အားလုံး မဂ်လာပါသူငယ်ချင်းတို့ရေ သင်ဆရာ မြင်ဆရာ ကြားဆရာများကိုလည်း ဒီ BLOG လေးနှင့် လေးစားစွာ ဂါဝရ ပြုလျှက် အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကို၏ကျန်းမာချင်းနှင့် ပြီးပြည့်စုံကြပါစေ...ကျနော် တောင်သာသားလေးမှ မေတ္တာပို့သလိုက်ပါတယ်......
ယုံလေးအတွက်
ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက
အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့
တောက်ပတဲ့ ကြယ်လေးကို
ခူးဆွတ်ယူခွင့်ပြုပါ။
လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက
အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့
ရိုးသားဖြူစင်တဲ့ မင်းလေးကို
ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။
(အလွမ်းပြေ နှစ်သိမ့်တဲ့တေး
နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ
ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး
မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့
ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ
မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့
အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ
ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်...
ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့်
တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ
နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ
ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ
အလွမ်းပြေစရာပေါ့ ယုံကလေးရယ်.....
Showing posts with label ဗွီဒီယို. Show all posts
Showing posts with label ဗွီဒီယို. Show all posts
Saturday, April 20, 2013
ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်တွေ အနာဂတ်
Published 20.04.2013
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်က ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ဖို့ ဆိုရင် ဘေးကင်းလုံခြုံတဲ့အခြေအနေရှိဖို့လိုတယ်လို့ ဒုက္ခ သည်တွေကို အကူအညီပေးနေတဲ့ အဓိကအဖွဲ့ကြီးတစ်ဖွဲ့ရဲ့ အကြီး အကဲက ပြောလိုက်ပါတယ်။ Sally Thompson ဟာ မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ နေရပ်စွန့် ထွက်ပြေးသွားကြပြီး ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့ Thai Burma Border Consortium TBBC အဖွဲ့ရဲ့ အကြီးအကဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဆီ ခေတ္တရောက်လာခဲ့တဲ့ Sally Thompson ကို ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်က ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ဖို့ ဆိုရင် ဘေးကင်းလုံခြုံတဲ့အခြေအနေရှိဖို့လိုတယ်လို့ ဒုက္ခ သည်တွေကို အကူအညီပေးနေတဲ့ အဓိကအဖွဲ့ကြီးတစ်ဖွဲ့ရဲ့ အကြီး အကဲက ပြောလိုက်ပါတယ်။ Sally Thompson ဟာ မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ နေရပ်စွန့် ထွက်ပြေးသွားကြပြီး ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့ Thai Burma Border Consortium TBBC အဖွဲ့ရဲ့ အကြီးအကဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဆီ ခေတ္တရောက်လာခဲ့တဲ့ Sally Thompson ကို ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်
Saturday, April 13, 2013
အိမ်ပြန်ချင်သူများ အတွက် ခိုင်ထူးရဲ့သီချင်းကောင်းလေး တပုဒ်
သီချင်းအတော်လေးကောင်းလို့ အိမ်လွမ်းသူများနားထောင်ရအောင် မိုးမခ မှာတွေ့ရှိပြီးမျှပေးထားပါတယ်
မိုးခို၊ ဇွန် ၁၇၊ ၂၀၁၂
ရေခြား မြေခြားမှာ မိဝေး ဖဝေး ဆွေမျိုးဝေး မိသားစုဝေးနဲ့ အလွမ်းတွေ ရင်မှာပိုက်ပြီး ရုန်းကန်နေကြသူတွေ ဒီဘက်ခေတ်မှာ ပိုပြီးများလာတယ်။ (ဟိုး..အရင်ခေတ်တွေ တုန်းကကတော့ သင်္ဘောသားနဲ့ ပညာတော်သင်တွေလောက်ပဲ ရှိတာ)။
မိုင်ပေါင်း ကုဋေဝေးပါစေ ဆက်သွယ်ရေး ကရိယာတွေက ပိုပီးကောင်းလာတာမို့ (ကမ္ဘာကြီကလဲ တဖြေးဖြေး ပြားလာရုံတင်မက ခွက်တောင် ခွက်ဝင်လာတာမို့) အလွမ်းတွေကို ကုစားချင်သလား အလွယ်ကလေးရယ်။ ခလုပ်တချက် နှိပ်လိုက်ရုံနဲ့ အသံကြားရုံတင်မက ရုပ်ကိုပါ (အရှင်လတ်လတ်) မြင်ရတဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ ပေါ်နေပြီလေ။ တယောက်နဲ့ တယောက် မြင်ရ ကြားရ အလွမ်းတွေကို ခြေဖျက်နိုင်ကြပြီပေါ့။ အဲ့ဒီလို ချစ်သူတွေ ကြားက အလွမ်း သားသမီးနဲ့ မိဘကြားက အလွမ်း
သူငယ်ချင်းတွေကြားက အလွမ်း ရေမြေတောတောင် သဘာဝတို့ကို လွမ်းတဲ့ အလွမ်း
ဘယ်လိုပုံစံမျိုးနဲ့ အလွမ်းပဲဖြစ်ဖြစ် အများကြီး စုပုံလာပြီဆိုရင် (ဝေဒနာရင့်လာပြီ ဆိုရင်) ရင်ထဲက တောင်းဆိုမိတာက “အိမ်ပြန်ချင်တယ် အိမ်ပြန်ချင်တယ်..”
အဲ့ဒီ အိမ်ပြန်ချင်တဲ့ စိတ်နဲ့ ရေးဖွဲ့ကြတဲ့ သီချင်းတွေထဲမှာ “ အမေတခု- သားတခု” ဟာထင်ရှားတယ် ၁၉၇၀ ၀န်းကျင်က ပေါ်ခဲ့တာ ဆိုတော့ နှစ်ပေါင်း ၄၀ လောက်တောင်ရှိလာပြီ။ အခု အသက် ၅၀ ကျော် လူကြီး တွေ ကောင်းကောင်းရတာပေါ့။ စာသားမကြည့်ပဲ ကာရာအိုကေ ဟစ်နိုင်ကြတာပေါ့။ နောက်ခေတ်လူငယ်တွေလဲ ရကြတယ်။ ကြိုက်ကြတယ်။ အဲ့ဒီသီချင်းကို ရေးစပ်ခဲ့သူက “ကျော့မှုး” အဆိုရှင်က လားရှိုး သိန်းအောင် မူရင်း တရုတ်သီချင်းကို ဗမာစာသား သွင်းထားတာ ဖြစ်ပေမဲ့လဲ ရေးစပ်သူ ကျော့မှုးရဲ့ သီချင်းရေး ပညာနဲ့ စကားလုံးတွေရဲ့ အားကြောင့် “အမေတခု သားတခု” ဟာ Classic ဖြစ်လာတယ်။ ဂန္တ၀င်စာရင်းထဲ ၀င်လာတယ် ခုထိ မှိန် မသွားသေးဘူး။
“ အိမ်ပြန်ချင်တဲ့ အလွမ်း…..” “ စိန်ခေါ်နေတဲ့…လမ်း” “ မိန်ရာသီရဲ့ …လမ်း”
စတဲ့ စကားလုံးတွေနဲ့ ဖမ်းစားထားတယ် အမေအိုကို လွမ်းတဲ့ အဝေးရောက် သားတယောက်ရဲ့ အိမ်ပြန်ချင်တဲ့ အကြောင်းကို မျက်ရည်အပြည့်နဲ့ ခံစားပြီးဆိုထားတာပေါ့ ကိုယ်ပိုင်သံစဉ်ဖြစ်တော့ ပိုပြီး လေးနက်သွားတယ် ရာနှုန်းပြည့် ဘ၀င်ကျသွားတယ်။ ရေးဖွဲ့သူ“မောင်မောင်” နဲ့ သီဆိုသူ ခိုင်ထူး ၂ ယောက်စလုံးရဲ့ ရင်ထဲကို ဒိုးယိုပေါက် မြင်လို့ ရတယ်။
အိမ်ကို လွမ်းသူ အိမ်ပြန်ချင်သူတွေ အလွမ်းပြေစေဖို့လက်တို့ပြီးတော့ ပြောလိုက် ညွှန်းလိုက်ပါရစေ ခင်ဗျား။
(သီချင်း နားထောင်ရန်) http://archive.org/details/KhaingHtoo-EainAlwanhomeSickSong
အမ်ပလဂ် ဂီတာနှင့် သီးသန့် နားဆင်ရန် …
http://www.youtube.com/watch?v=WapEWk1UwA4
စာသားချည်းဖြင့် မူလသီချင်းကို နားဆင်ရန် …
http://www.youtube.com/watch?feature=endscreen&NR=1&v=fGfVSyBs_UE
Labels:
ဗွီဒီယို
Wednesday, February 27, 2013
Tuesday, February 26, 2013
Subscribe to:
Posts (Atom)
