-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Wednesday, June 26, 2013

ကျေရာကျေကြောင်း

Friends18.com
 Orkut Scraps
ဖောက်ပြန်နေတဲ့ ချစ်သူ
မုန်းလို့မရ ပြုံးပြဖို့လဲ ခက်လှတယ် ။

တအုန်းအုန်းထနေတဲ့
အချစ်သစ်တွေနဲ့
ပျော်ပြီးရင်း ပျော်ပါစေတော့
တားမရလဲ
ထားရစ်ပါရစေကွယ် ။

နှလုံးသားထဲက
အပြာရောင်မျက်ရည်
နင် မကြိုဆိုခဲ့ဖူးပါ
မျက်လုံးထဲက အပြုံး
အသိအမှတ်ပြုခြင်းမခံခဲ့ရပါ ။

မင်းရဲ့ မက်လုံး လှလှလေးတွေကိုတော့
အပျက်တွေက အကောင်းထင်တာပေါ့ကွယ် ။

အမှတ်တရ တွေ အဟုတ်တရ တွေ
ခဏခဏ ခလုတ်တိုက်ခံရတာများတော့လဲ
ငါ  နည်းနည်းတော့ ယိုင်ချင်မိတာ ၀န်ခံပါတယ်
ယိုင်ရုံလေး ယိုင်ခဲ့တာပါ
ချစ်သူကိုအံတုပြီး ဘာမှ မပြိုင်ခဲ့ဖူးပါ ။

ချစ်သူနဲ့ ပတ်သက်ပြီး
တခါမှ ခေါင်းမခါခဲ့ဖူးပါ
အသားမာ တက်နေတဲ့
ငါ့  နှလုံးသား
အမြဲပြုံးဖို့ အားတင်းခဲ့တယ် ။

ပလီပလာ စကားတွေကြားထဲ
ငါ့ နာရီတွေ အစားခံလိုက်ရတယ်
မင်းဖြိုချလိုက်လို့
ပြိုကျသွားတဲ့ ငါ့ရဲ့ အိပ်မက်တွေများလှပါပြီ ။

သေမင်းတောင် ကြွေဆင်းရတဲ့
မင်းရဲ့ အပြုံး ကို
ထပ်ပြီး တမ်းတမနေတော့ဘူး
စစ်ခင်းပြီးလဲ မင်းရဲ့ အကြင်နာ
မလိုအပ်တော့ဘူး ။

အချိန် တချိန်ရဲ့ တိုက်စားမှုကိုစောင့်စားရင်း
အလွမ်းရေချောင်းထဲကို
ချစ်သူရဲ့ နောက်ကြောင်းမအေးတဲ့အဖြစ်
မျောလိုက်ပါတော့မယ်။




jasmine

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...