မင်းရဲ့ ဝမ်းနည်းမှတ်တမ်းမှာ
ငါနဲ့ လမ်းခွဲခြင်းမပါဘူး ဆိုတာလည်း သိတယ်...
ငါဆိုတဲ့အကောင်ကလည်း..
အမေဆိုတဲ့ ထမင်းဆီဆမ်းရွှေလင်ပန်းကို
မျှော်မျှော်ကိုးစိတ်နဲ့
လမင်းကို ခိုးခိုးကြည့်နေတတ်တဲ့ကောင်..။
ကမ္ဘာကြီးပျက်လုလုအချိန် လည်းနီးလာပြီ.
ရာဇသံတွေ မကြော်ငြာပဲ
ဟို ပင်လယ်ပြင်မှာ
စစ်ရဲ့ရနံ့တွေ လေမှာ ဝဲလို့
စိမ်းရွှင်ရွှင် အနံ့ရလာပြီ...
သွေးညှီနံ့နဲ့ တိုက်လာတဲ့
မြောက်ပြန်လေမှာ
ငါ ခေါင်းတွေ နောက်နောက်နေတယ်..
ဟိုး..အရှေ့အလယ်ပိုင်းမှာ
အပူလှိုင်းတွေမတိုက်ပေမယ့်
လူ့အရိုင်းတွေ မီးစမွှေးနေပြီ...
ကမ္ဘာကြီးရေ...
သူတို့ ဝမ်းနည်းမှတ်တမ်းမှာ
ငါတို့မပါဘူး....။
အနုပညာကြေးတွေ မြင့်နေချိန်မှာ
ငါတို့နေ့စားတွေတွက် တစ်ရက်က
မနတ်ဖြန်အတွက်လည်း
မဟုတ်ဘူး..။
ရှင်းရှင်းပဲ ပြောမယ်
ကောင်မလေး..
အချစ်ကြောင်းတွေပဲ ပြည့်နေတဲ့ ကဗျာတွေထဲပဲ
ငါ့အသက် မရှုချင်တော့ဘူး..
အလွမ်းတွေနဲ့ မနက်မိုးမလင်းနိုင်တဲ့
ညတွေ အကြောင်းလည်း
စာမဖွဲ့ချင်တော့ဘူး..။
ငါဆိုတဲ့ကောင်ကလည်း အခတ်
ဖြူရောင်ဆိုလို့
ငါ့ကိုယ်ရောင်အပေါ်မှာ
စတစ်အင်္ကျီအဖြူလေးတထည်တောင်မရှိဘူး..
ဒါပေမယ့်
ကမ္ဘာမကြေသီချင်းကြားရင်
လွယ်လွယ်သွေးဆူတဲ့အကောင်..
အလွမ်းသီချင်းကြားရင်
အလိုလို ငေးငိုင်နေတတ်တဲ့ကောင်..
မာန်တင်းလိုက်ဖြေလျော့လိုက်
မှိန်းဖျော့ဖျော့ နှလုံးသားမှာ
အသက်ရူရတာတောင် ကျပ်ကျပ်လာတယ်..
အဲဒီပွင့်လင်းမြင်သာမူ့တွေရဲ့
ဝမ်းနည်းမှတ်တမ်းမှာ
ငါတို့ကွယ်ဝှက်ခံရတယ်။
အသိတရားတွေများလာတော့
အနာတရတွေပဲ အထပ်ထပ်နဲ့
နှလုံးသားတွေ အသားမာတတ်ခဲ့တယ်...
အမေရေ...ကျနော်တို့အထုတ်ပိုးတွေ
ပြင်ကြစို့ရဲ့...
အတည်တကျဆိုတဲ့နေရာမှာ
ခြေချစရာမြေဆိုတာ ...
ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ ဖြစ်နိုင်မလည်း...
ဘယ်နေရာကြည့်ကြည့်..
ကျနော်တို့အတွက်စစ်တလင်း...
လက်နတ်နဲ့တိုက်တဲ့....စစ်
ပါးစပ်နဲ့တိုက်တဲ့....စစ်
ငွေနဲ့တိုက်တဲ့...စစ်
အရှိန်အဝါနဲ့တိုက်တဲ့....စစ်
ကြည့်...
ကျနော်လိုကျောသားငမွဲတွေတွက်..
သချုင်္ိင်းတွေချည့်...။
ကဲ...
ငါ့ရဲ့ဝမ်းနည်းမှတ်တမ်းကို
လူမသိသူမသိ ဟောဒီစကားလုံးတွေကြားမှာပဲ
မြှပ်နှံထားတော့တယ်..။
ငါနဲ့ လမ်းခွဲခြင်းမပါဘူး ဆိုတာလည်း သိတယ်...
ငါဆိုတဲ့အကောင်ကလည်း..
အမေဆိုတဲ့ ထမင်းဆီဆမ်းရွှေလင်ပန်းကို
မျှော်မျှော်ကိုးစိတ်နဲ့
လမင်းကို ခိုးခိုးကြည့်နေတတ်တဲ့ကောင်..။
ကမ္ဘာကြီးပျက်လုလုအချိန် လည်းနီးလာပြီ.
ရာဇသံတွေ မကြော်ငြာပဲ
ဟို ပင်လယ်ပြင်မှာ
စစ်ရဲ့ရနံ့တွေ လေမှာ ဝဲလို့
စိမ်းရွှင်ရွှင် အနံ့ရလာပြီ...
သွေးညှီနံ့နဲ့ တိုက်လာတဲ့
မြောက်ပြန်လေမှာ
ငါ ခေါင်းတွေ နောက်နောက်နေတယ်..
ဟိုး..အရှေ့အလယ်ပိုင်းမှာ
အပူလှိုင်းတွေမတိုက်ပေမယ့်
လူ့အရိုင်းတွေ မီးစမွှေးနေပြီ...
ကမ္ဘာကြီးရေ...
သူတို့ ဝမ်းနည်းမှတ်တမ်းမှာ
ငါတို့မပါဘူး....။
အနုပညာကြေးတွေ မြင့်နေချိန်မှာ
ငါတို့နေ့စားတွေတွက် တစ်ရက်က
မနတ်ဖြန်အတွက်လည်း
မဟုတ်ဘူး..။
ရှင်းရှင်းပဲ ပြောမယ်
ကောင်မလေး..
အချစ်ကြောင်းတွေပဲ ပြည့်နေတဲ့ ကဗျာတွေထဲပဲ
ငါ့အသက် မရှုချင်တော့ဘူး..
အလွမ်းတွေနဲ့ မနက်မိုးမလင်းနိုင်တဲ့
ညတွေ အကြောင်းလည်း
စာမဖွဲ့ချင်တော့ဘူး..။
ငါဆိုတဲ့ကောင်ကလည်း အခတ်
ဖြူရောင်ဆိုလို့
ငါ့ကိုယ်ရောင်အပေါ်မှာ
စတစ်အင်္ကျီအဖြူလေးတထည်တောင်မရှိဘူး..
ဒါပေမယ့်
ကမ္ဘာမကြေသီချင်းကြားရင်
လွယ်လွယ်သွေးဆူတဲ့အကောင်..
အလွမ်းသီချင်းကြားရင်
အလိုလို ငေးငိုင်နေတတ်တဲ့ကောင်..
မာန်တင်းလိုက်ဖြေလျော့လိုက်
မှိန်းဖျော့ဖျော့ နှလုံးသားမှာ
အသက်ရူရတာတောင် ကျပ်ကျပ်လာတယ်..
အဲဒီပွင့်လင်းမြင်သာမူ့တွေရဲ့
ဝမ်းနည်းမှတ်တမ်းမှာ
ငါတို့ကွယ်ဝှက်ခံရတယ်။
အသိတရားတွေများလာတော့
အနာတရတွေပဲ အထပ်ထပ်နဲ့
နှလုံးသားတွေ အသားမာတတ်ခဲ့တယ်...
အမေရေ...ကျနော်တို့အထုတ်ပိုးတွေ
ပြင်ကြစို့ရဲ့...
အတည်တကျဆိုတဲ့နေရာမှာ
ခြေချစရာမြေဆိုတာ ...
ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ ဖြစ်နိုင်မလည်း...
ဘယ်နေရာကြည့်ကြည့်..
ကျနော်တို့အတွက်စစ်တလင်း...
လက်နတ်နဲ့တိုက်တဲ့....စစ်
ပါးစပ်နဲ့တိုက်တဲ့....စစ်
ငွေနဲ့တိုက်တဲ့...စစ်
အရှိန်အဝါနဲ့တိုက်တဲ့....စစ်
ကြည့်...
ကျနော်လိုကျောသားငမွဲတွေတွက်..
သချုင်္ိင်းတွေချည့်...။
ကဲ...
ငါ့ရဲ့ဝမ်းနည်းမှတ်တမ်းကို
လူမသိသူမသိ ဟောဒီစကားလုံးတွေကြားမှာပဲ
မြှပ်နှံထားတော့တယ်..။
*မောင်သစ္စာ*
No comments:
Post a Comment
သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...