-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Monday, July 15, 2013

၁၆-၇-၂၀၁၃ " ကံ " ကို အားကိုတဲ့ ငါး ရယ် ၊ " ဥာဏ် " ကို အားကိုးတဲ့ ငါးရယ် ၊ " ၀ီရိယ " ကို အားကိုးတဲ့ ငါးလေး သုံးကောင်စာပေရသတစ်ခုပါ

ဟိုးရှေးရှေးတုန်းကပေါ့ ..........
" ကံ " ကို အားကိုတဲ့ ငါး ရယ် ၊ " ဥာဏ် " ကို အားကိုးတဲ့ ငါးရယ် ၊ " ၀ီရိယ " ကို အားကိုးတဲ့ ငါးလေး သုံးကောင်ရှိခဲ့တယ် ....
တစ်နေ့ သူတို့ သုံးကောင် ပင်လယ်ထဲမှာ ပျော်မြူးရင်းနဲ့  တံငါသည်ရဲ့  ပိုက်ကွန်ထဲကို တိုးဝင်မိပြီး တံငါရဲ့ လှေ ပေါ်ထဲကိုရောက်သွားခဲ့ပါတယ်


ကံ ကို အားကိုးတဲ့ ငါးလေးက ......
" တကယ်လိုကွာ ငါသာ သေဖို့ ကံမပါလာခဲ့ဘူးဆိုရင် ဒီတံငါသည် လက်ထဲက လွတ်မှာဘဲကွ " ဟုဆိုကာ အေးအေးဆေးဆေး အိပ်စက်နေခဲ့တယ် ..

Monday, June 24, 2013

မိန်းမတွေသိဖို့ ကျုပ်တို့ ကျားကျားတွေ အကြောင်း

မိန်းမတွေသိဖို့ ကျုပ်တို့ ကျားကျားတွေ အကြောင်း
Thursday, 4 April 2013 

၁။ ကျွန်တော်တို့ယောက်ျားတွေ မိန်းမဆို ခန္ဓာကိုယ်အလှမှ မ
ဟုတ်ပါဘူး နှစ်လိုဖွယ် အပြုံးနဲ့ သပ်ရပ်သန့်ရှင်းတဲ့ မျက်နှာမျိုး
ဆို ပိုပြီးတော့တောင်စွဲလန်းပါသေးတယ်။

၂။ကျွန်တော်တို့ယောက်ျားတွေ တကယ်တော့ မာယာကိုလည်း ချစ်တတ်ပါတယ်

၃။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတစ်ယောက်ကို တစ်မိနစ်အတွင်းမှာလည်း 
သည်းသည်းလှုပ်ချစ်သွားတတ်သ
လို မုန်းပြီမေ့ပြီဆိုလည်း နာမည်တောင် မမှတ်မိတော့

၎။ကျွန်တော်တို့ယောက်ျားတွေ "ငါ မင်းအပေါ်နားမလည်နိုင်တော့ဘူးကွာ"
 လို့ပြောရင် အဓိပ္ပါယ်က ရှင်းရှင်းလေးပါ " စိတ်ကုန်နေပါပြီ "

၅။ကျွန်တော်တို့ယောက်ျားတွေ "စားပြီးပြီလား" တို့ 
"ဘာလုပ်နေလဲ" တို့ ဖုန်းထဲချက်ထဲမှာမေးရင်တော့ သိသင့်ပါပြီ i'm 
so boring ပွစိပွစိ with u .

၆။ကျွန်တော်တို့ယောက်ျားတွေ တစ်နေကုန် တစ်ညလုံး လျှောက်
ကဲနေတတ်ပေမယ့် ညအိပ်ယာဝင်မှာ တွေးမိစဉ်းစားမိတာ တကယ်
တန်ဖိုးထားချစ်ရတဲ့ သူကလေးအကြောင်းပါပဲ

၇။ကျွန်တော်တို့ယောက်ျားတွေ တစ်ကယ်ချစ်မိပြီဆိုရင် ရိုင်းတယ်မထင်ပါနဲ့ ....
 မိန်းမရွှင်ဆိုလည်း ဝိုင်းစုခိုင်သိန်း(အပြစ်မမြင်)ပါပဲ

၈။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတစ်ယောက်ရဲ့ attention ရဖို့ 
ဘယ်လောက်များ ထူသလဲဆို မျောက်လိုက ဆိုလည်း ကမိမှာပါ

၉။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့အကြည့်တစ်ချက်မှာ အသက်မထွက်ပေမယ့် 
ဘဝတော့ပျက်နိုင်ပါတယ်

၁၀။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ရည်းစားဟောင်းအကြောင်းတော့ 
လာမပြောနဲ့ လဒမီးမြိုက်ထားသလို ရုပ်နဲ့ ဖြစ်ညစ်ပြုံးပြ နားထောင်ပေးမှာပါ
၁၁။ကျွန်တော်တို့ယောက်ျားတွေ ပြောစရာစကားတွေ အများကြီးရှိတာဗျ 
ခင်ဗျားတို့ရှေ့ရောက်ရင် ပါစပ်ကမထွက်လို့ ရဲဆေးတင်သောက်တာ အရက်
သမားမထင်နဲ့

၁၂။ကျွန်တော်တို့ယောက်ျားတွေ လည်းငိုတတ်ပါတယ်

၁၃။ကျွန်တော်တို့ယောက်ျားတွေ သတ်သတ်လွတ်တစ်ယောက်မှ မစားပါဘူး .... အဲဒီတော့
 မမြှုဆွယ်တာအကောင်းဆုံးပါ

၁၄။ကျွန်တော်တို့ယောက်ျားတွေ အိမ်မက်မမက်ဘူးဗျ ... မျှော်လင့်တယ်
ဆိုတာ အချော်တကောက်တွေ လုပ်တာ.... ကျုပ်တို့က လိုချင်ရင်ရအောင်
ယူတယ်

၁၅။ကျွန်တော်တို့ယောက်ျားတွေ ပလစ်တာခံလိုက်ရရင် သိပ်မုန်းတာဗျ
.... ပြန်လက်စားချေမှာ အရှုံးကိုလက်မခံနိုင်ဘူးပေါ့ဗျာ .....အဲ မိန်းမ
ကိစ္စတစ်ခုထဲမှာပါ

၁၆။ကျွန်တော်တို့ယောက်ျားတွေ အသည်းနှလုံးကို ထိအောင်ခင်ဗျားတို့
လာကစားမိပြီ ဆိုရင်တော့ ပြန်လမ်းမရှိဘူး သတိထားပါ

၁၇။ကျွန်တော်တို့ယောက်ျားတွေ အသည်းနုတယ်.... မိန်းကလေး
တစ်ယောက်က အရင်စ နမ်းတာ ခံရရင်တော့ Go Crazy ပဲ

၁၈။ကျွန်တော်တို့ယောက်ျားတွေ နားသိပ်မကောင်းဘူးဗျ ....ခင်းဗျားတို့ No 
ပြောတာကို ကျုပ်တို့က Try Again Tomorrow ကြားတယ်

၁၉။ကျွန်တော်တို့ယောက်ျားတွေ ဖောရှောကောင်းတယ်.... ဒါပေမယ့် 
ခင်ဗျားတို့အကြည့်အောက်မှာ မဟုတ်ဘူး ခွေးအကြီး လှည်းနင်း စကားပုံ 
ကြားဖူးမဟုတ်လား

၂၀။ကျွန်တော်တို့ယောက်ျားတွေ ကမိန်းမကိစ္စဆို ကလယ်အူကြောင်ဗျ... 
စကားကိုမစခင်ကတည်းက ရှင်းအောင်ပြောပါဗျာ

၂၁။ကျွန်တော်တို့ယောက်ျားတွေ မိန်းမလျာဆို ဝေရမဏိ
ဝေးစွာရှောင်ကြဉ်ပါ၏၂၂။ကျွန်တော်တို့ယောက်ျားတွေ အမေကိုတော့ 
ရှူသွင်းရတဲ့လေထက် တန်ဖိုးထားပါတယ်...... ယောက္ခမ ချွေးမ ပြသနာ အဖြေပဲ 
နားလည်ပါတော့

၂၃။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ကိုပေးဖို့နှင်းဆီတစ်ပွင့် 
ထမင်းတစ်နပ်စာ အသပြာနဲ့ လဲဖို့ သတ္တိရှိပါတယ် (မှတ်ချက် ကျွန်တော်မပါ)

၂၄။ကျွန်တော်တို့ယောက်ျားတွေ အနီးအနားမှာ ရှိသမျှမြင်သမျှ 
မိန်းမတွေအကြောင်း အရည်မရ အဖတ်မရ လျှောက်ပြောတတ်တယ်..... အတင်းလို့ 
သမုတ်လည်းရပါတယ်

၂၅။ကျွန်တော်တို့ယောက်ျားတွေ အကြောင်းနားလည်ဖို့ဆိုတာက တိုင်းရေးပြည်ရေးထက်
 မင်းရေးကျယ်တယ် ဆိုသလိုပါပဲ

၂၆။ကျွန်တော်တို့ယောက်ျားတွေ "တစ်သက်မှာတစ်ခါတည်း 
မင်းကိုချစ်မိတာပါ" ပြောရင်တော့ ချင့်ယုံပေါ့ဗျာ၂၇။ကျွန်တော်
တို့ယောက်ျားတွေ သောက်တင်းတုတ်ရင်လည်း မိန်းမတွေထက် 
ပိုဆိုးဗျာ သတိတော့ထားပေါ့

၂၈။ကျွန်တော်တို့ယောက်ျားတွေ အကြီးဆုံး အားနည်းချက်ကတော့ မိန်းမမြင် 
မနေနိုင်တာပါပဲ

၂၉။ကျွန်တော်တို့ယောက်ျားတွေ ပွင့်လင်းတယ် ခင်ဗျားတို့လိုမဟုတ်ဘူး

၃၀။ကျွန်တော်တို့ယောက်ျားတွေ စောင့်ကြည့်စမ်းသပ်နိုင်ပါတယ် 
မယုံနိုင်သေးဘူးဆိုရင်ပေါ့ အဲ သုံးနှစ်သုံးမိုး ဆိုတာတော့ ကြာလွန်းပါတယ်

၃၁။ကျွန်တော်တို့ယောက်ျားတွေ လည်းအသန့်ကြိုက်ပါတယ် အဝတ်အစားတွေမှာ 
အစက်အပြောက်ရှိရင်တောင် မကြိုက်ဘူး ...... 
ယူထားတဲ့မိန်းမကိုလျှော်ခိုင်းမှာ

၃၂။ကျွန်တော်တို့ယောက်ျားတွေ ချစ်မိတဲ့ မိန်းကလေးဆို လေးလေးစားစား 
ဆက်ဆံတတ်ပါတယ် မလေးမစား ပေါက်တတ်ကရ ဆိုရင်တော့ ....

၃၃။ကျွန်တော်တို့ယောက်ျားတွေ ကို သူငယ်ချင်းကောင်းတစ်ယောက် 
ချစ်သူကောင်းတစ်ယောက် မနှိုင်းယှဉ်နဲ့ဗျာ မတူဘူး

၃၄။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ကို ပြသ
နာပေါင်းသောင်းခြောက်ထောင် လာပြောပြီဆို နားပဲထောင် အကြံပေးစရာမလိုဘူး

၃၅။ကျွန်တော်တို့ယောက်ျားတွေ မထိတထိလေး စနေနောက်နေပြီဆို သတိထား 
နောက်တစ်ဆင့် အီစီကလီ ထုတော့မယ်

၃၆။ကျွန်တော်တို့ယောက်ျားတွေ ကိုချုပ်ချယ်လာပြီဆိုရင်တော့ 
ခင်ဗျားတို့အဝေးလွင့်သွားဖို့ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးတာပဲ

၃၇။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးဆို ကာကွယ်ပေးချင်ကြတာ 
ဘူးမလို့မဟုတ်ဘူး ခင်ဗျားတို့အားနည်းလို့

၃၈။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတွေကိစ္စဆို နှုတ်မလုံဘူးဗျ 
ခင်ဗျားတို့ လှို့ဝှက်အပ်သော တွေဆို မပြောနဲ့ မပြနဲ့

၃၉။ကျွန်တော်တို့ယောက်ျားတွေ အများအားဖြင့် အကြံကြီးတယ် အကြီးကြီးတွေ 
ကြံတယ်

၄၀။ကျွန်တော်တို့ယောက်ျားတွေ လည်းခင်ဗျားတို့လိုပဲ ကြွားတတ်ပါတယ်

၄၁။ကျွန်တော်တို့ယောက်ျားတွေ ရဲ့ရင်ခုန်သံက အတောမသတ်နိုင်ဘူးဗျ Unlimited 
ပဲ
၄၂။ကျွန်တော်တို့ယောက်ျားတွေ အတွက်ခင်ဗျားတို့ Height က အရေးမကြီးဘူးဗျ 
ဒေါက်ဖိနပ်စီးမနေနဲ့ အကျိုးမရှိဘူး Weight သာလျော့


မူရင်းးးးCredit: Thantsin Tun

Psycho
Myanmar faCeb()()k Society
၁။ ကျွန်တော်တို့ယောက်ျားတွေ မိန်းမဆို ခန္ဓာကိုယ်အလှမှ မ
ဟုတ်ပါဘူး နှစ်လိုဖွယ် အပြုံးနဲ့ သပ်ရပ်သန့်ရှင်းတဲ့ မျက်နှာမျိုး
ဆို ပိုပြီးတော့တောင်စွဲလန်းပါသေးတယ်။

Sunday, June 23, 2013

ဘ၀ဇာတ်လမ်းလေး တစ်ပုဒ်

ကျွန်တော် ရုံးဆင်းလို့ ရုံးမှ အိမ်ကို ပြန်လာတိုင်း တွေ့မြင်နေကျ မြင်ကွင်းတစ်ခုရှိသည်။ အဲ့ဒါကတော့ ကျွန်တော်တို့ လမ်းထိပ်တွင် ရပ်ကွက်ထဲက ကလေးတစ်သိုက် ပျော်ရွှင်စွာ ဆော့ကစားနေခြင်းဖြစ်သည်။ ရုံးမှာ ပင်ပန်းလာသမျှကို  ကလေးပေါင်းစုံ ပျော်ရွှင်စွာ ဆော့ကစားနေတာကို ကြည့်ရင်း ကျွန်တော် အပန်းဖြေလေ့ ရှိသည်။ အပူအပင်ကင်းမဲ့ပြီး ဘာဟန်ပန်မှ မရှိသော သူတို့လေးတွေကို ကြည့်ရတာ ကျွန်တော့်အဖို့ အလွန်ကြည်နူးဖွယ် ကောင်းလှသည်ဟု ထင်မိသည်။ ဒီမြင်ကွင်းလေးသည် ကျွန်တော့်အဖို့ နေတိုင်း မရိုးနိုင်သော မြင်ကွင်းလေးတစ်ခုဖြစ်နေတော့သည်။

Monday, June 10, 2013

ဘဏ်လုယက်မှုက ရတဲ့ သင်ခန်းစာ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သင်လေ့လာထားမှု အပေါ်မှာပဲ အာရုံစိုက်တာကို အသက်မွေးဝမ်းကျောင်းတဲ့ ပရို လို့ခေါ်တယ်
တရုပ်နိုင်ငံ ဂွမ်ဇောင်းပြည်နယ် ဘဏ်လုယက်မှု တခုမှာ လုယက်သူတွေက သေနတ်နဲ့ ချိန်ရွယ်ပြီး ဒီလိုအော်ပါတယ် ။
" မလှုပ်နဲ့ ၊ ပိုက်ဆံဆိုတာ နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်တယ် ၊ မင်းတို့ ပိုင်တာ ဆိုလို့ မင်းတို့ အသက်ပဲ ရှိတယ် "
ထိုအချိန်မှာ မလုံမခြုံ အဝတ်အစား ဝတ်ထားတဲ့ အမျိုးသမီးက စားပွဲပေါ် လှဲချလိုက်တဲ့အခါ
လုယက်သူက

Monday, May 27, 2013

မိန်းမ မာယာ

မာယာသည် မျက်လှည့်သည်နှင့်တူ၏။
မျက်လှည့်သမားသည် ကျောက်ခဲကို ကောက်၍
ရွှေတုံးထင်အောင် လှည့်စားနိုင်သကဲ့သို့
ဤမာယာကလည်း လူတစ်ဖက်သား အထင်မှားအောင်
မိမိမှာရှိသောအပြစ်ကို ဖုံးကွယ်တတ်လေသည်။
မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်တတ်သည် ဟု ဆိုလိုသည်။

မိန်းမ မာယာ
ရှေးသရောအခါ တက္ကသိုလ်ဆရာကြီးမှာ တပည့်တစ်ယောက်ရှိလေသည်။
ထိုတပည့်၏မိန်းမသည် အခြားယောက်ကျားနှင့် ဖောက်ပြားလေ့ရှိ၏။
ထိုဖောက်ပြားသောနေ့၌ မိမိ၏ခင်ပွန်းကို ခါတိုင်းထက် ပို၍ ယုယ၏။
မဖောက်ပြားသောနေ့၌ကား ကျွန်ကဲ့သို့သဘောထား၍ စော်စော်ကားကားပြုလေ့ရှိ၏။
ထိုကဲ့သို့ ထူးခြားသောအမူအယာကို နားမလည်၍
စိတ်ရှုပ်လာသောတပည့်က မိမိဆရာကြီးကို အကြောင်းစုံ ပြောပြလေရာ
ဆရာကြီးက မိန်းမတို့ ပြုမူတတ်ပုံသဘောကို အမှန်အတိုင်းပြောပြလေသည်။


မှတ်ချက်
ဤ၀တ္ထုလာမိန်းမသည် အခြားယောက်ကျားနှင့်ဖောက်ပြားသောနေ့ဝယ်
မိမိအပြစ်ကို ကွယ်ကာလိုသောကြောင့်
ခင်ပွန်းအပေါ်မှာ များစွာ ကြင်နာဟန်ဆောင်လေသည်။
ထိုကြင်နာ ဟန်ဆောင်မှုသည် ဤမာယာပင်တည်း။

ဤမာယာကို တချို့အရာ၌ တင်္ခဏုပ္ပတ္တိဥာဏ် - ရုတ်တရက်အကြံကောင်းသောဥာဏ်
ဟုလည်း ခေါ်ရပြန်သည်။
(တင်္ခဏ - ထိုခဏ၌၊ ဥပ္ပတ္တိ၊ ဖြစ်ပေါ်လာသောဥာဏ်၊
ဥာဏ်ဆိုသော်လည်း ဥာဏ်အစစ်မဟုတ်၊ ဥာဏ်အတုသာဖြစ်သည်။
ဥာဏ်အစစ်ကား ကောင်းသောအရာ၌သာ ဖြစ်သည်။

ရုတ်တရက်ဥာဏ်ကောင်းသူ
အိမ်ရှင်မတစ်ယောက်သည် အစေခံယောက်ကျားကလေးနှင့် ဖောက်ပြားလေ့ရှိ၏။
အခါတပါးသော် ထိုယောက်ကျားကလေးအား နမ်းနေသည်ကို
အိမ်ရှင်ယောက်ကျား မြင်သွားလေသည်။
ထိုသို့မြင်သွားကြောင်းကိုလည်း အိမ်ရှင်မကိုယ်တိုင် သိလိုက်ရကား
မိမိ၏ခင်ပွန်းထံသို့ သွားပြီးလျှင်
“အရှင်၊ ဒီကောင်လေးဟာ မရိုးသားဘူး၊
ယနေ့အရှင့်အဖို့ထားတဲ့ မုန့်ကို ယူစားပြီး ကျွန်မက မေးတော့ မယူဘူးလို့ လိမ်တယ်၊
ယခု သူ့ပါးစပ်ကို နမ်းကြည့်တော့ ပါးစပ်က မုန့်စော်နံတယ်၊
မရိုးသားသူကို အိမ်မှာထားလို့ မတော်ဘူးထင်တယ်” ဟုပြောလေသည်။

ဤဝတ္ထု၌ အစေခံကို သူကနမ်းမှုသည်
လွန်စွာ ဆိုးရွားသောအပြစ်ကြီးဖြစ်ပါလျက် ထိုအပြစ်မပေါ်အောင်
လှည့်ပတ်တတ်သော ရုတ်တရက်အကြံမှာ မာယာပင်ဖြစ်သည်။
ဤမာယာသည် မိန်းမမှာသာ ရှိသည်မဟုတ်။ ယောက်ကျားများ၌လည်း ရှိသည်ပင်။

မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ

Posted by Dr. Ashin Indaka

Monday, May 20, 2013

Virginity fraud အပျိုရည် ပျက်ခြင်း(အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၆))

မိန်း ကလေး တယောက် ကနေ အကျိုးတခုခုကို မျှော် ကိုးပြီး မမှန်ဘဲနဲ့ အပျိုစစ်ပါတယ်လို့ ပြောလိုက် တာကို Virginity fraud အပျိုရည်- လိမ် တယ်၊ Virginity lie အပျိုရည်-မုသား နဲ့ Chastity fraud အဗြဟ္မစရိယ-အ ကျင့် လို့လဲ ခေါ် တယ်။

Paternity fraud မိဖ မစစ်ဘူးဆိုတာလိုဘဲ ဒီ အယူအ ဆဟာလဲ ငြင်းခုန်စရာ တခုပါဘဲ။ အပျို စစ်-မစစ်ရဲ့ Definition အဓိပ္ပါယ်ဖွင့်မှု နဲ့ Importance အရေးပါမှု ဆိုတာကို လူ့အသိုင်း အဝိုင်းမှာ တသဘော ထဲ မရှိပါ။ Sexual double standard ကျား-မ နှစ်ခွအမြင် ရှိတာနဲ့ မရှိတာမှာ ကွာကြ တယ်။

Female virginity အပျိုစစ်မှုကို

1. Hymen အပျိုမြှေး ရှိတာ-မရှိတာနဲ့ တိုင်းမလား။
2. Philosophical criteria ဒဿနိက-သတ်မှတ်ချက်ကော ထားမလား။

လူမှုအသိုင်းအဝိုင်းတွေက မတူကြပါ။ Rape victim အဓမ္မပြုကျင့်ခံရသူမျိုးကို အကဲဖြတ်တာတော့ တူကြတာ များပါတယ်။ မိန်းကလေး တယောက် Boyfriend ယောက်ျားလေးအဖေါ် ထားပြီဆိုကတည်းက (လိင်ဆက်ဆံမှု မရှိအုံးတော့) တန်ဘိုး သတ်မှတ်မှုမှာ အမှတ် လျော့ခံရပြီ။ Lesbian sexual activity မိန်းကလေးချင်းချင်း လိင်ကိစ္စထိ ရောက်ကြအုံးတော့ စောစောက မိန်းကလေးလောက် အမှတ် မလျှော့တတ်ဘူး။

ရှေးခေတ်လို့ ပြောရမယ်၊ ခုခေတ်လဲ ရှိတော့ ရှိသေးတာပါ၊ မင်္ဂလာဦးညမှာ အိပ်ယာခင်း၊ အဝတ်အစားမယ် ကညာမြှေးစုတ်လို့ ထွက်တဲ့ သွေးစွန်းတာ လက်တွေ့ မြင်ရမှသာ သတို့သမီးဟာ အပျိုစစ်ခဲ့ပါတယ် ဆိုတာရဲ့ Proof သက်သေခံ ဖြစ်တယ်။ ဒီအချက်ကို Marriage contract မင်္ဂလာဆောင် (ကန်ထရိုက်) စာချုပ်ကတည်းက တည့်ထားတတ်တယ်။ ဘယ်ရမလဲ လူဆိုတာ ကြံရည်-ဖန်ရည် ရှိတယ် မဟုတ်လား။ ခေတ်လူတွေမှ တော်ကြတယ် မထင်ပါနဲ့။ Techniques to simulate the bleeding သွေးအတု လုပ်နည်းတို့ Physical sensation of rupture စုတ်ပြဲသွားလို့ နာကျင်မှု အယောင်ဆောင်တို့ ဆိုတာတွေလဲ ရှေးကတည်းက ရှိနေခဲ့ပါတယ်။

Methods of detection ဘယ်လို စမ်းသပ်မလဲ -

1. Hymen restoration surgery အပျိုမြှေးကို ခွဲစိတ်ကုသပြီး ပြန်လုပ်ပေးထားသလား။ Vagina's general state of elasticity ပုံမှန်ရှိအပ်တဲ့ (ဗဂျိုင်းနား) ရဲ့ ကြုံ့နိုင်-ဆန့်နိုင်စွမ်း ရှိသလား-မရှိဘူးလား ဆိုတာတွေ စစ်တာကို လူမျိုးစု အတော်များများမှာ ဆရာဝန်တွေက လုပ်ရတာတော့ မဟုတ်ပါ။ အများလက်ခံတဲ့ အမျိုးလဲတော်တဲ့ အမျိုးသမီးကြီး တဦးဦးကနေ လုပ်ရပါတယ်။ နောက်ပိုင်းမှာတော့ ဆရာဝန်တွေကို သုံးလာတာလဲ ရှိပါတယ်။ ဆေးလက်မှတ် ထုတ်ပေးဘို့ လိုတတ်လို့ပါ။

2. ဆရာဝန်နဲ့ မလုံလောက်ရင် "စုံထောက်" အားကိုးကြတာလဲ ရှိတယ်။ Private detective တွေက မိန်းကလေးရဲ့ သမီးရည်းစားထား သမိုင်း ပြန်လှန်မယ်။ သွားဘူး-လာဘူးတဲ့ ဆေးရုံ-ဆေးခန်းတွေ လိုက်စုံစမ်းမယ်။ မပေါ်ပေါ်အောင် ဖေါ်မယ်။

အနောက်နိုင်ငံတွေမှာ Hymen replacement surgery အပျိုမြှေးပြန်လုပ်ပေးတာကို ဝေဖန်လာကြတယ်။ Medically unnecessary ဆေးပညာအရ မလိုအပ်ဘူးတဲ့။ လူတွေ အဲလို လိုက်လုပ်ကြတဲ့ Social practices အလေ့အထက မကောင်းဘူးလို့ ပြောတယ်။ သိတဲ့အတိုင်း ဒီနည်းကြောင့် အပျိုမဟုတ်သူတွေက အပျိုတု လုပ်လာပါတယ်။

ပြဿနာ များတာက မွတ်ဆလင်တွေမှာ ဖြစ်မယ်။ ၂ဝဝ၆ တုံးက ပြင်သစ်နိုင်ငံ Lille မှာနေတဲ့ သတို့သားက သူ့ သတို့သမီးကို အပျိုမစစ်လို့ မယူတော့ဘူး ငြင်းခဲ့တယ်။ မိန်းကလေးကလဲ စစ်ပါတယ်ပြောပေမဲ့ အယူခံ မတက်တော့ ယောက်ျားလုပ်သူက အနိုင်ရလိုက်တယ်။

၂ဝဝ၉ ရောက်တော့ မီဒီယာ အာရုံစိုက်မှုများတဲ့ကြားကနေ တရားရေးဝန်ကြီး Rachida Dati က အစိုးရကို အယူခံဘို့ အမိန့်ချလိုက်တယ်။ အယူခံတရားရုံးက အရင်အမိန့်ကို ပြောင်းပြန်လုပ်လိုက်တယ်။ လက်ထပ်တာမှာ အပျို စစ်-မစစ်ဟာ Essential condition မရှိမဖြစ် လိုအပ်ချက် မဟုတ်လို့ ချမှတ်ထာ ဖြစ်တယ်။

မိန်းကလေးက မုသားဆိုအုံးတော့ အိမ်ထောင်သည်ဘဝအတွက် အပျိုရည်ပျက်လဲ ကိစ္စမရှိဘူးတဲ့။ သူ့အတိတ်ဟာ အတိတ်ဘဲတဲ့။

Dr. တင့်ဆွေ

Myanmar Daily News မှ ဗဟုသုတ အဖြစ်တင်ပြပေးသော ဆောင်းပါးအား Myanmar Forward  မှ ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်။

Saturday, May 18, 2013

အနိုင်ရတယ်ဆိုပေမယ့် သင်ရှုံးနေပါပြီ

__________________________

နုပျိုတဲ့ဇနီးမောင်နှံနှစ်ဦး အသစ်ပြောင်းလာတဲ့ အိမ်ခန်းထဲမှာ ပရိဘောဂတွေ နေရာချရင်း ငြင်းခုန်နေကြတယ်။ ကောင်မလေးစွာသမျှ ကောင်လေးက တင်းခံတယ်။ တအောင့်နေတော့ နှစ်ယောက်စလုံး ဘာမှမလုပ်နိုင်၊ မပြောနိုင်ဘဲ ငြင်းခုန်တာနဲ့တင် လက်ပန်းကျကုန်ကြတယ်။ မိနစ်အနည်းငယ်ကြာတော့ အနှိမ်ခံရတဲ့ ကောင်လေးကစကားစတယ်။

... "မိန်းမရယ်.... နင်ပြောသမျှ မှန်တယ်ထားဦး ငါ့ကိုအနိုင်လိုချင်တဲ့စိတ်နဲ့ပဲ လှပတဲ့ဒီညကို နင်အကျည်းတန်စေတော့မလား?"

"ငါ့ကိုအနိုင်လိုချင်တဲ့စိတ်နဲ့ပဲ လှပတဲ့ဒီညကို နင်အကျည်းတန်စေတော့မလား?" ကောင်လေးပြောတဲ့စကားက တိုတိုလေးပါ။ ဒါပေမယ့် "အနိုင်"လိုချင်သူကို တွေးစရာတွေ အများကြီးပေးလိုက်တယ်။

"တချို့အချိန်မှာ မင်းအနိုင်ရတယ်ဆိုပေမယ့် မင်းရှုံးနေပါပြီ" ဒီစကားကို ကျွန်တော်အရမ်းနှစ်သက်မိတယ်။

တကယ်လည်း တချို့အချိန်မှာ ကျွန်တော်တို့ အနိုင်ရလိုက်တယ်ဆိုပေမယ့် ခံစားမှုအပိုင်းမှာ ကျွန်တော်တို့ ရှုံးသွားတယ်။
ငြင်းခုန်တဲ့နေရာမှာ ကျွန်တော်တို့နိုင်လိုက်တယ်ဆိုပေမယ့် ဟန်ပန်အမူအရာမှာ ကျွန်တော်တို့ရှုံးသွားတယ်။
တစ်ဘက်လူကို အနိုင်နဲ့ပိုင်းလိုက်နိုင်တယ်ဆိုပေမယ့် ခင်မင်မှုမှာ ကျွန်တော်တို့ရှုံးသွားတယ်။

တစ်ခါတလေ နိုင်တယ်လို့ ကျွန်တော်တို့ထင်ထားတာတွေက တကယ်တမ်းတော့ ရှုံးနေတာတွေဖြစ်တယ်။ လူတစ်ယောက် သို့မဟုတ် ပြဿနာတစ်ခုကို ဖြေရှင်းချိန်မှာ "အကျိုးအကြောင်း" ရှိရမယ်။ မျက်ထောင့်နီကြီးနဲ့ လည်ပင်းရိုးတွေထောင်တဲ့အထိ ကျွန်တော်တို့ "အားပြိုင်" နေဖို့မလိုပါဘူး။

"ညှာတာ၊ သင့်မြတ်"တဲ့အပြုအမူက "ကြမ်းတမ်း၊ သန်မာ"တဲ့ အပြုအမူထက် လူတွေလက်ခံကြတယ်။

လောကကြီးမှာ လူ(၄)မျိုးရှိတယ်။

ပထမလူက ကိုယ်ပိုင်ဟန် မရှိသူ၊ ဆင်ခြေတုံတရား နည်းပါးသူ၊ စိတ်သဘောထား မပြည့်ဝသူဖြစ်တယ်။

ဒုတိယလူက ကိုယ်ပိုင်ဟန် မရှိသူ၊ ဆင်ခြေတုံတရား နည်းပါးသူ၊ စိတ်သဘောထား ပြည့်ဝသူဖြစ်တယ်။

တတိယလူက ကိုယ်ပိုင်ဟန်ရှိတယ်၊ ဆင်ခြေတုံတရားလည်းရှိတယ်၊ ဒါပေမယ့် "တဇွတ်ထိုး"လုပ်တတ်သူဖြစ်တယ်။

စတုတ္ထလူက ကိုယ်ပိုင်ဟန်ရှိတယ်၊ ဆင်ခြေတုံတရားရှိတယ်၊ ညင်ညင်သာသာ ပြုမူပြောဆိုတတ်တယ်။

ပထမလူမျိုးက ဘာမှမပိုင်ဆိုင်တဲ့ "သနားစရာ" ပုဂ္ဂိုလ်ဖြစ်တယ်။
ဒုတိယလူမျိုးက ကိုယ်ပိုင်ဟန်မရှိတဲ့ "မဆင်မခြင်" ပုဂ္ဂိုလ်ဖြစ်တယ်။
တတိယလူမျိုးက လူလူချင်းပေါင်းသင်းဆက်ဆံတဲ့ အနုပညာကိုမသိတဲ့ "စက်ရုပ်"ပုဂ္ဂိုလ်ဖြစ်တယ်။
စတုတ္ထလူမျိုးက အိန်လ်ဂျယ်နဲ့တူတဲ့ "ချစ်စရာ" ပုဂ္ဂိုလ်ဖြစ်တယ်။
စတုတ္ထလူမျိုးကသာ လောကကြီးကို တကယ့်အောင်နိုင်သူဖြစ်တယ်။



မူရင်း - http://ibook.idv.tw/enews/enews751-780/enews769.html

နိုင်းနိုင်းစနေ (Wednesday, August 04, 2010)

Sunday, May 12, 2013

ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း

(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။

ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။

လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရ လာပါလိမ့်မည်။

(၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။

နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။

(၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။

ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြုလိုက်ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆိုထား ပါသည်။

Myanmar News Update

(ဖြစ်ရပ်မှန်ဖြစ်သဖြင့် နာမည်နေရပ်အတိအကျ မဖေါ်ပြတော့ပါ ကြောက်တတ်သူများ မဖတ်ပါနှင့်)

(ဖြစ်ရပ်မှန်ဖြစ်သဖြင့် နာမည်နေရပ်အတိအကျ မဖေါ်ပြတော့ပါ
ကြောက်တတ်သူများ မဖတ်ပါနှင့်)

၁၉၉၆ လောက်က ခလရ(xx)က ဗိုလ်ကြီးတစ်ယောက်ဟာ သူရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ဖို့အတွက် မိတ္တီလာကို ခွင့်ပြန်လာပါ တယ်။ဗိုလ်ကြီးက အသားဖြူဖြူအရပ်မြင့်မြင့် သူ့ချစ်သူဟာလည်း ရုပ်ချောလှပသူဖြစ်ရုံသာမက မြို့မျက်နှာဖုံး ချမ်းသာသူဖြစ်လေတော့ နှစ်ယောက်စလုံးဟာ နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်တဲ့ချစ်သူတွေ ဖြစ်ပြီး အားလုံးကအားကျရတဲ့စုံတွဲပါ
ချစ်သူနှစ်ယောက်ကလည်း မင်္ဂလာဆောင်အတွက်ပျော်မဆုံး မော်မဆုံးနဲ့ ပြင်ဆင်နေကြတာပေါ့လေ
ဒီလိုနဲ့ မင်္ဂလာဆောင်တဲ့နေ့ရက်ကို ရောက်ရှိလို့လာပါတယ်။

တပ်မတော်က အရာရှိဖြစ်လေတော့ ဗိုလ်ကြီးက ဆဖာရီကုတ် ခေါ်တဲ့ အခမ်းအနားဝတ်စုံနဲ့ပါ
သတို့သမီးကလည်း မြန်မာထိုင်မသိမ်းဝတ်စုံဖြူလေးနဲ့ သိပ်လှနေတာပေါ့ဗျာ
အားလုံးက ကံကောင်းတယ် လိုက်ဖက်ပါတယ်ပြောနေကြတဲ့ ဒီစုံတွဲဟာ အားလုံးကထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးကြီးနဲ့ဆုံခဲ့ရပါတယ်။

ဒါကတော့ တချိန်က သတို့သမီးရဲ့ချစ်သူဟောင်းဟာ မင်္ဂလာပွဲကို ဓါးတလက်နဲ့ဝင်ရောက်လာပြီး အားလုံးဝိုင်းဆွဲနေတဲ့ကြားထဲက ဆွဲတဲ့သူတွေရော သတို့သမီး သတို့သားရော ကိုပါ ဓါးနဲ့ခုတ်ခဲ့လို့ သတို့သမီးဟာနေရာတွင်ပဲ ပွဲချင်းပြီးသေဆုံးရရှာပါတယ်

သတို့သမီးရဲ့ အဖြူရောင်ဝတ်စုံဟာ သွေးချင်းချင်းနီရဲသွားပေမယ့် သတို့သမီးရဲ့မျက်လုံးတွေကတော့ သူမချစ်မြတ်နိုးတဲ့ သတို့သားကိုဝမ်းနည်းတဲ့မျက်လုံးအစုံနဲ့ ကြည့်နေရင်းအသက်ပျောက်သွားရရှာပါတယ်
သတို့သားဟာလည်း သွေးချင်းချင်းနီနေတဲ့ သူရဲ့သတို့သမီးအလောင်းကို ကျစ်ကျစ်ပါအောင် ဖက်ပြီးငိုကြွေးနေလေတော့ သူ့ရဲ့ဝတ်စုံကလည်း သတို့သမီးရဲ့သွေးတွေနဲ့ရဲရဲနီနေပါတော့တယ်
ဒီလိုနဲ့သူတို့ဇာတ်လမ်းကလေးဟာ ကြေကွဲစရာတွေနဲ့အဆုံးသတ်သွားပါတယ်

ဒါပေမယ့် ဇာတ်လမ်းက မပြီးခဲ့ပါဘူး
ဗိုလ်ကြီးဟာ သူ့ချစ်သူကို မမေ့နိုင်လေတော့
သူ့ချစ်သူသွေးတွေပေနေတဲ့ အခမ်းအနားဝတ်စုံကို မလျှော်ပစ်ပဲ ဒီအတိုင်း မိုက်ရူးရဲဆန်စွာ သိမ်းဆည်းထားပါတယ်
အားလုံးကဝိုင်းပြောကြပေမယ့် ဗိုလ်ကြီးကို ဘယ်လိုမှပြောလို့မရခဲ့ပါဘူး
ဒီအတိုင်းထားတာဟာ သူမအနားမှာရှိနေသလိုပဲလို့ တတွတ်တွတ်ပြောနေပါတော့တယ်
ဒါကြောင့် အဲ့သည်အရာရှိဟာ စစ်မှုထမ်းဆောင်ရန်ဆက်လက်မသင့်တော်တဲ့ မှတ်ချက်နဲ့ တပ်မတော်ကနေ အနားယူခဲ့ရပါတယ်
သူဟာ တကိုယ်တည်းဘဝနဲ့ပဲ ၂၀၀၉ ခုနှစ်မှာ မိတ္တီလာမြို့ နာမည်ကျော် ရေကျော်ခုနှစ်ပေါက် ရေတံခါးမှာ ရေနစ်သေဆုံးခဲ့ပါတယ်
မသေဆုံးခင်အထိ ညစဉ်ညတိုင်း သူရဲ့ သွေးပေနေတဲ့ သတို့သား ဝတ်စုံကို ရှေ့မှာချပြီး တယောက်တည်းစကားတွေပြောနေတာကို ချောင်းတွေ့တယ်လို့ ဆွေမျိုးနီးစပ်သူတွေက ပြောပါတယ်
သူမသေခင် နေ့စဉ်နေ့တိုင်း သူ့အခန်းထဲမှာ ညဘက်ဆို မြန်မာသတို့သမီး ဝတ်စုံဖြူနဲ့ မိန်းကလေးတစ်ယောက်ကို ခဏ ခဏ တွေ့ကြောင်းလဲပြောကြပါတယ်

ဒီလိုနဲ့၂၀၁၀ခုနှစ်(သတို့သမီးသေဆုံးပြီး ၁၄ နှစ် သတို့သားသေဆုံးပြီး တစ်နှစ်မှာပါ)
ကျွန်တော့်သူငယ်ချင်း သေသူရဲ့တူတော်တဲ့သူက မိတ္တီလာစစ်ဆေးရုံမှာ ဆေးမှူးဗိုလ်ကြီးအဖြစ်တာဝန်ကျပါတယ်
ကျွန်တော်တို့နှစ်ယောက်ဟာ အဆောင်မှာ တခန်းထဲနေသူတွေပါ အရမ်းခင်တဲ့ငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။

သူကအဲ့သည့်အိမ်ကို အမြဲဝင်ထွက်နေသူဖြစ်တာကြောင့် ဒီဇာတ်လမ်းကိုလည်း ကျွန်တော်ရော သူပါ သိရှိထားပြီးဖြစ်ပါတယ်
အဲ့သည့်နေ့က မှတ်မှတ်ရရ ၂၀၁၀ ခုနှစ် မတ်လ ၂၆ ရက်ကပါ
နောက်နေ့ တပ်မတော်နေ့ညစာစားပွဲအတွက် ကျွန်တော့်သူငယ်ချင်းဟာ ဆာဖာရီကုတ်မရှိပါဘူး
ပြန်ချုပ်ဖို့ကလည်း အချိန်မမှီ
ရှိတဲ့သူတွေ အကုန်လုံးက စားပွဲတက်မှာဆိုတော့ ငှားလို့လဲမရဘူးလေ
ဒါနဲ့ဆက်စပ်တွေးလိုက်တော့ မနှစ်ကဆုံးသွားတဲ့ သူ့ဦးလေး ဗိုလ်ကြီးဟောင်းကို အမှတ်ရပါတယ်
ဒါနဲ့ သူ့အိမ်မှာရှိမှာပဲဆိုပီးသွားငှားပါတယ်
ဒီလိုနဲ့ ကျွန်တော်တို့ နာရီစင်နားက သူတို့အိမ်ရောက်တော့ အိမ်သားတွေက "ရှိပါတယ် ဦးလေးပစ္စည်းတွေအကုန်သိမ်းထားပါတယ်"တဲ့ ထူးဆန်းတာတခုက ဒီလောက်နှစ်တွေကြာပြီ သူတို့လည်းသေသေချာချာ လျှော်ဖွပ်ပါတယ် ပင်မင်းတွေပေါင်းစုံအပ်ပေမယ့် အကျီ ရင်ဘတ်ကသွေးကွက်ဟာ ဘယ်လိုမှချွတ်လို့မရဘူးတဲ့
သူတို့ပုံစံကြည့်ရတာ ကြောက်ရွံနေတာအရမ်းသိသာပါတယ်
ဒါပေမယ့် သူငယ်ချင်းက ဆရာဝန်ဆိုတော့ အယုံအကြည်မရှိဘူးလေ
သူက ထုတ်ပြဖို့ပြောတော့
အိမ်သားတွေက အပေါ်ထပ်က အသေပိတ်ထားတဲ့အခန်းကို ကျွန်တော်တို့နှစ်ယောက်စလုံးကို ခေါ်လာတယ် အဲ့မှာပဲခြောက်ခြားစရာ ဆာဖာရီကုတ်ကို နံရံမှာချိတ်ထားတာတွေ့လိုက်ရပါတယ်။

ဖုန်အလိမ်းလိမ်းတက်နေပေမယ့် ဘယ်ဘက်ရင်အုံမှာ ငါးလက်မပတ်လည်လောက်ရှိတဲ့ သွေးကွက်ကြီးကို ထင်ထင်ရှားရှားကြီးတွေ့နေရပါတယ်
ကျွန်တော်က ကြောက်တတ်လို့ပြန်ဖို့ပြောပေမယ့် သူငယ်ချင်းကမရပါဘူး ချက်ခြင်းဆိုသလိုပဲ
အကျီ င်္ကို အစမ်းကောက်ဝတ်ပစ်လိုက်ပါတယ်
အဲ့မှာ တော်တယ်ဆိုပီး ငှားပါတယ်
အဲ့သည့်အိမ်ကလည်း အပိုင်သာယူသွားပါဆိုပီး သေသေချာချာထုတ်ပေးလိုက်ပါတော့တယ်
ဖြစ်တာက အဲ့သည့်ညမှာပါ
ဆာဖာရီကုတ်ဆိုတာ အထူကြီးပါ
ရေလျှော်ပီးရင် တော်တော်နဲ့ မခြောက်လို့
သူငယ်ချင်းဟာ ရောက်ရောက်ချင်းညနေခင်းမှာပဲ လျှော်ပါတော့တယ်
အဲ့သည်လိုလျှော်နေတုန်းခဏတော့ ပျောက်သွားသလိုဖြစ်ပေမယ့်
ခဏနေ နေပူပြန်လှန်းရင် ဒီသွေးကွက်ဟာ နီကျင်ကျင်နဲ့ပြန်ပေါ်လာပါတော့တယ်
ယိုးဒယားက အစွန်းချွတ်ဆေးသုံးပေမယ့်မရပါဘူး
ဒီကောင်တော်တော်စိတ်အိုက်သွားပုံရပါတယ်
ဒီလိုနဲ့အခန်းထဲမှာ စိတ်ပျက်လက်ပျက်နဲ့ ဒီဝတ်စုံကြီးကို ကျွန်တော်တို့နှစ်ယောက် အခန်းထဲက စင်မှာ ချိတ်ထားပါတယ်
သူက မကြောက်တတ်ပေမယ့် ကျွန်တော်က အလွန်ကြောက်တာမို့ အပေါ့သွားရင်တောင် လှည့်မကြည့်ရဲပါဘူး
ဒီလိုနဲ့ ည ၁၀ နာရီ ရောက်လာပါတယ်

ကျွန်တော်တို့နှစ်ယောက် စာဖတ်နေရင်း ဒီကောင်က ဘာစိတ်ကူးပေါက်လဲမသိပါဘူး
ရုတ်တရက် ဝတ်စုံကြီးကို စိုက်ကြည့်ပြီး
"ဘာဖြစ်လို့ ဒီအစွန်းက မကျွတ်ရသလဲကွာ"
ဆိုပီး တယောက်တည်းရေရွတ်လိုက်ပါတယ်
အဲ့သည့်အချိန်မှာပဲ
ရုတ်တရက်မီးပျက်သွားပါတယ်
ကျွန်တော်တို့နှစ်ယောက်လုံးကြောင်သွားတဲ့ မျက်စိတစ်မှိတ်မှာပဲ မီးပြန်လာပါတယ်
ဒါပေမယ့် အခန်းကတော့အရင်လိုမဟုတ်တော့ပါဘူး
ဆာဖာရီ ဝတ်စုံကြီးရဲ့နားမှာ အဖြူရောင်ဝတ်စုံနဲ့ သွေးဆုတ်ဖြူလျော်နေတဲ့ မျက်နှာပိုင်ရှင်သတို့သမီးတစ်ယောက်ကို ထိတ်လန့်ဖွယ်တွေ့လိုက်ရပါတယ်
သူငယ်ချင်းက အားခနဲ အော်လိုက်သလို
ကျွန်တော့်ရဲ့ဦးခေါင်းဟာလည်း အဆမတန်ကြီးထွားသွားသလို ခံစားလိုက်ရပါတယ်
ဒါပေမယ့်
သတို့သမီးက တချက်ပြုံးကြည့်ပြီး
"အစွန်းကဘယ်ကျွတ်မလဲ အမှတ်တစ် စက်မှုဝန်ကြီးဌာနက ထုတ်တဲ့ ရွှေဝါဆပ်ပြာနဲ့မှ မလျှော်တာ"
လို့ပြောလဲပြော
သူ့ရဲ့ လက်ထဲက ရွှေဝါဆပ်ပြာ နှစ်ပိုင်းကို ကျွန်တော်တို့ကို ပေးလိုက်ပါတယ်
သူငယ်ချင်းလဲ ဝမ်းသာအားရနဲ့ ညတွင်းချင်း လျှော်ပစ်တာ အစွန်းအထင်းမှန်သမျှအကုန်ပျောက်ပီး နောက်တနေ့ dinner ကို ဝတ်စုံအသစ်နဲ့ရင်ကော့ခေါင်းမော့ကာ တက်နိုင်ခဲ့ပါတယ်
ကျေးဇူးပါပဲ ရွှေဝါရယ်
(ဟီဟိ)

င်္(FB)  မှ

Tuesday, May 7, 2013

(ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်ပါ )

Pi Xell
(ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်ပါ )
အဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။
ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတယ်။ ကျွန်တော့ အမျိုးသမီး ရေးချိုးခန်းကထွက်လာပြီး ကျွန်တော့ကို ပြောတယ် “ခြေထောက်မှာ ဘာလို့မှဲ့တစ်လုံးထွက်လာပါလိမ့်?”
ကျွန်တော်ကတော့ မိန်းကလေးတွေတော်တော်များများ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်တတ်တယ် ဆိုပြီး ဂရုမစိုက်ဘဲ ဒီတိုင်းထားလိုက်တယ်။
ကျွန်တော်တို့ ဘ၀က ဖြတ်သန်းလာရတာ အေးအေးဆေးဆေးပါဘဲ။ ကျွန်တော် ကုမ္ပဏီမှာ ရာထူးတစ်ခု ရပြီးနောက်ပိုင်းမှာ သူကလဲ အိမ်က ဝေရာဝိစ္စတွေအားလုံး ကို တာဝန်ယူခဲ့တယ်။
ကျွန်တော့ အလုပ်က အမြဲအချိန်ပို လုပ်နေရသလို ခရီးလဲ ခဏခဏထွက်ရတယ်။ တခါတလေ ထွက်လိုက်ရင်လဲ ၃ပတ်လောက်ကြာတယ်။ ခရီးထွက်နေတုန်း တချို့ကတော့အိမ်က လူကြီးတွေရဲ့ကျန်းမာရေး၊ ကလေးတွေရဲ့ပညာရေးကို စိတ်ပူတတ်ကြတယ်။ ကျွန်တော်ကတော့ စိတ်ချလက်ချပါဘဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သိတယ်၊ သူကျွန်တော့ မိဘတွေကို ကောင်းကောင်းပြုစုလိမ့်မယ်၊ သားလေးကိုလဲ စာပြပေးမယ် ဆိုတာတွေကို…
တကယ်တော့ သူ့ကို အားကျနေတဲ့သူတွေဟာ ကျွန်တော့ကိုအားကျနေတဲ့သူတွေလိုဘဲများပါတယ်။
တခြားလူတွေရဲ့ အမြင်မှာ သူဟာ မနက်၉ နာရီ ကနေ ညနေ ၅နာရီ အထိ အထက်လူကြီးရဲ့ မျက်နှာကိုကြည့်ပြီးလုပ်စရာ မလိုဘူးလေ။ ကျွန်တော်တို့လဲ အရင်ကတည်းက ကားဝယ်ထားတယ်၊ ကွန်ဒိုကိုလဲ ပြောင်းနေနိုင်ပါပြီ။ ကျွန်တော်တို့ ရိုမန်းတစ်ဆိုတာ ကို မသိပေမဲ့ ကျွန်တော်တို့ ရဲ့ကမ္ဘာလေးဟာ သာသာယာယာပါဘဲ။
သူဒီလို တစ်ခုခု လွဲနေသလိုလိုခံစားနေရပြီး သူတစ်ယောက်တည်းဆရာဝန်သွားပြတယ်။
ဆေးစစ်ချက်ထွက်လာပြီ… မှဲ့ကင်ဆာတဲ့။ ဒီဆေးစစ်ချက် အဖြေဟာ ကျွန်တော့ကို တုန်လှုပ်သွားစေတယ်။ အဲဒီနေ့တွေမှာ ကျွန်တော်တို့ နာမည်ကြီးဆေးရုံးတော်တော်များများ ကိုပတ်ခဲ့တယ်။ အဖြေတွေကတော့ အတူတူတွေပါဘဲ။
နာမည် အရမ်းကြီးတဲ့ ဆရာဝန်တစ်ယောက်ကကျွန်တော့ကို ပြောပြတယ် “မင်း အမျိုးသမီးရနေတဲ့ အရေပြားကင်ဆာ ဟာ သေနှုန်း ၉၀% ရှိတယ်။ အဆိုးဆုံးအရေပြားကင်ဆာတစ်ခုပါ၊”
သိပ်မကြာပါဘူး။ ဆရာဝန်ပြောထားသလိုဘဲ သူ့ရဲ့ လက်မောင်း၊ ပေါင်၊ နောက်ကျောတွေမှာ မှဲ့ အသစ်တွေ အများကြီးထွက်လာတယ်။ သူ့ရဲ့ခန္ဓာကိုယ် နဲ့ စိတ်ဓာတ်တွေဟာ တဖြေးဖြေးချင်း ကျဆင်းလာတယ်။ ကျွန်တော်မှတ်မိသလောက် သူ အရင်ကတည်းက တခါတလေဖျားပြီးဗိုက်နာတတ်တာကလွဲလို့ သူနေမကောင်းတဲ့ အချိန်မရှိသလောက်ဘဲ။
ဒါပေမဲ့ အခုတော့…
တခဏလေးမှ အနားမယူတတ်တဲ့သူက နောက်ဆုံးတော့ ဆေးရုံကုတင်မှာလဲနေရပါပြီ။
သူမရှိတော့တဲ့အိမ်ဟာ အရမ်းကိုတိတ်ဆိတ်လွန်းတယ်။
မီးဖိုခန်းမှာ အပူငွေ့မရှိတော့ဘူး။ ရေချိုးခန်း၊ ဧည့်ခန်းက အသုံးအဆောင်ပစ္စည်းတွေပေါ်မှာ ဖုန်တွေလွမ်းခြုံနေပြီ။
အရင်တုန်းက လင်းလင်းရှင်းရှင်း နွေးနွေးထွေးထွေးရှိတဲ့၊ ပြန်ရောက်တာနဲ့ သက်တောင့်သက်သာရှိတဲ့ အိမ်လေးဟာ ကျွန်တော် မသိတဲ့ နေရာ အဖြစ်ပြောင်းလဲတော့မယ်။
ကျွန်တော် အိမ်ကပစ္စည်းတော်တော်များများနဲ့ “စိမ်း” နေပါလား။
မိုက်ခရိုဝေ့ သုံးတာ၊ ထမင်းချက်တာ၊ ကော်ဖီ၊ လက်ဖက်ရည် တစ်ခွက်ဖျော်ဖို့၊ ခေါက်ဆွဲထုတ်ပြုတ်ဖို့…
ကျွန်တော် စမ်းနေတာ နေ့ဝက်ရှိပြီ၊ ဘယ်ခလုတ်နှိပ်ရမှန်း မသိဘူး၊ ချက်လို့ထွက်လာတာ ကလဲ သူချက်တာနဲ့ အရသာနဲ့ ကွာနေပါလား။
အရင်က သူလွယ်လွယ်ကူကူ လက်ကမ်းပေးလိုက်တဲ့ နေ့စဉ်သုံးပစ္စည်းတွေဟာ အခုရှာနေတာ နေရာနှံ့နေပြီ။ ရှာမတွေ့ဘူး။
သူဆေးရုံတက်ပြီးနောက်ပိုင်း ကျွန်တော်လဲ ခွင့်ရက်ရှည်ယူလိုက်ပြီး သူ့အနားမှာ တတ်နိုင်သလောက် အဖော်လုပ်ပေးတယ်။
ဒီအချိန်မှာမှ ကျွန်တော်သဘောပေါက်လိုက်တယ်…
အိမ်တစ်အိမ်မှာ တာဝန်ကျေပွန်တဲ့ ဇနီးကောင်းတစ်ယောက်မရှိရင်၊ ယောက်ျားတွေ ပိုက်ဆံဘယ်လောက်ရှာနိုင်ပါစေ၊ အပြင်မှာ ဘယ်လောက်ဘဲ သားသားနားနားရှိနေပါစေ အလကားပါဘဲ။
တနေ့မှာ အသိတစ်ယောက်က ကွမ်ကျိုးမှာ ဒီလိုအရေပြားကင်ဆာကို အထူးကုတဲ့ ဆေးရုံးတစ်ရုံရှိတယ် ပြောတယ်၊ ဒီလိုရောဂါမျိုးကုလို့ပျောက်တာတွေလဲရှိတယ်။ ဒါပေမဲ့ စရိတ်တော့တော်တော်ကြီးတယ်။ ကုထုံးတစ်ခုက ၃လကြာတယ်၊ သိန်း ၃၀လောက်ကုန်တယ်။
ကျွန်တော်ဒီသတင်း မိန်းမကိုပြောပြတော့ ရောဂါဝေဒနားဒဏ်ညင်းပန်းခံ နေရပြီး သတိ မလည်တလည်နဲ့ ကျွန်တော့ကို ရှင်းရှင်းလင်းလင်းလေးပြောလိုက်တယ်
“ရှင်တို့နဲ့ မခွဲရက်ဘူး… ”
သူ့ အားအင်ချိနဲ့ပြီး ရှင်းလင်းတဲ့ စကားသံလေးတွေကြားတော့ ကျွန်တော့ မျက်ရည်တွေဟာ မျက်လုံးအိမ်ထဲမှာ မနေနိုင်တော့ပါဘူး…
ကျွန်တော် အရင်က တခါမှ မထင်မိခဲ့ဖူးဘူး၊ ငါတို့လင်မယားဒီလောက်ထိချစ်ကြတာကို…
ဒါပေမဲ့…
အဲဒီအချိန်မှာ…
ကျွန်တော်ခံစားရတယ်… ငါတို့ဟာကမ္ဘာပေါ်မှာ အချစ်ဆုံးတွေ၊ အတူတူ နေထိုင်ခွင့်ရတာ ဘယ်လောက်ထိကောင်းလဲ။
“သူ ငါ့ကိုထားခဲ့လို့မရဘူး”
“ငါသူ့ကိုလိုအပ်တယ်”
ငါတို့ အတူတူအိုကြမယ်… သားလေးလူကြီးဖြစ်တဲ့ အချိန်ထိ၊ သားလေးရဲ့ သားလေးက “ဖိုးဖိုး ဖွားဖွား” လို့ခေါ်တာကို အတူတူနားထောင်မယ်။ သူ့ကို ကွမ်ကျိုးခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်။
ကျွန်တော် ရုံးကိုသွားပြီး ခွင့်ရက်ရှည်ယူတဲ့ အချိန်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်တီးတိုးပြောတာကြားလိုက်တယ်။ “ငါသာဆိုရင် ကုမနေတော့ပါဘူး… သိန်း ၃၀တောင်… မပျောက်ရင် လူလဲရှုံး ပိုက်ဆံလဲဆုံး နေဦးမယ်…”
ဒီလိုပြောနေကြတဲ့လူတွေဟာ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူဆုံးရှုံးရတော့မဲ့ ၀မ်းနည်းမှုမျိုးကို မခံစားဖူးသေးလို့ပါ။
ဒီလို အသက်ရှင်ခွင့်ရမဲ့ အခွင့်အရေး တစ်မျှင်လေးဟာ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဆိုတာကိုလဲ မသိကြပါဘူး။
အဲဒီ အချိန်မှာ ကျွန်တော်စဉ်းစားတယ်… သိန်း ၆၀ သိန်း ၁၀၀ ဖြစ်နေပါစေ… အိမ်တွေ ကားတွေကိုဘဲ ရောင်းရောင်း… သူ အသက်ရှင်ခွင့်ရမယ်ဆိုရင် အားလုံး ကျေနပ်ပါတယ်။
ကွမ်ကျိုးမသွားခင် အိမ်နားက စူပါမားကတ်မှာ နေ့စဉ်သုံးလိုမဲ့ ပစ္စည်းတွေသွားဝယ်တယ်။ သီတင်းကျွတ် ရှေ့ရက်ပိုင်းဆိုတော့ စူပါမားကတ်ထဲက လူတွေရဲ့မျက်နှာဟာ ပြုံးရွှင်နေကြတယ်… လူတွေအားလုံးရယ်ရယ်မောမောနဲ့…
ကျွန်တော်ရုတ်တရက် ခံစားရလိုက်တယ်…
ငါဒီပြုံးပျော်နေတဲ့သူတွေနဲ့ တော်တော်လေးကို ကင်းကွာနေပါလား…
ပျော်ရွှင်ရယ်မောခြင်း အားလုံးဟာ ကျွန်တော့ ဇနီး နေမကောင်းတဲ့ အချိန်က စပြီး ကျွန်တော်နဲ့ မသက်ဆိုင်တော့ သလိုပါဘဲ…

ကျွန်တော် သူပေးလိုက်တာစာရင်းအတိုင်း နေ့စဉ်သုံးပစ္စည်းတွေကို ၀ယ်လိုက်တယ်။
အိတ်ကိုမ ပြီးထွက်လာတော့မှ တော်တော်လေး လေး နေပါလား…
ဒီလောက်နှစ်ရှည်လတွေမှာ အိမ်မှာ စားတာ သုံးတာအားလုံး သူစီမံထားတာ စေ့စေ့စပ်စပ်ပါဘဲ။
ကျွန်တော် လုံးဝမသိခဲ့ဘူး… ဆန်တစ်အိတ်ဘယ်လောက်ကျလဲ… ဆီတစ်ပုံး ဘယ်လောက်ကျလဲဆိုတာတွေကို…
ကျွန်တော် လုံးဝမသိခဲ့ဘူး… ဒီပစ္စည်းတွေကို အိမ် သယ်ပြန်ရတာဟာ တော်တော်လေးပင်ပန်းတဲ့ အလုပ်တစ်ခုဆိုတာကို …
ကျွန်တော် ဟာ ကျွန်တော်တို့ အိမ်ရဲ့ မဏ္ဍိုင်ကျောမလို့ တစ်သက်လုံးထင်လာခဲ့တာ…
သူလဲသွားတဲ့ အချိန်မှာမှဘဲ သဘောပေါက်တော့တယ်… သူကသာ ကျွန်တော်တို့ အိမ်ရဲ့ဗဟိုကျောမပါ…
ကျွန်တော်တို့ ကွမ်ကျိုးမှာ နေခဲ့တဲ့ အချိန်ဟာ မင်္ဂလာဆောင်ပြီးနောက်ပိုင်း အချိုမြိန်ဆုံး ဘ၀အစိတ်အပိုင်းလေးပါ။ ဒီ ၃လ အတွင်းမှာ ကျွန်တော်တို့ နေ့နေ့ညညခြေတစ်လှမ်းမှ မခွာခဲ့ဘူး။
တူတူရယ်မောကြတယ်… တူတူ ငိုကြတယ်… ကျွန်တော်တို့ ရင်ဖွင့်စကားသံတွေ မကြားရတာ ဘယ်လောက်ထိကြာပြီလဲဆိုတာကို မမှတ်မိတော့ပါဘူး။

ပထမတစ်လမှာတော့ သူတော်တော်လေး ကောင်းလာသလိုလိုရှိလာတယ်…
တခါတလေ… သူ့လက်ကိုတွဲပြီး ပန်းခြံထဲမှာ လမ်းလျှောက်ရင်း ကျွန်တော်တို့ ၂ယောက်ရဲ့ အတိတ်က ဇာတ်လမ်းတွေကို ပြန်ပြောဖြစ်တယ်။
ကျွန်တော်တို့ ပထမဆုံး ဆုံတဲ့ အချိန်လေး… ပထမဆုံး အတူကြည့်ခဲ့တဲ့ ရုပ်ရှင်နာမည်လေးက “Titanic”…
သူကျွန်တော့ကို ပြောပြတယ်… ကျွန်တော်သူ့ကို ဒီရုပ်ရှင်ကြည့်ဖို့ချိန်းတဲ့ အချိန် အမှန်တကယ်တော့ သူ သူ့ သူငယ်ချင်းတွေနဲ့ ကြည့်ပြီးသားပါ။ ကျွန်တော့ ကို မငြင်းရက်လို့ ကျွန်တော်နဲ့ နောက်တစ်ခေါက် လိုက်ကြည့်ပေးတာပါတဲ့…
ဒီလို အကြောင်းလေးတွေဟာ အခုချိန်ပြန်စဉ်းစားလိုက်ရင် ဒဏ်ရာတစ်ခုလိုပါဘဲ…
အတူနေလာတာ ဒီလောက်ကြာပြီ… ဒီလောက်ထိ စကား အကြာကြီး မပြောဖြစ်ခဲ့ ပါဘူး။
ဒီ ၃လအတွင်း ကျွန်တော့ မျက်စိရှေ့မှာ သူတစ်နေ့တစ်ခြား ဆုတ်လျော့လာတာကို မြင်နေရတယ်။
အထူးကုထုံးကလဲ သူ့ အပေါ်မှာ အာနိသင်မရှိခဲ့ဘူး။ သူဆန်ပြုတ်လေး တစ်ခွက်ကိုတောင် မသောက်နိုင်တော့ပါဘူး။
နောက်ဆုံး သူကျွန်တော့ကို ပြောတယ် “အိမ်ပြန်ချင်တယ်…”
ဒီလိုနဲ့ ကျွန်တော်တို့ မျှော်လင့်ချက်ကင်းမဲ့ စွာနဲ့ အိမ်ပြန်လာခဲ့တယ်။

အိမ်ပြန်ရောက်ပြီးတော့…
သူ့ အခြေအနေဟာ ပိုပိုပြီးဆိုးလာခဲ့တယ်။ နောက်ပြီး ကင်ဆာဝေဒနာရှင်တွေ ကြောက်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သူခံစားနေရပြီ…
သူ တစ်ညလုံး အိပ်လို့ မပျော်ဘူး… နာကျင်မှု ညည်းညူသံတွေဟာ အမှောင်ညတွေရဲ့ သံစဉ်ဖြစ်ခဲ့တယ်။
ကျွန်တော် သူ့ကိုယ်စား ဒ်ီအနာတွေကို ခံပေးလိုက်ချင်တယ်။ သူဒီလောက်ထိ ခံစားနေရတာကို မြင်နေရတဲ့ စိတ်ဒဏ်ရာ ဟာလဲ သူ့ ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်မှုတွေနဲ့ ထပ်တူထပ်မျှပါဘဲ…
သူနဲနဲ နေကောင်းတဲ့ အချိန်မှာ တော့ ကျွန်တော့ကို စပြီး မှာကြားနေတော့တယ်…
ဒီလောက်ထိရှုပ်ထွေးတဲ့ အိမ်မှုကိစ္စတွေကို သူတစ်ယောက်တည်းလုပ်လာခဲ့တာကို ဒီအချိန်မှာမှ သဘောပေါက်မိတယ်။
သူကျွန်တော့ကို ပြောသေးတယ်…
“ကျွန်တော် အမြဲတမ်းစားကောင်းတယ်လို့ပြောတဲ့ အစားအစာတွေဟာ ဘယ်ဆိုင်က၀ယ်တာ…”
“ကျွန်တော်အမြဲဝတ်တဲ့ အ၀တ်အစားတွေဟာ ဘာတံဆိပ်… ဘယ်ဆိုင်မှာသွားဝယ်တာ…”
သူမဆုံးခင် ၃ ရက် အလိုမှာ ကျွန်တော့ကို အ၀တ်လျှောစက်သုံးပုံသုံးနည်းသင်ပေးလိုက်သေးတယ်။
နှစ်ပေါင်းများစွာ သုံးလာခဲ့တဲ့ ဒီ အ၀တ်လျှောစက်လေးဟာ သူနဲ့ကျွန်တော် အတူတူ သွားဝယ်ခဲ့တာပါ။
ဝယ်လာပြီးနောက်ပိုင်းမှာတော့ သူဘဲ ကိုင်တွယ်နေတာပါ…
ကျွန်တော် မျက်ရည်တွေကို မအောင့်နိုင်တော့ပါဘူး… အသံတိတ်စွာ ကျနေပါတယ်…
မဆုံးခင်ရှေ့တစ်ရက်မှာ ကျွန်တော့ ကိုပြောတယ်… ကျွန်တော်နဲ့ လက်ထပ်ခဲ့ တာဟာ သူဘ၀မှာ အပျော်ဆုံး အချိန်လေးပါ။ ကွမ်ကျိုးမှာ နေခဲ့တဲ့ ၃လတာ ကာလဟာလဲ သူ့ဘ၀ရဲ့ အကြည်နူးဆုံး အချိန်တွေပါဘဲ…
ဒီ ၃လဟာ ကျွန်တော့ အတွက်လဲ ရင်ထဲမှာ သိမ်းထားရတဲ့ အမှတ်တရ အဖြစ်ထင်ကျန်ခဲ့ပါတယ်။
ဒီ ၃ လကြောင့် ရာထူးတိုးမဲ့ အခွင့်အရေး လက်လွတ်ခဲ့ရတယ်… ငွေကြေးတွေဆုံးရှုံခဲ့တယ်…
ဒါပေမဲ့ ကျွန်တော့ ဇနီးနဲ့ ယှဉ်လိုက်ရင် ဒါတွေဟာ ပြင်ပ အရာဝတ္ထုတွေပါဘဲ…
ဒီ ၃ လ အချိန်လေးရှိခဲ့လို့တော်သေးတာပေါ့… မဟုတ်ရင် ကျွန်တော် တစ်ဘ၀လုံး နောင်တရမိလိမ့်မယ်ဗျာ…
သူဆုံးသွားတဲ့နေ့ ဟာ အေးအေးချမ်းချမ်းပါဘဲ… ကျွန်တော်က သားလေးကိုပြောတယ်…
မေမေဟာ ဟိုး အဝေးတစ်နေရာကို ထွက်သွားပြီး ဖေတို့ကိုစောင့်နေတာပါ… တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ဖေဖေတို့ မိသားစုအားလုံး ပြန်ဆုံကြမယ်။ မေမေက မေမေဘဲ… ဖေဖေကလဲ ဖေဖေဘဲ… သားလေးကလဲ ဖေဖေမေမေ တို့ရဲ့သားလေးပါဘဲ…
အခုချိန်မှာ သူများမိသားစု စုံစုံလင်လင်ရှိနေတာကို မြင်တွေ့ရမှာ ကျွန်တော် အကြောက်ဆုံးဘဲ။
လျှောက်ခဲ့တဲ့ ပန်းခြံလေး… အတူတူကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံ… အတူတူပတ်ခဲ့တဲ့ စူပါမားကတ်တွေကို ရောက်တိုင်း ကျွန်တော့မျက်ရည်တွေကို မအောင့်နိုင်ဘူး…
အ၀တ်လျှောစက်သုံးတဲ့ အချိန်… မိုက်ခရိုဝေ့ ခလုတ်နိပ်တဲ့ အချိန်…
သားအတွက် အ၀တ်အစားဝယ်ပေးရတဲ့ အချိန်… အချိန်ပို အလုပ်ဆင်းပြီး အိမ်မှာ တစ်ယောက်တည်း ခေါက်ဆွဲထုတ်ပြုတ်စားရတဲ့ အချိန်… ညသန်းခေါင် နိုးလာပြီး ကုတင်ကျယ်မှာ တစ်ယောက်တည်းအိပ်နေရတဲ့ အချိန်… အဲဒီအချိန် အားလုံးတွေဟာ ကျွန်တော့ကိုငိုချင်စေတယ်…
သူရှိနေတဲ့ အချိန်တုန်းက ကျွန်တော် ကိုကျွန်တော် ဒီလောက်ထိ ကံကောင်းတဲ့လူလို့ သတိမထားမိခဲ့ဘူး။ သူဟာ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာပေါင်းလာခဲ့တဲ့ ဇနီးတစ်ယောက်… သားလေးရဲ့ မိခင် ဆိုတာလောက်ဘဲ သိခဲ့တယ်။ အခုသူမရှိတော့ မိုးပြိုကျလာသလိုပါဘဲ။
အရင်တုန်းက ဇာတ်လမ်းတွေမှာ မင်းသားက သူ့ချစ်သူ သေပြီးနောက်မှာ အကြီးအကျယ်ငိုတာဟာ လူတွေကို လုပ်ပြနေတာပါလို့ထင်ခဲ့တဲ့ ကျွန်တော်ဟာ အခုချိန်မှာတော့ သူတို့နဲ့အတူမျက်ရည်ကျ နေရပြီ…
ကျွန်တော်ပြန်စဉ်းစားမိတယ်… သူသားလေးကို အမြဲပြောလေ့ရှိတယ်…
“ဖေကြီး က ပိုက်ဆံရှာပေးရတာ အရမ်းပင်ပန်းတယ်… ဖေကြီးက အရေးအကြီးဆုံး”
အမှန်တကယ်မှာတော့ သူဟာ အရေးကြီးဆုံးပါ။
သူမရှိတော့ ကျွန်တော်တို့ သားအဖ ကမ္ဘာပေါ်မှာ အရေးကြီးဆုံး အရာတစ်ခုဆုံးရှုံးခဲ့တယ်… “ပျော်ရွှင်ခြင်း”

ကျွန်တော်ဟာ ကိုယ့် ခံစားချက်ကို မထုတ်ဖော်တတ်တဲ့လူတစ်ယောက်ပါ…
ချစ်သူဘ၀မှာတုန်းကလဲ “ချစ်”ဆိုတဲ့ စကားကို မသုံးခဲ့ဘူး…
သူ ၀တ္ထုတွေ… ကိုးရီးယားကားတွေကြည့်ပြီးငိုတော့ ကျွန်တော်တောင်သူ့ကို စသေးတယ်…
အခုချိန်မှာတော့ “ချစ်”ဆိုတဲ့ စာသားလေးဟာ သူ့ရဲ့ အုတ်ဂူမှာဘဲ ထွင်းထုထားနိုင်တော့တယ်…
ကျွန်တော့ရဲ့ “ချစ်ဇနီး”…
မိန်းကလေးတိုင်း ကိုယ့်ချစ်သူ ပါးစပ်ကနေ အကြိမ်ပေါင်းထောင်သောင်းမက ပြောစေချင်တဲ့ အဲဒီ စကားကို ကျွန်တော် ဘာဖြစ်လို့ သူပြောစေချင်တဲ့အချိန်… သူနေကောင်းကျန်းမာနေတဲ့အချိန်မှာ များများမပြောခဲ့ရတာလဲဗျာ…?

Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ

Monday, May 6, 2013

“ငါအိုသွားတဲ့အခါ”

ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

ဘာသာပြန်သူ.. နိုင်းနိုင်းစနေ

Sunday, May 5, 2013

အပျို၊အပျိုစစ်နှင့် အပျိုစင်...........

အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။
ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။ နယ်ချဲ့တယ်ဆိုတာ လက်နက်ဆွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေမှနိုင်ငံကို အပိုင်သိမ်းနိုင်မှ နယ်ချဲ့တာမဟုတ်ပါဘူး...။ ခုလို မြန်မာ့မြေပေါ်မှာ မြန်မာတွေရဲ့  စိတ်ဓာတ် နဲ့  ယဉ်ကျေးမှုတို့  ပြောင်းလဲ တိုက်စားခံရတာလဲ နယ်ချဲ့ခံရတာပါပဲ...။ဒါကိုတော့ ယဉ်ကျေးမှု နယ်ချဲ့ ခြင်းလို့ ခေါ်မှာပေါ့..။ခက်တာက တို့ လူမျိုးတွေ ကိုယ်နယ်ချဲ့ လက်အောက်ရောက်မှန်းမသိရောက်နေတာကို သတိမမူမိတာပင်...။
ဒီလို အနောက်တိုင်း ယဉ်ကျေးမှုတွေ စီးဝင်လာတာနှင့်အမျှ အနာဂတ်လူငယ်တွေရဲ့  စိတ်ဓာတ်တွေ ပြောင်းလဲလို့ လာပါပြီး..။ အတုမယူသင့်သည်များကို အတုယူလို့ လာပါပြီး....။ ထိန်းသိမ်းသင့်သည်များကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့ကြပြီး...။ သိသိရဲ့ နှင့် မေ့တတ်ချင်ယောင်ဆောင်ကြတာလဲ ဖြစ်နိုင်ပါသည်...။ဝတ်စားဆင်ယဉ်မှုတွေသာမက နေထိုင်မှု စနစ်တွေပါ မေ့ပျောက်ပြောင်းလွဲချင်ခဲ့ပြီး...။
ပြီးခဲ့သော ချစ်သူများနေ့ ...။ ချစ်သူများနေ့  ဆိုတာ မြန်မာတွေရဲ့  နေ့ ထူးနေ့ မြတ်တော့ မဟုတ်ပါ...။ ဒါပေမဲ့ ချစ်သူတွေရဲ့ ကြား တစ်ဦးကို တစ်ဦး ဂရုစိုက် ကြင်နာမှု၊ အပြန်အလှန် ပန်းစီးလေးတွေပေး ချော့ကလက်လေးတွေပေးနဲ့  ချစ်သူနှစ်ဦး အနေနှင့်ရော တွေ့ မြင်ရသူတွေပါ ကြည်နူးစရာ မြင်ကွင်းလေးမို့ ကိုယ့်နိုင်ငံရဲ့  နေ့ ထူးနေ့ မြတ် မဟုတ်ပေမဲ့ လက်ခံနိုင်ပါတယ်...။အယ်...လက်မခံနိုင်တာက ဘာလဲ......။ လက်မခံနိုင်တာက ချစ်သူတွေချင်း လက်ဆောင်ပစ္စည်းခြင်းတွင်မက ဘဝခြင်းပင်လဲယူကြတဲ့ အထိဖြစ်ကြတာကိုပင်...။
ကိုကို၊မောင်မောင်တွေကလဲ ချစ်သူများနေ့  အထိမ်းအမှတ်ဆိုပြီး မတောင်းသင့် မတောင်းအပ်သည်များကိုတောင်း၊လိုက်လျှောသူကလဲ လိုက်လျှောနှင့် ကြည်နူးသင့်သည်ထက် ကြေကွဲ ခဲ့ရသည်က ပိုသော အခြေအနေမျိုး ရောက်ရှိလာခဲ့ပါသည်...။ ချစ်သူများနေ့ မှာ ဟိုတယ်တွေ မိုတယ်တွေဟာ အရင်နေ့ တွေထက် လူတွေ ပြည့်လို့  အပြင်ကနေ တိုကင်နှင့် စောင့်ယူရသည့်အထိပင်တဲ့....။ဒါမြန်မာနိုင်ငံမှာနော်..။ တို့ မြန်မာလူမျိုးတွေ ဖြစ်နေတာ...။ကဲ...ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူ ညီမငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်....။
အပျို .......
အပျိုဆိုတာ ဘာကို ဆိုလိုသလဲ.....၊။
အားလုံးသိကြမှာပါ...။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ...။ အိမ်ထောင်မရှိဘူး၊လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်...။ ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်...။ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်....။ ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ...။ဒါကို အပျိုလို့ ခေါ်ပါတယ်....။ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံးပါဝင်ပါတယ်...။
အပျိုစစ်.......
အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး...။ သူဟာ ချစ်သူရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိအပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်...။ ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ...။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ ခေါ်ဆိုနိုင်ပါတယ်...။
အပျိုစင်.......
အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး....။ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့ လဲ ပြောလို့ ရပါတယ်...။အပျိုစင် ဆိုတာဘာလဲ...။ အပျိုစင်ဆိုတာ ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်...။ ဒါပေမဲ့ ဘယ်ယောကျာင်္းများနှင့် ထိတွေ့ ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်...။ ယနေ့ လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီး...။
~~`~~~~~~~~~~~~~@@@@@@@@@@@~~~~~~~~~~~~~~~~~
အပျိုစင်မပြောနှင့် အပျိုစစ် ဆိုလျှင်တောင် ကံကောင်းတယ် မှတ်ပါလို့ များ သက်ပြင်းတွေ ရှိုက်ကုန်ကြပြီးလား...။ ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့  တာဝန်ပါ...။ တခြားသူက မည်မျှပင် ထိန်းသိမ်းစေကာမူ ကိုယ်ကိုတိုင်မှ မထိန်းသိမ်းခဲ့လျှင် ဘဝကြီး ရေစုန်မျှောပြီးပင်.....။
ဒါကြောင့် ညီမငယ်များ အပျိုစင်ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ အပျိုစစ်ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့  ကြိုးစားစေချင်ပါတယ်....။
ခုလို မြန်မာ့ စီးပွားရေးကြီး ချွတ်ချုံကျ နေတဲ့ အခြေအနေမှာ မိသားစုဝင်တွေမှာ မိဘ နှစ်ပါးလုံးက အလုပ်တွေ လုပ်နေရတော့ သားသမီးများအား ထိန်းသိမ်း စောင့်ရှောက်ရန် အချိန်တွေက နည်းပါးလာခဲ့တယ်...။ ရင်အုပ်မကွာ စောင့်ရှောက်မှု တွေနည်းပါးလာတာနှင့်အမျှ သားသမီးတွေဟာလဲ လွတ်ချင်တိုင်း လွတ်နေကြတာ များလာပါပြီး...။ဒီအခြေအနေမှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြပါ ညီမလေးတို့ ရယ်....။
ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ...။အကြွေပန်းကို ကောက်နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်...။ ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့ က ခရေပန်းလို ကြွေခဲ့ပေမဲ့ မွှေးရနံ့ လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်...။ဒါတောင် ဆယ်ပွင့်ကြွေလို့  တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ...။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်...။
ကိုယ့်ချစ်သူ ဆိုတာနှင့်ပဲ ကိုယ့်ညီမတွေ အစွမ်းကုန် အလိုမလိုက်ကြပါနှင့်....။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့သူမဟုတ်သေးပါဘူး...။ အချိန်မတန်ခင် မကြွေလိုက်ကြပါနှင့်နော်...။ကိုယ့်အပျိုစင်ဘဝလေး အငှားစွင့်စွင့် ပွဲလယ်တင့်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်အောင် “မေ့” ညီမတွေ ကြိုးစားကြပါ...။ နေကြာပန်းလို နေရှိရာကို ကောက်ကောက်ပါလိုက်တဲ့ အဖြစ်နဲ့  ဘဝကို ပုံမအပ်လိုက်ကြပါနဲ့ ...။ ကိုယ့်ကို စစ်မှန်စွာ ချစ်တဲ့သူဟာ ဥယာဉ်မှူးလို့  ပန်းတစ်ပွင့်ကိုအရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးမှာပါ....။ အရိပ်နေနေ အခက်ချိုးချိုး ဆိုတာမျိုးနှင့် ကိုယ့်ဘဝကို ချိုးယူပြီး ချိုးစရာ အကိုင်းအခက်ကုန်သွားရင် တခြားအပင်ကို ကူးမည့်သူ မဟုတ်ပါဘူး...။
“မေ့”ညီမတွေ အချစ်နဲ့  ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ...။ ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ...။
By..မေသဇင်
ဒီပို့လေးကို ဖေ့ဘုတ်ကနေတွေ့လို့ ရှယ်လာတာပါ... ကြည့်ရတာတော့ တစ်ယောက်ပီး တစ်ယောက်ရှယ်လာခဲ့ပုံရတယ် ကိုယ်ရှယ်လာတဲ့ လင့်ကတော့(http://www.facebook.com/permalink.php?story_fbid=177839048997843&am...)
မိန်းကလေးတွေ အတွက်မှတ်သားစရာတွေ အင်းးး ပြောရရင်ယောက်ျားလေးတွေအတွက်ကော သိသင့်တယ်လို့ ထင်ပါတယ်။
ထူးထူးဆန်းဆန်း

ဒီစာစောင်ကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ်


 
*************************************

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်
ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…

" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင်၊ ကိုယ့်ရဲ့လျှို့ဝှက်ပစ္စည်းကိုလည်း အချိန်မတန်ခင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ.....
....
... ♥♪♥ ...အခုခေတ်မြန်မာမိန်းကလေးတွေကို ဦးတည်ပြီး ပြောတာထင်တယ်နော် ... အမျိုးကောင်းသမီးများ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပါတယ်

Monday, April 29, 2013

ဒေါသထွက်ရင်ဘာကြောင့်အော်သလဲ


 
ÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌÌ
ဟိန္ဒူသူတော်စင်တစ်ဦးဟာ တပည့်သာဝကတွေနဲ့အတူ မြစ်ကမ်းတစ်ခုကိုရေချိုးဆင်းလာပါတယ်... အဲ့ဒီမြစ်ကမ်းမှာ မိသားတစ်စုဟာ တစ်ယောက်နဲ့တစ်ယောက် ဒေါသထွက်ပြီး အပြန်အလှန်အော်ဟစ်ပြောဆိုနေကြပါတယ်... သူတော်စင်က သူ့တပည့်တွေဘက်လှည့်ပြီး အပြုံးလေးနဲ့ မေးလိုက်ပါတယ်...

"လူတွေ စိတ်တိုတဲ့အခါမှာ ဘာကြောင့် အော်ဟစ်ပြောဆိုကြတာလဲ..."

တပည့်တွေက အချိန်အတန်ကြာစဉ်းစားနေကြပါတယ်... သူတို့ထဲက တစ်ယောက်ကပြောတယ်...

"ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့စိတ်ကို ငြိမ်ငြိမ်သက်သက်မထားနိုင်တော့ဘူးလေ ဒါကြောင့် ကျွန်တော်တို့ အော်ကြတာပေါ့..."

"ဟုတ်ပြီ... ကိုယ့်ဘေးနားမှာတင်ရှိနေတဲ့လူကိုကော ဘာကြောင့် အော်ပြောနေကြတာလဲ... မင်းပြောချင်တာကို ဖြည်းဖြည်းပြောလို့လည်း ကြားနေရနေတာပဲ..." သူတော်စင်က ပြန်မေးပါတယ်...

တပည့်သာဝကတွေက တခြားအဖြေတွေအမျိုးမျိုးထပ်ပေးကြပါသေးတယ်... ဒါပေမဲ့ တခြားသာဝကတွေကျေနပ်လောက်တဲ့အဖြေမျိုး မပေးနိုင်ကြပါဘူး... နောက်ဆုံးမှာတော့ သူတော်စင်ပုဂ္ဂိုလ်က ရှင်းပြပါတယ်...

"လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုးဒေါသထွက်တဲ့အခါ သူတို့နှလုံးသားတွေဟာ ဝေးကွာသွားတယ်... အဲ့ဒီအကွာအဝေးကနေကြားနိုင်ဖို့ တစ်ယောက်ကိုတစ်ယောက် အော်ပြောနေကြရတာပါပဲ... သူတို့ဒေါသပိုထွက်လေလေ သူတို့ကြားကအကွာအဝေး ပိုများလာလေလေဖြစ်တဲ့အတွက် ပိုပြီးကျယ်ကျယ်အော်ပြောရလေလေပါပဲ..."

"လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိတဲ့အခါမှာဆိုရင်ကော ဘယ်လိုဖြစ်မယ်ထင်လဲ... သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်ပြီးမပြောကြပါဘူး... နူးနူးညံ့ညံ့ညင်ညင်သာသာနဲ့ ဖြည်းဖြည်းပဲပြောကြပါတယ်... ဘာကြောင့်လဲဆိုတော့ သူတို့နှလုံးသားချင်းအရမ်းနီးကပ်သွားပြီလေ... သူတို့ကြားထဲကအကွာအဝေးဟာ အရမ်းနည်းပြီး မရှိသလောက်ကိုဖြစ်သွားလို့ပါပဲ..."

သူတော်စင်က ဆက်ရှင်းပြပါတယ်... "သူတို့တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်သွားတဲ့အခါကျရင်ကော ဘာဖြစ်လာမလဲ... သူတို့စကားကိုမပြောတော့ပါဘူး... လေသံလေးလောက်နဲ့ပဲပြောဆိုကြပါတယ်... တစ်ယောက်နဲ့တစ်ယောက်ဟာ အချစ်ကြောင့် အရမ်းနီးကပ်သွားကြလို့ပဲဖြစ်ပါတယ်... နောက်ဆုံးတော့ သူတို့လေသံလေးနဲ့တောင် ပြောနေဖို့မလိုတော့ပါဘူး... တစ်ယောက်နဲ့တစ်ယောက် ကြည့်နေရုံလေးနဲ့ကို နားလည်နေနိုင်ကြပါပြီ.... ဒါဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်သွားကြတဲ့အခါ လူနှစ်ယောက်ဘယ်လောက်နီးကပ်သွားသလဲဆိုတာပါပဲ..."

သူတော်စင်က သူ့တပည့်သာဝကတွေကိုကြည့်ပြီး ပြောပါတယ်...

"ဒါကြောင့် မင်းတို့စကားများတဲ့အခါမှာ မင်းတို့ရဲ့နှလုံးသားတွေကို မဝေးကွာစေပါနဲ့... တစ်ယောက်နဲ့တစ်ယောက်ပိုဝေးကွာစေမယ့် စကားမျိုးကိုလည်း ထပ်မပြောပါနဲ့... ဒါမှမဟုတ်ရင် မင်းတို့ကြားက အကွာအဝေးဟာ အရမ်းကြီးမားပြီး ပြန်လည်ဆုံဆည်းဖို့မဖြစ်နိုင်လောက်တဲ့ တစ်နေ့ကို ရောက်ရှိသွားပါလိမ့်မယ်..."
----------------------------------------------------------------
Ref: Awesome Facts
----------------------------------------------------------------
နှိုင်းရင့်ေ

ဟားဗတ်တက္ကသိုလ် ရဲ့ စာကြည့် တိုက်ပေါ်က ဆုံးမစာ အချက် 20 ,...



▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူလေ့လာဖို့ ပျက်ကွက်တာမဟုတ်ဘူး ။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူလေ့လာခြင်းဟာ လူ့ဘ၀ရဲ. အစိတ်အပိုင်းတခုပါ ။
သင်ယူလေ့လာဖို့ ပျက်ကွက်ခြင်းကသာ လူ့ဘဝရဲ့ ပျက်ဆီးရာ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင်ယူလေ့လာပါ ၊ လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈)ကုန်ဆုံးသွားသော တနေ့တာသည် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။ ( အနာခံမှ အသာစံရမည်။ )

Mottoes on the Wall of the Harvard University Library
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
1.Sleep now and a dream will come out; Study now and a dream will come true.
2.Today you wasted is tomorrow loser wanted.
3.The earliest moment is when you think it's too late.
4.Better do it today than tomorrow.
5.The pain of study is temporary; the pain of not study is lifelong.
6.You never lack time to study; you just lack the efforts.
7.There might not be a ranking of happiness but there is surely a ranking of success.
8.Studying is just one little part of your life; loosing it leads to loosing the whole life.
9.Enjoy the pain if it's inevitable.
10.Waking up earlier and working out harder is the way to success.
11.Nobody succeeds easily without complete self-control and strong perseverance.
12.Time passes by.
13.Today's slaver will drain into tomorrow's tear.
14.Study like a Dog; Play like a gentleman.
15.Stop walking today and you'll have to run tomorrow.
16.A true realist is one who invests in future.
17.Education equals to income.
18.Today never comes back.
19.Even at this very moment your competitors keep reading.
20.No pain, No gain. —

င်္FB  မှ

with Min Htet, Nan Lei Yin, Ye Thurein Min, Soe Min, Min Nyi Thway, Chit SaNoe Oo and Nyi Min Htet.

အချစ် နှင့် လက်ထပ်ခြင်း


 
▬▬▬▬▬▬▬▬▬▬
ကျောင်းသားတစ်ယောက်က ဆရာ့ကိုမေးတယ်။
“အချစ်ဆိုတာ ဘာလဲဗျ”
ဆရာက ပြန်ဖြေပါတယ်။
“မင်းရဲ့မေးခွန်းကို ဖြေပေးဖို့အတွက် ဟိုဂျုံခင်းဆီသွားပါ။ အကြီးဆုံး ဂျုံတစ်စေ့ကိုရွေးယူပြီး ပြန်လာပါ။ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ မင်းဟာ ဂျုံခင်းထဲကို တစ်ကြိမ်သာ ဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော်”
ကျောင်းသားဟာ ဂျုံခင်းဆီသွားလိုက်တယ်။ ပထမဂျုံပင်တန်းထဲ သူဖြတ်လိုက်တဲ့အခါ ကြီးမားတဲ့ ဂျုံတစ်စေ့ကိုတွေ့လိုက်တယ်။

ဒါပေမဲ့ နောက်တစ်နေရာမှာ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့ ရှိချင်ရှိနိုင်တယ်လို့ သူ စဉ်းစားလိုက်မိတယ်။
အဲဒီနောက် ပိုပြီးကြီးမားတဲ့ ဂျုံတစ်စေ့ကို သူတွေ့လိုက်ပြန်တယ်။ ဒါပေမဲ့ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့က သူ့ကို စောင့်နေနိုင်သေးတယ်လို့သူထင်နေမိတယ်။


ဂျုံခင်းတစ်ဝက်ကျော် ဖြတ်သန်းပြီးတဲ့နောက်မှာ ဒီဂျုံစေ့ဟာ သူအရင်တွေ့ခဲ့တဲ့ ဂျုံစေ့လောက် မကြီးဘူးဆိုတာ စတင် သဘောပေါက်လာတော့တယ်။ အကြီးဆုံးဂျုံစေ့ကို သူ လွှဲသွားကြောင်း သိတဲ့အခါ နောင်တရလာတယ်။
ဒါနဲ့ သူဟာ ဆက်လက်ရှာဖွေခြင်းမပြုတော့ဘဲ လက်ဗလာနဲ့ ဆရာ့ဆီိ ပြန်လာပါတယ်။
ဆရာက သူ့ကိုပြောတယ်။

“အချစ်ဆိုတာ အဲဒီလိုပဲ။ မင်းဟာ ပိုမိုကောင်းမွန်တဲ့အချစ်ကို ဆက်လက်ရှာဖွေနေတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ကို မင်းလွဲသွားကြောင်း နောင်တစ်ချိန်ရောက်မှ သဘောပေါက်လာတယ်”
“ဒါဆိုရင် လက်ထပ်ခြင်းကရော...”လို့ ကျောင်းသားကမေးပြန်တယ်။
ဆရာက ပြန်ပြောပါတယ်။

“မင်းရဲ့အမေးကို ဖြေဖို့အတွက် စပါးခင်းဆီသွားလိုက်ပါ။ပြီးရင် အကြီးဆုံး စပါးတစ်စေ့ယူပြီး ပြန်လာပါ။ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ မင်းဟာ စပါးခင်းထဲကို တစ်ကြိမ်သာဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော်”
ကျောင်းသားဟာ စပါးခင်းဆီသွားလိုက်တယ်။

ဒီတစ်ချိန်မှာတော့ သူဟာ အရင်အမှားမျိုးမလုပ်မိဖို့ ဂရုစိုက်တယ်။ စပါးခင်းအလယ် ရောက်တဲ့အခါ သူ့စိတ်ကျေနပ်လောက်တဲ့ အလယ်အလတ် စပါးစေ့တစ်စေ့ ခူးဆွတ်ရင်း ဆရာ့ဆီ ပြန်လာပါတယ်။
ဆရာက သူ့ကိုပြောပါတယ်။

“ဒီတစ်ချိန်မှာတော့ မင်းဟာ စပါးစေ့တစ်စေ့ ခူးခဲ့တယ်။ မင်းဟာ သင့်တော်ကောင်းမွန်တဲ့ စပါးတစ်စေ့ကို ရှာဖွေခဲ့တယ်။ ပြီးတော့ အဲဒီအစေ့ဟာ မင်းရခဲ့သမျှ အကောင်းဆုံးအစေ့လို့ ယုံကြည်စိတ်ချမှုရှိတယ်။ လက်ထပ်ခြင်းဆိုတာ အဲဒီလိုမျိုးပါပဲ”
စဉ်းစားဆင်ခြင်စရာ
ကျွန်တော်တို့ဟာ အကောင်းဆုံးအချစ်ကိုတွေ့ဖို့၊ အကောင်းဆုံး အချစ်ကိုရရှိဖို့ ရှာဖွေနေခဲ့ကြတယ်။

ကိုယ့်ဆီရောက်လာတဲ့ အကောင်းဆုံးအချစ်ကိုတော့ ပိုင်ဆိုင်ဖို့ မကြိုးစားဘဲ ဒီထက်ပိုကောင်းမယ်ထင်တဲ့ အချစ်ကို ဆက်လက်ပြီး ရှာဖွေနေကြတယ်။ နောင်တစ်ချိန်ရောက်မှ ကျွန်တော်တို့ဟာ အကောင်းဆုံး အချစ်ကို လက်လွှတ်ခဲ့ကြောင်း သိမြင်လာတော့တယ်။
ကျွန်တော်တို့ဟာ လက်ထပ်ဖို့အတွက် ကိုယ်ရဲ့ဂုဏ၊်ပညာနဲ့သင့်တော်သူတစ်ယောက်ကို ရှာဖွေကြပါတယ်။

အကောင်းဆုံးမဟုတ်ပေမယ့် သင့်တော်သူတစ်ယောက်ကို တွေ့တဲ့အခါ လက်ထပ်လိုက်တော့တယ်။
ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်မှာလား။ ဒါမှမဟုတ် ကိုယ်ချစ်နေတဲ့သူတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်မှာလား။

ဘယ်လိုလူမျိုးကို လက်ထပ်သည့်ဖြစ်စေ၊ သူဟာ ကိုယ့်အတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးဖြစ်တယ်လို့ ခံယူချက်နဲ့ တန်ဖိုးထားမြတ်နိုးမယ်ဆိုရင်တော့ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေး ဖြစ်လာနိုင်ပါတယ်။

(နေလင်းအောင် ဘာသာပြန်ဆိုသည်)

မေမေ ---- သားကို မချစ်ဘူးလားဟင်


 
မေမေ ---- သားကို မချစ်ဘူးလားဟင် -- အင်းပေါ့နော် မေမေ သားကို မချစ်လို့သာ ဒီလို အမှိုက်ပုံးထဲ ရက်ရက်စက်စက် ပစ်ထားရက်ခဲ့တာပေါ့နော်
မေမေ --- သား ချမ်းတယ်မေမေ နံစော်နေတဲ့ အမှိုက်တွေကြားမှာ သားဘာကြောင့်များ လူလာဖြစ်လာရသလဲဟင် မေမေ --

မေမေ့ကို သားမမုန်းပါဘူး မေမေကတော့ဘာလို့ သားကိုမုန်းတာလဲဟင်--မေမေ သား ဘာများမှားခဲ့လို့လဲ သားမေမေ့ဝမ်းဗိုက်ထဲမှာ နွေးထွေးလုံခြုံမှုအပြည့်နဲ့နေခဲ့တုန်းကပေါ့
သားကိုယ်သား စစ်သူကြီးတစ်ယောက်လိုလို -- စည်းစိမ်အပြည့်နဲ့ ဘုရင်ကြီးတစ်ယောက်လိုလို ဘ၀င်တွေမြင့်ခဲ့သေးတယ် မေမေရယ် --မေမေ့ ၀မ်းကြာတိုက်က သားအတွက်
တကယ့်ကို နွေးထွေးတဲ့ ဘုံဗိမ္မာန်ကြီးတစ်ခုပါပဲ မေမေ ---ဒါနဲ့များ သားကို ဘာကြောင့် ဒီလိုစွန့်ပစ်ရတာလဲဟင် မေမေ --မေမေ ဖြေပေးပါဦး သားကိုဖြေပါဦးမေမေ

သားကိုမလိုချင်တော့ဘူးလားဟင်-- သားကြီးလာရင်မေ့မေ့ကို ဒုက္ခမပေးပါဘူး မေမေ -- မေမေဟာ သား လူ့ဘ၀ကြီးထဲ စရောက်လာ ကတည်းက ပထမဆုံးထိတွေ့ခွင့်ရတဲ့လူသားဟာမေမေပါ

မေမေရယ်---တဖြည်းဖြည်းအေးလာပြီ မေမေ
သား ဒီလိုနဲ့ လူ့ဘ၀ထဲကနေ ပြန်ထွက်ခွာရတော့မယ်ထင်ပါရဲ့မေမေ ---မေမေ ကျန်းမာပါစေနော်---တစ်ခုပဲတောင်းဆိုချင်ပါတယ်မေမေရယ်
မေမေ သားတို့ကိုမချစ်ရင် နောက်ဆို သားတို့ကို လူ့ဘ၀ထဲကိုမခေါ်ပါနဲ့မေမေရယ်မေမေတို့ခေါ်လို့သားတို့လာရတာပါ ဘာကြောင့်များ အခုမှ မလိုချင်လို့ စွန့်ပစ်ရက်တာလဲဟင်

မေမေရယ်---သား သွားရတော့မယ်လေ သား နေချင်ပါသေးတယ် မေမေတို့နဲ့အတူ လူ့လောကထဲ ပျော်ပျော်ကြီးနေချင်ပါသေးတယ်မေမေ
အို----မေမေ--ဘေးနားမှာ ခွေးနက်ကြီးတွေရောက်လာကြပြီမေမေ ---သူတို့အစာကို အမှိုက်ပုံးထဲလာရှာရင်းနဲ့သားကိုတွေ့သွားကြတော့မယ်
သူတို့ --သားကိုရောစားပစ်မှာလားဟင်မေမေ ---မေမေ သားကြောက်တယ်မေမေ ---သားအရမ်းကြောက်တယ် သားကို မေမေ လှည့်မကြည့်တော့ဘူးလားဟင်

သားနှုတ်ဆက်ခဲပါတယ်မေမေ နော်--မေမေလည်း နေကောင်းအောင်နေပါနော် ---
သားအရမ်းချစ်တယ် မေမေ့ကိုလေသား အရမ်းချစ်ပါတယ်
မေမေ----
ေ မ ေ မ - - --
ေ မ ေ မ -- - - - - - --

သက်တန့်ချို ခံစားရေးဖွဲ့သည် ။
March 1-2012

Credit to original photo owner
သက်တန့်ချို

အမယ်အို နှင့် ရေအိုး


 
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးကြီးတစ်ယောက်မှာ ရေအိုးနှစ်လုံးရှိပါတယ်...
ဝါးလုံးနဲ့တစ်ဘက်တစ်ချက်လျှိုပြီး ပခုံးပေါ်မှာထမ်းပြီး နေ့စဉ်ရေခပ်လေ့ရှိပါတယ်...
အိုးတစ်လုံးမှာ အက်ရာလေးတစ်ခုပါပါတယ်... 

နောက်တစ်အိုးကတော့ အပြစ်အနာအဆာမရှိတဲ့အတွက် အမြဲတမ်းရေအပြည့်ရပါတယ်...

သူ့အိမ်နဲ့စမ်းချောင်းက အတော်အလှမ်းကွာတဲ့အတွက် အိမ်ကိုရောက်တဲ့အခါမှာ အက်ကြောင်းပါတဲ့အိုးထဲကရေက တစ်ဝက်ပဲပါလာပါတော့တယ်...

နှစ်နှစ်တိုင်တိုင်ရေခပ်လာခဲ့တာ သူ့ဖို့အမြဲပဲ တစ်အိုးနဲ့ တစ်ဝက်သောရေကိုသာရခဲ့ပါတယ်...

အနာအဆာကင်းတဲ့အိုးကတော့ သူ့ရဲ့စွမ်းဆောင်ချက်ကို ဂုဏ်ယူနေခဲ့ပါတယ်...

ဒါပေမယ့် အနာပါတဲ့အိုးကတော့ သူ့ရဲ့ချို့ယွင်းချက်ကိုရှက်နေမိပြီး သူလုပ်ရမယ့်အလုပ်ကို တစ်ဝက်ပဲလုပ်နိုင်တာကို စိတ်ဆင်းရဲနေခဲ့ပါတယ်...

နှစ်နှစ်ကြာတဲ့အထိ ခါးသီးလှတဲ့ ကျရှုံးမှုကို ခံစားလာခဲ့ရပြီး တစ်နေ့မှာတော့ စမ်းချောင်းဘေးမှာ အိုးပိုင်ရှင်အမျိုးသမီးကြီးကို ဒီလိုပြောပါတယ်...

" ကျွန်တော့်ကိုယ်ကျွန်တော် သိပ်ရှက်မိပါတယ်...
ဘာလို့လည်းဆိုတော့ ကျွန်တော့ဘေးဘက်မှာရှိနေတဲ့အက်ရာက အိမ်ကိုသွားရာလမ်းမှာ ရေတွေတစိမ့်စိမ့်ထွက်ကျကုန်လို့ ပါပဲ "...

အမျိုးသမီးကြီးက ပြုံးလိုက်ပြီး... 

" မင်းဘက်ကလမ်းတစ်လျှောက်မှာ ပန်းတွေပွင့်နေတာသတိမထားမိဘူးလား...
ဟိုဘက်မှာတော့ပန်းတွေမရှိဘူးလေ...
အဲဒါမင်းရဲ့အပြစ်အနာအဆာကို ငါသိလို့ ပန်းမျိုးစေ့ကလေးတွေကို စိုက်ထားတာ...
ငါတို့အိမ်ပြန်တိုင်း မင်းက ရေလောင်းပေးသွားတာမဟုတ်လား... 
နှစ်နှစ်လုံးငါလှပတဲ့ ပန်းတွေကိုခူးပြီး ငါ့အိမ်မှာအလှဆင်နိုင်ခဲ့တယ်...
မင်းမှာသာအက်ရာလေး မရှိခဲ့ရင် ငါ့အိမ်ကို ဘယ်မှာအလှဆင်နိုင်မလဲ " လို့
ပြောပြလိုက်ပါတယ်...

" လူတိုင်းလိုလိုမှာ အပြစ်အနာအဆာလေးတွေ ရှိကြတာပါပဲ။အဲဒီလိုအက်ကြောင်း
ရာတွေ၊ အပြစ်အနာအဆာတွေက ကျွန်မတို့ရဲ့ဘ၀ကို တစ်နည်းတစ်ဖုံ စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးပေးပြီး အကျိုးလည်းပြုပေးကြပါတယ် " လို့ ဆရာမကြီးဒေါ်ခင်စောတင့်ရဲ့ အချစ်များစွာနဲ့ပေးတဲ့လက်ဆောင် " ဆိုတဲ့ စာအုပ်ထဲမှာရေးထားလို့ကိုယ်ကပြန်ပြီးဝေမျှတာပါ။

(A Chinese Woman And Her Watering Pots)
credit : Swe Thandar Aung

Thursday, April 25, 2013

တကယ့်အဖြစ်အပျက်လေးပါ


 
ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကိုတွေ့တဲ့ အချိန်မှာ သူသေနေခဲ့ပြီ။ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ။
အပျက်အစီးတွေကြားကနေ သေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ်။ဒူးကွေးပြီး ရှေ့ကိုကိုင်းနေတဲ့ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြုထောက်ထားတဲ့ သူ့ပုံစံက ဘုရားဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ်။

ဒါပေမဲ့ အသက်ရှင်မရှင် ပိုသေချာအောင်ကယ်ဆယ်ရေးလုပ်သားတွေက သူ့ကို စမ်းသပ်ကြည့်ကြတယ်။ကယ်ဆယ်ရေးအလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့ သူ့ခန္ဓာကိုယ်ထဲ ခဲရာခဲဆစ် လက်ကိုထိုးထည့်ပြီး ၀မ်းသာအားရ လှမ်းအော်လိုက်တယ်။

”လူရှိတယ်။
ကလေး တစ်ယောက်ရှိတယ်၊အသက်ရှင်လျက်ပဲ” လို့

ထအော်လိုက်တယ်။ရှိသမျှ ခွန်အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့ အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ်။သူ့ခန္ဓာကိုယ်ကို ထောင်မတ်လိုက်တယ်ဆိုရင်ပဲ အိပ်ပျော်နေတဲ့ သုံး၊ လေးလသားအရွယ်ကလေးတစ်ယောက်ကို သွားတွေ့မိတယ်။

ကလေးကိုစစ်ဆေးဖို့ ဆရာဝန်တစ်ဦးက ပွေ့ချီလိုက်တယ်ဆိုရင်ပဲ ကလေးကျောပိုးစထဲကနေ ဖုံးတစ်လုံးထွက်ကျလာတယ်။ဆရာဝန်က ဖုံးကိုကြည့်လိုက်တော့ message တိုလေးတစ်ကြောင်းကို
တွေ့လိုက်ရတယ်…

“သားလေးရေ…တကယ်လို့များ သားလေးအသက်ရှင်ခဲ့မယ်ဆိုရင် သားကိုအမေအရမ်းချစ်တယ်ဆိုတာကို သေသေချာချာမှတ်ထားပေးပါနော်။”တဲ့။ သေသူပေါင်းများစွာကို တွေ့ဖူးတဲ့ ဆရာဝန်ရဲ့ ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာခဲ့တယ်။တယောက်လက်ကို တယောက်ကမ်းလိုက်တဲ့ ဖုံးထဲက message ကို ဖတ်မိသူတိုင်း
ရင်ထဲဆို့နင့်သွားတဲ့ ဒီခံစားချက်က ဘာနဲ့မှ နှိုင်းပြလို့ မရနိုင်ခဲ့ဘူး။မုချသေရတော့မယ်ဆိုတာ သိလိုက်ရတဲ့ အမေတစ်ယောက်ဟာ နောက်ဆုံးအချိန်ထိ သူ့ရင်သွေးအတွက် ပေးဆပ်သွားခဲ့တာ….သြော်…မိခင်တွေ…မိခင်တွေ……

PS: ဒီpostလေးဟာ ပုံပြင် မဟုတ်ပါဘူး။၂၀၀၈၊မေလ၁၂ရက်နေ့ကတရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ လှုပ်ခဲ့တဲ့ ငလျင်ရဲ့ ဖြစ်ရပ်မှန်လေးပါ..မိခင်မေတ္တာကို ခံစားရတာကြောင့် သူငယ်ချင်းတွေကို share လုပ်ပေးလိုက်တာပါ………

Photo from Rapper Lay


မိဘကျေးဇူး မြင့်မိုရ်ဦး

အနမ်းနဲ့ ကျမ်းမာရေး


 
သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။
ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် နမ်းတယ် ဆိုတာ ခံစားချက် အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အရပါ ချစ်ခင် နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံ ရတဲ့သူကို ချစ်ပါတယ် ဆိုတဲ့ အဓိပ္ပါယ် ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ ပတ်သတ်တဲ့ Definiton လေး တစ်ခုလောက် ထုတ်ကြည့် ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်း ယုံကြည်မှု အရတော့ နမ်းတယ် ဆိုတာ “နှစ်လိုဖွယ် ခံစား ဆက်ယှက်မှုကို ပါးစပ်က မပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ” လို့ ဖော်ပြ ထားပါတယ်။

နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလို ရရှိနိုင် တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကို တစ်ယောက် နမ်းနေကြတဲ့ အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့သွေးကြော တွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်း ကိုလည်း မြန်လာ စေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်း စေပါတယ်။

၂။ နမ်းနေတဲ့ အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာ ပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှား လာအောင် ဦးနှောက်က လှုံ့ဆော် ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာ ရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှား သန့်စင်စေပြီး မျက်နှာ တစ်ပြင်လုံး ပိုမို ချောမွေ့ လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြော တွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီး ကောင်းလာ စေပါတယ်။

၃။ နောက်တစ်ခု ကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့် ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်း စေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများ နမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှု တွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးတဲ့ ဟိုမုန်းဓာတ် တစ်မျိုး ဦးနှောက်က ထုတ်ပေးတာ ကိုလည်း တားဆီး ပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီး တွေလို့ ထင်မှတ်လာတတ် တယ်လို့ သုတေသီတွေက အတည်ပြု ထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ

ကုထုံး တစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါ ကာကွယ်ဆေး တစ်မျိုး ပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦး ဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝ ကိုယ်ခံစွမ်းအား တွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေ တဆင့် ပေါင်းစပ် သွားပါတယ်။ အဲဒီကနေ တဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာ ကိုယ်ထဲ ပေါင်းစပ် ရောက်ရှိ လာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင် တွေက နာမည် ပေးထား ပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွ ပေးပါတယ်။ ဘယ်လို အချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံး အကြိမ် နမ်းဖူးတဲ့ အခါ ပေါ်ပေါက် လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင် ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက် အရည်အသွေးဟာ ထိပ်ဆုံး အဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည် ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ် တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံး တစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန် ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား၊၊၊ အခု ရေးသား ဖော်ပြချက် အနမ်းကို ပြုစုရေးသားသူ ကမ္ဘာကျော် အချစ် သုတေသန ဆရာကြီး ဒေါက်တာ ၀ီလျံစတိုင်းဘတ်၏ ကိုယ်တွေ့များ ဖြစ်ကြောင်းပါ ခင်ဗျား။



NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language

Miraculous Master For English Language

FB  မှ