-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"
Showing posts with label ရင်တွင်းဖြစ်. Show all posts
Showing posts with label ရင်တွင်းဖြစ်. Show all posts

Thursday, June 27, 2013

သောကကမ္ဘာ

မင်းနဲ့ဝေးရတဲ့ငါ့ဘဝ
ကမ္ဘာပျက်တာကသက်သာပါတယ်
မင်းကိုမြတ်နိုးတဲ့
ဘယ်လိုအချစ်မျိုးနဲ့မဆို
 ငါမင်းကိုချစ်ခဲ့တယ်
ခုတော့...
မင်းထားသွားတဲ့
နှလုံးသားမှာ
ရင်နဲ့မချိအောင်ခံစားနေရတော့လဲ
ကိုဘာများတတ်နိုင်အုံမှာတဲ့လဲအချစ်ရယ်…
ကံမကုန်သေးဘူးဆိုရင်တော့ပြန်ဆုံချင်ပါသေးတယ်…
 
27:6:2013
 
 
ရဲဝင်းနိုင်…
 

မဟူရာညရဲ့

အချစ်ရယ်မင်းက
အမှောင်ထဲက အမည်းရောင်ကို
နှစ်သက် အချစ်မှတ်နေမှတော့
 ငါဘယ်လိုပြောလဲ
မောရုံပါလေ
မင်ကအလင်းကိုမချစ်တတ်တူတူ
ငါအပြစ်မယူပါဘူး
မင်းကြည့်တတ်မှ
မြင်နိုင်မဲ့ မဟူရာညထဲက
အဖြူရောင်အချစ်
ငါဖြစ်မလာတော့လဲ
စိတ်ပူရုံမှတပါး
ငါဘာများတတ်နိုင်အုံမှာလဲကွယ်…
 
၂၇း၆း၂၀၁၃
 
ရဲဝင်းနိုင်...

အမေနဲ့အတူတူပါပဲ

အဖေ
မမျှတ တဲ့လောကကြီးထဲမှာ
အဖေ့ရဲ့ ချွေးစက်တွေက
သားသမီးတွေအတွက် မျှမျှတတပါပဲလေ
မှတ်မိသလောက်
ဘာ့အတွက်မှမျက်ရည်မတတ်တဲ့ အဖေ
သားသမီးတွေအတွတ်
 ချစ်ခြင်း မေတ္တာကတော့
အမေနဲ့အတူတူပါပဲ…
ဖေဖေနှင့်မေမေကျမ်းမာပါစေ…
 
၂၇း၆း၂၀၁၃
 
 
ရဲဝင်နိုင်…
 

Friday, May 3, 2013

နတ်တစ်ပါပဲ

အချစ်ရယ် အားလုံးကပြောတယ်
မင်းကိုချစ်ရင် လောင်ကျွမ်းရလိမ့်မယ်
အခါခါ ရူးနှမ်းရလိမ့်မယ်...လို့
ဘယ်သူတွေဘာပြောပြော မောသွားလိမ့်မယ်
ကိုယ်ကတော့ ချစ်မှာပဲ
 
မင်းကိုချစ်ပြီး ရူးသွပ်နေရတာကိုက
ငါ့အတွက် နတ်တစ်ပါပဲ
စွဲမက်မိတဲ့ မင်းရဲ့နှုတ်ခမ်း
ခါးသက်သက်ဆိုပေမဲ့
ငါနေ့တိုင်းလွမ်းနေတယ်


*ငိုနေသောနှလုံးသား*
 

Tuesday, April 23, 2013

သက်သေ


မညူဆူလိုက်ပါနဲ့ အချစ်ရယ်
မင်းနဲ့ ကိုယ် အတူတူချစ်ခဲ့ဖူတဲ့
အချိန်က ခနလေးမှမဟုတ်တဲ
ဘယ်အချိန် ပြန်တွေးတွေး ရင်ခုန်မိပါသေးတယ် 
အတိမ်အနတ်တိုင်းထွာလို့ မရတဲ့ကိုယ့်ရဲ့
ချစ်ခြင်း မေတ္တာတရားကို 
မင်းယုံကြည်ဖို့ ခက်စေတယ်ဆိုရင်
မင်းရဲ့ ဘဝထဲကို ကိုယ်တိုင်သက်ဆင်း
ခြင်းနင်းဝင်ရောက်ခွင့် အဖြစ်
သက်သေပြခွင့်ပြုပါ လား
အချစ်ရယ်....

Tuesday, April 9, 2013

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း
ငါ............
ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ်
ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ
ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း

အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး
ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား
မင်းအတွက်လောင်ကျွမ်းနေတဲ့
ငါ့ဘဝ
ဆွေးမြည့်ပြာကျ သွားပါစေ...

မင်းကျေနက်ဖို့ ငါ့ဘဝကို

မင်းအတွက်
လောင်ကျွမ်းပေးရကျိုး နက်ပါပြီ...
အချစ်ရယ်...

Friday, March 22, 2013

ငါသိပြီးသားပါ



တနေ့တော့ နုတ်ဆက်ခြင်းမရှိ
အတိ မင်းငါ့ကိုထားသွားမှာပါ
ငါသိပြီးသာပါ
အပြစ်ရှိလို့လား အချစ်မရှိတော့လို့လား
ပြောပါ...
ဟို...တုန်းကဆို နှင်း
နံနက်ခင်းတိုင်းမှာ ဝေသလို
ညညတွေဆို မင်းငါ့ကို အေးမြစေခဲ့တယ်

ငါ့ရဲ့မရိုးသားတဲ့ စိတ်ကြောင့်လား
ဒီဆောင်းညမှာ နှင်းနှင့်အတူ
သူပျောက်သွားခဲ့ပြီ...

ကံကြမ္မာညှဉ်းစေ...ပြီ
ဒီညကစ မင်းမရှိတဲ့ညတွေဆို
သံသရာတွင်း နေ တရာလင်းသလို
နွေတရာကဲ့သို့ ငါ့ရင်မှာပူလောင်စေတော့မှာပါ
ဒါကို အချစ် မင်း မသိရော့လေသလား ကွာ......
ရွယ်ရည်သူ...သို့

Thursday, March 7, 2013

ကလေးရယ်...



ဖွင့်ပြောပြမှသိမှာလား
ကလေးရယ်...
ဘယ်လိုသံဇဉ် စာသားမှ လိုက်မမှီတဲ့
ကိုယ့်ရင်ခုံသံတေးသွားနဲ့ အချစ်စကားလေးတွေကို
မင်းတစ်ရောက်အတွက် တီးခတ်သီဆိုခဲ့တာပါ

သစ်လုံးတွေအများကြီးထဲက
အနှစ်သာရတအရှိဆုံး သစ်လုံးတစ်လုံးကို
ကြည့်ပြီးရွေးခြယ်သလို ရွေးခဲ့တာမဟုတ်ခဲ့ဘူး
ဖြူစဉ်လှပတဲ့ မင်းရဲ့နှလုံးသာကို
မမြင်းမသိခင်ထဲက မင်းလေးအတွက်
အချစ် ဂီတသံစဉ်လေးတွေကို
ကိုယ့်နှလုံးသားထဲက တီးခက်
သီဆိုနေခဲ့တာလေ...

Monday, February 25, 2013

အခုတော့



အတိတ်လွင်းပြင်ဆီ စဉ်းစားမိသောခန
မျက်ရည်စတချို့ စည်းကြခဲ့ရပြီ
ရင်နစ်အောင်ချစ်ခဲ့ပြီးမှ မင်းရဲ့အနားက
ထင်မှတ်မထားပဲ ထွက်ခွာခဲ့ရတယ်
အချစ်ရယ် မင်းအကြောင်းတွေကို
မစဉ်းစားသင့်တော့မှန်းသိပေမဲ့ ကိုမဟုတ်တဲ့
တပါးသူရင်ခွင်ထဲမှာ မင်းပျော်နေရဲ့လား
ကိုယ့်အတွေးများက ရောက်ရောက်နေခဲ့တယ်

နောင်တများနဲ့ ကိုယ့်ရဲ့အမှားအတွက်
မင်းဘက်ကခွင့်လွှတ်ခဲ့မယ်ဆိုရင်တောင်
ကိုယ်ပျော်ရွှင်နိုင်မယ် မထင်ပါဘူး
မင်းနဲ့အတူ ပြုခဲ့တဲ့ သစ္စာ ထားခဲ့တဲ့ ကတိ ကိုဘယ်လို
ခိုင်မြဲသော်လည်း အခုတော့
တပါးသူရင်ခွင်ထဲမှာ မင်းပျော်ရွှင်နေခဲ့ပြီလေ

Sunday, February 24, 2013

ချစ်တက်ခဲ့ပြီ

အချစ်ရယ်...
ညှို့ဓာတ်ပါတဲ့မျက်လုံးနဲ့
စွဲဆောင်နိုင်တဲ့ မင်းရဲ့အပြုံးတွေရဲ့အောက်မှာ
ငါ အကြိမ်ကြိမ် ကျရှုံးနေခဲ့တယ်
မဖြစ်နိုင်မှန်းသိပေမဲ့
မတွေ့ရတဲ့ရက်ကလေးတွေမှာ
ရောက်လာမလား ငါမျော်တက်နေခဲ့ပြီ
အချစ်ရယ်...

အဖြတ်ခက်တဲ့ သံယောဇာဉ်
မယစ်ပက်ခင် သတိတွေကိုယ့်ကိုယ်
အကြိမ်ကြိမ်ပေးခဲ့ပေမဲ့
အခုတော့
မင်းနဲ့ပက်သက်လို့ သံယောဇာဉ်တွေ
ယစ်ပက် ချစ်တက်ခဲ့ပြီ
မင်းရဲ့မျက်လုံး၊ မင်းရဲ့အပြုံးတွေအောက်မှာ
အကြိမ်ကြိမ် ကျရှုံးနေရပြီအချစ်ရယ်...

Sunday, February 17, 2013

စဉ်းစားနေခိုက်



တွေတာကြာလာတော့ သံယောဇဉ်ဖြစ်
ရင်နစ်အောင်ချစ်ခဲပြီ...
သူသိဖို့ပြောချင်ပေမဲ့
ကိုယ့်ချစ်စကား ဥပေက္ခာထားလို့
မုန်းသွားမှာလား စဉ်းစားနေခိုက်
သူများသိမ်းပိုက် သွားလေပြီ...

ဆုံနိုင်ခွင့်

မင်းနဲ့ချစ်ခဲ့တဲ့ နှလုံးသား
မင်းထွက်သွားတော့မယ်ဆိုရင်
တပါတည်းထုက်သူသွားပါ အချစ်ရယ်
ဒီတသက် ဘယ်တော့မှ
ဆုံနိုင်ခွင့် မရနိုင်တော့ဘေူးလို့
သိလိုက်ရတဲ့ အချိန်...
စူနစ်စွာ ထုက်အော်လိုက်တဲ့စကား
ရင်ထဲမှာ နစ်ဆို့ထွက်ဖို့ခက်နေပြီ

ဘယ်ဆီမှန်းမသိတဲ့ အတိတ်ကို
နုတ်စိတ်ခါ အရှုံးပေး
တိတ်တိတ်လေးပဲ ကြေကွဲနေရပြီ...
အချစ်ရယ်...

Saturday, February 16, 2013

ဘယ်သူနဲ့မှမတူ

ဘယ်သူနဲ့မှမတူ ကြည့်မိသူငါ
ဘယ်သူနဲ့မှမတူ တမူ ရင်ခုန်မိသူငါ
ဘယ်သူနဲ့မှမတူ တမူ အချစ်ပိုခဲ့သူငါ
ဘယ်သူနဲ့မှမတူ အလွမ်းအဆွေးတွေနဲ့
ဘယ်သူနဲ့မှမတူ အောင်ငါ
အလွမ်း၊ အဆွေး၊တွေနဲ့
ဘယ်သူနဲ့မှမတူအောင်
ခုတော့
ကိုယ် အရမ်းခံစား ကြေကွဲးနေရပြီ
အချစ်ရယ်...