-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Thursday, June 27, 2013

သောကကမ္ဘာ

မင်းနဲ့ဝေးရတဲ့ငါ့ဘဝ
ကမ္ဘာပျက်တာကသက်သာပါတယ်
မင်းကိုမြတ်နိုးတဲ့
ဘယ်လိုအချစ်မျိုးနဲ့မဆို
 ငါမင်းကိုချစ်ခဲ့တယ်
ခုတော့...
မင်းထားသွားတဲ့
နှလုံးသားမှာ
ရင်နဲ့မချိအောင်ခံစားနေရတော့လဲ
ကိုဘာများတတ်နိုင်အုံမှာတဲ့လဲအချစ်ရယ်…
ကံမကုန်သေးဘူးဆိုရင်တော့ပြန်ဆုံချင်ပါသေးတယ်…
 
27:6:2013
 
 
ရဲဝင်းနိုင်…
 

မဟူရာညရဲ့

အချစ်ရယ်မင်းက
အမှောင်ထဲက အမည်းရောင်ကို
နှစ်သက် အချစ်မှတ်နေမှတော့
 ငါဘယ်လိုပြောလဲ
မောရုံပါလေ
မင်ကအလင်းကိုမချစ်တတ်တူတူ
ငါအပြစ်မယူပါဘူး
မင်းကြည့်တတ်မှ
မြင်နိုင်မဲ့ မဟူရာညထဲက
အဖြူရောင်အချစ်
ငါဖြစ်မလာတော့လဲ
စိတ်ပူရုံမှတပါး
ငါဘာများတတ်နိုင်အုံမှာလဲကွယ်…
 
၂၇း၆း၂၀၁၃
 
ရဲဝင်းနိုင်...

အမေနဲ့အတူတူပါပဲ

အဖေ
မမျှတ တဲ့လောကကြီးထဲမှာ
အဖေ့ရဲ့ ချွေးစက်တွေက
သားသမီးတွေအတွက် မျှမျှတတပါပဲလေ
မှတ်မိသလောက်
ဘာ့အတွက်မှမျက်ရည်မတတ်တဲ့ အဖေ
သားသမီးတွေအတွတ်
 ချစ်ခြင်း မေတ္တာကတော့
အမေနဲ့အတူတူပါပဲ…
ဖေဖေနှင့်မေမေကျမ်းမာပါစေ…
 
၂၇း၆း၂၀၁၃
 
 
ရဲဝင်နိုင်…
 

Wednesday, June 26, 2013

ကျေရာကျေကြောင်း

Friends18.com
 Orkut Scraps
ဖောက်ပြန်နေတဲ့ ချစ်သူ
မုန်းလို့မရ ပြုံးပြဖို့လဲ ခက်လှတယ် ။

တအုန်းအုန်းထနေတဲ့
အချစ်သစ်တွေနဲ့
ပျော်ပြီးရင်း ပျော်ပါစေတော့
တားမရလဲ
ထားရစ်ပါရစေကွယ် ။

နှလုံးသားထဲက
အပြာရောင်မျက်ရည်
နင် မကြိုဆိုခဲ့ဖူးပါ
မျက်လုံးထဲက အပြုံး
အသိအမှတ်ပြုခြင်းမခံခဲ့ရပါ ။

မင်းရဲ့ မက်လုံး လှလှလေးတွေကိုတော့
အပျက်တွေက အကောင်းထင်တာပေါ့ကွယ် ။

အမှတ်တရ တွေ အဟုတ်တရ တွေ
ခဏခဏ ခလုတ်တိုက်ခံရတာများတော့လဲ
ငါ  နည်းနည်းတော့ ယိုင်ချင်မိတာ ၀န်ခံပါတယ်
ယိုင်ရုံလေး ယိုင်ခဲ့တာပါ
ချစ်သူကိုအံတုပြီး ဘာမှ မပြိုင်ခဲ့ဖူးပါ ။

ချစ်သူနဲ့ ပတ်သက်ပြီး
တခါမှ ခေါင်းမခါခဲ့ဖူးပါ
အသားမာ တက်နေတဲ့
ငါ့  နှလုံးသား
အမြဲပြုံးဖို့ အားတင်းခဲ့တယ် ။

ပလီပလာ စကားတွေကြားထဲ
ငါ့ နာရီတွေ အစားခံလိုက်ရတယ်
မင်းဖြိုချလိုက်လို့
ပြိုကျသွားတဲ့ ငါ့ရဲ့ အိပ်မက်တွေများလှပါပြီ ။

သေမင်းတောင် ကြွေဆင်းရတဲ့
မင်းရဲ့ အပြုံး ကို
ထပ်ပြီး တမ်းတမနေတော့ဘူး
စစ်ခင်းပြီးလဲ မင်းရဲ့ အကြင်နာ
မလိုအပ်တော့ဘူး ။

အချိန် တချိန်ရဲ့ တိုက်စားမှုကိုစောင့်စားရင်း
အလွမ်းရေချောင်းထဲကို
ချစ်သူရဲ့ နောက်ကြောင်းမအေးတဲ့အဖြစ်
မျောလိုက်ပါတော့မယ်။




jasmine

မျှော်လင့်ခြင်းတွေနဲ့ပဲ

တချို့လူတွေက အရမ်းကံကောင်းကြတယ်
နာကျင်မူ တွေ ခံစားပြီးတဲ့အခါမှာ
ကိုယ်ချစ်တဲ့ သူက နားလည်တက်ရင်
သူတို့လိုချင်တဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရကြတယ်..။


တချို့လူတွေကျ အရမ်းကံဆိုးကြတယ်......။
ကိုယ်ဘက်က အချစ်တွေ အများကြီး ပေးဆပ်ခဲ့သည့်တိုင်
ကိုယ် ချစ်တဲ့ သူက နားမလည်ချင်ယောင်ဆောင်သွားခဲ့ရင်
သူတို့ အတွက် နာကျင်မူဆိုတာကို တစ်သက်လုံး ပိုင်ဆိုင်ခွင့် ရတော့တယ်။


တချို့လူတွေကျ ကိုယ်တိုင် ကံဆိုးမှန်း ကံကောင်းမှန်းမသိကြဘူး
လက်လွတ်ဆုံးရူံမူနဲ့ နာကျင်ရတော့မှာလိုလို

ကိုယ်လိုချင်တဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရတော့မှာလိုလိုနဲ့
သူတို့ရဲ့ ဘ၀မှာ မျှော်လင့်ခြင်းတွေနဲ့ပဲ ပြည့်နက်နေတက်တယ်...........။


မင်းအလင်္ကာ

Aye Chan Mon Facebook မှ သိသမျှ ။

ဘက်လိုက်တဲ့ ကမ္ဘာ

 http://t1.gstatic.com/images?q=tbn:ANd9GcSmmRbO_63mrZ14fRLtriuAq2iSVgfwlvDrxTuSFWJ6VgQNNp2jVA
အစနဲ့အဆုံးကို ငါကြည့်လိုက်တော့
ရေရေရာရာမရှိ...ဝေဝေဝါးဝါး...
ခြေတွေ လမ်းသလားလာလိုက်တာ...
သက္ကရာဇ်တွေ...အလဲလဲအပြိုပြိုကျန်ခဲ့တာ...။

မရေရာတဲ့ဘဝမှာ
မသေချာတဲ့ အချစ်ကို ယုံကြည်လိုက်သေး...
ချိုမြိန်ခြင်းတို့ ခပ်ပါးပါးလေး
သူ့နူတ်ခမ်းမှာ ဆိုးဆေးအဖြစ်အရောင်တင်..
ကြူရသမျှလူကို သူ့နူတ်ခမ်းဝက
ညွှတ်ညွှတ်လေး ပြုံးပြနေလေရဲ့...။

ချစ်ခြင်းတို့ သူ့ရင်မှာ..
တကယ်ရှိပါတယ်ဆိုသေးရဲ့...
ငါ့လက်ကိုဆုတ်ထားပြီး..
သူ့အကြည့်တို့က တခြားတစ်ယောက်ကို...
ရိတိတိ ပြိတီတီနဲ့ အကြည့်တို့က
ဆူဝေနေသေးတယ်..ဒါ အချစ်တဲ့လား..။

အကောင်းဆုံးတွေ ရွေးချယ်..
အရင်းနှီးဆုံး နှလုံးသားကိုပေးဆပ်..
မှန်မယ်ထင်သမျှ မှားမှားနေခဲ့တဲ့ တန်ဖိုးတွေ..
ခပ်ပေါပေါလူတွေကြားမှာ..
ခပ်ပေါပေါစကားတွေ ငါ့နားကို ယဉ်ပါးစေတယ်..။

ကိုယ်ထင်တာ လုပ်ကြစတမ်းဆို..
ကမ္ဘာမြေတစ်ခုကိုလုံး..
မီးလောင်တိုက်သွင်းပစ်လိုက်ချင်ရဲ့...
စာနာမူ့မရှိကြစတမ်းဆို..
နှလုံးသားတွေ ခြွေဖြတ်..နာကျင်မူ့တွေပဲပေးနိုင်တဲ့
နတ်ဆိုးတစ်ကောင် ဖြစ်လိုက်ချင်ရဲ့...။

ကိုယ်ကောင်းရင်ခေါင်းမရွေ့...ဘူးဆိုသေးရဲ့...
ကိုယ်ကောင်းပြီး ခေါင်းမကောင်းတဲ့လူတွေကြားမှာ..
စာနာမူ့တို့ ၊ကြင်နာခြင်းတို့ပြတ်သုဉ်း...
အချစ်ကို ဗန်းပြ...လူ့တစ်ဘဝစာလုံး...
ရိုက်ချိုးနေကြသံတွေ...တစ်ဝုန်းဝိုင်းတဒိုင်းဒိုင်း...
နှလုံးသားတွေ ဝုန်းဒိုင်းလဲပြို...
တစ်ယောက်ပြီးတစ်ယောက်လွင့်ပါး..
တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံး..
စာနာသူမရှိ အပြစ်တင်သူချည့်ပြည့်နေတဲ့ လောက...
ပြုသူအပြစ်မမြင် ၊စတေးသူအပြစ်တင်..
ကမ္ဘာမြေကြီးဟာ တစ်ဖက်စောင်းနင်းခဲ့ပြီ..။


Posted by နီသွေး

သေချာပါတယ် နင်က ငါ့အတွက်

♥♥♥ ငါဝမ်းနည်းတိုင်း နင့်လက်ကလေးဆုပ်ကိုင်လိုက်ရင် ရင်ထဲနွေးသွားတယ်....

♥♥♥ ငါစိတ်ညစ်တိုင်း နင့်အပြုံးလေး မြင်ရရင် စိတ်တွေပေါ့သွားတယ်....

♥♥♥ ငါရှုံးနိမ့်တိုင်း နင်ပွေ့ဖက်လိုက်ရင် အရာရာကိုရင်ဆိုင်ဖို့ အားတွေပြန်ပြည့်လာတယ်.....

-----သေချာပါတယ် နင်က ငါ့အတွက်------------- ဘုရားက ပေးလိုက်တဲ့ ဆုလာဒ်တစ်ခုပါပဲ


Credit by - ရင်ထဲကမှန်ကလေး

Monday, June 24, 2013

စေရာ

လွှမ်းခြုံမဲ့ ဝတ်လစ်စလစ်..ကိုယ်ကျင့်တရားတွေ
လမ်းမပေါ်လမ်းသလား...
ပုတ်သိုးညှီနေတဲ့..မျက်နှာတွေ
အဆီတထစ်ထစ်....
သူတို့အရစ်ကျခွဲဝေနေတာ သံသရာ...
အမှန်က...
သူတို့ကျင်လည်တဲ့စက်ဝိုင်းက
ဒေသနာကိုမေ့....ကျွန်တော့်တို့ကို
ပျော်ပျော်ကြီး သူတို့လာတွေ့ကြတယ်...။

နူတ်ဆတ်ခြင်းတွေမှာ
မသတီစရာတွေ
တွေ့တွေ့နေရတယ်...။

အိုအရှင်..
ငါသည်..ကောင်းကင်တမန်ဖြစ်ပါစေ..
.။

မိုးစက်သွန်းဖြိုး...
ဟောဒီကမ္ဘာကြီး နိုးထဖို့ ..
သူ၏ မျက်နှာပြင်ကို
ရေစင်ပေါက်လို့ သန့်ရှင်းပါစေမည်...။
အိပ်မှုန်စုတ်ဖွား နိုးထလာတဲ့
အို...ကမ္ဘာ
သင်၏မြေပေါ်၌ လွှမ်းခြုံမဲ့ ဝတ်လစ်စလစ်တွေ
ဆွဲယူသန့်စင်မြေမြှပ်ပါ...
ထို့အတူ..
သင်၏ မနတ်ခင်းအတွက်...
ကဗျာပန်းတွေ အလှထိုးပါ....။

သမိုင်းထဲမှာ ခေါင်းမဖော်ဝံ့တဲ့
သစ္စာကောင်ပါ....။

မာနကိုမျက်နှာဖုံးတပ်
ဟန်လုပ်နေတတ်တဲ့ကျူပ် ..
ကျူပ်သမိုင်းလှကြောင်း
သင်သိပါစေ အို..ကမ္ဘာမြေ..


မောင်သစ္စာ

မိန်းမတွေသိဖို့ ကျုပ်တို့ ကျားကျားတွေ အကြောင်း

မိန်းမတွေသိဖို့ ကျုပ်တို့ ကျားကျားတွေ အကြောင်း
Thursday, 4 April 2013 

၁။ ကျွန်တော်တို့ယောက်ျားတွေ မိန်းမဆို ခန္ဓာကိုယ်အလှမှ မ
ဟုတ်ပါဘူး နှစ်လိုဖွယ် အပြုံးနဲ့ သပ်ရပ်သန့်ရှင်းတဲ့ မျက်နှာမျိုး
ဆို ပိုပြီးတော့တောင်စွဲလန်းပါသေးတယ်။

၂။ကျွန်တော်တို့ယောက်ျားတွေ တကယ်တော့ မာယာကိုလည်း ချစ်တတ်ပါတယ်

၃။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတစ်ယောက်ကို တစ်မိနစ်အတွင်းမှာလည်း 
သည်းသည်းလှုပ်ချစ်သွားတတ်သ
လို မုန်းပြီမေ့ပြီဆိုလည်း နာမည်တောင် မမှတ်မိတော့

၎။ကျွန်တော်တို့ယောက်ျားတွေ "ငါ မင်းအပေါ်နားမလည်နိုင်တော့ဘူးကွာ"
 လို့ပြောရင် အဓိပ္ပါယ်က ရှင်းရှင်းလေးပါ " စိတ်ကုန်နေပါပြီ "

၅။ကျွန်တော်တို့ယောက်ျားတွေ "စားပြီးပြီလား" တို့ 
"ဘာလုပ်နေလဲ" တို့ ဖုန်းထဲချက်ထဲမှာမေးရင်တော့ သိသင့်ပါပြီ i'm 
so boring ပွစိပွစိ with u .

၆။ကျွန်တော်တို့ယောက်ျားတွေ တစ်နေကုန် တစ်ညလုံး လျှောက်
ကဲနေတတ်ပေမယ့် ညအိပ်ယာဝင်မှာ တွေးမိစဉ်းစားမိတာ တကယ်
တန်ဖိုးထားချစ်ရတဲ့ သူကလေးအကြောင်းပါပဲ

၇။ကျွန်တော်တို့ယောက်ျားတွေ တစ်ကယ်ချစ်မိပြီဆိုရင် ရိုင်းတယ်မထင်ပါနဲ့ ....
 မိန်းမရွှင်ဆိုလည်း ဝိုင်းစုခိုင်သိန်း(အပြစ်မမြင်)ပါပဲ

၈။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတစ်ယောက်ရဲ့ attention ရဖို့ 
ဘယ်လောက်များ ထူသလဲဆို မျောက်လိုက ဆိုလည်း ကမိမှာပါ

၉။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့အကြည့်တစ်ချက်မှာ အသက်မထွက်ပေမယ့် 
ဘဝတော့ပျက်နိုင်ပါတယ်

၁၀။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ရည်းစားဟောင်းအကြောင်းတော့ 
လာမပြောနဲ့ လဒမီးမြိုက်ထားသလို ရုပ်နဲ့ ဖြစ်ညစ်ပြုံးပြ နားထောင်ပေးမှာပါ
၁၁။ကျွန်တော်တို့ယောက်ျားတွေ ပြောစရာစကားတွေ အများကြီးရှိတာဗျ 
ခင်ဗျားတို့ရှေ့ရောက်ရင် ပါစပ်ကမထွက်လို့ ရဲဆေးတင်သောက်တာ အရက်
သမားမထင်နဲ့

၁၂။ကျွန်တော်တို့ယောက်ျားတွေ လည်းငိုတတ်ပါတယ်

၁၃။ကျွန်တော်တို့ယောက်ျားတွေ သတ်သတ်လွတ်တစ်ယောက်မှ မစားပါဘူး .... အဲဒီတော့
 မမြှုဆွယ်တာအကောင်းဆုံးပါ

၁၄။ကျွန်တော်တို့ယောက်ျားတွေ အိမ်မက်မမက်ဘူးဗျ ... မျှော်လင့်တယ်
ဆိုတာ အချော်တကောက်တွေ လုပ်တာ.... ကျုပ်တို့က လိုချင်ရင်ရအောင်
ယူတယ်

၁၅။ကျွန်တော်တို့ယောက်ျားတွေ ပလစ်တာခံလိုက်ရရင် သိပ်မုန်းတာဗျ
.... ပြန်လက်စားချေမှာ အရှုံးကိုလက်မခံနိုင်ဘူးပေါ့ဗျာ .....အဲ မိန်းမ
ကိစ္စတစ်ခုထဲမှာပါ

၁၆။ကျွန်တော်တို့ယောက်ျားတွေ အသည်းနှလုံးကို ထိအောင်ခင်ဗျားတို့
လာကစားမိပြီ ဆိုရင်တော့ ပြန်လမ်းမရှိဘူး သတိထားပါ

၁၇။ကျွန်တော်တို့ယောက်ျားတွေ အသည်းနုတယ်.... မိန်းကလေး
တစ်ယောက်က အရင်စ နမ်းတာ ခံရရင်တော့ Go Crazy ပဲ

၁၈။ကျွန်တော်တို့ယောက်ျားတွေ နားသိပ်မကောင်းဘူးဗျ ....ခင်းဗျားတို့ No 
ပြောတာကို ကျုပ်တို့က Try Again Tomorrow ကြားတယ်

၁၉။ကျွန်တော်တို့ယောက်ျားတွေ ဖောရှောကောင်းတယ်.... ဒါပေမယ့် 
ခင်ဗျားတို့အကြည့်အောက်မှာ မဟုတ်ဘူး ခွေးအကြီး လှည်းနင်း စကားပုံ 
ကြားဖူးမဟုတ်လား

၂၀။ကျွန်တော်တို့ယောက်ျားတွေ ကမိန်းမကိစ္စဆို ကလယ်အူကြောင်ဗျ... 
စကားကိုမစခင်ကတည်းက ရှင်းအောင်ပြောပါဗျာ

၂၁။ကျွန်တော်တို့ယောက်ျားတွေ မိန်းမလျာဆို ဝေရမဏိ
ဝေးစွာရှောင်ကြဉ်ပါ၏၂၂။ကျွန်တော်တို့ယောက်ျားတွေ အမေကိုတော့ 
ရှူသွင်းရတဲ့လေထက် တန်ဖိုးထားပါတယ်...... ယောက္ခမ ချွေးမ ပြသနာ အဖြေပဲ 
နားလည်ပါတော့

၂၃။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ကိုပေးဖို့နှင်းဆီတစ်ပွင့် 
ထမင်းတစ်နပ်စာ အသပြာနဲ့ လဲဖို့ သတ္တိရှိပါတယ် (မှတ်ချက် ကျွန်တော်မပါ)

၂၄။ကျွန်တော်တို့ယောက်ျားတွေ အနီးအနားမှာ ရှိသမျှမြင်သမျှ 
မိန်းမတွေအကြောင်း အရည်မရ အဖတ်မရ လျှောက်ပြောတတ်တယ်..... အတင်းလို့ 
သမုတ်လည်းရပါတယ်

၂၅။ကျွန်တော်တို့ယောက်ျားတွေ အကြောင်းနားလည်ဖို့ဆိုတာက တိုင်းရေးပြည်ရေးထက်
 မင်းရေးကျယ်တယ် ဆိုသလိုပါပဲ

၂၆။ကျွန်တော်တို့ယောက်ျားတွေ "တစ်သက်မှာတစ်ခါတည်း 
မင်းကိုချစ်မိတာပါ" ပြောရင်တော့ ချင့်ယုံပေါ့ဗျာ၂၇။ကျွန်တော်
တို့ယောက်ျားတွေ သောက်တင်းတုတ်ရင်လည်း မိန်းမတွေထက် 
ပိုဆိုးဗျာ သတိတော့ထားပေါ့

၂၈။ကျွန်တော်တို့ယောက်ျားတွေ အကြီးဆုံး အားနည်းချက်ကတော့ မိန်းမမြင် 
မနေနိုင်တာပါပဲ

၂၉။ကျွန်တော်တို့ယောက်ျားတွေ ပွင့်လင်းတယ် ခင်ဗျားတို့လိုမဟုတ်ဘူး

၃၀။ကျွန်တော်တို့ယောက်ျားတွေ စောင့်ကြည့်စမ်းသပ်နိုင်ပါတယ် 
မယုံနိုင်သေးဘူးဆိုရင်ပေါ့ အဲ သုံးနှစ်သုံးမိုး ဆိုတာတော့ ကြာလွန်းပါတယ်

၃၁။ကျွန်တော်တို့ယောက်ျားတွေ လည်းအသန့်ကြိုက်ပါတယ် အဝတ်အစားတွေမှာ 
အစက်အပြောက်ရှိရင်တောင် မကြိုက်ဘူး ...... 
ယူထားတဲ့မိန်းမကိုလျှော်ခိုင်းမှာ

၃၂။ကျွန်တော်တို့ယောက်ျားတွေ ချစ်မိတဲ့ မိန်းကလေးဆို လေးလေးစားစား 
ဆက်ဆံတတ်ပါတယ် မလေးမစား ပေါက်တတ်ကရ ဆိုရင်တော့ ....

၃၃။ကျွန်တော်တို့ယောက်ျားတွေ ကို သူငယ်ချင်းကောင်းတစ်ယောက် 
ချစ်သူကောင်းတစ်ယောက် မနှိုင်းယှဉ်နဲ့ဗျာ မတူဘူး

၃၄။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ကို ပြသ
နာပေါင်းသောင်းခြောက်ထောင် လာပြောပြီဆို နားပဲထောင် အကြံပေးစရာမလိုဘူး

၃၅။ကျွန်တော်တို့ယောက်ျားတွေ မထိတထိလေး စနေနောက်နေပြီဆို သတိထား 
နောက်တစ်ဆင့် အီစီကလီ ထုတော့မယ်

၃၆။ကျွန်တော်တို့ယောက်ျားတွေ ကိုချုပ်ချယ်လာပြီဆိုရင်တော့ 
ခင်ဗျားတို့အဝေးလွင့်သွားဖို့ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးတာပဲ

၃၇။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးဆို ကာကွယ်ပေးချင်ကြတာ 
ဘူးမလို့မဟုတ်ဘူး ခင်ဗျားတို့အားနည်းလို့

၃၈။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတွေကိစ္စဆို နှုတ်မလုံဘူးဗျ 
ခင်ဗျားတို့ လှို့ဝှက်အပ်သော တွေဆို မပြောနဲ့ မပြနဲ့

၃၉။ကျွန်တော်တို့ယောက်ျားတွေ အများအားဖြင့် အကြံကြီးတယ် အကြီးကြီးတွေ 
ကြံတယ်

၄၀။ကျွန်တော်တို့ယောက်ျားတွေ လည်းခင်ဗျားတို့လိုပဲ ကြွားတတ်ပါတယ်

၄၁။ကျွန်တော်တို့ယောက်ျားတွေ ရဲ့ရင်ခုန်သံက အတောမသတ်နိုင်ဘူးဗျ Unlimited 
ပဲ
၄၂။ကျွန်တော်တို့ယောက်ျားတွေ အတွက်ခင်ဗျားတို့ Height က အရေးမကြီးဘူးဗျ 
ဒေါက်ဖိနပ်စီးမနေနဲ့ အကျိုးမရှိဘူး Weight သာလျော့


မူရင်းးးးCredit: Thantsin Tun

Psycho
Myanmar faCeb()()k Society
၁။ ကျွန်တော်တို့ယောက်ျားတွေ မိန်းမဆို ခန္ဓာကိုယ်အလှမှ မ
ဟုတ်ပါဘူး နှစ်လိုဖွယ် အပြုံးနဲ့ သပ်ရပ်သန့်ရှင်းတဲ့ မျက်နှာမျိုး
ဆို ပိုပြီးတော့တောင်စွဲလန်းပါသေးတယ်။

Sunday, June 23, 2013

ဘ၀ဇာတ်လမ်းလေး တစ်ပုဒ်

ကျွန်တော် ရုံးဆင်းလို့ ရုံးမှ အိမ်ကို ပြန်လာတိုင်း တွေ့မြင်နေကျ မြင်ကွင်းတစ်ခုရှိသည်။ အဲ့ဒါကတော့ ကျွန်တော်တို့ လမ်းထိပ်တွင် ရပ်ကွက်ထဲက ကလေးတစ်သိုက် ပျော်ရွှင်စွာ ဆော့ကစားနေခြင်းဖြစ်သည်။ ရုံးမှာ ပင်ပန်းလာသမျှကို  ကလေးပေါင်းစုံ ပျော်ရွှင်စွာ ဆော့ကစားနေတာကို ကြည့်ရင်း ကျွန်တော် အပန်းဖြေလေ့ ရှိသည်။ အပူအပင်ကင်းမဲ့ပြီး ဘာဟန်ပန်မှ မရှိသော သူတို့လေးတွေကို ကြည့်ရတာ ကျွန်တော့်အဖို့ အလွန်ကြည်နူးဖွယ် ကောင်းလှသည်ဟု ထင်မိသည်။ ဒီမြင်ကွင်းလေးသည် ကျွန်တော့်အဖို့ နေတိုင်း မရိုးနိုင်သော မြင်ကွင်းလေးတစ်ခုဖြစ်နေတော့သည်။

Friday, June 21, 2013

သရဲနဲ့ လောင်းကြေးထပ်တဲ့ည

"သရဲဆိုတာ တစ်ကယ်မရှိပါဘူးကွာ…."

"မင်းက မကြုံဖူးသေးတော့ ဘယ်ယုံပါ့မလဲ..၊ လက်တွေ့ဆိုရင် မင်းယုံသွားလိမ့်မယ်.."

"အေး.. ငါကလည်း မင်းတို့ပြောတဲ့ အဲ့ဒီ လက်တွေ့ သရဲကို စောင့်နေတာပဲ..၊ တွေ့မှ မတွေ့တာ.."

ကျွန်တော်တို့ သူငယ်ချင်းတွေ သရဲအကြောင်းနဲ့ ပတ်သက်ပြီး အငြင်းအခုန် လုပ်နေကြခြင်းဖြစ်သည်။ ကျွန်တော်တို့ အဖွဲ့ထဲတွင် သတ္တိအရှိဆုံးလို့ပြောလို့ရသလို သရဲနဲ့ တစ်ခါမှ မတွေ့ကြုံဖူးသေးသည့် သက်အောင်နဲ့ ငြင်းခုန်နေခြင်းဖြစ်သည်။

Thursday, June 20, 2013

အိမ်မက်ချို

ဒီတနေ့လုံး..
ငါအလွမ်းတွေအုံကျင်းလို့..
လေပြေမတိုးပဲ..
ယိမ်းယိမ်းထိုးသွားတဲ့


နှလုံးသားပန်းတပွင့်..
ကြွေလင့်လုပြီ...
ငါ့ကြွေရုပ်လေးရေ...
အိမ်မတ်ထဲပဲဖြစ်ဖြစ်..
ခဏသာငေးမောခွင့်ပြုပါ..
မည်သူမှမရှိတဲ့ချိန်လေးပေါ့...
မင်းအနားနားလေး
ငါနူတ်ခမ်းကတိုးတိုးလေးနဲ့ခြွေချ
နှလုံးသားက အကျယ်လောင်ဆုံးပွင့်ထုတ်..
ကို”လေ မင်းကို သိပ်ချစ်တယ်..လို့။
အဲ့ဒီချိန်မှာ
ပန်းနုေ၇ာင်ဖြာဆင်းသွားတဲ့ မျတ်နှာလေး
မင်းဆံနွယ်လေးနဲ့ မဖုံးလိုက်နဲ့ဦး...
ဒီချိန်မှာ..
ဘယ်နတ်သမီးပေါင်းထောင်းသောင်းမှ
ယဉ်လို့မရတဲ့..
ငါ့ကြွေရုပ်မျတ်နှာလေး
တဒင်္ဂလေးတောင်
 မလွှဲချင်လို့..။

မောင်သစ္စာ

အနာဂတ်ဆီသို့ယောနသံ

ငါသိတယ်...။

ယောနသံ..
မင်းဟာ ကောင်းကင်ကြီးကို ချစ်တယ်..။


ယောနသံ...
မင်းဟာ တေလေတကောင်ပဲ..။

ယောနသံ..
မင်းဟာ အသိုင်းအဝိုင်းမဲ့တဲ့တကောင်ပဲ..။

ယောနသံ..
မင်းဟာ ဘာဂုဏ်ထူးဘွဲ့ထူးမှ မရှိတဲ့တကောင်ပဲ..။

ယောနသံ
မင်းဟာ လွတ်လပ်မူ့ကိုခုံမင်တဲ့ သတ္တဝါ...။

ယောနသံ..
မင်းဟာ အေးချမ်းခြင်းရှိရာပဲ ရှာဖွေတယ်..။

ယောနသံ..
မင်းဟာ ဖြည့်ဆည်းခြင်းအတွက်မွှေးဖွားလာခြင်းပဲ...။

ယောနသံ..
မင်းဟာ အမှန်တရားကိုမကိုးကွယ်ခဲ့တဲ့ မိစ္ဆာတကောင်ပဲံ..။

ယောနသံ..
မင်းဟာ ယုံကြည်မူ့တွေနဲ့ကျွမ်းလောင်နေတဲ့ တကောင်ပဲ..။

ယောနသံ...

မင်းပျံသန်းရာလမ်းကြောင်းကို မင်းရှာဖွေရမယ်..

မင်းချစ်တဲ့ကောင်းကင်ကြီးရှိရာဆီပေါ့..

တိမ်ထူချင်ထူမယ်..

လေကြမ်းချင်ကြမ်းမယ်..

မိုးအုံ့ရင်အုံ့မယ်..

မင်းမွှေးနုနုတွေ ပျတ်စီးချင်ပျတ်စီးမယ်..

မင်းကို သိမ်မွှေ့စွာကြိုဆိုမှ ကြိုဆိုမယ်..

မင်းဟာမုန်တိုင်းတွေထဲ တိုးဝင်ချင်ဝင်ရမယ်..

ယောနသံ..

မင်း အတိတ်တွေ ခဝါချခဲ့...

မင်းအပြစ်တွေ ဒီမြေပြင်ပေါ်သွန်းခဲ့..

မင်းအမှားတွေကို ဒီမြေပေါ်မှာ ဆေးကြောခဲ့..

ယောနသံ..

မင်းပျံသန်းလိုက်စမ်းကွာ..

မင်းချစ်တဲ့ ကောင်းကင်ပြာလေးဆီ..

ငါဟာ မင်းအတွက်..

အရာရာပြင်ဆင်နေပါတယ်လို့...

ငါဟာ မင်းအတွက် အရာရာပြုပြင်နေပါတယ်လို့...

ငါဟာမင်းအတွက် ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာမယ်လို့...

ဟေးး...ယောနသံ

မင်း..ဟစ်ကြွေးလိုက်..

ပြီးတော့..

မင်းအရှိန် ပြင်းပြင်းနဲ့

မင်းကောင်းကင်ပြာလေးဆီ

ခိုနားလိုက်....။

ယောနသံ..

ငါမင်းကို ဆုမွန်ကောင်းတွေအထပ်ထပ်ပို့နေပါတယ်...

မင်းချစ်သော ကောင်းကင်ပြာဆီမှာ

ဘယ်တော့မှ ပြန်မလည့်လာတဲ့အိပ်စက်ခြင်းမျိုးနဲ့..

မင်း..ခိုနားနိုင်ပါစေ။

မှတ်ချတ်။ ။ ဦးဘသန်း (ဓမ္မိက)ရဲ့ယောနသံ ဇင်ယော်စာအုပ်မှ ယောနသံဆိုတဲ့ဇင်ယောလေးအမည် ယူထားပါသည်။

Saturday, June 15, 2013

အချစ်ရှုံးတဲ့ ကျွန်တော်

ထပ်တလဲလဲ ဘယ်လောက်ပြောပြော
မောတယ်မရှိ
ဓါးသွားထက်က ပျားရည်ပါတဲ့
ဓါးလဲ မကြောက် အမှားလဲ မကြောက်
အလွမ်းနဲ့ ဇာတ်သိမ်းမတဲ့
လာစမ်း အဲဒီ အလွမ်း
အားလုံးကိုပန်းလိုသီပါ့မယ်

နှစ်သက်ခဲ့ဖူးတယ်
နှစ်သက်နေအုန်းမယ်
ချစ်သူကိုလေ

တချို့က ငွေကြေးချို့တဲ့ကြတယ်
တချို့က ပျော်ရွှင်မှုတွေ ချို့တဲ့ကြတယ်
ကျွန်တော်ကတော့ သူမအကြင်နာတရား
ချို့တဲ့ခြင်းကိုခံလိုက်ရတယ်

အချိန်တွေ ဟောင်းသလို
ရာသီတွေ ပြောင်းသလို
သူမ တွင်တွင်ကြီးကို
ပြောင်းလဲသွားခဲ့တယ်

သွေးရူး တန်းရူးကျန်ခဲ့တဲ့ ကျွန်တော်
ရာသက်ပန်ဖြစ်မလားပဲ
အမှတ်တရအနေနဲ့
ဒဏ်ရာကို ဒဏ်ရာအတိုင်း
ထားလိုက်ပါတော့မယ် ။


(သူငယ်ချင်းတယောက်ရဲ့ လက်ရှိခံစားချက်စစ်စစ်)
jasmine

Thursday, June 13, 2013

ပြန်လာပါသားကြီးရေ '

*••.¸¸☾☆★¸¸.•*¨*••.¸¸☾☆¸.•*¨*★☆☾
☆ သားဆိုတာမိသားစုအတွက်အားကိုးစရာဖြစ်စေရမယ်လို့
မလေးဆိုတဲ့နိုင်ငံထွက် အလုပ်လုပ်နေတဲ့သားကြီးရေ..
☆ ကြားရတဲ့သတင်းတွေကြောင့်
ရတက်မအေးလိုက်တာ..
☆ ဖုန်းလေးထဲကတဆင့် သားက စိတ်မပူနဲ့အမေတဲ့
ဘယ်လိုပဲတွေးတွေး
မျက်စိရှေ့မရောက်လာသေးသ၍
အမေစိတ်မအေးရပါဘူးသားရယ်…
ဆားနဲ့ပဲစားရပါစေ…ပြန်လာခဲ့ပါ….
☆ အမေငွေမမက်ပါဘူး..
အမေ့အတွက်တော့ သားက ဘာနဲ့မှမလဲနိုင်တဲ့ရတနာပါ..
မင်းအဖေချန်ခဲ့တဲ့ ယာကွက်မှာအေးအေးလူလူခြံစိုက်စားမယ်လေ…
☆ ပေါင်မုန့် ပီဇာ တွေလောက်မခန်းနားပေမယ့်
ကိုယ့်နိုင်ငံမှာ ထမင်းကြမ်းခဲယပ်ခပ်စားရတာ အေးချမ်းပါတယ်..
အမေ့ရင်ခွင်ကို အမြန်ပြန်လာပါသား…..
☆ သားနဲ့အတူ မလေးမှာရှိနေတဲ့ မြန်မာနိုင်ငံသားအားလုံး
ဘေးရန်ကင်းစွာ ပြန်လာနိုင်ကြပါစေ..
*••.¸¸☾☆★¸¸.•*¨*••.¸¸☾☆¸.•*¨*★☆☾
Linn Lat Kyal '

Wednesday, June 12, 2013

ပြောပြချင်တယ်...

ဆက်ရန်မရှိတဲ့ ဇာတ်..
ငါ အထပ်ထပ်မမက်ချင်တော့ဖူး...
နွမ်းနေပြီဖြစ်တဲ့ ပန်း..
ခဏခဏ မနမ်းချင်တော့ဘူး..
ကာရံမဲ့ တဲ့ ကဗျာတစ်ပုဒ်
ငါ မကြာခဏထုတ်ထုတ်မကြည့်ချင်တော့ဘူး..
သံဇဉ်မဲ့ တေးသွားတစ်ပုဒ်..
ထုတ်ထုတ်ပြီး မညည်းချင်တော့ဘူး...
ကြိုးလျော့နေတဲ့  ဂစ်တာတစ်လက်..
အဆက်မပြတ် မတီးချင်တော့ဘူး..
ခါးသက်သက်ကော်ဖီတစ်ခွက်..
တရှိုက်မက်မက် မသောက်ချင်တော့ဘူး..
ဝိုးတိုးဝါးတား အိပ်မက်ထဲ..
တ၀ဲလည်လည် မရစ်မူးချင်တော့ဘူး..
စာနာမှုကင်း...
ညှာတာမှု အရှင်းနဲ့ ..
ရက်ရက်စက်စက်ထားပစ်သူ..
ငါ.. မိုးတိုးမတ်တပ် မျှော်ခဲ့ဖူးပေမယ့်..
တစ်ချက်တစ်လေ တောင် စောင်းငဲ့ မကြည့်သူအတွက်..
ငါ့အချစ်တွေ...
ပိုးစိုးပက်စက် အေးခဲသွားပြီဖြစ်ကြောင်း..
ဟက်ဟက်ပက်ပက် ရယ်မောရင်း...
နင့်ကိုပြောပြချင်တယ်....။
 
ချင်းမလေး

Tuesday, June 11, 2013

ချစ်သူ အချင်းချင်း..

ချစ်သူ အချင်းချင်း..
စိတ်ဆိုး စိတ်ကောက်တဲ့အခါ...
ကိုယ် လွဲမှားမူမရှိခဲ့သည့်တိုင်အောင်...
ပထမဆုံး စခေါ်မိတဲ့သူက ကိုယ့်အတ္တထက် ..
ချစ်သူ ကို ပျောက်ဆုံးဖို့ မခံနိုင်တဲ့သူ....။

ချစ်သူ အချင်းချင်း..
စကားများရန်ဖြစ်ကြတဲ့အခါ...
ကိုယ် မမှားခဲ့သည့်တိုင်အောင်...
ပထမဆုံး အလျော့ပေးမိတဲ့သူက ကိုယ့်မာနထက်...
ချစ်သူ ကို အဆုံးရူံးမခံနိုင်တဲ့သူ.....။

ချစ်သူ အချင်းချင်း...
အထင်လွဲမှားမူကြုံကြိုက်လာတဲ့အခါ...
ကိုယ် အပြစ်မလုပ်ခဲ့သည့်တိုင်အောင်...
ပထမဆုံး တောင်းပန်မိတဲ့သူက ကိုယ့် ဘ၀ထက်.
ချစ်သူကို ပို တန်ဖိုးထားတဲ့သူ...။

ချစ်သူ အချင်းအချင်း...
တင်းမာတဲ့အခြေနေရှိလာတဲ့အခါ...
အရူံးပေးလိုက်တဲ့သူက ... တကယ်တော့ အနိုင်ရသွားတဲ့လူ ..
ကိုယ်အရူံးပေးလိုက်တဲ့သူထက်... ပိုပြီးတော့ ချစ်နိုင်တဲ့လူ.....။
 
မင်းအလင်္ကာ

" လွမ်းတယ် ဗီးနပ်စ် "

နှုတ်မဆက်ပဲ ထွက်ခွါသွားတဲ့ အရိပ်အောက်မှာ
ငါ့ မျက်လုံးတွေ ပြာကျကုန်ပြီလား
ငါ့ကိုယ်ငါတောင် မယုံကြည်လောက်အောင်
လရောင်ကင်းနေတယ်
" လွမ်းပါတယ်ဟ " ငါ့စာအချိုးမလှရင်တောင်
ဘ၀နဲ့ ရင်းပြီး ပြောခဲ့တဲ့ စကား
ဘယ်တုန်းကမှ မညာတက်တဲ့ရင်က
မော်ကြည့်ခွင့် ရတိုင်း ပြုံးပျော်နေတက်တယ်
" အပြစ်ပယ်ခံဘ၀မှာ
လက်ပိုက်လို့  ပြောကတဲက
အလိုလို ခေါင်းငုံ့ ရက်သား ဖြစ်သွားတက်တဲ့သူ "
အိမ်ပြန်လမ်းတိုင်း ခါးသက်လို့ နေလေရဲ့ 
တစ်ရွက်ရော့နေတဲ့ ငါ့ကဗျာစာအုပ်ထဲမှာ
နင့်ကို ပြောဖို့  ကျန်နေခဲ့တဲ့ စကား .....
မနက်ဖြန်တိုင်းမှာ ဆုံတွေ့ ချင်တယ်
မနက်ဖြန် တိုင်းမှာ
မင်း အသံလေးကို ကြားချင်မိတယ်
မနက်ဖြန်တိုင်းမှာ
ကြည်နူးခွင့်တွေ ရချင်မိတယ်
" အချစ်မှာ မျက်စိ မရှိပါဘူး " လို့  ကြားမိတိုင်း
အလွမ်းကို လှေလုပ်စီးနေရတာ
လှိုင်းကြီးတိုင်း ရင်မောတယ်
ပြန်ပြောခွင့် ရမယ်ဆိုရင် ပြောလိုက်ချင်တယ်
တကယ် ချစ်ခဲ့ ရပါတယ် ဗီးနပ်စ် ရယ် .......
 
 
" NaingNaing Dnc "

အရာအားလုံးထက်

လှည့်ကြည့်မနေပါနဲ့ တော့
ငဲ့ ကြည့်မနေပါနဲ့ တော့
ငါ့မျက်ဝန်းလဲ အရောင်ဖျော့နေတယ်
တိမ်မည်းတွေ ထူထပ်နေတဲ့ ညက " လ " မသာခဲ့ဘူး
ရင်ထဲမှာ မချိမ်းပဲ မိုးတွေ ရွာနေခဲ့တယ်
ဆုံခွင့်မပါတာကို ဒဏ်ရာလို့  လက်ညှိုးမထိုးချင်
ငါ့ အနာဂါတ်ကိုလဲ ငါ မမြင်ချင်တော့
ဟိုတုန်းက ငေးကြည့်ရတဲ့
အတိတ်ကိုပဲ ငါလွမ်းခဲ့ရတယ်
ငါတစ်ယောက်ထဲပါပဲ
ဒါပေမယ့်
နေ့ ရက်တိုင်းကို ငါချစ်တယ်
ညနေ တိုင်းကို ငါချစ်တယ်
နင်နဲ့ အတူရှိတဲ့အချိန်တိုင်းကို
အရာအားလုံးထက် ပိုချစ်တယ်... ။
 
 
"NaingNaingDnc "

အိပ်မက်လေး သို့...

မျက်လုံးချင်းနမ်းတတ်တဲ့
ဒို့နှစ်ယောက် အနမ်းမှာ
ကမ္ဘာမြေပြင်ဟာ
ခဏတာလောက် အိပ်စက်သွားပြီး
နှစ်ယောက်တည်း
တကမ္ဘာဖြစ်သွားသလိုပဲ
အိပ်မက်လေးရေ ။

နင့်ရဲ့ အသက်ရှူသံဟာ
ငါ့ရဲ့ အိပ်စက်ခြင်းဂီတမို့
ဂီတသံကြားမှ အိပ်စက်တတ်တဲ့
နှလုံးသားဟာ
နင်နဲ့ ဝေးဝေးနေလို့ ဘယ်ရပါ့မလဲ
အသက်ရှူသံနဲ့ အသက်ဆက်ပေးတဲ့
အိပ်မက်လေးရေ ။

အနမ်းတွေအစား
အလွမ်းတွေထား
မေ့သွားမှာလား
တနေ့တော့လို့
မျည်ရည်လယ်လယ်
နင့်အမေးစကားမှာ
နှလုံးသားမှာ
မခံစားသာလို့
ဝေးရမယ့်အကြောင်း
ကမ္ဘာပျက်ပြီး နောက်ရက်တောင်
မတွေးပါနဲ့လား
အိပ်မက်လေးရေ ။

လွင်ပြင်လှိုင်းငယ်

Monday, June 10, 2013

ဘယ်သူမပြုမိမိမှု


မင်းလဲကျခိုက်
တောင်ဝှေးတချောင်းလို ထူပေးလိုက်
ငါလဲကျခိုက်
မင်းကပျော်ရွှင် ရယ်မောလိုက်
မင်းဂရုစိုက်ခိုက်
မင်းသမီးတစ်ပါးလို မော်ကြွားလိုက်
မင်းပြစ်ပယ်ခိုက်
အစေခံတစ်ယောက်လို သိမ်ငယ်လိုက်
ဘယ်လိုဖြစ်ပစေ ငါကလေ
မင်းတစ်ယောက်ကိုသာ ချစ်နေမှာ
မင်းမသိလည်း နေပါကွာ
ငါ့အပြစ်နဲ့ ငါပဲဟာ

ခံစားရေးဖွဲ့သူ - ရောင်စဥ

သွေးကြောင်မိစ္ဆာများ

သာသနာ့ ကျမ်းစာပါ မုသားဓမ္မကို
ဆာသမျှ ဝမ်းစာရှာ လုစားတဲ့ဘဝနဲ့
လူပီးသွားတဲ့ကောင်ရေ
ရှောင်မနေနဲ့
ဒါဟာ ကိုယ့်ကိုယ်ကိုယ် ရပ်ရမဲ့ အရှိန်ပဲ
အိမ်ထဲမှာ
မောင်းထုတ်ခံရသူတွေလည်း မရှိတော့ဘူး
တမင်ထွက်သွားသူတွေလည်း မရှိတော့ဘူး
ဟား ဟား ဟား ကြေးစားကို မင်းငှားခဲ့တယ်
ကြေးစားကို မင်း ငှား ခဲ့ တယ်
အမှားတွေသန်နေတဲ့ တရားသံတွေ ပုံမှန်ညံဆဲ
တရားဦးလက်စွဲမှန်သမျှ
ကြားဖူးနားဝ မိစ္ဆာဒဿနနဲ့ပဲ ဖျားယောင်းရတယ် မဟုတ်လား

မအောင်မြင်တဲ့ နစ်ရှေးဟာ မင်းပေါ့ကွာ။    ။

သုအိုင်စံ
၁၀-၀၆-၂၀၁၃

Posted by A'karikz Yannaing

ဘဏ်လုယက်မှုက ရတဲ့ သင်ခန်းစာ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သင်လေ့လာထားမှု အပေါ်မှာပဲ အာရုံစိုက်တာကို အသက်မွေးဝမ်းကျောင်းတဲ့ ပရို လို့ခေါ်တယ်
တရုပ်နိုင်ငံ ဂွမ်ဇောင်းပြည်နယ် ဘဏ်လုယက်မှု တခုမှာ လုယက်သူတွေက သေနတ်နဲ့ ချိန်ရွယ်ပြီး ဒီလိုအော်ပါတယ် ။
" မလှုပ်နဲ့ ၊ ပိုက်ဆံဆိုတာ နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်တယ် ၊ မင်းတို့ ပိုင်တာ ဆိုလို့ မင်းတို့ အသက်ပဲ ရှိတယ် "
ထိုအချိန်မှာ မလုံမခြုံ အဝတ်အစား ဝတ်ထားတဲ့ အမျိုးသမီးက စားပွဲပေါ် လှဲချလိုက်တဲ့အခါ
လုယက်သူက

Sunday, June 9, 2013

@အညာသား@

@အညာသား@
အညာသားဆို
နှိမ်ချလိုတဲ့ 
ကိုကိုမမ
မြို့ နေကြသူ့
အကုန်သိဖို့ 
ငါရေးလို့ ပြ
မင်းတို့ ကြည့်ကြ။
ဖုန်တွေမှောင်ဖုံး
ချွေးလုံးလုံးနဲ့ 
အားသုံးကြိုးစား
လုပ်သားအားကိဲု့ 
တို့ များအညာ
မင်းတို့ လာရင်
သာယာရှု့ ခင်း
လေပြေညှင်းနဲ့ 
ရှင်းလင်းကြည်မြ
စိတ်ထားလှကို
ပြကာပျုငှာ
ဧည့်ဝတ်ဟာလည်း
မင်းလာလည်ရင်
မင်းမြင်မှာပါ။
တို့ အညာသား
လိမ်ညာစားသူ
ရှားမှရှားကာ
ရိုးသားတာကို
ပုံကာချပင်
ပြလိုက်ချင်ပြီ။
အညာသားတွေ
ကောက်စိုက်လေမှ
ဝမ်းလေဝမယ်
ပြန်တွေးတယ်ဆို
အလယ်တခေါက်
အရောက်လာပါ။
ရိုးသားကြိုးစား
လုပ်သားအားနှင့် 
အားထားစရာ
ယာမြေသာကွယ်
ထာဝစဉ်သာ
မရှိရှာရင်
ဘယ်မှာသီးနှံ
စားသုံးရန်တွက်
ရှာကြံခက်ပြီ။
ဆင်းရဲစုတ်ပြတ်
တဲစုတ်ထက်ပင်
ကပ်ကာနေလည်း
စိတ်သဲထဲတွင်
အမြဲဖြူစင်
သန့် ရှင်းကြင်တာ
သိချင်လာပါ
တို့ အညာကို။
ချစ်မွှေး

ဤကဗျာလေးကတော့ကျနော်တို့ အညာသားတွေကိုနှိမ်ချဆက်ဆံတတ်ကြတဲ့ မြို့ ကြီးသူမြို့ ကြီးသားတချို့ အတွက်ရေးစပ်ထားပါတယ်။အညာသားအသားမဲချင်မဲမယ်စိတ်ထားကတော့ဖြူစင်ကြပါတယ်။အားပေးကြပါဦးခင်ဗျာ။
 
FB မှ

Saturday, June 8, 2013

တို့မေမေ

========

ကုလား ထိလျှင် ချက်ချင်းပင်
အသက်ဝင်လာပေ တို့မေမေ...

ကုလားအခေါ် တို့များပေါ်
ဝေဖန်တတ်ပေ တို့မေမေ...

ကုလားအခွင့်အရေး ဝင်တိုက်ပေး
လေးစားလောက်ပေ တို့မေမေ...

ငယ်စဉ်ကာလ ရူးနှမ်းစ
ကုလားနဲ့ ထသလေ တို့မေမေ...

ကုလားနဲ့ရော ပျက်စီးသော
မွတ်ဒေါင်းပိုင်ပေ တို့မေမေ...

ပါတီဝင်များ လွန်လေးစား
ခွေးစကားပြောနေ တို့မေမေ...

ပြည်သူ့သဘော မစောကြော
မောကြောတွေ့နေ တို့မေမေ...

နှစ်ထောင့် ဆယ့်ငါး အတွေးများ
ဝေးဝေးမှာနေ တို့မေမေ...

ပါတီပျက်သုန်း လူကျဆုံး
လောင်းကြေးထပ်မလေ တို့မေမေ...

ကုလားကိစ္စ အဝဝ
လွှတ်ချနိုင်စေ တို့မေမေ...

ကုလားနဲ့တွဲ ခွပ်ဒေါင်းလည်း
ရပ်တည်မှန်ပါစေ တို့မေမေ...

ပြည်သူ့အသည်း ချည်နှောင်တွဲ
(ပြန်ပြီးတော့လေ) ယူတတ်ပါစေ တို့မေမေ

သို့ပါမှပဲ မျိုးရိုးလည်း
မြတ်ဂုဏ်ရှိစေ တို့မေမေ...

မောင်ရစ်ရေးသည်။

Thursday, June 6, 2013

ကျိန်စာ

အဖေ့ဓါတ်ပုံကိုမှီနွဲ့ထားလေသူ အမေ့မျက်ရည်
မြေနီလမ်းလေးပေါ်က
ဆိုးနေကျခြေသံလေးကို
ငေးမျော်နေလျော့မယ်….။
လ မသာတဲ့မြို့ပြမှာတော့ ကျွန်တော်
အမေမှာသော ရှိုက်သံနဲ့
မေတ္တာဓါတ်တို့ပစ်ချကြည့်မိ
အကြည့်တွေရေတစ်ပေါက်လေးတောင်မရရှိခဲ့…။
မိုင်လေးရာမှာ
အမေဂုဏ်တော်ကွန်ချာရွတ်ပါ
မိုင်လေးရာမှာ
ကျွန်တော်အရက်သောက်နေပါတယ်
အမေနဲ့ကျွန်တော်မိုင်ရှစ်ရာအကွာ…။
အမေရေ
`သေမိန့်ကျလူတစ်ယောက်မှာ
ဒဏ်ရာအနာတရတစ်ခုဖြစ်ရင်
သတ်ပစ်လို့မရဘူးတဲ့…´
အမေနဲ့ကျွန်တော်
ဒဏ်ရာဗရပွနဲ့
ရှင်မိန့်ကျနေ့စွဲတွေမှာ
ဘယ်ကံကြမ္မာကထပ်ဝေးစေခဲ့တာလဲ…။
ကျွန်တော့်ချက်မြုပ်ခဲ့တဲ့မြေမှာ
ဘာအပင်တွေပေါက်နေပြီလဲအမေ
ကျွန်တော်ကတော့ရွက်ကျပင်ပေါက်…။
အမေရှိတာထဲကနှုတ်ပေးပြီး
ကျွန်တော်ကလိုအပ်သမျှ ထပ်ပေါင်းချင်ရဲ့
ထုံးတမ်းစဉ်လာလိုအပ်ချက်အတိုင်း
ကျွန်တော့်ခြေလှမ်းတွေဦးပြန်လည်ခဲ့
ခွင့်လွှတ်နေကျ
လမ်းဆိုးလေးဆီ…။….။
ငြိမ်းစု
(နာမည်ပျက်မရှိတဲ့ အရိုင်းအစိုင်း ကဗျာစုမှ)

Tuesday, June 4, 2013

နွေတေးမဆိုရ

အလွမ်းတွေရင်မှာပြည့်တောင်မှ
ပန်းသခင်းရင်မှာ မလန်းနိုင်ဘု
ကြွေကျရာ သခင်ပန်းပွင့်ရင်
စေ...စေ ..ရာ မြင်တိုင်းပန်းတွေပ
လွမ်းတိုင်းပွင့်စေ
နွေတေးတွေမဆိုခိုင်းပါနဲ့
အနေဝေးလေသူမှာ
ဗလောင်းဆူ ရင်သတ်ကွင်းထဲ
အလဲ အကွဲ
သံစဉ်ပျက် ကာရံမဲ့ တေးသီရာနွေကာလ
နွေဦးကိုဘယ်လိုပြောပြရပါ့မလဲ
မျက်နှာပူတယ်
အပူကြွယ်ရင်မှာမအေးသူရဲ့
ဒီလူမှာ ရင်မငြိမ်းနိုင်ဘု
မျှော်တော်ယောင် သဉ္ဖာခန်းမှာ
အလွမ်းတွေမသိမ်းပိုက်မိစေဖို့
မှန်းမျှော်ရာ သခင့်အတွက်
နေ့ရက်တိုင်း ဆုတောင်းတယ်
တူပေါင်းရွယ်
သံသရာမကုန်သရွေ့ပေါ့
ဖန် ဖန် လာ လောက ကောင်း-ဆိုး
မရိုးအောင်ဘယ်လို ချည်နှောင်လဲ
သေကောင်ပေါင်းလဲ
အဆုံးသတ်ဘဝတစ်ခု
ရောက်လုတဲ့အထိခရီးဆက်
ဘဝတိုင်းလက်ဆက်ချင်မိပါရဲ့
      မောင်ရေခဲ

Sunday, June 2, 2013

မြေစမ်းပြီး ခရမ်းမပျိုးဖူးပါလဲ

 မြေစမ်းပြီး ခရမ်းမပျိုးပါဘူး
မျိုးစေ့လဲ မှန်ခဲ့တာပါပဲ
အပင်က ဘာကြောင့်မသန်ဖြစ်နေရတာလဲကွယ်
အပွဲပွဲလည်းမနွဲခဲ့ဖူးပါဘူး ဘာကြောင့်များ
နှလုံးသားအမည်းနဲ့ လာတွေ့ရပါလိမ့်နော်
ဖြူစင်တဲ့ ရင်ဘတ်တွေ
အရမ်းရှားနေတာ
ခုမှ သိတော့တယ်

သိက္ခာ တွေချကာနင်းပြီး
ခြေဖျားလေးကိုထောက်ထားနိုင်တယ်
နှလုံးသား ဈေးတင်ရောင်ပြီး
အမှားကိုမမြင်
ရင်ကိုကော့ထားနိုင်သေးတယ်တဲ့
ကိုယ်ဟန်မကြော့လဲ
သူ  အမြဲခေါင်းမော့ကာထားနေနိုင်တယ်

မင်းသတင်းတွေ ကြားရများတော့
စိတ်ပျက်မိတယ်
မင်းအကြောင်းတွေ သိလာရတော့
စိတ်လေမိတယ်
မင်းအကျင့်တွေ မြင်လာရတော့
ကိုယ်တကယ် စိတ်ဆိုးမိတာပါ

ပြီးတာတွေလဲ ပြီးပါစေတော့
ဖြစ်ပျက်ခဲ့တာတွေလဲ ရှိပါစေတော့
ကိုယ့် မှာတော့ ထိုင်ရခက် ထရခက်
ဘ၀နဲ့
ယိုင်လှဲမှု မရှိအောင်
အနိုင်နိုင်ထိန်းရင်း
မင်းကိုချစ်တဲ့ စိတ်တွေ
ရင်ထဲမှ ထာဝရ သိမ်းထားလိုက်ပါတော့မယ်ကွယ် ။

(လွန်ခဲ့တဲ့နှစ် အနည်းငယ်က သူငယ်ချင်းတယောက် အကြောင်းရေးပေးခဲ့ဖူးတဲ့ ကဗျာ)

jasmine

မိုးရာသီ ^^^ အလွမ်းရာသီတဲ့လား

ရွာနေတဲ့ မိုးစက် လက်နဲ့ခံ ကြည့်လိုက်တယ်
လက်ကတော့ အေးစက်ပြီး နှလုံးသာ ပူလောင်နေဆဲ
ဘယ်အချိန် ဘယ်အခါမှ
ကျိုးကြေမသွားတဲ့ ခံစားမှုတချို့
အောက်သက်သက်နဲ့ လွမ်းလို့ ကောင်းတုန်း
မုန်းမေ့လို့ သွားတတ်တဲ့သူတွေအတွက်တော့
ခံစားချက် ဗလာ ။

မထင်မှတ်ထားတဲ့ နာကျင်မှုက
ဒဏ်ရာတခုကို အစိမ်းချုပ်လိုက်သလိုမျိုးပေါ့ ။

တမ်းတမှုတွေကို ခပ်မာမာ မောင်းထုပ်လိုက်ချင်လဲ
နှလုံးသားက ခွင့်မပြု
အတု အပ ကိုလဲ ရင်ဘတ်ကလက်မခံ
လက်ကျန် အလွမ်းကို အဖော်ပြုပြီး
လွမ်းရက်ဆက်ရှည်
ကျွမ်းနေတဲ့ ဒီ အသဲ
မင်းခွဲရက်လေခြင်း ။

နေတတ်ရင်ကျေနပ်စရာကောင်းပေမဲ့
ကျေနပ်စရာကောင်းဖို့ နေတတ်အောင်လဲ
ကျင့်နေရသေးတယ် ။

တွယ်တာတယ် ကြင်နာတယ်
ပြောခဲ့ဖူးတဲ့အချိန်က
ဟိုးအဝေးမှာကျန်လို့နေပြီမို့
ဘ၀တလျှောက်လုံး
ရင်ဘတ်မှာ အပေါက်ကြီးနဲ့
နေ နေရပြီကွယ် ။

မီးလောင်ခံခဲ့ရတဲ့ သံယောဇဉ်တွေကလဲ
နေမင်းဆီကို လမ်းလျှောက်နေလေရဲ့
ဘယ်လိုပင် တမ်းတနေလဲ
အမှတ်တရတွေကတော့
လွမ်းပြီးရင်လွမ်း
အတွယ်အတာတွေမှာတော့
ကျွမ်းပြီးရင်းကျွမ်းပေါ့ ။    ။

((ရွာနေတဲ့ မိုးကိုကြည့်ပြီး
ပေါက်ကရရေးမိတာလေးပါ))

jasmine