထဲ ရောက်လာအောင် အစိုးရ အဆက်ဆက် အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို ကြည့်ကြရအောင်ပါ။
လက်နက်ချခိုင်းတဲ့နည်း
အစိုးရအဆက်ဆက်က တိုင်းရင်းသားလက်နက်ကိုင်တွေ ဥပဒေဘောင်ဝင်အောင် နှစ်ပေါင်းများစွာ ကျင့်သုံး ခဲ့တာ ကတော့ လက်နက်ချခိုင်းတဲ့နည်း ဖြစ်ပါတယ်။ လက်နက်ချ အလင်းဝင်လိုက်တာနဲ့ ဥပဒေဘောင် ၀င်သွားပြီပေါ့။  ဒီနည်းနဲ့ မအောင်မြင်ခဲ့တာ အထူးပြောစရာမလိုပါဘူး၊ ဒါပေမယ့် ဘာလို့ မအောင်မြင်ခဲ့တာလဲ ဆိုတာ အလေးအနက် စဉ်းစားဖို့ လိုပါတယ်။  
အစိုးရနဲ့ဆွေးနွေးပြီး သဘောတူညီချက်ရလို့် လက်နက်ချခဲ့တာ ဖဆပလအစိုးရ လက်ထက် နိုင်အောင်ထွန်း ခေါင်းဆောင်တဲ့  မွန်လက်နက်ကိုင် အဖွဲ့က ပထမဆုံးလို့ ဆိုပါတယ်။ နိုင်အောင်ထွန်း အဖွဲ့ဟာ အဲဒီအချိန်တုံး ကဆိုရင်  ယခုလက်ရှိ  မွန်ပြည်သစ်ပါတီထက်တောင် လူအင်အား၊ လက်နက် အင်အား တောင့်တင်းပါသတဲ့။  ၀န်ကြီးချုပ် ဦးနုနဲ့ ဆွေးနွေးပြီး သဘောတူညီချက်ရတဲ့အတွက် လက်နက် ချခဲ့တာပါတဲ့။ လက်နက်လဲ ချပြီးရော သဘောတူထားတဲ့ အချက်တွေ ဘာမှ ဖြစ်မလာတဲ့အပြင် ဦးနုနဲ့ သွားတွေ့ပြီး အခြေအတင် ပြောတဲ့အတွက် နိုင်အောင်ထွန်း ထောင်ထဲ ရောက်သွားပါသတဲ့။ အဲဒီ အဖြစ်ကို နမူနာ ယူပြီး တော့ ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင်တွေမှာ "ဘာပဲဖြစ်ဖြစ် လက်နက်တော့ မချနဲ့၊ ဗမာတွေ ကတိမတည်ဘူး" ဆိုတဲ့ သဘောထား ခံယူချက် သံမှိုစွဲသလို မြဲသွားတာပါတဲ့။ (နိုင်အောင်ထွန်း အဖွဲ့ရဲ့ ဖြစ်ထွေကို သူငယ်ချင်း တဦးက ပြောပြခဲ့တာပါ။ စာရေးသူ မမွေးခင်က ကိစ္စ ဖြစ်လို့ ပိုသိတဲ့သူတွေက ပြင်ဆင် ဖြည့်စွက်ပေးကြစေလိုပါတယ်။)
နိုင်အောင်ထွန်းတို့အကြောင်းကို စာရေးသူတို့မမှီလိုက်လို့ အတိအကျ မပြောနိုင်ပေမယ်လို့ န၀တ/ နအဖလက်ထက် ဖြစ်ပျက်ခဲ့တာတွေကတော့ ကိုယ်တွေ့မျက်မြင် ဖြစ်ပါတယ်။ န၀တလက်ထက်မှာ ဗိုလ်ခင်ညွန့်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လိုက်လံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်တွေ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။  အခြေခံဥပဒေရယ်လို့ မရှိဘဲ ကာကွယ်ရေး ဦးစီးချုပ် ရဲ့ အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့ စစ်အုပ်ချုပ်ရေးကာလမို့လို့လဲ အဲဒီလိုလုပ်လို့ ရတာပါ။ အရင် အစိုးရ တွေ လက်ထက်ကတော့ ဒီလိုလုပ်ရင် ဖြစ်နိုင်မှန်း မသိလို့ မဟုတ်လောက်ပါ၊ တည်ဆဲ ဖွဲ့စည်းပုံ ဥပဒေနဲ့ ငြိစွန်း နေလို့သာ လုပ်မရခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် န၀တ/နအဖ လက်ထက် မှာတော့ နယ်စပ်ဒေသ အတော်များများမှာ အနှစ် (၂၀) နီးပါး ငြိမ်းချမ်းခဲ့တာ အမှန်ပါပဲ။ 
ဒါပေမယ့် အဲဒီငြိမ်းချမ်းရေးဟာ အင်္ဂါမစုံဘဲ မွေးလာတဲ့ ကလေးနဲ့တူနေပါတယ်၊ ကြီးမားတဲ့ ချို့ယွင်းချက် ရှိနေပါတယ်။ ဘယ်လိုချို့ယွင်းချက်လဲ။ ဗိုလ်ခင်ညွန့်က အရေးတယူ လာဆွေးနွေးတယ် ဆိုတာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာ တူညီတဲ့ အတွေး တခု ၀င်သွားစေခဲ့လို့ပဲ။ ဘယ်လို အတွေးလဲ ဆိုတော့ "ကြည့်စမ်း၊ ဒေါ်စု ခေါင်းဆောင်တဲ့ NLD ကို တပြည်လုံးက လူများစု ထောက်ခံမဲ ပေးထားပါ ရက်နဲ့ ဒီလူတွေ NLD နဲ့ ဆွေးနွေးဖို့ စိတ်ကူးရှိပုံ မရဘူး။ ဒေါ်စုကို အကျယ်ချုပ်ထား၊ NLD အမတ်တွေကို ထောင်ထဲ ထည့်ထားပြီး ငါတို့နဲ့ အရေးတယူ လာဆွေးနွေးနေတယ်။ ဒါ ငါတို့ သေနတ် ကိုင်ထားလို့ပဲ။ ငါတို့မှာသာ လက်နက်မရှိတော့ရင် ငါတို့ကို ဂရုစိုက်ပါဦးမလား၊ ပေးထားတဲ့ ကတိတွေ တည်ပါဦး မလား" ဆိုတဲ့ အတွေးပါ။
စဉ်းစားကြည့်ပါ။ လက်နက်မရှိတဲ့ ဒေါ်စုနဲ့ NLD ကို ဆွေးနွေးရမယ့်အစား အပြုတ်တိုက် ချေမှုန်းဖို့ ကြိုးစားခဲ့တာ နှစ် (၂၀) ကြာခဲ့တယ်။ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ရာပေါင်း များစွာ အသက် ပေးခဲ့ရ၊ ဘ၀ပျက်ခဲ့ကြရတယ်။ တိုင်းရင်းသားတွေမှာ လက်နက်မရှိတော့ရင် NLD ရဲ့ ကံကြမ္မာမျိုး သူတို့ဖက် လှည့်မလာဘူးလို့ ဘယ်သူက အာမခံမှာလဲ။ ဒါဟာ တိုင်းရင်းသား တွေ လက်နက်မချနိုင်ရခြင်းရဲ့ အဓိကအကြောင်းပဲ။ တနည်းအားဖြင့် ပြောရရင် လက်နက်မရှိတဲ့ NLD ကို ဖိနှိပ်ခဲ့တာဟာ တိုင်းရင်းသားတွေ လက်နက် မစွန့်ချင်အောင်၊ မစွန့်ရဲအောင် လုပ်လိုက်တာနဲ့ အတူတူ ပါပဲ။
နယ်ခြားစောင့်တပ်လုပ်ခိုင်းတဲ့နည်း
တဖက်ကကြည့်ပြန်တော့ အပစ်အခတ် ရပ်စဲပြီး ကိုယ့်နယ်မြေကိုယ်နေ၊ ကိုယ့်စီးပွား ကိုယ်လုပ် ဆိုတာက စစ်အစိုးရလက်ထက်မှာသာ ဖြစ်နိုင်တာကိုး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလုပ်ပြီး အရပ်သားအစိုးရ အနေနဲ့ အုပ်ချုပ်တော့မယ်ဆိုရင်တော့ (၂၀၀၈) ဥပဒေဖြစ်ဖြစ်၊ အတိုက်အခံတွေ ပြောနေတဲ့ ဖက်ဒရယ်မူ ပဲဖြစ်ဖြစ် တိုင်းပြည် တခုတည်းမှာ ဥပဒေပြင်ပ လက်နက်ကိုင်တပ်တွေ သူတလူ၊ ငါတမင်း ရှိနေလို့ မဖြစ်ပြန်ဘူး။ အဲဒါကြောင့် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြား စောင့်တပ် (BGF) အသွင် ပြောင်းဖို့ စည်းရုံးလာပါတယ်။ လက်နက်မချချင်ရင် မချနဲ့၊ နယ်ခြားစောင့်တပ် အနေနဲ့ တပ်မတော် အောက်မှာ နေပါ ဆိုတဲ့ သဘောပဲ။ တပ်မတော်လက်အောက်ရောက်တယ်ဆိုတာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ဥပဒေဘောင်ဝင်သွားပြီ၊ တရားဝင် ရပ်တည်လို့ ရပြီပေါ့။
ဒီနေရာမှာ ပြောချင်တာက တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်အနေနဲ့ လက်ခံတယ် ဆိုတာ အစိုးရစစ်တပ် အနေနဲ့ အတော်စွန့်စားရတဲ့ ကိစ္စ ဖြစ်တယ်ဆိုတာပါပဲ။ နယ်ခြား စောင့်တပ်ထဲက လူတွေဟာ တချိန်က ကိုယ်နဲ့ သူသေကိုယ်သေ တိုက်ခဲ့တဲ့သူတွေ ဖြစ်သလို နောင်လဲ အခြေအနေ အကြောင်းကြောင်း ကြောင့် အချိန်မရွေး အရောင်ပြောင်းပြီး ကိုယ့်ကို ပြန်တိုက်နိုင်တဲ့သူတွေ ဖြစ်တယ် (ဒါ ကရင်ပြည်နယ်မှာ လက်တွေ့ပဲလေ)။ အစိုးရတပ်မမှူး၊ တိုင်းမှူး တွေမှာ အရေးအကြောင်း ပေါ်လို့ နယ်ခြားစောင့်တပ်ကို ခိုင်းရမယ်ဆိုရင် "ဒီလူတွေ ငါ့အမိန့်ကို နာခံပါ့မလား။ သူတိုတိုင်းရင်းသား အချင်းချင်း ပင်းပြီး ငါ့ကို နောက်ကျော ဓါးနဲ့ ထိုးလေမလား"လို့ တွေးမိကြမှာ ဖြစ်သလို နယ်ခြားစောင့် တပ်မှူးတွေ ကိုယ်တိုင်ကလဲ "ဒီ တပ်မမှူး/တိုင်းမှူး ခိုင်းတိုင်း ငါလုပ်လို့ ဖြစ်ပါ့မလား၊ သူ့အမိန့်ကို နာခံလိုက်လို့ ငါတို့ တိုင်းရင်းသားချင်း ပြန်ပစ်ရတဲ့ အခြေအနေရောက်သွားရင် ငါ့ဇာတိ ရပ်ရွာမှာ၊ ငါ့ဆွေမျိုးတွေ ကြားမှာ သူများတံတွေးခွက် ပက်လက်မျောရချည်ရဲ့" လို့ တွေးမိ ကြမှာ အမှန်ပါပဲ။ စစ်တပ် ဆိုတာက ရဲဘော်ရဲဘက်ချင်း အသက်ပေး ယုံကြည်စိတ်ချနိုင်မှသာ ထက်မြက် ပါတယ်။ အထက်လူနဲ့ အောက်လူ မယုံသင်္ကာဖြစ်ပြီး သံသယတွေ များနေရင်တော့ လူများပြီး ပွဲမစည်တဲ့ တပ်စုတ်တပ်ပဲ့သာ ဖြစ်နေမှာပဲ။ 
တိုင်းရင်းသားတွေဖက်က ကြည့်ပြန်တော့ ပြဿနာက "နယ်ခြားစောင့်တပ် တပ်ရင်းတရင်းစီမှာ တပ်သား ဦးရေ ၃၂၆ ဦး ရှိမည်ဖြစ်ပြီး မြန်မာ့တပ်မတော်မှ စစ်သား ၃ဝ ဦး ပါဝင်မည်။ ထို့ပြင် တပ်ဖွဲ့ဝင် များ၏ လစာ ကို ဗဟိုအစိုးရက ထုတ်ပေးမည်ဖြစ်ပြီး အုပ်ချုပ်မှုအရလည်း မြန်မာ့တပ်မတော် လက်အောက် ၌ပင် ထားရှိ မည်ဖြစ်သည်" ဆိုတာကိုး။ တိုင်းရင်းသားတွေမှာ သူတို့ နှစ်ပေါင်းများစွာ တောင်းဆိုလာတဲ့ အခွင့်အရေး တွေ ဘယ်ဆီနေမှန်းမသိသေးခင် အစိုးရစစ်တပ် အုပ်ချုပ်မှုအောက်မှာ နေရမယ် ဆိုတော့ အစုလိုက် အပြုံလိုက် လက်နက်ချခိုင်းတာနဲ့ အတူတူဖြစ်နေတယ်။ တိုင်းရင်းသား အချင်းချင်းပေါ် သေနတ်ပြောင်း လှည့်ရမယ့် အခြေအနေမျိုးများ ဖြစ်လာခဲ့ရင်  လက်နက်ချတာထက်ကို ပိုဆိုးသွားပြီ။ နောက်ပြီး နယ်ခြား စောင့်တပ်ရင်းတိုင်းမှာ အစိုးရ စစ်သား တွေ လာထည့်ထားတဲ့အတွက် ကိုယ့်မှာရှိတဲ့ လက်နက်အင်အား၊ လူအင်အား၊ လေ့ကျင့်မှု၊ လှုပ်ရှားမှု စတဲ့ အတွင်းရေးတွေကို အစိုးရစစ်တပ်ကို အကုန် ဖွင့်ပြရတာနဲ့ အတူတူပဲ။ နောင် နိုင်ငံရေး ညှိနှိုင်းတာ အဆင် မပြေလို့ မလွှဲသာ မရှောင်သာ ပြန်တိုက် ရမယ် ဆိုရင်တောင် ကိုယ့်အကြောင်း အကုန်လုံး ရန်သူဖက်က သိပြီး ဖြစ်နေလို့ ဒုက္ခ တော်တော် ရောက်သွား နိုင်တယ်။ ဒါကြောင့် ကေအိုင်အေ၊ ဒီကေဘီအေ၊ မွန်ပြည်သစ်ပါတီ စတဲ့ အပစ်ရပ် အဖွဲ့တွေက နယ်ခြားစောင့်တပ် မလုပ်ပဲ ငြင်းဆန်ခဲ့ကြတာပဲ။
ဒါဆိုရင် ဘာဖြစ်လို့ အစိုးရက ဒီလို စီစဉ်ရသလဲ။ "တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးကို တဖက်လှည့်နည်းနဲ့ ဖြိုခွဲချေမှုန်းဖို့ ကြိုးစားတာပါ" လို့ ဖြေချင်ကြပါလိမ့်မယ်။ ဒီအဖြေ မှားတယ်လို့ စာရေးသူ မပြောလိုဘူး၊ ဒါပေမယ့် ဒီအဖြေနဲ့ ရပ်သွားမယ် ဆိုရင်တော့ မြန်မာ့ တပ်မတော်ရဲ့ mindset ကို နားမလည်ရာ ရောက်ပါတယ်။ 
ဒီနေရာမှာ နည်းနည်း အကျယ်တ၀င့် ပြောဖို့ လိုလိမ့်မယ်။ နိုင်ငံတကာ တပ်မတော် တွေမှာ မရှိတဲ့ စည်းကမ်း တခု  မြန်မာ့တပ်မတော်မှာ ရှိသတဲ့။ တစ်ပွင့်နဲ့ အထက် ပြန်တမ်းဝင်အရာရှိတွေဟာ တပ်တတပ် မှာ () နှစ်ထက် ပိုမနေရ ဆိုတဲ့ စည်းကမ်းပဲ။ စည်းကမ်းအရ () နှစ်ဆိုပေမယ့် လက်တွေ့မှာ တစ်နှစ်၊ နှစ်နှစ်နဲ့ ပြောင်းကြရတာက များတယ်။ စစ်သက် (၁၀)နှစ်လောက်ဆို မြန်မာပြည် နှံ့သွားပြီပေါ့။ 
ဒီစည်းကမ်းဟာ အကျိုးထက် အပြစ်ကပိုများပါတယ်။ တပ် ခဏခဏပြောင်းကြရတဲ့ အရာရှိတွေ ခမျာ ဘယ်နေရာမှာမှ နေသားကျအောင် မနေရတဲ့အတွက် နယ်မြေကျွမ်းကျင်မှုမရ၊ ကိုယ့်လက်အောက်က ရဲဘော်တွေအကြောင်း၊ နယ်မြေခံလူထုနဲ့ ရန်သူအကြောင်းကို လေ့လာချိန် မရကြရှာဘူး။ အဲဒီလို နယ်မြေ ကျွမ်းကျင်မှု မရှိတဲ့၊ ကိုယ့်ရဲဘော်တွေ အကြောင်းရော ရန်သူအကြောင်းရော ကောင်းကောင်းနားမလည်တဲ့ အရာရှိ အမိန့်ကို နာခံရတဲ့ ရဲဘော်တွေဟာ မနာသင့်ဘဲနာ၊ မသေသင့်ဘဲသေ ဆိုတာမျိုး မကြာခဏ ကြုံကြရတယ်။ 
ဒီအကြောင်းကို ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းလာတဲ့ လက်ရှိ တပ်မတော် စစ်ခေါင်းဆောင်တွေ မသိဘဲ မနေပါဘူး။ ဒါဆိုရင် ဒီစည်းကမ်း ဘာလို့ တည်မြဲနေသလဲ။ သမိုင်းပေး သင်ခန်းစာကြောင့်လို့ ဆိုပါတယ်။ လွတ်လပ်ရေး ရခါစ ရောင်စုံသူပုန်တွေ ထကြွတဲ့ အချိန်တုံးက တပ်မတော်ထဲက တပ်ရင်း လိုက် တောခိုသွားတာ အတော်များများ ရှိခဲ့ပါတယ်။ အဲဒီလို တောခိုတဲ့ကိစ္စတွေမှာလဲ များသောအားဖြင့် တကယ် တောခိုတာက  တပ်ရင်းမှူး ဖြစ်ပြီး လက်အောက်ခံ ရဲဘော်တွေကတော့ ခေါင်းဆောင် အမိန့်နာခံ ရင်း သူပုန် ဖြစ်မှန်းမသိ ဖြစ်ကုန်ကြရတာပါတဲ့။ အဲဒီအဖြစ်ကို သင်ခန်းစာယူပြီးတော့ အရာရှိတွေ ကိုယ် တာဝန်ထမ်းဆောင်တဲ့ တပ်အတွင်းမှာ ပုဂ္ဂိုလ်ရေးအရ သြဇာအာဏာ ထူထောင်လို့ မရနိုင်အောင် ဒီစည်းကမ်းကို လုပ်ထားခဲ့တာလို့ ဆိုပါတယ်။
အဲဒီတော့ စဉ်းစားကြည့်ပါ။ ကိုယ့်တပ်ထဲက အရာရှိတွေကိုတောင် ခဏခဏ တပ်ပြောင်းခိုင်းတဲ့ စည်းကမ်းမျိုး ကျင့်သုံးတဲ့ တပ်မတော်ဟာ နယ်ခြား စောင့်တပ်တွေကို တိုက်ရိုက် အုပ်ချုပ်ခွင့်မရဘဲ ဘယ်လို လုပ်ပြီး ယုံကြည်စိတ်ချနိုင်မှာလဲ။ အဲဒီလို ယုံကြည် စိတ်ချနိုင်မှု မရှိတာကြောင့်ပဲ နယ်ခြား စောင့်တပ် အစီအစဉ် မအောင်မြင်ဘဲ ဖြစ်ခဲ့ရတာပါ။
(လွတ်လပ်ရေး ခေတ်ဦးမှာ တပ်ရင်းမှူး ခေါင်းဆောင်မှုနောက်လိုက်ရင်း စစ်သည်တွေ သူပုန်ဖြစ်မှန်းမသိ ဖြစ်ကုန်တာ အမှန် ဖြစ်ခဲ့ပေမယ့် ဒီဖြစ်ရပ်ကို ကြည့်ပြီး တပ်မတော်ခေါင်းဆောင်တွေ သင်ခန်းစာ ယူခဲ့ပုံကတော့ မှားယွင်း တယ်လို့ ယူဆပါတယ်။ တိုင်းပြည်တပြည်ရဲ့ စစ်တပ်ဆိုတာဟာ မိုးကျရွှေကိုယ်မဟုတ်ပါဘူး၊ ဒီတိုင်းပြည်ထဲက ပြည်သူ ပြည်သားတွေနဲ့ပဲ တည်ဆောက်ထားတာပါ။ ကြီးမားနက်ရှိုင်းတဲ့ နိုင်ငံရေး ပြဿနာတွေကြောင့် ပြည်သူလူထု အကြား ညှိမရအောင် ကွဲကြတဲ့ အခါ လူထဲကလူ၊ ပြည်သူထဲကပြည်သူသာ ဖြစ်တဲ့ စစ်တပ်ပါ လိုက်ကွဲရတာဟာ မဆန်းပါဘူး၊ စစ်ခေါင်းဆောင်တွေရဲ့ အပြစ်လဲ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ထပ် ဒီလို မကွဲရအောင် ဆိုပြီး စစ်တပ်နဲ့ မသင့်တော်တဲ့ စည်းကမ်းဥပဒေမျိုးကို ထုတ်ပြန်ကျင့်သုံးတာကတော့ စစ်ခေါင်းဆောင်တွေရဲ့ အမှား လုံးလုံး ဖြစ်ပါတယ်။
ပုံစံယှဉ်ပြရရင် ဒီမိုကရေစီ ဘိုးအေကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံကိုပဲ ကြည့်ပါ။ (၁၉) ရာစုတုံးက ကျေးပိုင် ကျွန်ပိုင်စံနစ် ဆက်ထားသင့်မသင့်ကိစ္စနဲ့ ပတ်သက်လို့ ညှိမရအောင် သဘောထားကွဲကြတဲ့အခါ တောင်ပိုင်း ပြည်နယ်တွေက အမေရိကန်ပြည်ထောင်စုက ခွဲထွက်ဖို့ ဆုံးဖြတ်ကြတဲ့အတွက် စစ်တပ်ပါ () ခြမ်းကွဲပြီး ပြည်တွင်း စစ် အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ စစ်ကာလ () နှစ်အတွင်းမှာ နှစ်ဖက်စစ်သား ခန့်မှန်းခြေ () သိန်းခွဲ လောက် ကျဆုံး ခဲ့ပါတယ် (တိုက်ပွဲမှာ ပွဲချင်းပြီး ကျဆုံးတာကိုက () သိန်းကျော် ရှိတယ်၊ ကျန်တာက ဒဏ်ရာရလို့ တိုက်ပွဲ ပြီးမှ ကျဆုံးတာ၊ ဒဏ်ရာကနေ အဖျားအနာ ရောဂါဝင်ပြီး သေကြတာတွေ ဖြစ်ပါတယ်။ ဒါ အရပ်သားတွေ သေတာ မပါသေးဘူးနော်။ 
အဲဒီစစ်ပွဲမျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာပြည်က ပြည်တွင်းစစ် ဆိုတာ ကြက်တိုက်ပွဲ သာသာပဲ ရှိတယ်)။ အဲဒီလောက် ကြီးကျယ်တဲ့ စစ်ပွဲအပြီး  နိုင်ငံကို ပြန်ထူထောင်ကြတဲ့အခါကျတော့ အဓိက ပြုပြင် ပြောင်းလဲ မှုတွေ လုပ်ကြတာ နိုင်ငံရေးအပိုင်းမှာ ဖြစ်ပါတယ်၊ လူသိအများဆုံးကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်ချက် () ခုထည့်ခဲ့တာပါ။ စစ်တပ်ကွဲတဲ့ ကိစ္စမျိုး ထပ်မဖြစ်ရအောင် အရာရှိတွေကို ခဏခဏ တပ်ပြောင်း ခိုင်းတဲ့ စည်းကမ်းမျိုးတော့ မြန်မာပြည်မှာလို ဖြစ်မလာပါဘူး။ ဒါပေမယ့်  နိုင်ငံ ညီညွတ်မှုကို နိုင်ငံရေးနည်းနဲ့ ထိန်းသိမ်း နိုင်တဲ့အတွက် ကမ္ဘာစစ် ()ခု တိုက်ပြီးတာတောင် အမေရိကန်စစ်တပ်ဟာ ညီညွတ်ဆဲပါပဲ။
ဒီနေရာမှာ "ဒီလို စည်းကမ်းမျိုး အခြားတပ်မတော်တွေမှာ မရှိပေမယ့် ဒီလို ထိန်းချုပ်ထားတဲ့အတွက် (၁၉၈၈) အရေးအခင်း၊ (၂၀၀၇) သံဃာ့အရေးအခင်းမျိုး ကြုံခဲ့တာတောင် စစ်တပ်ဟာ ညီညွတ်မှု မပျက်ခဲ့ဘူး၊ ဒါကိုက ဒီစည်းကမ်းရဲ့ အကျိုးပဲ" လို့ တပ်မတော် ခေါင်းဆောင်များက ချေပချင်ပါလိမ့်မယ်။ မှန်ပါတယ်၊ ဒါပေမယ့် စဉ်းစားကြည့်ပါဦး။ ကိုယ့်တပ်ထဲ ညီညွတ်နေရုံနဲ့ မပြီးပါဘူး။ တိုင်းပြည်သာ အေးချမ်းညီညွတ်နေမယ်၊ နိုင်ငံရေး ပြဿနာ ကြီးကြီးမားမား မရှိဘူး ဆိုရင် အခု တိုင်းရင်းသားလက်နက်ကိုင်တွေဟာ လက်နက်မကိုင်ပဲ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်သူတွေ၊ ဒါမှမဟုတ် ၀ါသနာပါရင် ပြည်ထောင်စုတပ်မတော်ထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ စစ်သားကောင်းတွေ ဖြစ်နေမှာပဲ။ အဲဒီလိုလူတွေက လက်နက်ကိုင်ပြီး တော်လှန်နေတယ်ဆိုတာ ကိုက တကယ်ရှိသင့်တဲ့၊ တကယ် ရှိရမယ့် ပြည်ထောင်စု တပ်မတော်ကြီး အစိတ်စိတ်အမွှာမွှာ ကွဲနေတဲ့ သဘော ပါပဲ။)
အဲဒါဆိုရင် ဘယ်လိုလုပ်သင့်သလဲ။ တိုင်းရင်းသားအခွင့်အရေးတွေ အပြည့်အ၀ ရမှသာ တိုင်းရင်းသား အဖွဲ့တွေက လက်နက် စွန့်မှာ ဖြစ်တဲ့အတွက် အဲဒီ အခွင့်အရေးတွေ အပြည့်အ၀ ပေးနိုင်အောင် (၂၀၀၈) ဥပဒေကို ပြင်မှ ဖြစ်မယ်လို့ ယူဆသူ များပါတယ်။ ဒါပေမယ့် အခုထိ ဘယ်သူမှ မပြင်နိုင်ကြ သေးဘူး။ အဲဒီတော့ ထိုင်စောင့်နေရမယ့်အတူတူ လက်ရှိ ဒီ ဥပဒေဘောင်ထဲမှာပဲ လုပ်လို့ရတာကို လုပ်ကြရမှာပါ။ လုပ်လို့ ရတာတွေ ရှိပါတယ်။
လက်ရှိအချိန်မှာ လုပ်လို့ ရတဲ့ လုပ်ငန်းစဉ်များ
ပထမဆုံးလုပ်သင့်တာက တိုင်းရင်းသားတပ်ဖွဲ့တွေကို လက်ရှိအနေအထားအတိုင်း နယ်ခြားစောင့် တပ်များအဖြစ် ကာကွယ်ရေးဦးစီးချုပ်က အသိအမှတ် ပြုပေးဖို့ ဖြစ်တယ်။ တိုင်းရင်းသားတွေဖက်က တံဆိပ် လောက်တော့ ပြောင်းပေးရမှာပေါ့။ လက်ရှိ တိုင်းရင်းသားတပ်ဖွဲ့ တွေကို ဟောသလို ကမ်းလှမ်း သင့်ပါတယ်။
"ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ရှိမှသာ ဖထီးတို့ တပ်က တရားဝင်မှာ။ ဒါကြောင့် ဖထီး တို့ကို နယ်ခြားစောင့်တပ်အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်က အသိအမှတ်ပြုပေးမယ်။ တံဆိပ်တော့ ပြောင်းတပ်ပေးပါ။ ဒါပေမယ့် ကျွန်တော်တို့ဖက်က ဖထီးတို့တပ်ထဲ လာရောက်စွတ်ဖက်တာ မရှိစေရဘူး။ ဖထီးတို့ အရင်တုံးကလိုပဲ ကိုယ့်နေရာကိုယ်နေပြီး ပြည်သူကို စောင့်ရှောက်ပါ၊ စီးပွားရေး၊ ပညာရေး တိုးတက်အောင် လုပ်ပေးပါ။ နိုင်ငံတော်ကလဲ တတ်နိုင်သလောက် ပံ့ပိုးပေးမယ်။ တိုင်းရင်းသား အခွင့် အရေးကိစ္စ ကတော့ နိုင်ငံရေး  ပြဿနာ ဖြစ်လို့ နိုင်ငံရေးသမားတွေ ဖြေရှင်းကြပါစေ။ နိုင်ငံရေး ဖက်က ပြေလည်ရင် တပ်ကိစ္စက စီစဉ်ရတာ မခက်ပါဘူး။ နိုင်ငံရေးမပြေလည် လို့ ပြန်တိုက် ချင်တယ် ဆိုလဲ နယ်ခြားစောင့်တံဆိပ်ဖြုတ်ပြီး မူရင်း တံဆိပ် ပြန်တပ်တာ ငါးမိနစ် မကြာ ပါဘူး။"
တံဆိပ်ပြောင်းရုံနဲ့ ဘာထူးမှာလဲ မေးစရာ ရှိတယ်။ သိပ်ထူးတာပေါ့။ ကာကွယ်ရေး ဦးစီးချုပ်က နယ်ခြား စောင့်တပ်အဖြစ် အသိအမှတ် ပြုလိုက်တာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေရော (ဥပမာ KIA) သူတို့နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေပါ (ဥပမာ KIO) မတရားသင်း ပုဒ်မနဲ့ လွတ်ပြီး တရားဝင် အဖွဲ့အစည်းတွေ ဖြစ်သွားပြီ။ အဲဒီလို အခြေအနေ ရောက်တာနဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လုပ်ငန်းကို စလို့ရပြီ။ အဲဒီလုပ်ငန်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဆိုပြီး () ပိုင်းပါသင့်ပါတယ်။

တိုင်းရင်းသား တစ်ဦး
ဒီဆိုဒ်မှကူယူဖော်ပြသည်