-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Tuesday, June 11, 2013

ချစ်သူ အချင်းချင်း..

ချစ်သူ အချင်းချင်း..
စိတ်ဆိုး စိတ်ကောက်တဲ့အခါ...
ကိုယ် လွဲမှားမူမရှိခဲ့သည့်တိုင်အောင်...
ပထမဆုံး စခေါ်မိတဲ့သူက ကိုယ့်အတ္တထက် ..
ချစ်သူ ကို ပျောက်ဆုံးဖို့ မခံနိုင်တဲ့သူ....။

ချစ်သူ အချင်းချင်း..
စကားများရန်ဖြစ်ကြတဲ့အခါ...
ကိုယ် မမှားခဲ့သည့်တိုင်အောင်...
ပထမဆုံး အလျော့ပေးမိတဲ့သူက ကိုယ့်မာနထက်...
ချစ်သူ ကို အဆုံးရူံးမခံနိုင်တဲ့သူ.....။

ချစ်သူ အချင်းချင်း...
အထင်လွဲမှားမူကြုံကြိုက်လာတဲ့အခါ...
ကိုယ် အပြစ်မလုပ်ခဲ့သည့်တိုင်အောင်...
ပထမဆုံး တောင်းပန်မိတဲ့သူက ကိုယ့် ဘ၀ထက်.
ချစ်သူကို ပို တန်ဖိုးထားတဲ့သူ...။

ချစ်သူ အချင်းအချင်း...
တင်းမာတဲ့အခြေနေရှိလာတဲ့အခါ...
အရူံးပေးလိုက်တဲ့သူက ... တကယ်တော့ အနိုင်ရသွားတဲ့လူ ..
ကိုယ်အရူံးပေးလိုက်တဲ့သူထက်... ပိုပြီးတော့ ချစ်နိုင်တဲ့လူ.....။
 
မင်းအလင်္ကာ

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...