မုန်းရက်လို့ မေ့ပြီလား
တနေ့တခြား ပြုံးဖို့ခက်လာတယ် ချစ်သူ
မေ့နိုင်ရိုးလာကွယ်
သံယောဇဉ်တွေ ခွေကာရစ်
ရင်ထဲကနှစ်နေအောင်ချစ်ခဲ့တဲ့
ဒီလို အချစ်မျိုး
ဘယ်ခါမှ မရိုးနိုင်ဘူးလေ
သူစိမ်းတယောက်လို မင်းစိမ်းပေမဲ့
ကိုယ့် ရင်ဘတ်အပူမီး
ငြိမ်းအောင် ကိုယ်တိုင်မသတ်နိုင်ခဲ့သူပါ
အကြင်နာ ပူပူအငွေ့တွေပါပဲ
ယုယခင်တွယ် ရင်ဝယ်မြတ်နိုး
သိမ်းပြီးရင်း သိမ်း
ကိုယ့်ကိုကိုယ်အပြစ်တင်မိသေး
ချစ်သူကို မေ့မှာစိုးလို့လေ
ကြွေမှာသိသိကြီးနဲ့ ပွင့်ရတဲ့ပန်းလိုပဲပေါ့
ဝေချိန်မှာ ကြည်နူး
ကြွေချိန်ရောက်လဲ ထူးခြားပြီးဝမ်းမနဲတော့ပါ
ကြာလာလေ ချစ်ရက်ခက်လာလေလေ
ဒီလိုနဲ့ပဲ
လွမ်းရက်တွေ ကြာရှည်ခဲ့ရပြီ ။
တနေ့တခြား ပြုံးဖို့ခက်လာတယ် ချစ်သူ
မေ့နိုင်ရိုးလာကွယ်
သံယောဇဉ်တွေ ခွေကာရစ်
ရင်ထဲကနှစ်နေအောင်ချစ်ခဲ့တဲ့
ဒီလို အချစ်မျိုး
ဘယ်ခါမှ မရိုးနိုင်ဘူးလေ
သူစိမ်းတယောက်လို မင်းစိမ်းပေမဲ့
ကိုယ့် ရင်ဘတ်အပူမီး
ငြိမ်းအောင် ကိုယ်တိုင်မသတ်နိုင်ခဲ့သူပါ
အကြင်နာ ပူပူအငွေ့တွေပါပဲ
ယုယခင်တွယ် ရင်ဝယ်မြတ်နိုး
သိမ်းပြီးရင်း သိမ်း
ကိုယ့်ကိုကိုယ်အပြစ်တင်မိသေး
ချစ်သူကို မေ့မှာစိုးလို့လေ
ကြွေမှာသိသိကြီးနဲ့ ပွင့်ရတဲ့ပန်းလိုပဲပေါ့
ဝေချိန်မှာ ကြည်နူး
ကြွေချိန်ရောက်လဲ ထူးခြားပြီးဝမ်းမနဲတော့ပါ
ကြာလာလေ ချစ်ရက်ခက်လာလေလေ
ဒီလိုနဲ့ပဲ
လွမ်းရက်တွေ ကြာရှည်ခဲ့ရပြီ ။
jasmine

No comments:
Post a Comment
သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...