-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Sunday, June 2, 2013

မြေစမ်းပြီး ခရမ်းမပျိုးဖူးပါလဲ

 မြေစမ်းပြီး ခရမ်းမပျိုးပါဘူး
မျိုးစေ့လဲ မှန်ခဲ့တာပါပဲ
အပင်က ဘာကြောင့်မသန်ဖြစ်နေရတာလဲကွယ်
အပွဲပွဲလည်းမနွဲခဲ့ဖူးပါဘူး ဘာကြောင့်များ
နှလုံးသားအမည်းနဲ့ လာတွေ့ရပါလိမ့်နော်
ဖြူစင်တဲ့ ရင်ဘတ်တွေ
အရမ်းရှားနေတာ
ခုမှ သိတော့တယ်

သိက္ခာ တွေချကာနင်းပြီး
ခြေဖျားလေးကိုထောက်ထားနိုင်တယ်
နှလုံးသား ဈေးတင်ရောင်ပြီး
အမှားကိုမမြင်
ရင်ကိုကော့ထားနိုင်သေးတယ်တဲ့
ကိုယ်ဟန်မကြော့လဲ
သူ  အမြဲခေါင်းမော့ကာထားနေနိုင်တယ်

မင်းသတင်းတွေ ကြားရများတော့
စိတ်ပျက်မိတယ်
မင်းအကြောင်းတွေ သိလာရတော့
စိတ်လေမိတယ်
မင်းအကျင့်တွေ မြင်လာရတော့
ကိုယ်တကယ် စိတ်ဆိုးမိတာပါ

ပြီးတာတွေလဲ ပြီးပါစေတော့
ဖြစ်ပျက်ခဲ့တာတွေလဲ ရှိပါစေတော့
ကိုယ့် မှာတော့ ထိုင်ရခက် ထရခက်
ဘ၀နဲ့
ယိုင်လှဲမှု မရှိအောင်
အနိုင်နိုင်ထိန်းရင်း
မင်းကိုချစ်တဲ့ စိတ်တွေ
ရင်ထဲမှ ထာဝရ သိမ်းထားလိုက်ပါတော့မယ်ကွယ် ။

(လွန်ခဲ့တဲ့နှစ် အနည်းငယ်က သူငယ်ချင်းတယောက် အကြောင်းရေးပေးခဲ့ဖူးတဲ့ ကဗျာ)

jasmine

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...