►ကြယ်တွေမှာလည်း ကြယ်လူကြီး ၊ ကြယ်ကလေးတွေရှိတယ်
ဓူဝံကြယ်က အဖိုးကြီးမို့ တစ်နေရာထဲ ငုတ်တုတ်ထိုင်စဉ်းစားနေတာပေါ့
►ခုနှစ်စဉ်ကြယ်က ကလေးတွေမို့ကုန်းပိုးစီးတမ်းကစားနေကြတာ
အခြေမခိုင်ဘဲ လိမ့်ကျသွားတဲ့ ကြယ်တွေမြင်ဘူးပါတယ်
►ဒါပေမယ့် အဲ့ဒီထဲမှာ လူတွေအတွက် အသုံးတည့်လို့
နာမည်မှည့်ထားခံရတဲ့ကြယ်တွေ တစ်ပွင့်မှ ပါမသွားပါဘူး
►တကယ်တော့ ကြယ်တွေရဲ့ဘ၀မှာ
အဖော်နီးတာ အဖော်ဝေးတာအရေးမကြီးပါဘူး
►လောကအတွက် အသုံးဝင်တဲ့ကြယ်ဆိုတာ
ဘယ်တော့မှ မကြွေတာသေချာပါတယ်
>>မင်းကိုနိုင်<<

No comments:
Post a Comment
သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...