-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Monday, June 10, 2013

ဘဏ်လုယက်မှုက ရတဲ့ သင်ခန်းစာ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သင်လေ့လာထားမှု အပေါ်မှာပဲ အာရုံစိုက်တာကို အသက်မွေးဝမ်းကျောင်းတဲ့ ပရို လို့ခေါ်တယ်
တရုပ်နိုင်ငံ ဂွမ်ဇောင်းပြည်နယ် ဘဏ်လုယက်မှု တခုမှာ လုယက်သူတွေက သေနတ်နဲ့ ချိန်ရွယ်ပြီး ဒီလိုအော်ပါတယ် ။
" မလှုပ်နဲ့ ၊ ပိုက်ဆံဆိုတာ နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်တယ် ၊ မင်းတို့ ပိုင်တာ ဆိုလို့ မင်းတို့ အသက်ပဲ ရှိတယ် "
ထိုအချိန်မှာ မလုံမခြုံ အဝတ်အစား ဝတ်ထားတဲ့ အမျိုးသမီးက စားပွဲပေါ် လှဲချလိုက်တဲ့အခါ
လုယက်သူက

" အဝတ်အစားကို လုံလုံခြုံခြုံ ဖုံးထားပါ ၊ ဒါဟာ ဘဏ်လုယက်နေတာဖြစ်တယ် ။ မုဒိန်းကျင့်ဖို့ မဟုတ်ဘူး "
ဒါကို ပရောဖက်ရှင် လို့ ခေါ်ပါတယ် ။ သင်ရဲ့ အသက်မွေးဝမ်းကျောင်းမှု အပေါ်မှာပဲ အာရုံစိုက်ပါ ။
အတွေ.အကြုံဟာ ဘွဲ.လက်မှတ်တွေထက် ပိုအရေးကြီးတယ်
ဘဏ်လုယက်သူတွေဟာ အိမ်ပြန်ရောက်တော့ MBA ဘွဲ.ရထားတဲ့ ညီိက မူလတန်းသာ စာသင်ဘူးတဲ့ အကိုဖြစ်သူကို
" အကိုကြီး ၊ ကျွန်တော်တို့ ဘယ်လောက်ရခဲ့သလဲ ပိုက်ဆံတွေ ရေတွက်ရအောင် "
အကိုဖြစ်သူ ပြန်ပြောလိုက်တာက
" မမိုက်မဲစမ်းပါနဲ့ညီရာ ၊ ငွေတွေက အများကြီးပဲ ငါတို့ ရေတွက်ရင် ၊ အရမ်းကြာလိမ့်မယ် ။ ဒီနေ့ည ရုပ်မြင်သံကြား သတင်းမှာ ငါတို့ ဘဏ်က ဘယ်လောက် လုယက်လာတယ်ဆိုတာ ကြေငြာပါလိမ့်မယ် "
ဒါကို အတွေ.အကြုံလို့ ခေါ်တယ် ။ ဒီနေ့ခေတ်မှာ ၊ အတွေ.အကြုံဟာ ဘွဲ.လက်မှတ်တွေထက် ပိုအရေးကြီးတယ် ။
မဖြစ်နိုင်တဲ့ အခွင့်အရေးကို မိမိကိုယ်ကျိုးအဖြစ် ပြောင်းလဲပါ
ဘဏ်လုယက်သူတွေ ဘဏ်က ထွက်ခွါသွားတော့ ဘဏ်မန်နေဂျာက ကြီးကြပ်ရေးမှုးကို ရဲကို အမြန်ဆုံးခေါ်ဖို့ ပြောတယ် ။
ဒါပေမဲ့ ကြီးကြပ်ရေးမူးက
" ခဏနေအုန်း ၊ ကျွန်တော်တို့အတွက် ၁၀ သန်းလောက် ခိုးထားရအောင် ။ ပြီးတော့ ကျွန်တော်တို့ ဘဏ်က အလွဲသုံးစားလုပ်ထားတဲ့ သန်း ၇၀ ပါ ပေါင်းလိုက်ကြစို့ "
ဒါကို ဒီရေနဲ့အတူ ကူးခတ်ခြင်းလို့ ခေါ်တယ် ။ မဖြစ်နိုင်တဲ့ အခွင့်အရေးကို မိမိကိုယ်ကျိုးအဖြစ် ပြောင်းလဲနိုင်ခြင်း
သင့်ရဲ့ ပျော်ရွှင်မှုဟာ သင့်ရဲ့ အလုပ်ထက် ပိုအရေးကြီးတယ်
ကြီးကြပ်ရေးမူးက ထပ်ပြောတာက
" ဘဏ်လုယက်သူတွေ လစဉ် ပုံမှန် လာလုရင် သိပ်ကောင်းမှာပဲ "
ဒါကို ပျင်းရိခြင်းကို ချိုးနှိမ်ခြင်းလို့ ခေါ်တယ် ။ သင့်ရဲ့ ပျော်ရွှင်မှုဟာ သင့်ရဲ့ အလုပ်ထက် ပိုအရေးကြီးတယ် ။
အသိဥာဏ် ဟာ ရွှေလို တန်ဘိုးရှိတယ်
နောက်တနေ့မှာ ရုပ်မြင်သံကြားသတင်းတွေက ဘဏ်လုယက်သူတွေ ဘဏ်က သန်း ၁၀၀ လုယက်သွားကြောင်း သတင်းကြေငြာကြတယ် ။
လုယက်သူတွေလည်း ငွေတွေကို စတင်ရေတွက်ကြတော့တယ် ။ ဒါပေမဲ့ သူတို့ လုယက်လာတဲ့ ငွေတွေဟာ သန်း ၂၀ ပဲ ရှိတာကိုတွေ.လိုက်ရတယ် ။
ဒီတော့ လုယက်သူတွေဟာ ဒေါသထွက်ပြီး
" ငါတို့မှာတော့ အသက်စွန့်ပြီး အလုပ်လုပ်ခဲ့ပေမဲ့ သန်း ၂၀ ပဲ ရတယ် ၊ ဘဏ်မန်နေဂျာကတော့ လက်ကလေး တချက်လှုပ်တာနဲ့ သန်း ၈၀ ရသွားတယ် ။ ပညာဆိုတာ ခိုးတာထက် ပိုတန်ဘိုး ရှိပါလား "
ဒါကို အသိဥာဏ် ဟာ ရွှေလို တန်ဘိုးရှိတယ် လို့ခေါ်တယ်။

ဘဏ်မန်နေဂျာလည်း စတော့ ရှယ်ယာ ဈေးကွက်မှာ ရူံးခဲ့တဲ့ ငွေတွေ ဘဏ် ဓားပြ တိုက်မှုကနေ ပြန်ရလိုက်လို့ ပြုံးပျော်နေတယ် ။
ဒါကို အခွင့်အရေး ဖန်တီးခြင်းလို့ခေါ်တယ် ။
ဒါဆို ဒီအဖြစ်အပျက်မှာ ဘယ်သူက တကယ့် သူခိုးလဲ
ရဲသူရိန်မင်း
09.06.2013
(အမည်မသိ ဆောင်းပါးအား ဘာသာ ပြန်ဆိုသည်)
 
FB  မှ

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...