
@အညာသား@
အညာသားဆို
နှိမ်ချလိုတဲ့ 
ကိုကိုမမ
မြို့ နေကြသူ့
အကုန်သိဖို့ 
ငါရေးလို့ ပြ
မင်းတို့ ကြည့်ကြ။
ဖုန်တွေမှောင်ဖုံး
ချွေးလုံးလုံးနဲ့ 
အားသုံးကြိုးစား
လုပ်သားအားကိဲု့ 
တို့ များအညာ
မင်းတို့ လာရင်
သာယာရှု့ ခင်း
လေပြေညှင်းနဲ့ 
ရှင်းလင်းကြည်မြ
စိတ်ထားလှကို
ပြကာပျုငှာ
ဧည့်ဝတ်ဟာလည်း
မင်းလာလည်ရင်
မင်းမြင်မှာပါ။
တို့ အညာသား
လိမ်ညာစားသူ
ရှားမှရှားကာ
ရိုးသားတာကို
ပုံကာချပင်
ပြလိုက်ချင်ပြီ။
အညာသားတွေ
ကောက်စိုက်လေမှ
ဝမ်းလေဝမယ်
ပြန်တွေးတယ်ဆို
အလယ်တခေါက်
အရောက်လာပါ။
ရိုးသားကြိုးစား
လုပ်သားအားနှင့် 
အားထားစရာ
ယာမြေသာကွယ်
ထာဝစဉ်သာ
မရှိရှာရင်
ဘယ်မှာသီးနှံ
စားသုံးရန်တွက်
ရှာကြံခက်ပြီ။
ဆင်းရဲစုတ်ပြတ်
တဲစုတ်ထက်ပင်
ကပ်ကာနေလည်း
စိတ်သဲထဲတွင်
အမြဲဖြူစင်
သန့် ရှင်းကြင်တာ
သိချင်လာပါ
တို့ အညာကို။
အညာသားဆို
နှိမ်ချလိုတဲ့ 
ကိုကိုမမ
မြို့ နေကြသူ့
အကုန်သိဖို့ 
ငါရေးလို့ ပြ
မင်းတို့ ကြည့်ကြ။
ဖုန်တွေမှောင်ဖုံး
ချွေးလုံးလုံးနဲ့ 
အားသုံးကြိုးစား
လုပ်သားအားကိဲု့ 
တို့ များအညာ
မင်းတို့ လာရင်
သာယာရှု့ ခင်း
လေပြေညှင်းနဲ့ 
ရှင်းလင်းကြည်မြ
စိတ်ထားလှကို
ပြကာပျုငှာ
ဧည့်ဝတ်ဟာလည်း
မင်းလာလည်ရင်
မင်းမြင်မှာပါ။
တို့ အညာသား
လိမ်ညာစားသူ
ရှားမှရှားကာ
ရိုးသားတာကို
ပုံကာချပင်
ပြလိုက်ချင်ပြီ။
အညာသားတွေ
ကောက်စိုက်လေမှ
ဝမ်းလေဝမယ်
ပြန်တွေးတယ်ဆို
အလယ်တခေါက်
အရောက်လာပါ။
ရိုးသားကြိုးစား
လုပ်သားအားနှင့် 
အားထားစရာ
ယာမြေသာကွယ်
ထာဝစဉ်သာ
မရှိရှာရင်
ဘယ်မှာသီးနှံ
စားသုံးရန်တွက်
ရှာကြံခက်ပြီ။
ဆင်းရဲစုတ်ပြတ်
တဲစုတ်ထက်ပင်
ကပ်ကာနေလည်း
စိတ်သဲထဲတွင်
အမြဲဖြူစင်
သန့် ရှင်းကြင်တာ
သိချင်လာပါ
တို့ အညာကို။
ချစ်မွှေး
ဤကဗျာလေးကတော့ကျနော်တို့ အညာသားတွေကိုနှိမ်ချဆက်ဆံတတ်ကြတဲ့ မြို့ ကြီးသူမြို့ ကြီးသားတချို့ အတွက်ရေးစပ်ထားပါတယ်။အညာသားအသားမဲချင်မဲမယ်စိတ်ထားကတော့ဖြူစင်ကြပါတယ်။အားပေးကြပါဦးခင်ဗျာ။
FB မှ
No comments:
Post a Comment
သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...