
ပန်းချီစာရွက် လေး တခုမှာ ကိုယ်တို့ ၂ယောက်ရဲ့ 
အိမ်မက်လေး ပုံဖော်ချင်တယ် ချစ်သူ
ချစ်သူ က ပန်းချီ ဆေး စပ်
ကိုယ်က ပန်းချီ စုတ်တံ ကိုင်ပြီး အနာဂတ်ကို လှလှလေး ဆွဲမယ်
ကိုယ်က ပန်းချီ စုတ်တံ ကိုင်ပြီး အနာဂတ်ကို လှလှလေး ဆွဲမယ်
တကယ်လို့ ကိုယ်ဆွဲတဲ့ ပန်းချီမလှပရင် တို့ တွေ အပြစ်မပြောကြေး
တကယ်လို့  ချစ်သူ စပ်တဲ့ ဆေးအရောင်မှားတယ်ဆိုရင် အပြစ်မပြောကြေး
ဘာလို့ လည်း ဆိုတော့
မတူညီတဲ့ လူ ၂ယောက် ပေါင်းထားတဲ့ ဘဝ မို့ လို့ 
တယောက်နဲ့ တယောက် စိတ်သဘောထားချင်းမတူညီတာရှိမယ်
တယောက်နဲ့ တယောက် အမြင်ချင်း ကွာခြားတာရှိမယ်
တယောက်နဲ့ တယောက် အကြိုက် ချင်း ကွဲလွဲနေလိမ့်မယ်
တယောက်နဲ့ တယောက် ခံယူချက်ချင်း အံခွင်ဝင်ကျဖြစ်ချင်မှဖြစ်လိမ့်မယ်
တယောက်နဲ့ တယောက် အမြင်ချင်း ကွာခြားတာရှိမယ်
တယောက်နဲ့ တယောက် အကြိုက် ချင်း ကွဲလွဲနေလိမ့်မယ်
တယောက်နဲ့ တယောက် ခံယူချက်ချင်း အံခွင်ဝင်ကျဖြစ်ချင်မှဖြစ်လိမ့်မယ်
အချစ်ဆိုတာ အရာရာ ဖြေရှင်း နိုင်တာ မဟုတ်ပင်မယ့်
အချစ်ကြောင့်ဘဲ အရာရာ အဆင်ပြေသွားနိုင်ပါတယ် ချစ်သူရယ်~~~
အချစ်ကြောင့်ဘဲ အရာရာ အဆင်ပြေသွားနိုင်ပါတယ် ချစ်သူရယ်~~~
( ဇင် နှင်း )
No comments:
Post a Comment
သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...