-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"
Showing posts with label အမေကဗျာ. Show all posts
Showing posts with label အမေကဗျာ. Show all posts

Tuesday, October 1, 2013

အမေ့ရင်ခွင်ရဲ့ အဝေးမှာ(ရေး …သံစဉ်ဖြိုး)

တက်လိုက်ကျလိုက်စိတ်ဓာတ်တစ်ချို့ရယ်..
လွမ်းဖျားလွမ်းနာလို့နာမည်တပ်လို့ရတဲ့ခဏခဏနေမကောင်းဖြစ်တာတွေရယ်..

ဘာကြောင့်လည်းလို့မေးခဲ့ရင်တောင်အဖြေမရှိတဲ့
တစ်ချို့ညတွေမှာကျတတ်တဲ့မျက်ရည်တွေရယ် ..

တစ်ခုမကလိုချင်လို့ တစ်ခုခုပေးတော့မလိုလို ဂရုစိုက်မှုတွေရယ် ..

အမြဲတမ်းအဖော်ပြုပေးနေတတ်တဲ့
ခပ်ရင့်ရင့် သန်းခေါင်ကျော်ညတွေရယ် ..

အဲဒါတွေအားလုံးက သမီးဘေးနားမှာ သိုက်သိုက်ဝန်းဝန်း လေးနဲ့ဆိုတော့
အမေ့ရင်ခွင်ကို သမီး မတမ်းတပါဘူး
အဲလိုမျိုးလေးမေ့ချင်ဟန်ဆောင်ထားတာပေါ့ ..

၂၂ နှစ်အမေ့သမီးကို
၃၂ နှစ်လောက်ရှိတဲ့ ရင့်ကျက်မှုမျိုးတွေ လာတောင်းကြတိုင်း
အမေပြောလေ့ရှိတဲ့ ငါ့သမီးကအမေ့မျက်စိထဲမှာ အမြဲကလေးပဲဆိုတဲ့ စကားကိုတော့
တကယ်သတိရတယ် အမေရယ်..

Globalization ဆိုပေမယ့်
သမီးဝမ်းနည်းတိုင်း အမေ့ရင်ခွင်ကိုပြေးလာလို့မရမှတော့
အဲဒီ Globalization ကလည်းအသုံးမ၀င်ပါဘူးအမေရာ..

ဒီလိုနဲ့ အမေ့ရင်ခွင်ရဲ့ အဝေးကသမီး
ကြမ်းလိုက် လွမ်းလိုက် လမ်းခရီးမှာ
တစ်ခုခုဆို အမေ့အသံကိုပဲ ပြန်ကြားယောင်ပြီး
စိတ်ဓာတ်ကို အရောင်ပြန်တင်နေရတယ် အမေရယ်။
 

(သံစဉ်ဖြိုး)

Thursday, September 12, 2013

အမေ့ကို အဝေးတစ်နေရာကနေ လွမ်းနေတဲ့ သား

အမေ့ရင်ခွင် ရဲ့ တနေရာက သား

~~~~~~~~~~~~~~~~~~
နှလုံးသားက ခါးသီး
ရင်ထဲမှာ နာကျည်းနေခဲ့ရတဲ့
နေ့ ရက်တွေ
ကျွန်တော် မှာ မနည်းတော့ပါဘူးအမေ။
ကျွန်တော်ရဲ့ ဘဝ ဒိုင်ယာရီ
မှင်နီတွေ နဲ့ ပြည့်နှက်လို့ 
သူတင်မက
အရောင် မျိုးစုံပါ
ခြယ်သမိခဲ့ပါပြီ။

Sunday, August 25, 2013

အမေ့ဆီ

 အမေ...
အမေ့နှလုံးသားအတွက်
ကံကြမ္မာမုဆိုးက
မာန်ပါပါဒုတ်ချိုးပြီး ချွန်လိုက်တဲ့
ဝေဒနာ အဆိပ်လူး
ဆူးကလေးတစ်ချောင်းဟာကျွန်တော်ပါ
အမေ...။
အမေ့မျက်ရည်...
နွေနှစ်စက်
ကြွေသက်တဲ့နှစ်မှာ..
ဧရာဝတီရဲ့ခါးရိုး
သွင်သွင်ကျိုးတဲ့အရပ်ကို ကျောခိုင်း
ဘဝကိုထင်ရာစိုင်းခဲ့
အကြင်နာသမိုင်းရဲ့ ဖတ်စာမှာ

Sunday, August 18, 2013

အမေ

ခရီးတွေ လျှောက်ခဲ့ တာ
နာရီပေါင်း ဘယ်နဲ တော့မလဲ ကွယ်...
အမေ့ပါးပြင်မှာ..
အသားလေးတွေက
တစ်ချို့ နေရာ ပို
တစ်ချို့ နေရာ လို နဲ့ 
အရင်လို အမေ့ အသားအရည် တွေ မစိုတော့ဘူး ။

ဘဝဆိုတာ တိုက်ပွဲ လို့ 
အားလုံး နီးပါး အော်နေချိန်မှာ
အမေ့ ရဲ့ လက်တွေနဲ့ 
သေသေ သပ်သပ် အုပ်ကာမိုးပေးထားတော့
ပီပီ ပြင်ပြင်
မမြင်သာ ခဲ့ဘူးပေါ့ နော်..။

ကန်သင်း တစ်ခု ကို
ထု ကောင်းကောင်း နဲ့ ဖို့ ဆည်တော့..
စီးလာသမျှ ရေတွေ
စိမ့် ထွက် ဖို့ အား နဲ သွားခဲ့ တယ်..
ဒီတော့
ဘယ်မှာ ရေလို အုံးမှာ လဲ ..။

အမေ ပြင်ပေးတဲ့ ထမင်းပွဲ မှာ
စာဖွဲ့ လောက်တဲ့ ဟင်းတွေ ထက်
မေတ္တာ တွေ ရောကြိုတဲ့ 
ဟင်းချိုတစ်ခွက် နဲ့ တင် ထမင်း မြိန်စေခဲ့ တယ်..
အမေ ပြောနေကြ စကားလေး က
"အိမ်ထောင်ဖြို စားဖိုက" တဲ့ ..။

အမေ့ ခါးမှာ ဆင်တဲ့ ထဘီ (ထမိန်)
အရောင်က ခပ်မှိန်မှိန် ရယ်
ဒါပေမယ့်
အမေ ပြောတာက..
"ကိုယ်က လူငယ် သပ်သပ် ရပ်ရပ် ဝတ်စား ရမယ်" တဲ့..။

အမေ ပြောတတ်တာလေး တစ်ခု ရှိတယ်..
"အားလုံးထက် မသာ ရင်တောင်
အားလုံး နဲ့ တန်းတူ လိုက်စေချင်တယ်" တဲ့ ..
ဘယ်တော့ မှ အော် မပြောဘူး
ဘယ်လို မှ ငို မပြဘူး
ရိုးရိုးလေး ပဲ ပြောပြတတ်တာလေ..။

သံယောဇဉ် ကြီးလွန်းသူ
တစ်ခါတစ်ခါ တော့
ပျက်ဖို့ ဖြစ်လာတာ ကို ပြောပြ
ဒေါသ ကင်းဖို့ လမ်းညွန်
စခန်းတစ်ခု မှာ အတူဆုံ
ကြုံလာ တဲ့ ဒီခရီးလေး ကို
ဖြေးဖြေး လေး လျှောက် ချင်သူပေါ့....။