
ရင်ထဲထိလင်းတဲ့မီးတိုင်လေး
ရာသီမှန်မှန်တောက်ပခဲ့သမျှ
ဒီဖယောင်းသားဟာ
ဘယ်အခါမှ အရည်ပျော်မသွားဘူး။
အလင်းတိုင်လေးရဲ့ အလင်္ကာဆိုတာ
ပြာကျမသွားတဲ့ကြင်နာမှု
မှေးမှိန်မလာတဲ့ စီးဆင်းမှု၊
ရွှင်စေ လန်းစေ မုဒိတာတရားနဲ့
သူ့ဂရုဏာတွေ ဖားဖားဝေလို့။
လောကဒဏ်ရဲ့ ရိုက်ချက်
ခပ်ဆတ်ဆတ်လေးပုတ်ရုံလောက်နဲ့
အလင်းတိုင်လေးဟာ
အရောင်ပြောင်းလဲမလာဘူး။
ဘ၀တွေနေညိုညိုမှာ
မီးတိုင်လေးဟာ
ခမ်းခြောက်မလာဘူး။
သံသရာတစ်ဖက်ကမ်းအထိ
အတုမရှိလင်းတဲ့ မီးတိုင်လေး
ဘယ်ပန်းချီနဲ့ နွဲ့ကြမလဲ
ဘယ်စာသီလို့ ဖွဲ့ကြမလဲ။
ချစ်တဲ့အလင်းရောင်ရှင်ရယ်
(မနောဖြင့်)
လွန်ကျူးခဲ့လေသမျှ
ထိခြင်းငါးဖြာနဲ့ ရိုကျိုးလိုက်ပါတယ်။
အမေနှင့်တကွ အမေများအားလုံး သောကကင်းကွာပြီး လှသော ဇရာနှင့် ခိုင်မြဲသော အရိုးတို့ကို ပိုင်ဆိုင်နိုင်ကြပါစေ။
မှ
No comments:
Post a Comment
သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...