
အဖေရေ..
ယောက်ျားတစ်ယောက်
ရှိရမယ်ဆိုတဲ့
သစ္စာ သိမူ့..
ကျွန်တော်မမဲ့သေးဘူး..
အဖေ ဆုံးမ စကား
ကျွန်တော်ပြန်ကြား
သစ္စာ တရားဆိုတာ
တန်ဖိုး ရှိပါတယ် အဖေ။
ဒါပေမယ့်...
အဖေရေ..
အမှန်တရားတွေ နေဝင်..
သစ္စာ တရားတွေသေဆုံး..
မေတ္တာတရားတွေဟာ
အပြန်လမ်းမဲ့...
ချစ်ခြင်းတရားတွေ
မှိုတတ်နေပြီ...။
အဖေ ပြောတဲ့..
ဒီသစ္စာ..
အဖေမှာကြားတဲ့
ဒီစကား..
အဖေ ဆုံးမတဲ့
ကိုယ်ကျင့် သီလ အကြောင်း..
ပွေ့ပိုက်ထားရတာ ရင်မောတယ်..အဖေ..။
တန်ဖိုးမထားသူကိုမှ
ပေးမိတဲ့ ယုံကြည်မူ့....
ဖျက်စီးရတာ
လွယ်ကူလွန်းသလား
အဖေ။
သစ္စာ တရား.
ရင်မှာပိုက်ထွေး..
အဖေခေါ်တဲ့..
သားကြီး..
အမေခေါ်တဲ့..
သားလိမ္မာ...
အိမ် အပြန်လမ်းတွေပျောက်...
အဖေ ပြောတဲ့
သစ္စာတရားတွေ
ခဏ ခဏ ပြန်တွေး
ညတွေတိုင်းမှာ
ကျွန်တော်..
အသံမထွတ်ပဲ
ခဏခဏ ငိုနေတတ်တာ..
အဖေမှမသိတာ။
*မောင်သစ္စာ*
No comments:
Post a Comment
သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...