-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Saturday, August 31, 2013

ညီလေးသို့ စာတစောင်

ဟေး..ဒီမှာညီလေး..
မင်းဟာ အပေတေကောင်လေး....
ဟိုးကောင်းကင်ပြာကို
ထက်ခြမ်းခွဲလိုက်မယ့် တောင်ပံစုံရှိတယ်..။
မင်းဟာ
အဥာတရဆန်ဆန်သူရဲကောင်းကွ..
မင်းဟာ မင်းစိတ်ကိုလည်းနိုင်တယ်..
မင်းဟာ  မင်းသိက္ခာကိုလည်းထိန်းတယ်..
မင်းဟာ မင်းအကြောင်းကိုလည်း သိတယ်..
မင်းဟာ မင်းသမိုင်းကိုလည်းးရေးတယ်...။
 
ဟေး..ဒီမှာညီလေး
မင်းဟာ ဖြောင့်တန်းတဲ့မြှားတံလေး..
ငါ့လေးညှိ့ကအလွှတ်...
ရည်ရွှယ်ရာကို စွဲမြဲစူးစိုက်မယ့် မြှားဦးလေး မင်းမှာရှိတယ်..။
မင်းဟာ...
လူဆင်းရဲသားလေးကွ...
မင်းဟာ မင်းကိုယ်ကျင့်တရားကိုလည်း ထိန်းနိုင်ရမယ်..
မင်းဟာ မင်းသီလတရားကိုလည်း စောင့်နိုင်ရမယ်..
မင်းဟာ မင်းချစ်ခြင်းတရားကိုလည်း မြတ်နိုးရမယ်..
မင်းဟာ မင်းကတိကိုလည်းတည်ရမယ်..။
 
ဟေး...ဒီမှာညီလေး..
မင်းဟာ  ဇောင်းလွှတ်လာတဲ့ မြင်းရိုင်းကောင်..
သွားလိုရာခရီးကို
ခြေအစုံပေါတ် လို့ အလှမ်းညီညီလှမ်းနိုင်တဲ့ ခွာအစုံရှိတယ်..။
မင်းဟာ
အထိနာတဲ့ ကောင်ကွ...။
မင်းဟာ မင်းခရီးကိုလည်း သိတယ်...
မင်းဟာ မင်းအရှိကိုလည်း သိတယ်..
မင်းဟာ မင်းအသိကိုလည်းသိတယ်..
မင်းဟာ မင်းလာရာ လားရာကိုလည်းသိတယ်...။
ဟေး..ဒီမှာညီလေး.
မင်းဟာ နှလုံးလှ လုမိုက်လေး..
အနာခံလိုမူ့တွေကို
စွဲစွဲမတ်မတ်ရှိတဲ့ နှလုံးသားရှိတယ်..။
မင်းဟာ...
တမိပေါတ်တယောက်ထွန်းမယ့်ကောင်လေးကွ။
မင်းဟာ မင်းမိဘကိုလည်းချစ်တယ်...
မင်းဟာ မင်းအစ်ကို ကိုလည်းချစ်တယ်..
မင်းဟာ မင်းအစ်မကိုလည်းချစ်တယ်..
မင်းဟာ  မင်းနှမလေးကိုလည်းချစ်တယ်..
မင်းဟာ မင်းဘဝကိုလည်း ချစ်တယ်...။
ကြိုဆိုလိုက်ဟေ...
လက်ခုတ်လက်ဝါးနာနာတီးပြီး ကြိုလိုက်...
ဒုက္ခတွေက မင်းရဲ့ ဆရာသမားကောင်းအဖြစ်..
အရူံးတွေကမင်းရဲ့ လမ်းပြကြယ်ဖြစ်...
လှောင်ရီသံတွေက မင်းရဲ့ဓမ္မတေးသွားတွေအဖြစ်..
မျှော်လင့်ခြင်းတွေက မင်းရဲ့အသွေးအသားတွေ အဖြစ်..
ရှင်သန်ခြင်းတွေကမင်းရဲ့ ပြည့်ဝတဲ့အဓိပ္ပာယ်တွေအဖြစ်..
မှတ်ထားကွာ..မှတ်ထား
အထိနာမှ အသိကလည်းနာနာစွဲတာကွ။
ခွင့်လွှတ်တတ်လို့ သည်းခံကွာ...
အံကိုကြိတ်လို့ ပြုံး
မင်းမှာ အမုန်းမရှိဘူးဆိုတာသိစေ...
မင်းမှာ အငြိုးမရှိဘူးဆိုတာ သိစေ...
မင်းမှာ အာဃာတမရှိဘူးဆိုတာ သိစေ..
မင်းဟာ ပန်းလိုလည်းမွှေးရမယ်..
ဓားလိုလည်း ထက်ရမယ်..။
သွားကွာ..သွား..
ငါတို့ဟာ ခရီးမဆုံးသ၍သွားရမယ့်
သံသရာခရီးသည်တွေကွ..
မျိုးစေ့မမှန်ခဲ့လို အသီးမသန်တဲ့ စားပင်လေးတွေပါကွာ..
မခိုးနဲ့၊မဝှတ်နဲ့၊မလိမ်နဲ့၊မညာနဲ့၊မဖားနဲ့၊မခိုနဲ့၊မကပ်နဲ့..
မျတ်နှာလိုမျတ်နှာရ အပြုံးတုတွေဖယ်..
စိတ်လိုလက်ရပြုံး...
မတော်လို့ကွာ....
လမ်းမှာ တွေ့တဲ့(သန်စွမ်းပျိုရွှယ်သူမဟုတ်သော)သူဖုန်းစားခွက်ထဲ..
မင်းအိတ်ကပ်ထဲက ငွေစလေးတွေ
ပျော်ရွှင်စွာ ခုန်ဆင်းတတ်ပါစေ..
မတော်လို့ကွာ...
ဘတ်စ်ကားပေါ်က မင်းထိုင်နေတဲ့ခုံကို..
(လုလင်သားများ မဟုတ်သော )မျတ်စပစ်သူရှိခဲ့ရင်..
မင်းကျေနပ်စွာ နေရာပေးတတ်ပါစေ..(ခရီးတထောက်စာအတွက် နေရာမလုနဲ့)
ငါတို့ဟာ ခရီးမဆုံးသ၍သွားရမယ့်
သံသရာခရီးသည်တွေကွ..
မင်းမျိုးစေ့ကိုမင်း ကြဲချ..
မင်းအလှကိုမင်း ချယ်သ...
မင်းခရီးကို မင်းပဲ လှမ်းရမယ်ကွ..။


ငါ့ညီရေ...
သွေးတိုးစမ်းလိုက်တဲ့သဘောလေးပါပဲကွာ..
စိန်ခေါ်မူ့တွေက
မင်းကို ခပ်ပါးပါးလေးလှုပ်နိုးလိုက်ပြီ...
မင်းရဲ့ နူတ်ခမ်းစွန်းလေးမှာ
မာနလေးနည်းနည်းပါကွာ..နည်းနည်းလေးပါ
မဆိုသာလောက်လေး ချိတ်..
အံကိုကြိတ်ပြီး ပြုံးလိုက်စမ်းပါကွာ...

တနေ့ပေါ့ကွာ..
တနေ့နေ့ပေါ့....
ပီတိဆိုတဲ့ အပြုံးနဲ့
မင်းရဲ့ပုခုံးကိုဖတ်ပြီး...
ဒါ.....
ငါ့ညီကွ....
ကြွေးကြော်ပါရစေကွာ....။


 



No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...