-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Tuesday, February 26, 2013

တစ်နေ့တော့ပြန်လာခဲ့ပါ့မယ် . . . မေမေ



ဟိုးအဝေးမှာ

ကြယ်စင်တွေ..သူတို့စွမ်းသလောက်

မှုန်ပြပြပေမယ့်..“ လင်း ” ပြရှာတယ် မေမေ

ကျွန်တော်ရော...မေမေ့အတွက်

ဘယ်လို သစ္စာတရားတွေနဲ့

ဘယ်လို မေတ္တာတရားတွေနဲ့

“ လင်း ” ပြခဲ့ပြီးပြီလဲဟင် ...

မေမေ

ကျွန်တော်တို့အရပ်မှာ

နေတွေမပွင့်ဘူး .. လတွေမသာဘူး

အချိန်တိုင်းမှာ ဖိနှိပ်စီးပိုးမှုတွေနဲ့

ဘယ်လိုများ နေသာစရာကောင်းမှာတဲ့လဲ

ဂါရ၀တရား နဲ့ ရိုသေမှုဟာ

လူ့ဘုံသမိုင်းမှာ ပျောက်ဆုံးနေလေရဲ့

မေမေသင်ကြားခဲ့သမျှ

ကျွန်တော့်မှာ . . . . နောင်တ ဆိုတာကိုအဖော်ပြုလို့

ခရီးကြမ်းကို ဆက်လက်လွှင့်နေမိဆဲ

မေမေ

အဲဒီကောင်းကင်ကြီးအောက်

ကျွန်တော်တို့ မိုးရေတွေ အတူသောက်ခဲ့ကြဖူးတယ်

တနယ်တခြားမှာ

သူတို့ဟာ ဘာကြောင့်များ “ စိမ်း ” သွားကြတာလဲဟင်

ကျွန်တော်တို့ဟာ မြန်မာတွေပါမေမေ

ရွှေတိဂုံဘုရားကြီးရှိတယ်

ဇွဲကပင်တောင်ရှိတယ်

ဧရာဝတီမြစ်ကြီးရှိတယ်

ပုဂံ ရှိတယ်

ဂူဂဲလ်လောက်တော့ပွင့်နိုင်တဲ့ အင်တာနက်လိုင်းကြီးတွေရှိတယ်

တခါတခါ ပိုက်ဆံများရှိလို့ကတော့

လူပေါ်လူကျော်လည်း လုပ်နိုင်သေးတယ်မေမေရဲ့


မေမေ

မဝေးတော့တဲ့တစ်နေ့မှာပေါ့

ကျွန်တော်တို့ မျှော်လင့်ခြင်းတွေကိုယ်စီထုပ်ပိုး

မနိုးသော အိပ်မက်များ ကိုယ်စီနဲ့

မေမေ့အိမ်ကလေးကို ပြန်လာခဲ့မှာပါ

နှင်းဆီရနံ့တွေလွှမ်းနေတဲ့

မေမေ့ ပန်းခင်းလေးထဲ

ကျွန်တော့်ကို မျှော်နေမလားမေမေ

မေမေ့ ရင်ခွင်တံခါးကိုခေါက်

ကျွန်တော် သားချော့တေးတွေ ပြန်ကြားယောင်မိတယ်

လူကလေးရယ်..အိပ်ချိန်တန်..ဗျိုင်းရှေ့ကပျံ

ကျွန်တော့်မျက်ဝန်းတွေထဲ

အခါမလပ် အုံ့ဆိုင်း ရစ်သိုင်းနေဆဲပါ မေမေရယ်


မေမေ

ဒီမြေဒီရေဟာ ကျွန်တော့်အတွက်တော့

တမာခါးတွေစိုက်ပျိုးထားတဲ့ ပူပြင်းစူးရှ

ကန္တာရသက်သက်ရယ်ပါ မေမေ

တခမ်းတနား အဆောက်အအုံတွေနဲ့

မီးရထားဖြူဖြူကြီးတွေနဲ့

သူတို့ဟာ စက်ရုပ်တွေများလားမေမေ

အချိန်တန်အိပ် အချိန်တန်စား

ဘ၀ဟာ နေခြင်းလား... သေခြင်းလား

ဘယ်လို အသိတရားမျိုးတွေနဲ့

ကျွန်တော်ဆက်နေထိုင်ရမလဲဟင် မေမေ


မေမေ

နံနက်ခင်းနိုးထခါစ မေမေ့လက်ရာထမင်းကြော်နဲ့

ပဲပြုတ်ဆီဆမ်းကို ကျွန်တော်တအားလွမ်းတယ်မေမေ

ကျွန်တော့်ကို ဆူပါဦးမေမေ

ကျွန်တော့်ကို ရိုက်ပါဦးမေမေ

တခမ်းတနား အဆောင်အယောင်တွေကို

ကျွန်တော်မုန်းတီးနေခဲ့တာကြာပါပြီ

ဘ၀က လှိုင်းထန်လည်းပဲ

မေမေ့ ၀ဲဂရက်ထဲပဲ ကျွန်တော်လွန့်လူးပျော်မွှေ့ချင်တယ်

မေမေ့ လှေငယ်လေးပဲ ကျွန်တော် လှော်ခတ်ချင်တယ်

အို... မေမေရယ်

မဝေးတော့တဲ့ တစ်ရက်မှာပေါ့

ကျွန်တော် အရောက်ပြန်ခဲ့မှာပါ

ခွင့်လွှတ်ခြင်းတရားတွေ နဲ့ မေမေ့ ရင်ခွင်နွေးနွေးကြား

ကျွန်တော် အိပ်စက်ခိုလှုံပါရစေဦးနော်


(အဝေးရောက် “ သား ” များ ကိုယ်စား ခံစားရေးဖွဲ့ပါတယ် )


လွမ်းနေခွင့်

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...