-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Wednesday, May 15, 2013

အချိန်ကြာကြာ လမ်းခွဲဖို့အတွက်...

အချိန်ကြာကြာ လမ်းခွဲဖို့အတွက်...
ဘယ်လောက်ပဲ နူတ်ဆက်စကားတွေဆိုနေပါစေ...
ကျောခိုင်းထွက်ခွာသွားဖို့ကို အဆင်သင့်ဖြစ်မနေတက်ဘူးလေ....။

အချိန်ကြာကြာ မဆုံနိုင်တဲ့လမ်းတခုအတွက်....
ဘယ်လောက်ပဲ မျက်ဝန်းထဲမှာ ပုံရိပ်တွေမှတ်ယူနေပါစေ...
မျက်ရည် တွေမကျဖို့ကို အားတင်းမထားနိုင်ကြဘူးလေ....။

သံယောဇဉ်ချည်နှောင်မိရင်......ရစ်တွယ်မိသလောက်...
ပြန်ဖြေလျော့တဲ့အချိန်မှာ နာကျင်မူတွေက ရက်စက်တက်တယ်။

ချစ်ခင်မြတ်နိုးမိရင် .... ခင်တွယ်မိသလောက်...
လမ်းခွဲတဲ့အချိန်မှာ ၀မ်းနည်းမူတွေက ကမ်းပြိုလာတက်တယ်။

လူတစ်ယောက်နဲ့ လမ်းခွဲတဲ့အချိန်ရောက်မှ...
သူအပေါ်ထားတဲ့ ကိုယ့်ရဲ့ အစွဲလမ်းစိတ်တွေဟာ .....
ဘယ်လောက်အထိ နက်ရိုင်းလဲ ဆိုတာ သိလာရတယ်။

မင်းအလင်္ကာ

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...