-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Sunday, August 18, 2013

အမေ

ခရီးတွေ လျှောက်ခဲ့ တာ
နာရီပေါင်း ဘယ်နဲ တော့မလဲ ကွယ်...
အမေ့ပါးပြင်မှာ..
အသားလေးတွေက
တစ်ချို့ နေရာ ပို
တစ်ချို့ နေရာ လို နဲ့ 
အရင်လို အမေ့ အသားအရည် တွေ မစိုတော့ဘူး ။

ဘဝဆိုတာ တိုက်ပွဲ လို့ 
အားလုံး နီးပါး အော်နေချိန်မှာ
အမေ့ ရဲ့ လက်တွေနဲ့ 
သေသေ သပ်သပ် အုပ်ကာမိုးပေးထားတော့
ပီပီ ပြင်ပြင်
မမြင်သာ ခဲ့ဘူးပေါ့ နော်..။

ကန်သင်း တစ်ခု ကို
ထု ကောင်းကောင်း နဲ့ ဖို့ ဆည်တော့..
စီးလာသမျှ ရေတွေ
စိမ့် ထွက် ဖို့ အား နဲ သွားခဲ့ တယ်..
ဒီတော့
ဘယ်မှာ ရေလို အုံးမှာ လဲ ..။

အမေ ပြင်ပေးတဲ့ ထမင်းပွဲ မှာ
စာဖွဲ့ လောက်တဲ့ ဟင်းတွေ ထက်
မေတ္တာ တွေ ရောကြိုတဲ့ 
ဟင်းချိုတစ်ခွက် နဲ့ တင် ထမင်း မြိန်စေခဲ့ တယ်..
အမေ ပြောနေကြ စကားလေး က
"အိမ်ထောင်ဖြို စားဖိုက" တဲ့ ..။

အမေ့ ခါးမှာ ဆင်တဲ့ ထဘီ (ထမိန်)
အရောင်က ခပ်မှိန်မှိန် ရယ်
ဒါပေမယ့်
အမေ ပြောတာက..
"ကိုယ်က လူငယ် သပ်သပ် ရပ်ရပ် ဝတ်စား ရမယ်" တဲ့..။

အမေ ပြောတတ်တာလေး တစ်ခု ရှိတယ်..
"အားလုံးထက် မသာ ရင်တောင်
အားလုံး နဲ့ တန်းတူ လိုက်စေချင်တယ်" တဲ့ ..
ဘယ်တော့ မှ အော် မပြောဘူး
ဘယ်လို မှ ငို မပြဘူး
ရိုးရိုးလေး ပဲ ပြောပြတတ်တာလေ..။

သံယောဇဉ် ကြီးလွန်းသူ
တစ်ခါတစ်ခါ တော့
ပျက်ဖို့ ဖြစ်လာတာ ကို ပြောပြ
ဒေါသ ကင်းဖို့ လမ်းညွန်
စခန်းတစ်ခု မှာ အတူဆုံ
ကြုံလာ တဲ့ ဒီခရီးလေး ကို
ဖြေးဖြေး လေး လျှောက် ချင်သူပေါ့....။ 

Tuesday, August 13, 2013

ကျူးပစ်ရဲ့ မြားချက်မှာ ငါတို့မျက်ဝန်းတွေ မိုးလင်းခဲ့တယ်

အလွမ်းတွေကို ရင်ငွေ့ပေးဖို့
အဲဒီနေ့က မင်းနဲ့ငါ
အကြည့်ချင်း ဆုံခဲ့ကြတယ်………
ကျူးပစ်ရဲ့ မြားချက်မှာ
ငါတို့မျက်ဝန်းစကားတွေ မိုးလင်းတုန်း
အချစ်တွေ အငွေ့မပျံစေရအောင်
မင်းနဲ့ငါ နှစ်ယောက်ထဲ နားလည်တဲ့
ဘာသာဗေဒနဲ့
အဲဒီနေ့က ဖွဖွလေးသက်သေတည်လို့
ဒီတဒင်္ဂမှာ
ငါငေးရတယ်
ဒီတဒင်္ဂမှာ
ငါဆွေးရတယ်
ဒီတဒင်္ဂမှာ
မင်းရဲ့ သက်ပြင်းရှရှအောက်
ငါ တိတ်တဆိတ်ကျရှုံးလို့
ငါ့ချစ်ခြင်းတွေ အလွမ်းသင့်မယ်ဆိုရင်တောင်
မင်းအတွက်ဆို
ငါ ဆက်ပြီး ငြိနေဦးမယ်။
 
ရိုးမြေကျ(မုံရွာ)

တော တောင်

တောင်စွယ် တောတန်း
ပန်းရိုင်းပေါသည့်
စမ်းချောင်း လျှိုမြောင်
သားကောင်များလဲ
အေးသည့်အရိပ်
ကြည်တဲ့စိတ်ကြောင့်
တရားအားထုတ်
မြတ်သောစိတ်နှင့်
သောကတွေပျောက်
လောဘဘယ်ရောက်
မာန်မလျှောက်တဲ့
ဒီလမ်းလေးဟာ
အေးချမ်းသာယာ
တချိန်ကပါ ။

တောင်စွယ် ဘယ်ဆီ
တောတန်းမရှိ
ပန်းရိုင်းနံ့ကင်း
စမ်းချောင်းရှင်းသည့်
တောင်ဂတုံးမှာ
ဝမ်းရေး အတွက်
လောဘဖက်ပြီး
ခုတ်လိုက်သည့်ပင် (သစ်ပင်)
တူးလိုက် တွင်းထွက်
အမြစ်မကျန်
သစ်ပင်ငယ်တောင်
မထွက်ရဲပဲ
ဘယ်ဆီရောက်လို့
ဘယ်မှာပေါက်လဲ
သိသူရှိက
ပြောပြခဲ့ပါ ။

လွင်ပြင်လှိုင်းငယ်

Saturday, August 10, 2013

အဌားရင်ဘတ်ထဲက ကဗျာ

လာပါ လာပါ ဆိုလို့
အချစ်တွေ တနင့်တပိုးထမ်းလို့
နင့်အနား မင်းရဲ့အပါး
ရင်ခုန်သံစီးလို့
အရောက်လှမ်းခဲ့တယ်

ပြန်ပါ ပြန်ပါ ဆိုတော့လဲ
အလွမ်းတွေ တပုံတပင်
မျှော်လင့်ချက် ဖိနပ်ခပ်ပါးပါးနဲ့
နောက်ကြောင်းပြန်နေတုန်း
မင်းပြောလိုက်တဲ့
နောက်ဆုံးစကားကတော့
အချစ်ကို ခုတုံးလုပ်လိုက်သလိုပဲ

ဘာတဲ့

အချစ်ဆိုတာ
လမ်းဘေးကရောင်းတဲ့
ဖရဲသီး တစ်စိတ်လောက်တောင်
မချိုမြိန်ဘူးတဲ့လား

ထားပါတော့
ချစ်တတ်တဲ့တနေ့
ဖရဲသီးတစိတ်က
မင်းအတိတ်ဘ၀က
ငါလို ကစားစရာ အရုပ်တွေအကြောင်း
ပြောပြလာပါလိမ့်မယ် ။

ရင်ဘတ်ငှားသည် (သတ်ပုံ အမှားများပါလျှင် ပြင်ဆင်ပေးကြပါ)

လွင်ပြင်လှိုင်းငယ်

Tuesday, August 6, 2013

တနင်္လာလေးရဲ့ ဝိဥာဉ်

လောကကြီးက ဗို့အားနည်းနည်းနဲ့
လင်းခွေနေရတယ်...
ငါဟာ မင်းရဲ့ နေဝင်ဆည်းဆာလေးပါ..
ငါလက်ပြနူတ်ဆတ်ချိန်ထိနေပါရစေ..
ပြီး..မင်းရဲရင့်စွာ လင်းထိန်ပါ..
ဒီညဟာမင်းနဲ့အလိုက်ဖတ်ဆုံး
ဖြစ်ပါလိမ့်မယ်။

ဘာကြောင့် လူတွေက တနလာင်္ကို မုန်းကြပါလိမ့်..
ငါကတော့ တနင်္လာသားမို့ တနင်္လာလေးကို ချစ်တယ်။
အဲ့ဒီနေ့မှာပဲ
ငါဟာမွေးဖွားသန့်စင်ခဲ့တယ်..
နွေနေဦးရဲ့ တနင်္လာမနတ်ခင်းလေးက
ငါ့ကို ပွေ့ဖတ်ကြိုဆိုလို့...
ကမ္ဘာမြေရဲ့ရနံ့ကိုတောင် သယ်ဆောင်ထိတွေ့စေတယ်..။
ဒါဟာ လတ်ဆတ်သန့်ရှင်းတဲ့
ချစ်ခြင်းတရားတွေလည်း ဖြစ်နိုင်ကောင်းရဲ့..။
ကျေးဇူးပါ...
ဘာကြောင့်များ မျတ်ရည်တွေနဲ့
ငါ မင်းကိုနူတ်ဆတ်မိပါလိမ့်...။

နောင်တတွေနဲ့
ပြက္ခဒိန်ရွှက်ကိုလွှင့်..
နယ်မြေသစ်ရှိလိမ့်နိုး..
အမှန်တရားများတွေ့လိမ့်နိုးနဲ့
ငါထွက်ခွာရဦးမယ်..။

စိတ်ထဲမှာတော့
အကြိမ်ကြိမ်အခါခါမြည်ဟီးလျတ်
မင်းကို ကတိတွေအထပ်ထပ်ပေးနေမိတယ်....
မင်းကြားပါ...
အမှားအယွင်းမရှိ....
ငါအပြီးအပိုင်ထွက်ခွာခွင့်ရတဲ့နေ့ရောက်တဲ့အထိပေါ့..
 တနင်္လာရေ......
မင်းရင်ခွင်ထဲမှာမှီခိုပြီး အပျော်ပြုံးနဲ့
ငါထွတ်သွားမှာပါ...။
ငါလာခဲ့တုန်းကလိုပဲ
မင်းအပြုံးလေးနဲ့
ငါ့ကိုနူတ်ဆတ်ပါ။

Friday, August 2, 2013

ချစ်သူသိစေ

ကြယ်စင်တွေ  ဖြန့်ကျဲ.........
အဆုံးအစမရှိတဲ့  ကောင်းကင်ရင်ဘတ်ထဲ.....
အပြာရောင်ဂြိုလ်တစ်ခု.........
တည်ဆောက်နေခဲ့တယ်........။
မင်းတစ်ယောက်  ခိုလှုံဖို့ပေါ့ကွယ်......။
အကြင်နာတွေ  စိုက်ပျိုး.......
ထာဝစဉ် မညှိုးလေမဲ့  အချစ်ပန်း......
ငါ့နှလုံးသား ဥယျာဉ်မှာ ပွင့်လန်းလို့နေပြီ...
မင်းတစ်ယောက်  ပန်ဆင်စေတော့ကွယ်....။
ရင်ခုန်သံတွေ  မြေမှာချနင်း.........
ငါ့နှလုံးသားကို  ကြည်ဖြူစွာ
လမ်းခင်းပေးလိုက်ချင်တယ်...........
(အပူအပင် ကင်းမဲ့စွာနဲ့) .........
မင်းတစ်ယောက် နင်းလျှောက်စေတော့ကွယ်...။
တခါတခါတော့လဲ.........
ကမ္ဘာကို တိုင်တည်ပြီး..............
စကြာဝဠာကြီးတစ်ခုလုံး မြည်ဟီးသွားတဲ့အထိ
မင်းသိအောင် အော်ပြောလိုက်ချင်တယ်......
ငါ့အသဲ ငါ့အသက်နဲ့ ထပ်တူ
မင်းကို ချစ်တယ်.........။

 မိုးနတ်ကြယ်စင်

အချစ်ဆိုတာ.....

တခါတခါ.....အချစ်ဆိုတာ....
ဘယ်လိုတွက်တွက် အဖြေမထွက်နိုင်တဲ့
ပုစ္ဆာတစ်ပုဒ်လို ခက်ခဲနက်နဲရှုပ်ထွေးတယ်....။
တခါတခါ......အချစ်ဆိုတာ......
နူးညံတဲ့ ကလေးငယ်တစ်ယောက်ရဲ့
ရယ်သံလေးလို ချိုမြလို့ အပြစ်ကင်းစင်နေခဲ့တယ်..။
တခါတခါ ....အချစ်ဆိုတာ.....
အပြောကောင်းသူတစ်ယောက်ရဲ့ ပုံပြင်တစ်ပုဒ်လို
တသသနဲ့  စွဲလန်းစေတတ်သေးတယ်.....။
တခါတခါ.....အချစ်ဆိုတာ......
မရည်ရွယ်ပဲ ရေးလိုက်မိတဲ့ ကဗျာတစ်ပုဒ်ပါပဲ....။
တခါတခါ.....အချစ်ဆိုတာ......
မိန်းမလှလေးတိုက်တဲ့ ၀ိုင်တစ်ခွက်လို
ဆွဲဆောင်မှုအပြည့်နဲ့ ယစ်မူးစေတတ်သေးတယ်..။
တခါတခါ......အချစ်ဆိုတာ........
စိတ္တဇညရဲ့ ကာရံမဲ့တဲ့
ကြယ်ကြွေသံလို................
တခါတခါ.....အချစ်ဆိုတာ........
ဒီလိုနဲ့ .....အခါပေါင်းများစွာမှာပဲ.........
ငါကိုယ်တိုင်လဲ အချစ်နဲ့ဝေးကွာနေခဲ့တယ်.....။
ဘယ်အခါကျမှ နီးရမယ်.  ငါမသိနိုင်ဘူး.......။
တကယ်ဆို ဇာတ်သိမ်းဟာ မင်းလက်ထဲမှာမို့.......
ငါကံကောင်းဖို့ တိုးတိုးလေး ဆုတောင်းနေရုံကလွဲလို့..........

 မိုးနတ်ကြယ်စင်