-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Tuesday, July 30, 2013

အိပ်မက်လေး သို့........

မျက်လုံးချင်းနမ်းတတ်တဲ့
ဒို့နှစ်ယောက် အနမ်းမှာ
ကမ္ဘာမြေပြင်ဟာ
ခဏတာလောက် အိပ်စက်သွားပြီး
နှစ်ယောက်တည်း
တကမ္ဘာဖြစ်သွားသလိုပဲ
အိပ်မက်လေးရေ ။

နင့်ရဲ့ အသက်ရှူသံဟာ
ငါ့ရဲ့ အိပ်စက်ခြင်းဂီတမို့
ဂီတသံကြားမှ အိပ်စက်တတ်တဲ့
နှလုံးသားဟာ
နင်နဲ့ ဝေးဝေးနေလို့ ဘယ်ရပါ့မလဲ
အသက်ရှူသံနဲ့ အသက်ဆက်ပေးတဲ့
အိပ်မက်လေးရေ ။

အနမ်းတွေအစား
အလွမ်းတွေထား
မေ့သွားမှာလား
တနေ့တော့လို့
မျည်ရည်လယ်လယ်
နင့်အမေးစကားမှာ
နှလုံးသားမှာ
မခံစားသာလို့
ဝေးရမယ့်အကြောင်း
ကမ္ဘာပျက်ပြီး နောက်ရက်တောင်
မတွေးပါနဲ့လား
အိပ်မက်လေးရေ ။

လွင်ပြင်လှိုင်းငယ်

Saturday, July 27, 2013

အချစ်နွံ ထဲက ကိုယ်တိုင်ရုန်းထွက်ခဲ့သူ


နင်.............ကြောင့်ပေါ့
ငါ အမုန်းဆုံး ဆေးရုံ တက်ခဲ့ရတယ်
နင့်............ကြောင့်ပဲ
မျက်ရည်တွေ ကျခဲ့ရတာ
နင် အတွက်ပေါ့............
ဆုတောင်းခြင်း တွေ နဲ့ 
အိပ်ယာဝင် တိုင်
တောင်းဆုပြုခဲ့တာ
နင် ....ကျမ်းမာပါစေလို့ 


ငါ...ဆက်သမျှ ဖုန်း တွေ
ပြန်ပြီး ကြားလိုက် ရ တာ..............
လူကြီးမင်း ခေါ်ဆိုသောဖုန်း မှာ
စက်ပိတ်ထားပါသဖြင့်..........အမြဲတမ်းပေါ့
မကြားချင်းတဲ့ .......သတင်း တစ်ခု နဲ့ 
မိဘ တွေ တဘောမကျ လို့ တဲ့ 
နင် ရှောင်ထွက်ခဲ့တယ်..........

ငါ....ဆိုးတာ ၀န်ခံ ခဲ့တယ်
ငါ.....မှားတာ တောင်းပန် ဖူးတယ်
ငါ.....ရူးရူးမူးမူး ချစ်ခဲ့တာ
နင် ဥပက္ခာ ပြုပြစ်ခဲ့တယ်
ဒီအတွက်ကြောင့်............
ငါ............ကျောခိုင်းခဲ့တယ်
ဒီ အတွက် ကြောင့် ...........
ငါ မမှားလောက်တော့ဘူး။။။။။။။။။။။။။။။။။။။
 
ညအက္ခရာ

Sunday, July 21, 2013

“ချစ်သူထံ……..သို့“

အလွမ်းနက္ခတ်နဲ့ မွေးဖွားလာသူပါ……..
အခုခဏပဲ ၀ဲဘက်ရင်က နှလုံးသားတစ်စုံ
အတိုင်းမသိနာကျင် ခံစား
သူ့ကြင်နာမှုကို တမ်းတ
လွမ်းရတာက ပိုပီပြင်လာတယ်
မိန်းခလေးရယ်……………….။

မမေ့နိုင်ခြင်း ကိုယ်စီရှိမလား
မသေချာတော့တဲ့ အချစ်မှာ
ဒီကဗျာလေးက သ၀ဏ်လွှာ
ဝေဒနာတွေထုပ်ပိုး ထားတဲ့စေတမန်
အပြန်လမ်းမရှိလည်း မျှော်လင့်ချက်နည်းနည်းကိုအားတင်းပြီး
အပြစ်များရှိခဲ့ပါက
ယောက်ျားလေးရဲ့မာနကို ခ၀ါချလို့
တောင်းပန်လိုက်ပါရစေတော့…….။

ဝေါဟာရမကျွမ်းကျင်ပဲ
အချစ်ကိုအနက်ဖွင့်မိခဲ့
ချစ်သူနဲ့စကား စီးချင်းမှာ
ငါက..ခပ်ပြင်းပြင်းလေးရင်ခုန်မိတာ
မာယာမရှိကြောင်းနဲ့
လျို့ဝှက်ခြင်း ဗလာကျင်းတဲ့အချစ်စစ်
မရင့်ကျက်သေးတဲ့နှလုံးသားမို့
ခပ်ဖြေးဖြေး လေးမုန်းပေးဖို့
အရှုံးကို ကိုယ့်ဘက်မှာထားပြီး
သက်ညှာမှုလေးအယူခံဝင်ခဲ့ပြီ
ချစ်သူကျေနပ်ပါစေသော်………..။

ဝေဟင်

Saturday, July 20, 2013

"အချစ်သေတဲ့နေ့''

ကောင်မလေးရယ်ကလွမ်းလွမ်း
ိမိတ်ဆွေတွေကလွမ်းလွမ်း
အချစ်ဆိုတာကိုတော့သဂြိုဟ်မိလိုက်တယ်။
ငါ့မှာလွတ်လပ်ပေါ့ပါးသွားသလို
ငါ့မှာငိုဖို့အရသာလည်းမရှိတော့ဘူး။

မင်းတို့က
ငါသေရင်လည်းငိုမယ့်ရုပ်မပေါက်ပါဘူး။
စာရွက်လေးပေါ်
သစ္စာရေတင်လိုက်တာ
ကဗျာရယ်လို့မထင်ပါနဲ့
ဒီကောင်ကကျိုးတို့ကျဲတဲရယ်။

နေမြင့်လေငါဟာ
အကောင်းပကတိဘဝကလွတ်လေ
အချစ်ဆိုတာဆင်းရဲတွင်း
ခင်ဗျားတို့က
ရေကလေးမှခပ်မတိုက်ကြဘူး။

ဒီတစ်ခါငါဘာမှလုပ်လို့မရတော့ဘူးထင်တယ်
အမှားတွေထည်လဲ
တစ်ပင်လဲတစ်ပင်ထူခဲ့
နောင်တဆိုတာ
ငါဝတ်ရင်ကျပ်တယ်။

ငါတကယ်အံကြိတ်ပြီးစိတ်ညစ်တယ်
အထီးကျန်တယ်
မားမားရပ်ပြီးအထီးတည်းကျန်တာ။

ငါ့ကိုယ်ထဲကအချစ်ဆိုတာကိုဆွဲထုပ်လိုက်တဲ့အခါ
ကယ်ပါဆယ်ပါတစာစာအော်လိုက်မိသလား
သူကတော့
သနပ်ခါးလေးသွေးတုန်း....

တကယ်လို့အခုချိန်မှာ
ကဗျာတစ်ပုဒ်ကိုအချစ်မပါပဲပေါင်းသင်းရမယ်ဆိုရင်....

မျိုးဝင်း

Friday, July 19, 2013

ဖန်တီးသူ

ရောင်ခြည်တစ်ခုကို တမ်းတ
လမ်းစတစ်ခုကို ရှာဖွေ
တွေဝေမှုတွေ ရှင်းပစ်
အလင်းသစ်နဲ့ ရှေ့ဆက်လျှောက်....။

တက်ခေါက်သံ တစ်ခု ငါကြားတယ်
ထည်ဝါမှု ဘဝကို ဖန်ဆင်း
"ငါ၏ အသက် ပြိုလဲ သော်မှ
ငါ့မာန တွေ မြေသို့ ချမည်.."
စာဆိုတစ်ဦး ၏ မာန်တင်းသံ
ခံပြင်းသံ ပါလိုက်ပါဘိကွယ်..
"ငါ့ဓား အသွား အမြဲ သွေး
အလှမ်းဝေးရင် ရှေ့တိုးခုတ်
နောက်မဆုတ်တမ်းပေါ့.."

ငါ ဟာ ဖန်ဆင်း ရှင် မဟုတ်..
ဒါပေမယ့်..
ငါ့ဘဝ တစ်ခုကိုတော့ လှပအောင် ဖန်တီး နိုင်ရမှာပေါ့..။

ရောက်ခြည်သစ်ရဲ့ အားမာန်နဲ့ 
ခြေလှမ်း တစ်ခု ကို မွေးဖွား
အမှား တွေ နည်းဖို့ ကြိုးစားရင်း
အလင်းသစ်ဘဝကို တည်ဆောက်
ဘယ်တော့ ရောက်မလဲ
လွဲမှားမှု တွေ နဲ့ မိတ်ဆွေ မဖွဲ့ မိစေနဲ့ ပေါ့.။

ငါ ငို လို့ မရပါဘူးလား..
ဘာကြောင့်ဆိုတာ ပြန်တွေးဖို့ လိုပြီ..
ငါ့ မာန ဆိုတဲ့ သစ်ပင်လေး
မျော်လင့်ခြင်း ဆိုတဲ့ ရောင်ခြည်အောက်မှာ
အလင်းသစ်နဲ့ ပျော်ရွှင်
အမြဲ တမ်း အသက်ဝင်နေသရွေ့ ပေါ့...
ငါ့ မျက်လုံး တွေ ဘယ်တော့မှ မရှုံးစေရဘူး..
အဲဒါ..
ငါ ဖန်တီးသူ ပေါ့..။

ရင်လှိုင်းခတ်သံ

Thursday, July 18, 2013

" အိမ်အပြန်"


" အိမ်အပြန်"
မျက်ရည်ဆိုတာ...
အမေကိုလွမ်းလို့ကျတဲ့အခါ
ပူတတ်လွန်းတယ်။
အမေဆိုတဲ့ငိုတေးလေးကို
ကြားမိလို့ရပါရဲ့။
အပြန်လမ်းဆိုတာ
အားလုံးကိုဒူးထောက်
ဒါတောင်အသက်ကစိုးရိမ်ရသေးတယ်။
လမ်းတောင်မခွဲရသေးဘူး
လူတွေအားလုံးက
ကျွန်တော့ကိုမုန်းကုန်ကြပြီ။
လူတွေကကျွန်တော့ကို
ဓါးသွေးကျောက်လို့ထင်ပြီး
သွေးသွေးသွားကြတယ်။
ကျွန်တော်ကတုံးမြဲပါ။
ကျွန်တော့ကိုဆူပါ။
ကျွန်တော့ကိုဆူပါအမေ...။
ကျွန်တော့ရဲ့သူငယ်တန်းလွယ်အိပ်လေး
အမေထုပ်ထုပ်လွယ်ပြီး
လွမ်းသလိုမျိုး.....
ဘယ်သူကများကျွန်တော့ကို
ပိုချစ်နိုင်မှာတဲ့လဲ။
အမေတစ်ယောက်ရဲ့
ရဲရင့်လိုက်ပုံများ
"အဲဒီမုန်တိုင်းကို
သားသိမ်းပိုက်လိုက်လို့ရပြီ။
ဘာလို့များရပ်နေတာလဲ"တဲ့။
မျက်ရည်ကငိုချတယ်
ရှိုက်သံက
"အမေ"ဆိုတဲ့ဆို့နင့်သံနောက်မှာ....
ချုံးပွဲချငိုပွဲ
လွယ်အိပ်လေးကိုင်ပြီး
မှတ်တိုင်လေးဘေးမှာ......
 
မျိုးဝင်း

နှင်းရိပ်ထင်နေတဲ့ကောင်မလေး

နှင်းရိပ်ထင်နေတဲ့ကောင်မလေး
ကြယ်ပွင့်လေးဆိုလည်း
မိန်းမဆန်ဆန်ပဲသိမ်းပိုက်ချင်ပါတယ်
နှင်းရယ် လို့လာမခေါ်ပါနဲ့
နှင်းနှင်းအေးအေးလေးမှာ
ရေးရေးလေးပေါ့
မိန်းကလေးတန်မယ့်သစ္စာကိုမက်ခဲ့ရဖူးတယ်
ဒီလိုဆိုတော့လည်း
ခပ်ဝေးဝေးကိုမငေးတော့ပါဘူး
လက်ထဲမှာကြယ်ရိပ်ထင်နေတဲ့
ဝိုင်ခွက်လေးရှိတယ်။
ကျမကပဲမှားခဲ့သလား
တောက်ပြင်းပြင်းခေါက်တတ်တဲ့
ယောက်ျားကောင်းကြီးရယ်
သံသရနဲ့စကားသံလေးဝဲသွားခဲ့ရင်
ဒါနဲ့များရှင်ကမချစ်တော့ဘူးတဲ့။
လူတစ်ယောက်ကိုလွမ်းရတာ
ပန်းတစ်ပင်စိုက်ရသလိုပဲ
ကြွေလိုက်ပွင့်လိုက်နဲ့စိမ်းရလွန်းတယ်။
ရွက်ကြမ်းရေကျိုပန်းလေးတစ်ပွင့်ကို
မြင်ချင်ရင်တော့
လရောင်ကိုလိုမှာပေါ့
လရောင်ကိုမြော်ဖူးဖို့အတွက်
ပန်းကလေးကလာပွင့်မနေပါနဲ့
နောက်ထပ်တစ်ခါရိုးသားပါရစေ
ကြယ်လေးတွေမုန်းလည်းနေပါစေတော့
တိမ်ညိုညိုတွေကညိုးခဲ့ရင်တောင်
ဒီတစ်ခါတော့
ကျမကိုကျမလင်းပစ်ရပါလိမ့်မယ်
 
မျိုးဝင်း