-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Tuesday, February 26, 2013

အလွမ်းဟာမော်နီတာထဲမှာတလွင့်လွင့်

ခုတလော မျက်စိမှိတ်လိုက်ရင် ရင်ထဲကအစိုင်အခဲတွေပဲ တွေ့နေမိတယ် မော်နီတာထဲစိတ်ကိုထည့်မျှောလိုက်တော့လည်း လမ်းတစ်လျှောက်လုံးမှာ ကွန်နက်ရှင်ကမကောင်းဘူး အသက်ရှူလိုက်တိုင်း ရင်ထဲမှာတစ်စုံတစ်ခုခံနေတာကခက်တယ် စကားပြောလိုက်တိုင်း လည်ချောင်းတစ်လျှောက်မှာတစ်ဆို့လို့ ဒါ..ရောဂါပဲ။ ဗွီဇက်အို အရိပ်မှာ မေမေ့ပုံရိပ်လေး ရပ်တန့်သွားတုန်းခဏ မျက်ဝန်းတွေမှုန်မှိုင်းနေတာတွေ့လိုက်ရတယ် အလည်ပြန်လာမယ်ဆိုတဲ့စကားမှာ မေမေလက်ချိုးရေနေမလား စကားသံလေးထစ်အအ မှာ မေမေ လွမ်းနေမလား ညည်းကိုအမြင်ကတ်တယ် ဆိုတဲ့စကားလုံးလေးဟာ နားထဲမှာ ချိုလိုက်တာ မေမေရယ် မနီးသေးခင်အထိတော့ ခရီးကဝေးဝေးနေရဦးမှာပဲမဟုတ်လား ဒီလိုပဲ ဝေးသွားလိုက်နီးသွားလိုက် ခရီးတွေ..၊.. မိုင်တွေ ။ စိတ်ချင်းဝေးမသွားဖို့ကိုပဲ ကြိုးစားနေရတယ် တစ်ယောက်တည်းလို့ ခံစားမိတိုင်းမှာ အလွမ်းတွေကတနင့်တပိုးနဲ့ အရင်ကထမင်းဝိုင်းလေးကို လွမ်းတယ်မေမေ.. ခုအချိန်ခဏမှာတော့ ကျနေတဲ့ကွန်နက်ရှင်ထဲပဲ လွမ်းနေမိတဲ့စိတ်ကို ထည့်ထည့်မျှောဆဲ အချိန်ရဦးမယ်ဆိုရင်တော့ မေမေ့ရင်ခွင်မှာ အရင်လိုလေးခဏလောက် ပြန်အိပ်ချင်ပါသေးရဲ့..။ စိမ်းမြလင်းသစ် (29/09/2011)

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...