-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Thursday, June 20, 2013

အနာဂတ်ဆီသို့ယောနသံ

ငါသိတယ်...။

ယောနသံ..
မင်းဟာ ကောင်းကင်ကြီးကို ချစ်တယ်..။


ယောနသံ...
မင်းဟာ တေလေတကောင်ပဲ..။

ယောနသံ..
မင်းဟာ အသိုင်းအဝိုင်းမဲ့တဲ့တကောင်ပဲ..။

ယောနသံ..
မင်းဟာ ဘာဂုဏ်ထူးဘွဲ့ထူးမှ မရှိတဲ့တကောင်ပဲ..။

ယောနသံ
မင်းဟာ လွတ်လပ်မူ့ကိုခုံမင်တဲ့ သတ္တဝါ...။

ယောနသံ..
မင်းဟာ အေးချမ်းခြင်းရှိရာပဲ ရှာဖွေတယ်..။

ယောနသံ..
မင်းဟာ ဖြည့်ဆည်းခြင်းအတွက်မွှေးဖွားလာခြင်းပဲ...။

ယောနသံ..
မင်းဟာ အမှန်တရားကိုမကိုးကွယ်ခဲ့တဲ့ မိစ္ဆာတကောင်ပဲံ..။

ယောနသံ..
မင်းဟာ ယုံကြည်မူ့တွေနဲ့ကျွမ်းလောင်နေတဲ့ တကောင်ပဲ..။

ယောနသံ...

မင်းပျံသန်းရာလမ်းကြောင်းကို မင်းရှာဖွေရမယ်..

မင်းချစ်တဲ့ကောင်းကင်ကြီးရှိရာဆီပေါ့..

တိမ်ထူချင်ထူမယ်..

လေကြမ်းချင်ကြမ်းမယ်..

မိုးအုံ့ရင်အုံ့မယ်..

မင်းမွှေးနုနုတွေ ပျတ်စီးချင်ပျတ်စီးမယ်..

မင်းကို သိမ်မွှေ့စွာကြိုဆိုမှ ကြိုဆိုမယ်..

မင်းဟာမုန်တိုင်းတွေထဲ တိုးဝင်ချင်ဝင်ရမယ်..

ယောနသံ..

မင်း အတိတ်တွေ ခဝါချခဲ့...

မင်းအပြစ်တွေ ဒီမြေပြင်ပေါ်သွန်းခဲ့..

မင်းအမှားတွေကို ဒီမြေပေါ်မှာ ဆေးကြောခဲ့..

ယောနသံ..

မင်းပျံသန်းလိုက်စမ်းကွာ..

မင်းချစ်တဲ့ ကောင်းကင်ပြာလေးဆီ..

ငါဟာ မင်းအတွက်..

အရာရာပြင်ဆင်နေပါတယ်လို့...

ငါဟာ မင်းအတွက် အရာရာပြုပြင်နေပါတယ်လို့...

ငါဟာမင်းအတွက် ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာမယ်လို့...

ဟေးး...ယောနသံ

မင်း..ဟစ်ကြွေးလိုက်..

ပြီးတော့..

မင်းအရှိန် ပြင်းပြင်းနဲ့

မင်းကောင်းကင်ပြာလေးဆီ

ခိုနားလိုက်....။

ယောနသံ..

ငါမင်းကို ဆုမွန်ကောင်းတွေအထပ်ထပ်ပို့နေပါတယ်...

မင်းချစ်သော ကောင်းကင်ပြာဆီမှာ

ဘယ်တော့မှ ပြန်မလည့်လာတဲ့အိပ်စက်ခြင်းမျိုးနဲ့..

မင်း..ခိုနားနိုင်ပါစေ။

မှတ်ချတ်။ ။ ဦးဘသန်း (ဓမ္မိက)ရဲ့ယောနသံ ဇင်ယော်စာအုပ်မှ ယောနသံဆိုတဲ့ဇင်ယောလေးအမည် ယူထားပါသည်။

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...