တနှစ်က မန္တလေးသင်္ကြန်ကို
သွားလည်ဖြစ်တယ်။
သင်္ကြန်တွင်း
လူအစည်ကားဆုံးဖြစ်တဲ့ကျုံးနဲ့ အနီးဆုံးဟော်တယ်တစ်ခုမှာ တည်းခိုဖို့သွားတော့
အခန်းတိုင်း လူပြည့်နေတယ်တဲ့။
တော်တော်စိတ်ညစ်သွားတယ်။
ကောင်တာစာရေးမက
ဆက်ပြောလာတယ်..
.
အားလုံး မဂ်လာပါသူငယ်ချင်းတို့ရေ သင်ဆရာ မြင်ဆရာ ကြားဆရာများကိုလည်း ဒီ BLOG လေးနှင့် လေးစားစွာ ဂါဝရ ပြုလျှက် အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကို၏ကျန်းမာချင်းနှင့် ပြီးပြည့်စုံကြပါစေ...ကျနော် တောင်သာသားလေးမှ မေတ္တာပို့သလိုက်ပါတယ်......
ယုံလေးအတွက်
ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက
အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့
တောက်ပတဲ့ ကြယ်လေးကို
ခူးဆွတ်ယူခွင့်ပြုပါ။
လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက
အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့
ရိုးသားဖြူစင်တဲ့ မင်းလေးကို
ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။
(အလွမ်းပြေ နှစ်သိမ့်တဲ့တေး
နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ
ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး
မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့
ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ
မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့
အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ
ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်...
ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့်
တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ
နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ
ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ
အလွမ်းပြေစရာပေါ့ ယုံကလေးရယ်.....
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
Sunday, September 8, 2013
Tuesday, May 21, 2013
ဒီအထဲမှာ မှောင်တယ်ဗျ
Tuesday, May 21, 2013
အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်ဟာ သူ့ ယောက်ျားအလုပ်သွားချိန်မှာ တခြားအမျိုးသားတစ်ယောက်နဲ့  အချိန်းအဆက်လုပ်နေပါတယ်။ တစ်နေ့  သူတို့ နှစ်ယောက်သားအိပ်ခန်းထဲမှာ ကြိတ်ပုန်းခုပ် နေကြတုန်း သားဖြစ်သူ ၁၃ နှစ်သားဟာ သူတို့ ကို တွေ့သွားပြီး အခန်းထဲက ဘီရိုမှာ ဝင်ပုန်းနေခဲ့ပါတယ်။
သိပ်မကြာပါဘူး အမျိုးသားက အိမ်ပြန်ရောက်လာတော့ ဖောက်ပြန်တဲ့ မိန်းမဟာ သူ့ချစ်သူကို သူ့ သား ပုန်းနေတဲ့ ဘီရိုထဲမှာ ဖွက်ပါတယ်။ အထဲမှာ သူ့ သားရှိတာကိုလဲမသိဘူးပေါ့။ ဒီလူဝင်လာတော့ ကောင်လေးကစပြီး
"ဒီအထဲမှာ မှောင်တယ်ဗျနော်..."
"အေးကွ"
"ကျွန်တော့မှာ ဘေ့စ်ဘောလုံးတစ်လုံးရှိတယ်ဗျ"
"သြော်.. အေး.. ကောင်းတာပေါ့ကွာ"
"အဲဒီဘောလုံးကို ကျွန်တော်ပြန်ရောင်း မလို့ ။ ခင်ဗျားဝယ်မလား"
"မဝယ်ချင်ပါဘူးကွာ။ ငါမှ မကစားတတ်တာ"
"အဖေအပြင်မှာ ရှိတယ်နော်... ခင်ဗျားသဘောပေါက်တယ်မဟုတ်လား"
"သြော်... အေး... အေး... အေးပါကွာ။ ကဲ မင်း ဘောလုံးက ဘယ်လောက်မို့ လို့ လဲ"
"ဒေါ်လာ ၂၅၀"
"အမေလေး... များလိုက်တာကွာ"
"အပြင်မှာ..."
"ကဲ.. ကဲ.. ပေးပေး.. ရော့ ၂၅၀"
နောက် သုံးပတ်လောက်နေတော့ အဲဒီလို ဖြစ်ရပ်မျိုး နောက်တစ်ခါ ထပ်ဖြစ်ပါတယ်။
ကောင်လေးကလဲ အခန်းဘီရိုထဲမှာ ဝင်ပုန်းနေပြီး သူ့ အမေကလဲ သူ့ ချစ်သူကိုဘီရိုထဲကို ဝှက်ပြန်ပါတယ်။
"ဒီအထဲမှာ မှော်တယ်ဗျ နော်..."
"အေး... အေးကွ"
"ကျွန်တော်မှာ ဘေ့စ်ဘော လက်အိတ်တစ်စုံ ရှိသေးတယ်ဗျ"
ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဘောလုံးတစ်လုံးကို ဒေါ်လာ ၂၅၀ နဲ့ ဝယ်လိုက်ရတဲ့ သူ
့အဖြစ်ကို သူ ပြန်တွေး သဘောပေါက်မိပြီး စိတ်မရှည်စွာနဲ့ 
"ကဲ.. ကဲ.. အခုတစ်ခေါက် ငါဘယ်လောက် ပေးရမှာလဲ"
"ဒေါ်လာ ၇၅၀"
"အိုကေလေ..."
နောက်တစ်ရက် နှစ်ရက်လောက်နေတော့ အဖေက သားကို ဘေ့စ်ဘောကစားဖို့  ဘောလုံးနဲ့ လက်အိတ်သွားအယူ ခိုင်းပါတယ်။
"အဖေ.. အဲဒီနှစ်ခုလုံးအိမ်မှာ မရှိတော့ဘူး။ သား ရောင်းလိုက်ပြီ"
"ဘာ.. ဘယ်လို... ဘယ်လောက်ရလို့ မို့  မင်းကရောင်းလိုက်တာလဲ"
"ဒေါ်လာ ၁၀၀၀ နဲ့ အဖေ"
"အိုးးး များလိုက်တာ သားရယ်... ဒီပစ္စည်းတွေက ဒီလောက်မှ မတန်တာပဲ။ မင်းက
ဒါသူများကို သက်သက် လူလည်ကျသလို ဖြစ်သွားတာပေါ့။ ဒါအပြစ်ဖြစ်တယ်ကွ... မဖြစ်ဘူးမဖြစ်ဘူး... မင်းကို ဘုရားကျောင်း ခေါ်သွားရမယ်။ မင်း အပြစ်တွေကို ဘုန်းတော်ကြီး
ဆီသွားပြီး အာပတ်ဖြေရမယ်"
ဒီလိုနဲ့  သားအဖနှစ်ယောက် ဘုရားကျောင်းကို ရောက်လာကြတာပေါ့... အဖေကသားကိုအာပတ်ဖြေဖို့  အခန်းလေးထဲက ခုံမှာ ထိုင်ခိုင်းပြီး တံခါးကို ပိတ်လို့  အပြင်မှာ
စောင့်နေတယ်။ အခန်းထဲမှာ ထိုင်နေတုန်း ကောင်းလေးက ...
"ဒီအထဲမှာ မှောင်တယ်ဗျ နော်" လို့ ဆိုလိုက်တော့...
အာပတ်ဖြေပေးဖို့  စောင့်နေတဲ့ ဘုန်းတော်ကြီးက...
"ခွေးမသား... ဒါ ငါ့ပိုင်နက်ကွ... ဒီတစ်ချီတော့ မင်း.. ငါ့ကို ဒီအချိုးမျိုး
လာချိုးလို့  မရတော့ဘူး" ... တဲ့
ဟာသနန်းတော်
FB မှ

Labels:
ဟာသ
Friday, May 17, 2013
ပြမှာလား???မပြဘူးလား???
မူလတန်းကျောင်း တစ်ကျောင်းတွင်ဖြစ်သည်။
ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦး စကားပြောနေသည်ကို ဆရာမက ဘေးမှ ခြောင်းပြီး နားထောင်နေသည်။
"ကောင်းဇော်ရေ။ ဒီမှာ ကြည့်ပါအုံး။ ငါ့အိမ်က ပေးလိုက်တာ။ ပန်းသီးတစ်လုံး။ အရမ်းစားလို့ကောင်းမှာပဲာ့။"
"ငါ့ကိုလည်း တစ်ခြမ်းကျွေးပါလား အိအိရယ်။ ငါလည်း စားချင်လို့ပါ။ "
"အောင်မှာ။ ဘာလို့ ကျွေးရမှာလဲ။ ဒီပန်းသီးက အရမ်းစားလို့ ကောင်းတာပဲာ့။ နင့်ကို ကျွေးရင် ငါ နည်းနည်းပဲ စားရမှာပေါ့။ မကျွေးဘူးပာာ။ "
"အိအိရာ။ နင် တော်တော် အကျင့် ပုပ်တာပဲ။ မကျွေးချင်ဘဲ ငါ့ကို ဘာလို့ပြတာလဲ။ အခု ငါကမြင်တော့ အရမ်းစားချင်တာပေါ့။ နင်ငါ့ကို ကျွေးပာာ။"
"သေလိုက်ပါလား။ မကျွေးပါဘူး။"
ကောင်းဇော်က သူများနှင့်မတူပါ။ လိုချင်ရင် မရမက ယူတတ်သည်။ အိအိက ပန်းသီးကို ပြပြီး မကျွေးသဖြင့် လုယူဖို့ စဉ်းစားလိုက်သည်။
"မကျွေးရင် လုတယ်ပာာ"
ပန်းသ်ီးလုပြီး ပြေးသွားသည်။ အိအိ ငိုပြီ။ သူ့အပြစ်နဲ့သူ ခံရပြီ။ မကျွေးချင်ရင် မပြရဘူးလေ။ ကြွားချင် ပြချင်တော့ ခံရတာပေါ့။ ဆရာမဆီ သွားတိုင်သည်။
ဆရာမက ဖြစ်ကြောင်း ကုန်စင်သိပြီးသား။ ကောင်းဇော်ကို ထိုင် ထ အခါ ၅၀လုပ်ခိုင်းပြီး အပြစ်ပေးလိုက်သည်။
ထို့နောက် အတန်းထဲမှ ကျောင်းသား ကျောင်းသူများကို ဆုံးမ စကားပြောလေသည်။
"ကလေးတို့ရေ။ အခု ကောင်းဇော်နဲ့ အိအိတို့ ပြောတာတွေ ဆရာမ အကုန်ကြားတယ်။ အိအိက ပန်းသီးကို ကောင်းဇော်မြင်အောင်ပြတယ်။ စားချင်လာအောင် အရသာရှိကြောင်း ပြောတယ်။ အရမ်းစားချင်လာတော့ သူမကျွေးဘူး။ အဲ့ဒီတော့ ကောင်းဇော်က စိတ်မထိန်းနိုင်ဘဲ လုစားလိုက်တယ်။ တကယ်ဆိုရင် အိအိမှာလည်း အပြစ်မကင်းပါဘူး။ သူ့အပြစ်နဲ့ သူ ခံရတာ။
ဒီလိုပဲ သမီးတို့လည်း မှတ်သားထားပါ။ အခုခေတ်မှာ မိန်းကလေးတွေပာာ ယောက်ျားလေးတွေ မြင်အောင် ရင်သားတွေ ပေါင်တွေ ပြတဲ့ အ၀တ်အစားတွေ ၀တ်ကြတယ်။ ခုန ပန်းသီးလိုပေါ့။ မကျွေးချင်ဘဲ သူတစ်ပါးမြင်အောင်ပြတာပာာ အန္တရာယ်ကို ဖိတ်ခေါ်သလိုပဲ။
မိန်းကလေးတွေက ဒီလို အတွင်းသားတွေပြတော့ စိတ်ရိုင်းရှိတဲ့ ယောက်ျားတွေက ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုစားတတ်တယ်။ သမီးတို့လည်း နောင်တချိန် အရွယ်ရောက်လာရင် လုံလုံခြုံခြုံ ၀တ်ကြပါလို့ ဆရာမ မှာချင်တယ်။"
"ပာုတ်ကဲ့ပါ ဆရာမ။ သမီးတို လုံလုံ ခြုံခြုံ ၀တ်ပါ့မယ်။"
» မကျွေးချင်ဘဲ မပြပါနဲ့။ လုစား ခံရတတ်တယ်။
နားလည် သဘောပေါက်ပါစေ။
ကနောင်သားလေးမှ

Monday, April 29, 2013
ပဲကြိုက်တဲ့ မမ....

=========
တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီးတယောက် ရှိသတဲ့။
ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော် စားပြီးတိုင်းမှာ
စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလောက်အောင် တားမနိုင်ဆီးမရ
ချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲတဲ့။
တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး
လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။ “ငါ့ယောက်ျားဟာ အင်မတန်
ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့
အီးပေါက်တတ်တဲ့အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး”
လို့တွေးမိပြီး ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။
ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာ
သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့
နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက်
အကြောင်းကြားထားလိုက်တယ်။
အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာ လမ်းမှာ ပဲကြီးလှော်သည်နဲ့
ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က တကျော့ပြန်ပြီး
ထကြွသောင်းကျန်းလာပြန်တော့တာပေါ့။
အိမ်ကလည်း တော်တော်လေး လှမ်းသေးတော့ “အခုနေ စားသွားလိုက်ရင်
အိမ်ပြန်ရောက်တဲ့အချိန်လောက်ဆို အီးပေါက်တာလည်း
ပြီးသွားလောက်ရောပေါ့”လို့ တွေးပြီး စိတ်မထိန်းနိုင်ဘဲ ပဲကြီးလှော်တွေ
ဝယ်စားမိရောတဲ့။
ဒီလိုနဲ့ တလမ်းလုံး အီးတွေ တဘွတ်ဘွတ် ပေါက်ရင်း ပြန်လာခဲ့တယ်။
အိမ်နားရောက်တဲ့အခါမှာတော့ အတော်လေးကို နေသာထိုင်သာရှိသွားပြီး
သူမဘာသာလည်း ထိန်းချုပ် အောင့်အီးသွားနိုင်ပြီလို့ တွက်ဆမိသတဲ့။
အိမ်ပေါက်ဝမှာ စောင့်နေတဲ့ ခင်ပွန်းသည်ဟာ သူမကိုမြင်လိုက်ရတဲ့အခါ အင်မတန်
စိတ်လှုပ်ရှားဟန်နဲ့ ဝမ်းမြောက်ဝမ်းသာ ဆီးပြောတယ်။
“အချစ်ရေ…. ညစာအတွက် အံ့အားသင့်စရာတခု ကိုယ်စီစဉ်ထားတယ်၊ သိလား”
အဲဒီလို ပြောပြီးတာနဲ့ သူမ မျက်နှာ(မျက်စိ)ကို အဝတ်စည်းလို့
ထမင်းစားခန်းထဲကို တန်းခေါ်သွားတယ်။ ထမင်းစား စားပွဲက ကုလားထိုင်မှာ
ထိုင်ခိုင်းတယ်။ ထိုင်ပြီးပြီးချင်း သူမမျက်နှာမှာစည်းထားတဲ့ အဝတ်ကို
ဖြည်ပေးမယ်အလုပ် ဧည့်ခန်းထဲက တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ခင်ပွန်းသည်က
မျက်နှာစည်းထားတဲ့ အဝတ်ကို သူပြန်မလာခင် ဖြည်မကြည့်ဘို့ ကတိတောင်းပြီးမှ
တယ်လီဖုန်းကို သွားကိုင်တယ်။
တကယ်တော့ သူမ စားလာတဲ့ ပဲကြီးလှော်ဟာ အဲသည်အချိန်အထိ အရှိန်မသေသေးဘူး။
ခဏအတွင်းမှာပဲ ဗိုက်ထဲမှာ လေတွေ တင်းလာပြီး ထိန်းမထားနိုင်လောက်အောင်
ဖြစ်လာတယ်။ ဒါနဲ့ ခင်ပွန်းသည် ဧည့်ခန်းထဲမှာ ဖုန်းပြောနေတာကို
အခွင့်ကောင်းယူပြီး သူ မရှိတုန်း ခါးကလေးကို အသာလိမ်၊ တင်ကလေးတဖက်
အသာကြွပြီး အီးတလုံးကို အားပါးတရ လွှတ်ထည့်လိုက်တယ်။ အဲဒီအီးဟာ
အသံကျယ်ရုံတင်မကဘူး၊ အနံ့ကလည်း မြေဆွေးကားကြီးတစီး
ဖြတ်မောင်းသွားသလိုပဲတဲ့။
ပြီးတော့မှ သူမပေါင်ပေါ်မှာ ဖြန့်တင်ပေးထားတဲ့ လက်သုတ်ပုဝါကို
လက်နှစ်ဖက်နဲ့ အသာဖြန့်ကိုင်လိုက်ပြီး လေထဲက အနံ့တွေ ပျောက်သွားအောင်
လက်သုတ်ပုဝါနဲ့ အသည်းအသန် ယပ်ခတ်ပြီး ထုတ်လိုက်တယ်။ ခဏနေပြန်တော့
နောက်ထပ်တင်ပါးလေးတဖက်ကို ကြွလိုက်ပြန်ပြီး အီးသုံးလုံး ဆက်တိုက်
ပေါက်ထုတ်လိုက်ပြန်တယ်။ ဒီတခါတော့ အမှိုက်ကားကြီး
ဖြတ်မောင်းသွားသလိုပါပဲတဲ့။
ဒီလိုနဲ့ ဧည့်ခန်းထဲက ယောက်ျားဖုန်းပြောနေတဲ့အသံကို တဖက်က နားစွင့်ရင်း
နောက်ထပ်ဆယ်မိနစ်လောက်အတွင်းမှာ သူမဟာ တင်ပါးလေးနှစ်ဖက်ကို
တလှည့်စီကြွပြီး အီးတွေ ဆက်တိုက်လွှတ်နေခဲ့သတဲ့။ ဧည့်ခန်းထဲက ခင်ပွန်းသည်
တယ်လီဖုန်းချတော့မလို့ နှုတ်ဆက်စကားပြောနေသံ ကြားတဲ့အချိန်ကျမှ သူမဟာ
ပတ်ဝန်းကျင် လေထုထဲက အနံ့တွေပျောက်အောင် လက်သုတ်ပုဝါနဲ့ ကဗျာကယာ
ယပ်ထုတ်လိုက်ပြီး လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ ပြန်ဖြန့်တင်၊
လက်ကလေးနှစ်ဖက်ကို အသာယှက်လို့ ကျေနပ်နှစ်သိမ့်တဲ့အပြုံးလေးနဲ့
ခင်ပွန်းသည်အလာကို စောင့်စားနေလိုက်တယ်။
ခင်ပွန်းသည်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူမဟာ ပီဘိ အပြစ်ကင်းစင်တဲ့
ဇနီးသည်ကလေးတယောက်ပုံမျိုး ဖမ်းနေတော့တာပေါ့။ ခင်ပွန်းဟာ ဖုန်းပြောတာ
အချိန်ကြာသွားတဲ့အတွက် သူမကို တောင်းပန်လိုက်ပြီး သူမသိအောင်
အဝတ်စည်းထားတဲ့အောက်က ချောင်းကြည့်သေးသလားလို့ မေးတယ်။ သူမကလည်း
ဟင့်အင်း၊ ချောင်းမကြည့်ပါဘူးလို့ ဖြေလိုက်တယ်။
အဲသည်တော့မှ ခင်ပွန်းသည်က သူမ မျက်နှာမှာ စည်းထားတဲ့ အဝတ်ကို အသာအယာ
ဖယ်ပေးလိုက်တယ်။ သူမ အကြီးအကျယ် အံ့အားသင့်သွားတယ်။
ထမင်းစားပွဲ ပတ်ပတ်လည်မှာ ဧည့်သည် ဆယ့်နှစ်ယောက်ဟာ သူမကို
“ဟက်ပီးဘတ်သ်ဒေး” ပြောဖို့ ထိုင်စောင့်နေကြတာကို တွေ့လိုက်ရသတဲ့။
ဈာန်
FB မှ
Labels:
ဟာသ
Subscribe to:
Posts (Atom)