-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Wednesday, September 11, 2013

လမ်းမခွဲမချင်း

မင်းနဲ့ ငါရဲ့ အချစ်က
တစ်နေ့နေ့ပြီးဆုံးမယ် ကြိုသိသော
ဇာတ်လမ်းတစ်ခုသာဖြစ်ရဲ့။

ညှိမရသော နားလည်မှုများ၊
ရင်မဆိုင်ဝံ့သော မတူညီမှုများ၊
အတည်တကျ ချပြဖို့ မဖြစ်နိုင်သော အချစ်တစ်ခု၊
အပြန်အလှန် မယုံကြည်နိုင်ခြင်းများ၊
ပြင်ဆင်နိုင်ခြင်း မရှိပေမယ့်လည်း
ရေစီးကြောင်း သံယောဇဉ်လို
ငြိတွယ်ခြင်းက ဖြတ်ဖို့ ခက်နေရဲ့။

မဖြစ်မနေ လမ်းခွဲ မရောက်မချင်း
မသိမသာ ချစ်ခြင်းတွေ တိုးတိုးလာ။
ခဏခဏ ရန်ဖြစ်ရင်းနဲ့
ခဏခဏ အစမ်းပြတ်ကြ
ခဏခဏ ပြန်ပြန်ဆက်ကြ။
သိုသိုသိပ်သိပ် လွမ်းချင်းတွေညည်းရင်း
သိသိသာသာ မကြိုက်ခြင်းတွေကိုတောင် ဥပေက္ခာပြု။

ချစ်ခြင်းတစ်ခုက ဘဝမှာ အရေးမပါတဲ့အကြောင်း
ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြောရင်း
လမ်းခွဲတစ်ခုကို ကောင်းကောင်းဖြတ်သန်းနိုင်ဖို့ ကြိုးစားရင်း
ရေစီးထဲမှာ မျောမြဲ မျောနေဆဲ။

သိင်္ဂါကျော်

Tuesday, September 10, 2013

လူထဲကလူ

လူထဲကလူ သူဘယ်သူလဲ
ငြူစူစိတ်ထား
မော်ကြွား ၀င့်ထယ်
ပုတ်ခတ်ပြောဆို
အထင်သေးစကား
သနားခြင်းကင်း
လူတွင်ကျယ်လုပ်
ကိုယ်မှ အဟုတ်ထင်
ဇီဇာကြောင်ကြောင်
ဝန်တိုစိတ်ပွား
လက်ညှိုးထိုးကာ
မောက်မာယိုးစွတ်
ကဲ့ရဲ့တဖန်
နှိမ်ချ တစ်မျိုး
အမျိုးမျိုးနှင့် အသင်လူသား
လူထဲကလူ ဘယ်လိုလူလဲ . . . .
 
လူထဲကလူ သူဘယ်သူလဲ
ဖြူစင်စိတ်ထား
မော်ကြွားကင်းစင်
နှစ်သိမ့်ပြောဆို

ညင်သာစကား
သနားခြင်းဖြင့်
ကူညီဖေးမ
စေတနာထား၍
ကောင်းရာလမ်းညွန်
မုဒိတာပွား
အဆိုးအကောင်းသုံးသပ်
အထင်သေးခြင်း
အလျဉ်းမရှိ
ချီးကျူးတဖန်
အကြံပြုတစ်မျိုး
အမျိုးမျိုးနှင့် အသင်လူသား
လူထဲကလူ ဘယ်လိုလူလဲ . . .

နေ၀န်းနီနီ - YM မှ သိသိမျှ ။

Sunday, September 8, 2013

နေရာလေးတော့ ပြောခဲ့ပါ..

တနှစ်က မန္တလေးသင်္ကြန်ကို သွားလည်ဖြစ်တယ်။
သင်္ကြန်တွင်း လူအစည်ကားဆုံးဖြစ်တဲ့ကျုံးနဲ့ အနီးဆုံးဟော်တယ်တစ်ခုမှာ တည်းခိုဖို့သွားတော့ အခန်းတိုင်း လူပြည့်နေတယ်တဲ့။
တော်တော်စိတ်ညစ်သွားတယ်။
ကောင်တာစာရေးမက ဆက်ပြောလာတယ်..
.

လယ်သမားနဲ့ နာရီ ပုံပြင်

တစ်ခါက လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ ပျောက်သွားခဲ့တယ်..။ ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ တစ်လုံးလည်း ဖြစ်တယ်..။ အသစ်ပြန်ဝယ်လို့ ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ ဖြစ်နေမိတယ်..။

တမ်းတမိတယ်ချစ်သူရယ်...

~~~~~~~~~~~~~~~~~~~
မနက် အိပ်ယာက နိုးတာနဲ့ အရင်ဆုံး

သူကိုသတိရမိတယ်

တစ်နေ့လုံးလဲသူ့ အကြောင်းပဲတွေးနေမိတယ်

ညဘက်ေ၇ာက်တော့လဲ

အိပ်မက်ထဲကိုရောက်လာပြန်တယ်

တစ်ကယ့်လက်တွေ့မှာတော့

မဆုံဆည်းနိုင်ခဲ့ပါလား အဝေးကနေ

ချစ်သူပြန်လာမယ် ဆိုတဲ့အသိနဲ့

မဆုံဆည်းနိုင်တဲ့ ဘ၀မှာပဲ

သူ ကို ဆက်ပြီးချစ်နေမှာပါ
 
ငါ့အတွေးကမ္ဘာ မှာတော့နင်ဟာ ငါ့၇ဲ့ဘုရင်မပေါ့
 
Kyawthiha

Wednesday, September 4, 2013

ဆူးရိုင်း

~~~~
လေကြမ်းမှာလည်း တွယ်ကပ်ခဲ့ဖူး
မိုးကြမ်းမှာလည်း ထစ်ချုန်းခဲ့ဖူး
ဝင်္ကပါဓါးခုတ်ပွဲမှာလည်း ပါဝင်ခဲ့ဖူး
အစဉ်တဆက်ခရီးတွေထဲ တဖျပ်ဖျပ်လွင့်
အဆိပ်ရည်များနှင့် ပွင့်ဖူးသော မိန်းမငယ်
နေကွယ်ရထားကို ခိုးစီးခဲ့ဖူး
တောင်စွယ်ဓါးကို ရှောင်တိမ်းခဲ့ဖူး
နွေနဖူးကို သိုက်တူးခဲ့ဖူး
အစဉ်အလာ ခေါက်ရိုးတွေထဲ
အစီစဉ်မကျမှုများနှင့် ၀င့်ကြွားသော မိန်းမငယ်
သူ၏ဆံနွယ်များ ငါ့အား အတိတ်စိမ်းပေးခဲ့ဖူး
ကြမ်းမယောင်နှင့် နုခဲ့သောလက်ဖ၀ါးများ ငါ့အား ခါယမ်းခဲ့ဖူး
ချောင်းရိုးပေါ်က ဘုရားတွေကြား ငါ့ပင်နီလွယ်အိတ်လေးကို ၀ှက်ပေးခဲ့ဖူး
အစီအရင်မကောင်းတဲ့ သပ်ရိုက်လျှိုသွင်းမှုတွေထဲ
မျက်ရည်အဖြိုင်ဖြိုင်နဲ့ ငိုကြွေးနှုတ်ဆက်သော မိန်းမငယ်
ညိုမဲစွဲနေတဲ့ မျက်နှာ
အရှိုးရာအထပ်ထပ် ကျောပြင်
အမာရွတ်တွေနဲ့ ဘဝ
တပ်ဦးက လောကဓံ…ဆုလာဘ်က သေဒဏ်
ငါ့အတွက်ဒီမိန်းမငယ် ပူဆွေးမပေါ့
ပူဆွေးနေတဲ့ မိန်းမငယ် ငါ့အတွက် ပူဆွေးမပေါ့
ကျော့ကွင်းတွေကို ဆွဲဖျက်
သွေးရူးသွေးတမ်းပြေးလွှား နာကျင်မှုတွေနဲ့
အပြီးမသတ်ရသေးတဲ့ ငါယုံကြည်သော ငါ့သမိုင်း
ထို မိန်းမငယ်ထံမှာ ခါးသက်မွှေးမြနေလိမ့်။

Kyawthiha

Sunday, September 1, 2013

"အချစ်ကဗျာ"

 လေးငါးကြောင်းထုပ်ရေးရင်
အချစ်ဆိုတာ
 စာရွက်ပေါ်မှာဆားပေါ့တယ်။

လူတစ်ယောက်ကိုချစ်တယ်ဆိုတာ
ကိုယ့်ရှေ့မှာ
 နာကျဉ်နေတဲ့သူတွေကိုမြင်ရလို့
 ဝဲလှိုက်လာတဲ့
မျက်ရည်လဲဖြစ်နိုင်တယ်။
အော်မကြားခေါ်မကြား
အုံပုန်းဒုက္ခသည်တွေရဲ့
တုန်နေတဲ့လက်ကလေးတွေကို
ဖေးမတဲ့လက်ကလေးတစ်ဖက်လဲဖြစ်နိုင်တယ်။

အချစ်အချစ်ဆိုတာနဲ့
လူတွေမေတ္တာကန်းတဲ့
အခါဒီကမ္ဘာမှာ
မျက်စိကန်းတဲ့သူတွေ
မြင်အောင်ပြလို့ရတာ
မေတ္တာတစ်ခုပဲရှိတယ်။

 မျိုးဝင်း