-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Thursday, May 30, 2013

အဆင်ပြေဆဲပါပဲကွယ်

တွန့်လိမ်ကောက်ကွေးနေတဲ့
သံယောဇဉ်
အရောင်တွေ ဖျော့ဖျော့လာတဲ့
အကြင်နာ
မရိုးမရွဖြစ်နေတတ်တဲ့
မျက်နှာထား
ပုပ်သိုးဟောင်းနွမ်းနေပြီဖြစ်တဲ့
ချစ်ခြင်းတရား
ခပ်ပါးပါးလေးသာကျန်နေတဲ့
အတွယ်အတာ
ရင်ထဲမှာတော့ အားလုံးဗလာဖြစ်နေပြီ ။

စံပယ်တွေ သီချင်းမဆိုတတ်ဘူး
ချယ်ရီတွေ မျက်ရည်မကျတတ်ဘူး
တစ်ယောက်ထဲ
ရိုးပြတ်တောထဲ လမ်းလျှောက်နေတယ်
ဖုန်းဆိုးမြေမှာ အသက်ရှုနေရသလို
ဂီတာအိုက သစ်လွင်တဲ့သံစဉ်တွေပေးလဲ
ငါ့ လက်တွေမစွမ်းသာခဲ့ဘူး
နေ့စဉ်နေ့တိုင်း
ငါ  ကြားနေရတယ်
လက်ခုပ်သံ
အဲတာအတုတွေတဲ့လေ ။

ဘာကိုလဲ ဘာကြောင့်လဲ
ငါ   တကယ်မသိခဲ့ပါဘူးကွယ်
မက်ခဲ့ဖူးတဲ့ အိပ်မက်ကိုစဉ်းစားသလို
ငါ ပြန်ပြီးစဉ်းစားခဲ့ဖူးတာပဲ
ဘာအရာမှ မရှိခဲ့ဘူး
အကျိုးမရှိတဲ့
သဘောထားများ
အရာဝထ္ထုများကို
ငါ  ဋီကာမချဲ့ခဲ့ပါ
အမှန်တရားတွေကို
ဖုန်းကွယ်ကြတယ်
တခါတရံ ပျောက်ဆုံးစေတယ်
ငါ့ အတွက်
အရာအားလုံး
အဆင်ပြေပါတယ် ။


jasmine

Monday, May 27, 2013

မိန်းမ မာယာ

မာယာသည် မျက်လှည့်သည်နှင့်တူ၏။
မျက်လှည့်သမားသည် ကျောက်ခဲကို ကောက်၍
ရွှေတုံးထင်အောင် လှည့်စားနိုင်သကဲ့သို့
ဤမာယာကလည်း လူတစ်ဖက်သား အထင်မှားအောင်
မိမိမှာရှိသောအပြစ်ကို ဖုံးကွယ်တတ်လေသည်။
မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်တတ်သည် ဟု ဆိုလိုသည်။

မိန်းမ မာယာ
ရှေးသရောအခါ တက္ကသိုလ်ဆရာကြီးမှာ တပည့်တစ်ယောက်ရှိလေသည်။
ထိုတပည့်၏မိန်းမသည် အခြားယောက်ကျားနှင့် ဖောက်ပြားလေ့ရှိ၏။
ထိုဖောက်ပြားသောနေ့၌ မိမိ၏ခင်ပွန်းကို ခါတိုင်းထက် ပို၍ ယုယ၏။
မဖောက်ပြားသောနေ့၌ကား ကျွန်ကဲ့သို့သဘောထား၍ စော်စော်ကားကားပြုလေ့ရှိ၏။
ထိုကဲ့သို့ ထူးခြားသောအမူအယာကို နားမလည်၍
စိတ်ရှုပ်လာသောတပည့်က မိမိဆရာကြီးကို အကြောင်းစုံ ပြောပြလေရာ
ဆရာကြီးက မိန်းမတို့ ပြုမူတတ်ပုံသဘောကို အမှန်အတိုင်းပြောပြလေသည်။


မှတ်ချက်
ဤ၀တ္ထုလာမိန်းမသည် အခြားယောက်ကျားနှင့်ဖောက်ပြားသောနေ့ဝယ်
မိမိအပြစ်ကို ကွယ်ကာလိုသောကြောင့်
ခင်ပွန်းအပေါ်မှာ များစွာ ကြင်နာဟန်ဆောင်လေသည်။
ထိုကြင်နာ ဟန်ဆောင်မှုသည် ဤမာယာပင်တည်း။

ဤမာယာကို တချို့အရာ၌ တင်္ခဏုပ္ပတ္တိဥာဏ် - ရုတ်တရက်အကြံကောင်းသောဥာဏ်
ဟုလည်း ခေါ်ရပြန်သည်။
(တင်္ခဏ - ထိုခဏ၌၊ ဥပ္ပတ္တိ၊ ဖြစ်ပေါ်လာသောဥာဏ်၊
ဥာဏ်ဆိုသော်လည်း ဥာဏ်အစစ်မဟုတ်၊ ဥာဏ်အတုသာဖြစ်သည်။
ဥာဏ်အစစ်ကား ကောင်းသောအရာ၌သာ ဖြစ်သည်။

ရုတ်တရက်ဥာဏ်ကောင်းသူ
အိမ်ရှင်မတစ်ယောက်သည် အစေခံယောက်ကျားကလေးနှင့် ဖောက်ပြားလေ့ရှိ၏။
အခါတပါးသော် ထိုယောက်ကျားကလေးအား နမ်းနေသည်ကို
အိမ်ရှင်ယောက်ကျား မြင်သွားလေသည်။
ထိုသို့မြင်သွားကြောင်းကိုလည်း အိမ်ရှင်မကိုယ်တိုင် သိလိုက်ရကား
မိမိ၏ခင်ပွန်းထံသို့ သွားပြီးလျှင်
“အရှင်၊ ဒီကောင်လေးဟာ မရိုးသားဘူး၊
ယနေ့အရှင့်အဖို့ထားတဲ့ မုန့်ကို ယူစားပြီး ကျွန်မက မေးတော့ မယူဘူးလို့ လိမ်တယ်၊
ယခု သူ့ပါးစပ်ကို နမ်းကြည့်တော့ ပါးစပ်က မုန့်စော်နံတယ်၊
မရိုးသားသူကို အိမ်မှာထားလို့ မတော်ဘူးထင်တယ်” ဟုပြောလေသည်။

ဤဝတ္ထု၌ အစေခံကို သူကနမ်းမှုသည်
လွန်စွာ ဆိုးရွားသောအပြစ်ကြီးဖြစ်ပါလျက် ထိုအပြစ်မပေါ်အောင်
လှည့်ပတ်တတ်သော ရုတ်တရက်အကြံမှာ မာယာပင်ဖြစ်သည်။
ဤမာယာသည် မိန်းမမှာသာ ရှိသည်မဟုတ်။ ယောက်ကျားများ၌လည်း ရှိသည်ပင်။

မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ

Posted by Dr. Ashin Indaka

Sunday, May 26, 2013

နောက်ကြည့်မှန်

►ကြယ်တွေမှာလည်း ကြယ်လူကြီး ၊ ကြယ်ကလေးတွေရှိတယ်

ဓူဝံကြယ်က အဖိုးကြီးမို့ တစ်နေရာထဲ ငုတ်တုတ်ထိုင်စဉ်းစားနေတာပေါ့

►ခုနှစ်စဉ်ကြယ်က ကလေးတွေမို့ကုန်းပိုးစီးတမ်းကစားနေကြတာ

အခြေမခိုင်ဘဲ လိမ့်ကျသွားတဲ့ ကြယ်တွေမြင်ဘူးပါတယ်

►ဒါပေမယ့် အဲ့ဒီထဲမှာ လူတွေအတွက် အသုံးတည့်လို့

နာမည်မှည့်ထားခံရတဲ့ကြယ်တွေ တစ်ပွင့်မှ ပါမသွားပါဘူး

►တကယ်တော့ ကြယ်တွေရဲ့ဘ၀မှာ

အဖော်နီးတာ အဖော်ဝေးတာအရေးမကြီးပါဘူး

►လောကအတွက် အသုံးဝင်တဲ့ကြယ်ဆိုတာ

ဘယ်တော့မှ မကြွေတာသေချာပါတယ်


>>မင်းကိုနိုင်<<

ချစ်ရသူ '

ချစ်ရသူ  '

♥ဒီည...ဒီညလေးပေါ့♥

တစ်ယောက်သောသူအတွက်
...
တိတ်ဆိတ်စွာစိတ်ပူနေမိလို့

အိပ်စက်ခြင်းတွေ ရောက်လာပါ့မလား???

ဒါဟာ မသေချာမှုတစ်ခု ...

ဒါပေမယ့်.....

ကျွန်တော့်ရဲ့ တစ်ယောက်သောသူ ကောင်းစွာအိပ်စက်နိုင်ဖို့

တိုးတိုးလျလျ ဆုတောင်းနေမိတယ်

အိမ်မက်ဆိုတာ နိုးတ၀က်မို့မက်တာဆိုရင်

သူ့အိပ်မက်မှာ ကိုယ်ပါခွင့်မရချင်နေပါစေ

အိမ်မက်တောင် မမက်ဘဲ အိပ်စက်နိုင်ပါစေ ချစ်ရသူ.....

┊  ┊  ┊  ┊
★  ┊  ┊  ★
☆  ┊  ☆
★  ★
☆
(FB)  မှ

Tuesday, May 21, 2013

ဒီအထဲမှာ မှောင်တယ်ဗျ

 

Tuesday, May 21, 2013

အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်ဟာ သူ့ ယောက်ျားအလုပ်သွားချိန်မှာ တခြားအမျိုးသားတစ်ယောက်နဲ့  အချိန်းအဆက်လုပ်နေပါတယ်။ တစ်နေ့  သူတို့ နှစ်ယောက်သားအိပ်ခန်းထဲမှာ ကြိတ်ပုန်းခုပ် နေကြတုန်း သားဖြစ်သူ ၁၃ နှစ်သားဟာ သူတို့ ကို တွေ့သွားပြီး အခန်းထဲက ဘီရိုမှာ ဝင်ပုန်းနေခဲ့ပါတယ်။

သိပ်မကြာပါဘူး အမျိုးသားက အိမ်ပြန်ရောက်လာတော့ ဖောက်ပြန်တဲ့ မိန်းမဟာ သူ့ချစ်သူကို သူ့ သား ပုန်းနေတဲ့ ဘီရိုထဲမှာ ဖွက်ပါတယ်။ အထဲမှာ သူ့ သားရှိတာကိုလဲမသိဘူးပေါ့။ ဒီလူဝင်လာတော့ ကောင်လေးကစပြီး

"ဒီအထဲမှာ မှောင်တယ်ဗျနော်..."

"အေးကွ"

"ကျွန်တော့မှာ ဘေ့စ်ဘောလုံးတစ်လုံးရှိတယ်ဗျ"

"သြော်.. အေး.. ကောင်းတာပေါ့ကွာ"

"အဲဒီဘောလုံးကို ကျွန်တော်ပြန်ရောင်း မလို့ ။ ခင်ဗျားဝယ်မလား"

"မဝယ်ချင်ပါဘူးကွာ။ ငါမှ မကစားတတ်တာ"

"အဖေအပြင်မှာ ရှိတယ်နော်... ခင်ဗျားသဘောပေါက်တယ်မဟုတ်လား"

"သြော်... အေး... အေး... အေးပါကွာ။ ကဲ မင်း ဘောလုံးက ဘယ်လောက်မို့ လို့ လဲ"

"ဒေါ်လာ ၂၅၀"

"အမေလေး... များလိုက်တာကွာ"

"အပြင်မှာ..."

"ကဲ.. ကဲ.. ပေးပေး.. ရော့ ၂၅၀"

နောက် သုံးပတ်လောက်နေတော့ အဲဒီလို ဖြစ်ရပ်မျိုး နောက်တစ်ခါ ထပ်ဖြစ်ပါတယ်။
ကောင်လေးကလဲ အခန်းဘီရိုထဲမှာ ဝင်ပုန်းနေပြီး သူ့ အမေကလဲ သူ့ ချစ်သူကိုဘီရိုထဲကို ဝှက်ပြန်ပါတယ်။

"ဒီအထဲမှာ မှော်တယ်ဗျ နော်..."

"အေး... အေးကွ"

"ကျွန်တော်မှာ ဘေ့စ်ဘော လက်အိတ်တစ်စုံ ရှိသေးတယ်ဗျ"

ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဘောလုံးတစ်လုံးကို ဒေါ်လာ ၂၅၀ နဲ့ ဝယ်လိုက်ရတဲ့ သူ
့အဖြစ်ကို သူ ပြန်တွေး သဘောပေါက်မိပြီး စိတ်မရှည်စွာနဲ့ 

"ကဲ.. ကဲ.. အခုတစ်ခေါက် ငါဘယ်လောက် ပေးရမှာလဲ"

"ဒေါ်လာ ၇၅၀"

"အိုကေလေ..."

နောက်တစ်ရက် နှစ်ရက်လောက်နေတော့ အဖေက သားကို ဘေ့စ်ဘောကစားဖို့  ဘောလုံးနဲ့ လက်အိတ်သွားအယူ ခိုင်းပါတယ်။

"အဖေ.. အဲဒီနှစ်ခုလုံးအိမ်မှာ မရှိတော့ဘူး။ သား ရောင်းလိုက်ပြီ"

"ဘာ.. ဘယ်လို... ဘယ်လောက်ရလို့ မို့  မင်းကရောင်းလိုက်တာလဲ"

"ဒေါ်လာ ၁၀၀၀ နဲ့ အဖေ"

"အိုးးး များလိုက်တာ သားရယ်... ဒီပစ္စည်းတွေက ဒီလောက်မှ မတန်တာပဲ။ မင်းက
ဒါသူများကို သက်သက် လူလည်ကျသလို ဖြစ်သွားတာပေါ့။ ဒါအပြစ်ဖြစ်တယ်ကွ... မဖြစ်ဘူးမဖြစ်ဘူး... မင်းကို ဘုရားကျောင်း ခေါ်သွားရမယ်။ မင်း အပြစ်တွေကို ဘုန်းတော်ကြီး
ဆီသွားပြီး အာပတ်ဖြေရမယ်"

ဒီလိုနဲ့  သားအဖနှစ်ယောက် ဘုရားကျောင်းကို ရောက်လာကြတာပေါ့... အဖေကသားကိုအာပတ်ဖြေဖို့  အခန်းလေးထဲက ခုံမှာ ထိုင်ခိုင်းပြီး တံခါးကို ပိတ်လို့  အပြင်မှာ
စောင့်နေတယ်။ အခန်းထဲမှာ ထိုင်နေတုန်း ကောင်းလေးက ...

"ဒီအထဲမှာ မှောင်တယ်ဗျ နော်" လို့ ဆိုလိုက်တော့...

အာပတ်ဖြေပေးဖို့  စောင့်နေတဲ့ ဘုန်းတော်ကြီးက...

"ခွေးမသား... ဒါ ငါ့ပိုင်နက်ကွ... ဒီတစ်ချီတော့ မင်း.. ငါ့ကို ဒီအချိုးမျိုး
လာချိုးလို့  မရတော့ဘူး" ... တဲ့

ဟာသနန်းတော်
  FB  မှ

မှတ်တမ်းမရှိသူများ

မင်းရဲ့ ဝမ်းနည်းမှတ်တမ်းမှာ
ငါနဲ့ လမ်းခွဲခြင်းမပါဘူး ဆိုတာလည်း သိတယ်...
ငါဆိုတဲ့အကောင်ကလည်း..
အမေဆိုတဲ့ ထမင်းဆီဆမ်းရွှေလင်ပန်းကို
မျှော်မျှော်ကိုးစိတ်နဲ့
လမင်းကို ခိုးခိုးကြည့်နေတတ်တဲ့ကောင်..။

ကမ္ဘာကြီးပျက်လုလုအချိန် လည်းနီးလာပြီ.
ရာဇသံတွေ မကြော်ငြာပဲ
ဟို ပင်လယ်ပြင်မှာ
စစ်ရဲ့ရနံ့တွေ လေမှာ ဝဲလို့
စိမ်းရွှင်ရွှင် အနံ့ရလာပြီ...
သွေးညှီနံ့နဲ့ တိုက်လာတဲ့
မြောက်ပြန်လေမှာ
ငါ ခေါင်းတွေ နောက်နောက်နေတယ်..
ဟိုး..အရှေ့အလယ်ပိုင်းမှာ
 အပူလှိုင်းတွေမတိုက်ပေမယ့်
လူ့အရိုင်းတွေ မီးစမွှေးနေပြီ...
ကမ္ဘာကြီးရေ...
သူတို့ ဝမ်းနည်းမှတ်တမ်းမှာ
ငါတို့မပါဘူး....။

အနုပညာကြေးတွေ မြင့်နေချိန်မှာ
ငါတို့နေ့စားတွေတွက် တစ်ရက်က
မနတ်ဖြန်အတွက်လည်း
မဟုတ်ဘူး..။
ရှင်းရှင်းပဲ ပြောမယ်
ကောင်မလေး..
အချစ်ကြောင်းတွေပဲ ပြည့်နေတဲ့ ကဗျာတွေထဲပဲ
ငါ့အသက် မရှုချင်တော့ဘူး..
အလွမ်းတွေနဲ့ မနက်မိုးမလင်းနိုင်တဲ့
ညတွေ အကြောင်းလည်း
စာမဖွဲ့ချင်တော့ဘူး..။
ငါဆိုတဲ့ကောင်ကလည်း အခတ်
ဖြူရောင်ဆိုလို့
ငါ့ကိုယ်ရောင်အပေါ်မှာ
စတစ်အင်္ကျီအဖြူလေးတထည်တောင်မရှိဘူး..
ဒါပေမယ့်
ကမ္ဘာမကြေသီချင်းကြားရင်
လွယ်လွယ်သွေးဆူတဲ့အကောင်..
အလွမ်းသီချင်းကြားရင်
အလိုလို ငေးငိုင်နေတတ်တဲ့ကောင်..
မာန်တင်းလိုက်ဖြေလျော့လိုက်
မှိန်းဖျော့ဖျော့ နှလုံးသားမှာ
အသက်ရူရတာတောင် ကျပ်ကျပ်လာတယ်..
အဲဒီပွင့်လင်းမြင်သာမူ့တွေရဲ့
ဝမ်းနည်းမှတ်တမ်းမှာ
ငါတို့ကွယ်ဝှက်ခံရတယ်။

အသိတရားတွေများလာတော့
အနာတရတွေပဲ အထပ်ထပ်နဲ့
နှလုံးသားတွေ အသားမာတတ်ခဲ့တယ်...
အမေရေ...ကျနော်တို့အထုတ်ပိုးတွေ
ပြင်ကြစို့ရဲ့...
အတည်တကျဆိုတဲ့နေရာမှာ
ခြေချစရာမြေဆိုတာ ...
ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ ဖြစ်နိုင်မလည်း...
ဘယ်နေရာကြည့်ကြည့်..
ကျနော်တို့အတွက်စစ်တလင်း...
လက်နတ်နဲ့တိုက်တဲ့....စစ်
ပါးစပ်နဲ့တိုက်တဲ့....စစ်
ငွေနဲ့တိုက်တဲ့...စစ်
အရှိန်အဝါနဲ့တိုက်တဲ့....စစ်
ကြည့်...
ကျနော်လိုကျောသားငမွဲတွေတွက်..
သချုင်္ိင်းတွေချည့်...။
ကဲ...
ငါ့ရဲ့ဝမ်းနည်းမှတ်တမ်းကို
လူမသိသူမသိ ဟောဒီစကားလုံးတွေကြားမှာပဲ
မြှပ်နှံထားတော့တယ်..။

*မောင်သစ္စာ*

Monday, May 20, 2013

Virginity fraud အပျိုရည် ပျက်ခြင်း(အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၆))

မိန်း ကလေး တယောက် ကနေ အကျိုးတခုခုကို မျှော် ကိုးပြီး မမှန်ဘဲနဲ့ အပျိုစစ်ပါတယ်လို့ ပြောလိုက် တာကို Virginity fraud အပျိုရည်- လိမ် တယ်၊ Virginity lie အပျိုရည်-မုသား နဲ့ Chastity fraud အဗြဟ္မစရိယ-အ ကျင့် လို့လဲ ခေါ် တယ်။

Paternity fraud မိဖ မစစ်ဘူးဆိုတာလိုဘဲ ဒီ အယူအ ဆဟာလဲ ငြင်းခုန်စရာ တခုပါဘဲ။ အပျို စစ်-မစစ်ရဲ့ Definition အဓိပ္ပါယ်ဖွင့်မှု နဲ့ Importance အရေးပါမှု ဆိုတာကို လူ့အသိုင်း အဝိုင်းမှာ တသဘော ထဲ မရှိပါ။ Sexual double standard ကျား-မ နှစ်ခွအမြင် ရှိတာနဲ့ မရှိတာမှာ ကွာကြ တယ်။

Female virginity အပျိုစစ်မှုကို

1. Hymen အပျိုမြှေး ရှိတာ-မရှိတာနဲ့ တိုင်းမလား။
2. Philosophical criteria ဒဿနိက-သတ်မှတ်ချက်ကော ထားမလား။

လူမှုအသိုင်းအဝိုင်းတွေက မတူကြပါ။ Rape victim အဓမ္မပြုကျင့်ခံရသူမျိုးကို အကဲဖြတ်တာတော့ တူကြတာ များပါတယ်။ မိန်းကလေး တယောက် Boyfriend ယောက်ျားလေးအဖေါ် ထားပြီဆိုကတည်းက (လိင်ဆက်ဆံမှု မရှိအုံးတော့) တန်ဘိုး သတ်မှတ်မှုမှာ အမှတ် လျော့ခံရပြီ။ Lesbian sexual activity မိန်းကလေးချင်းချင်း လိင်ကိစ္စထိ ရောက်ကြအုံးတော့ စောစောက မိန်းကလေးလောက် အမှတ် မလျှော့တတ်ဘူး။

ရှေးခေတ်လို့ ပြောရမယ်၊ ခုခေတ်လဲ ရှိတော့ ရှိသေးတာပါ၊ မင်္ဂလာဦးညမှာ အိပ်ယာခင်း၊ အဝတ်အစားမယ် ကညာမြှေးစုတ်လို့ ထွက်တဲ့ သွေးစွန်းတာ လက်တွေ့ မြင်ရမှသာ သတို့သမီးဟာ အပျိုစစ်ခဲ့ပါတယ် ဆိုတာရဲ့ Proof သက်သေခံ ဖြစ်တယ်။ ဒီအချက်ကို Marriage contract မင်္ဂလာဆောင် (ကန်ထရိုက်) စာချုပ်ကတည်းက တည့်ထားတတ်တယ်။ ဘယ်ရမလဲ လူဆိုတာ ကြံရည်-ဖန်ရည် ရှိတယ် မဟုတ်လား။ ခေတ်လူတွေမှ တော်ကြတယ် မထင်ပါနဲ့။ Techniques to simulate the bleeding သွေးအတု လုပ်နည်းတို့ Physical sensation of rupture စုတ်ပြဲသွားလို့ နာကျင်မှု အယောင်ဆောင်တို့ ဆိုတာတွေလဲ ရှေးကတည်းက ရှိနေခဲ့ပါတယ်။

Methods of detection ဘယ်လို စမ်းသပ်မလဲ -

1. Hymen restoration surgery အပျိုမြှေးကို ခွဲစိတ်ကုသပြီး ပြန်လုပ်ပေးထားသလား။ Vagina's general state of elasticity ပုံမှန်ရှိအပ်တဲ့ (ဗဂျိုင်းနား) ရဲ့ ကြုံ့နိုင်-ဆန့်နိုင်စွမ်း ရှိသလား-မရှိဘူးလား ဆိုတာတွေ စစ်တာကို လူမျိုးစု အတော်များများမှာ ဆရာဝန်တွေက လုပ်ရတာတော့ မဟုတ်ပါ။ အများလက်ခံတဲ့ အမျိုးလဲတော်တဲ့ အမျိုးသမီးကြီး တဦးဦးကနေ လုပ်ရပါတယ်။ နောက်ပိုင်းမှာတော့ ဆရာဝန်တွေကို သုံးလာတာလဲ ရှိပါတယ်။ ဆေးလက်မှတ် ထုတ်ပေးဘို့ လိုတတ်လို့ပါ။

2. ဆရာဝန်နဲ့ မလုံလောက်ရင် "စုံထောက်" အားကိုးကြတာလဲ ရှိတယ်။ Private detective တွေက မိန်းကလေးရဲ့ သမီးရည်းစားထား သမိုင်း ပြန်လှန်မယ်။ သွားဘူး-လာဘူးတဲ့ ဆေးရုံ-ဆေးခန်းတွေ လိုက်စုံစမ်းမယ်။ မပေါ်ပေါ်အောင် ဖေါ်မယ်။

အနောက်နိုင်ငံတွေမှာ Hymen replacement surgery အပျိုမြှေးပြန်လုပ်ပေးတာကို ဝေဖန်လာကြတယ်။ Medically unnecessary ဆေးပညာအရ မလိုအပ်ဘူးတဲ့။ လူတွေ အဲလို လိုက်လုပ်ကြတဲ့ Social practices အလေ့အထက မကောင်းဘူးလို့ ပြောတယ်။ သိတဲ့အတိုင်း ဒီနည်းကြောင့် အပျိုမဟုတ်သူတွေက အပျိုတု လုပ်လာပါတယ်။

ပြဿနာ များတာက မွတ်ဆလင်တွေမှာ ဖြစ်မယ်။ ၂ဝဝ၆ တုံးက ပြင်သစ်နိုင်ငံ Lille မှာနေတဲ့ သတို့သားက သူ့ သတို့သမီးကို အပျိုမစစ်လို့ မယူတော့ဘူး ငြင်းခဲ့တယ်။ မိန်းကလေးကလဲ စစ်ပါတယ်ပြောပေမဲ့ အယူခံ မတက်တော့ ယောက်ျားလုပ်သူက အနိုင်ရလိုက်တယ်။

၂ဝဝ၉ ရောက်တော့ မီဒီယာ အာရုံစိုက်မှုများတဲ့ကြားကနေ တရားရေးဝန်ကြီး Rachida Dati က အစိုးရကို အယူခံဘို့ အမိန့်ချလိုက်တယ်။ အယူခံတရားရုံးက အရင်အမိန့်ကို ပြောင်းပြန်လုပ်လိုက်တယ်။ လက်ထပ်တာမှာ အပျို စစ်-မစစ်ဟာ Essential condition မရှိမဖြစ် လိုအပ်ချက် မဟုတ်လို့ ချမှတ်ထာ ဖြစ်တယ်။

မိန်းကလေးက မုသားဆိုအုံးတော့ အိမ်ထောင်သည်ဘဝအတွက် အပျိုရည်ပျက်လဲ ကိစ္စမရှိဘူးတဲ့။ သူ့အတိတ်ဟာ အတိတ်ဘဲတဲ့။

Dr. တင့်ဆွေ

Myanmar Daily News မှ ဗဟုသုတ အဖြစ်တင်ပြပေးသော ဆောင်းပါးအား Myanmar Forward  မှ ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်။