-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Tuesday, March 19, 2013

ညီမလေးအတွက် စကားလက်ဆောင်(၂၆)

ညီမလေးရေ....
ဗိုလ်ချုပ် ကွယ်လွန်သွားတော့ ဒေါ်ခင်ကြည်ပာာ အသက် သုံးဆယ်ကျော်ပဲ ရှိသေးတယ်။ သွေးသား ဆူဖြိုးတုန်း။ အရွယ်ကောင်းတုန်းပါ။ တစ်ပင်လဲလို့ နောက်တစ်ပင် ထူချင်ရင် ဘယ်လောက်များ သင့်တော်လိုက်တဲ့ အရွယ်လဲ။
ဒါပေမယ့် ဗိုလ်ချုပ်အပေါ်မှာ ထားရှိတဲ့ ဒေါ်ခင်ကြည်ရဲ့ သစ္စာတရားပာာ ဘယ်လောက်များ လေးစားဖို့ ကောင်းလိုက်သလဲ။ လုံးဝကို နောက်တစ်ယောက်ရှာခြင်းအပေါ် စိတ်မယိုင်ခဲ့ဘူး ညီမလေး။
...
မြန်မာအမျိုးသမီးတွေရဲ့ စံပြ ဖြစ်ထိုက်ပါပေတယ်။
 
ညီမလေးရေ....
တစ်ပင်လဲလို့ နောက်တစ်ပင် ထူတာကို အပြစ်မပြောချင်ပါဘူး။ အပင်ကြီးအောက်မှာ အပင်ငယ် ထပ်မပေါက်ဖို့ပဲ လိုပါတယ်။ လှေကြီးပေါ်ကို လှေငယ် မဆင့်မိဖို့ပဲ လိုပါတယ်။
လင်ယောက်ျားပာာ ခရီးသွားသည်ဖြစ်စေ နာမကျန်းဖြစ်လို့ အိပ်ယာထဲမှာ ဗုန်းဗုန်းလဲသည် ဖြစ်စေ လင်ယောက်ျားမှ ရှိနေသေးရင် နောက်တစ်ယောက်အပေါ် စိတ်မယိုင် လိုက်ပါနဲ့။ ကာမေသု မိစ္ဆာစာရ ကံပာာ ညီမလေးရဲ့ နောက်မှာ အရိပ်လို လိုက်လာလိမ့်မယ်။
အိမ်ထောင်မကျသေးရင်တောင် ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်လိုမလုပ်လိုက်ပါနဲ့။လက်ရှိ ရည်းစားအပေါ်မှာ သစ္စာရှိပါ။ အပျိုဂုဏ်ကိုလည်း မပွန်းပဲ့ စေပါနဲ့။
တစ်ယောက်ကို တစ်ယောက် သစ္စာရှိရှိနဲ့. ရိုးမြေကျ ပေါင်းသင်းဖို့ ရည်ရွယ်ပါ။
တစ်ယောက်အမှားကို တစ်ယောက်က ခွင့်လွှတ်ပေးပါ။နားလည်ပေးပါ။ တစ်ယောက်က အားငယ်နေရင် တစ်ယောက်က အားပေးပါ။
ညီမလေးရေ....
ကိုယ့်ချစ်သူ ငိုနေတဲ့ အချိန်မှာ ကိုယ်လည်း ငိုနိုင်အောင် ကြိုးစားပါ။ကိုယ့်ချစ်သူ ရယ်မောနေတဲ့ အချိန်မှာ ကိုယ်လည်း ရယ်မောနိုင်အောင် ကြိုးစားပါ။ ခံစားမှုတွေပာာ အမြဲတမ်း တစ်ထပ်တည်းကျနေမယ်ဆိုရင် သစ္စာပျက်စရာ အကြောင်း မရှိတော့ဘူးပေါ့။
အားလုံး ပျော်ရွှင် ချမ်းမြေ့ပါစေ။
ပြည်ငြိမ်း

1 comment:

  1. မှတ်သားစရာလေးနော်.
    လက်ခံပါတယ်....ရှင်...
    ကျေးဇူးလဲတင်တယ်...

    ReplyDelete

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...