-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"
Showing posts with label အတ်ဆေး. Show all posts
Showing posts with label အတ်ဆေး. Show all posts

Wednesday, September 18, 2013

သူမနှင့်ကြာသပတေးကြယ်လေးများ.....

ဂူဂယ်လ်မှယူသည်

တိုက်တိုက်ဆိုင်ဆိုင် သူမနဲ့ဆက်နွယ်ပတ်သက်နေတဲ့ ယောကျာ်းသုံးယောက်ဟာ
ကြသပတေးသားတွေ ချည်းတဲ့......

ပထမကြယ်.....

Wednesday, June 26, 2013

မျှော်လင့်ခြင်းတွေနဲ့ပဲ

တချို့လူတွေက အရမ်းကံကောင်းကြတယ်
နာကျင်မူ တွေ ခံစားပြီးတဲ့အခါမှာ
ကိုယ်ချစ်တဲ့ သူက နားလည်တက်ရင်
သူတို့လိုချင်တဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရကြတယ်..။


တချို့လူတွေကျ အရမ်းကံဆိုးကြတယ်......။
ကိုယ်ဘက်က အချစ်တွေ အများကြီး ပေးဆပ်ခဲ့သည့်တိုင်
ကိုယ် ချစ်တဲ့ သူက နားမလည်ချင်ယောင်ဆောင်သွားခဲ့ရင်
သူတို့ အတွက် နာကျင်မူဆိုတာကို တစ်သက်လုံး ပိုင်ဆိုင်ခွင့် ရတော့တယ်။


တချို့လူတွေကျ ကိုယ်တိုင် ကံဆိုးမှန်း ကံကောင်းမှန်းမသိကြဘူး
လက်လွတ်ဆုံးရူံမူနဲ့ နာကျင်ရတော့မှာလိုလို

ကိုယ်လိုချင်တဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရတော့မှာလိုလိုနဲ့
သူတို့ရဲ့ ဘ၀မှာ မျှော်လင့်ခြင်းတွေနဲ့ပဲ ပြည့်နက်နေတက်တယ်...........။


မင်းအလင်္ကာ

Aye Chan Mon Facebook မှ သိသမျှ ။

Monday, June 24, 2013

စေရာ

လွှမ်းခြုံမဲ့ ဝတ်လစ်စလစ်..ကိုယ်ကျင့်တရားတွေ
လမ်းမပေါ်လမ်းသလား...
ပုတ်သိုးညှီနေတဲ့..မျက်နှာတွေ
အဆီတထစ်ထစ်....
သူတို့အရစ်ကျခွဲဝေနေတာ သံသရာ...
အမှန်က...
သူတို့ကျင်လည်တဲ့စက်ဝိုင်းက
ဒေသနာကိုမေ့....ကျွန်တော့်တို့ကို
ပျော်ပျော်ကြီး သူတို့လာတွေ့ကြတယ်...။

နူတ်ဆတ်ခြင်းတွေမှာ
မသတီစရာတွေ
တွေ့တွေ့နေရတယ်...။

အိုအရှင်..
ငါသည်..ကောင်းကင်တမန်ဖြစ်ပါစေ..
.။

မိုးစက်သွန်းဖြိုး...
ဟောဒီကမ္ဘာကြီး နိုးထဖို့ ..
သူ၏ မျက်နှာပြင်ကို
ရေစင်ပေါက်လို့ သန့်ရှင်းပါစေမည်...။
အိပ်မှုန်စုတ်ဖွား နိုးထလာတဲ့
အို...ကမ္ဘာ
သင်၏မြေပေါ်၌ လွှမ်းခြုံမဲ့ ဝတ်လစ်စလစ်တွေ
ဆွဲယူသန့်စင်မြေမြှပ်ပါ...
ထို့အတူ..
သင်၏ မနတ်ခင်းအတွက်...
ကဗျာပန်းတွေ အလှထိုးပါ....။

သမိုင်းထဲမှာ ခေါင်းမဖော်ဝံ့တဲ့
သစ္စာကောင်ပါ....။

မာနကိုမျက်နှာဖုံးတပ်
ဟန်လုပ်နေတတ်တဲ့ကျူပ် ..
ကျူပ်သမိုင်းလှကြောင်း
သင်သိပါစေ အို..ကမ္ဘာမြေ..


မောင်သစ္စာ

Wednesday, May 15, 2013

အိမ်မက်လေး ပုံဖော်ချင်တယ် ချစ်သူ

ပန်းချီစာရွက် လေး တခုမှာ ကိုယ်တို့ ၂ယောက်ရဲ့ 
 အိမ်မက်လေး ပုံဖော်ချင်တယ် ချစ်သူ
ချစ်သူ က ပန်းချီ ဆေး စပ်
ကိုယ်က ပန်းချီ စုတ်တံ ကိုင်ပြီး အနာဂတ်ကို လှလှလေး ဆွဲမယ်
တကယ်လို့ ကိုယ်ဆွဲတဲ့ ပန်းချီမလှပရင် တို့ တွေ အပြစ်မပြောကြေး
တကယ်လို့  ချစ်သူ စပ်တဲ့ ဆေးအရောင်မှားတယ်ဆိုရင် အပြစ်မပြောကြေး
 
ဘာလို့ လည်း ဆိုတော့
မတူညီတဲ့ လူ ၂ယောက် ပေါင်းထားတဲ့ ဘဝ မို့ လို့ 
တယောက်နဲ့ တယောက် စိတ်သဘောထားချင်းမတူညီတာရှိမယ်
တယောက်နဲ့ တယောက် အမြင်ချင်း ကွာခြားတာရှိမယ်
တယောက်နဲ့ တယောက် အကြိုက် ချင်း ကွဲလွဲနေလိမ့်မယ်
တယောက်နဲ့ တယောက် ခံယူချက်ချင်း အံခွင်ဝင်ကျဖြစ်ချင်မှဖြစ်လိမ့်မယ်
 
အချစ်ဆိုတာ အရာရာ ဖြေရှင်း နိုင်တာ မဟုတ်ပင်မယ့်
အချစ်ကြောင့်ဘဲ အရာရာ အဆင်ပြေသွားနိုင်ပါတယ် ချစ်သူရယ်~~~

 

( ဇင် နှင်း )

Friday, May 10, 2013

စေရာ


လွှမ်းခြုံမဲ့ ဝတ်လစ်စလစ်..ကိုယ်ကျင့်တရားတွေ
လမ်းမပေါ်လမ်းသလား...
ပုတ်သိုးညှီနေတဲ့..မျက်နှာတွေ
အဆီတထစ်ထစ်....
သူတို့အရစ်ကျခွဲဝေနေတာ သံသရာ...
အမှန်က...
သူတို့ကျင်လည်တဲ့စက်ဝိုင်းက
ဒေသနာကိုမေ့....ကျွန်တော့်တို့ကို
ပျော်ပျော်ကြီး သူတို့လာတွေ့ကြတယ်...။

နူတ်ဆတ်ခြင်းတွေမှာ
မသတီစရာတွေ
တွေ့တွေ့နေရတယ်...။

အိုအရှင်..
ငါသည်..ကောင်းကင်တမန်ဖြစ်ပါစေ..
.။

မိုးစက်သွန်းဖြိုး...
ဟောဒီကမ္ဘာကြီး နိုးထဖို့ ..
သူ၏ မျက်နှာပြင်ကို
ရေစင်ပေါက်လို့ သန့်ရှင်းပါစေမည်...။
အိပ်မှုန်စုတ်ဖွား နိုးထလာတဲ့
အို...ကမ္ဘာ
သင်၏မြေပေါ်၌ လွှမ်းခြုံမဲ့ ဝတ်လစ်စလစ်တွေ
ဆွဲယူသန့်စင်မြေမြှပ်ပါ...
ထို့အတူ..
သင်၏ မနတ်ခင်းအတွက်...
ကဗျာပန်းတွေ အလှထိုးပါ....။

သမိုင်းထဲမှာ ခေါင်းမဖော်ဝံ့တဲ့
သစ္စာကောင်ပါ....။

မာနကိုမျက်နှာဖုံးတပ်
ဟန်လုပ်နေတတ်တဲ့ကျူပ် ..
ကျူပ်သမိုင်းလှကြောင်း
သင်သိပါစေ အို..ကမ္ဘာမြေ..

 မောင်သစ္စာ