-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Saturday, March 30, 2013

ညီမလေးအတွက် စကားလက်ဆောင်(၃၁)

Myanmar 
Girl - , Bago

ညီမလေးရေ.....
ကျီးကန်းတွေကို မြင်ဖူးမှာပါ။ ကျီးကန်းတွေ ပာာ ငယ်ရွယ်စဉ် အသိုက်ထဲမှာ ရှိတုန်းကပေါ့။ ကျီးသားပေါက်ကလေးတွေပေါ့ ညီမလေးရယ်။ ကျီးသားပေါက်တွေပာာ နှုတ်သီးဘေးက အာလေးတွေ နီရဲရဲလေးတွေ။ မျက်စိလည်း မမြင်သေးဘူး။
ထူးခြားတာက အဲ့ဒီကျီးသားပေါက် အာနီလေးတွေပာာ အမြဲတမ်း နှုတ်သီးလေးတွေ ပာ ထားတယ်။ မိခင် ကျီးမ ကြီးက ရှာလို့ရသမျှ အစာတွေကို သူ့သားသမီးတွေကို လာကျွေးလေ့ရှိတယ်။
...
ကျီးသားပေါက်က သုံးကောင်ရှိတာ။ သူရှာလို့ရသမျှကို သူ့ကလေးတွေကို ကျွေးနေရတော့ သူ့ခမျာ အစာကောင်းကောင်း အစားရရှာဘူး။ ဒါ့ကြောင့် သားပေါက်တွေရှိတဲ့ ကျီးကန်းမတွေပာာ ကလေးကို နို့မတိုက်ရဘဲ ပိန်နေတာလေ။
နောက်ပြီးတော့ ကြက်မတွေ။ ကြက်မတွေပာာ သူ့ ဥလေးတွေ အကောင်ပေါက်လာဖို့ ၂၁ ရက်တောင်မှ ၀ပ်ကျင်းထဲမှာ ၀ပ်နေရရှာတယ်။
နေ့ရော ညရော ၀ပ်ကျင်းထဲမှာပဲ။ တစ်ရက် တစ်ခါပဲ အပြင်ထွက်ပြီး အစာစားတယ်။ ခဏပဲ အစာစားပြီး ၀ပ်ကျင်းထဲပဲ ပြန်သွားဝပ်နေတယ်။သူ့ခမျာ ဘယ်လောက်တောင် ဒုက္ခ များလိုက်ရှာမလဲ။ မိဘမေတ္တာနော်။
လိပ်တွေဆိုလည်း အင်မတန် အံ့သြဖို့ကောင်းတယ်။ လိပ်မကြီးက သောင်ပြင်ပေါ်မှာ ဥ အုခဲ့ပြီး သဲတွေနဲ့ ဖုံးထားခဲ့တယ်။ ပြီးတော့သူက ရေထဲ ပြန်ဆင်းသွားတယ်။
အချိန်တန်လို့ အဲ့ဒီဥက အကောင်ပေါက်လာရင် လိပ်သားပေါက်ကလေးပာာ သူ့မိခင်ရှိတဲ့အရပ်ကို တန်းတန်း မတ်မတ် သွားပြီး သူ့မိခင်ကို သူသိနေတယ်။
လိပ်မကြီးပာာ သူ့ရဲ့ မျက်ကွယ်ရာမှာ ဥကို အုခဲ့ပေမယ့် ပြင်းထန်တဲ့ သူ့ရဲ့ မိခင်မေတ္တာစိတ်ဓာတ်ကြောင့် တစ်ခါမှ မမြင်ဖူးတဲ့ သားသမီးနဲ့ မိဘက သိနေတာပါ။ သွေးက စကားပြောတယ်လို့ ခေါ်မှာပေါ့။
ညီမလေးရေ....
အစ်ကို ဆိုလိုတာက တိရစ္ဆာန်တွေတောင် သားသမီးကို ဒီလောက်ချစ်ရင် လူတွေဆို မိဘမေတ္တာပာာ ဘယ်လောက်များ ကြီးမားလိုက်မလဲ။ သားသမီးကို ဘယ်လောက်များ ချစ်လိုက်မလဲ ။
သားသမီးအတွက် မိဘက ဘ၀တစ်လျှောက်လုံး ပေးဆပ်လာခဲ့တာ။ မိဘလည်း အိုမင်းမစွမ်းဖြစ်ရော သားသမီးက အနားမရှိကြတော့ဘူး။ သူတို့မှာလည်း သားသမီးတွေရှိနေပြီလေ။
ဘယ်လိုပဲဖြစ်ဖြစ် မိဘကိုတော့ မျက်ကွယ်ပြုမထားကြပါနဲ့။ သူတို့ခမျာ အားကိုးရာ တကယ် မရှိတော့လို့ပါ။ မိဘကို တတ်နိုင်သလောက် ပြုစုကြပါလို့ တိုက်တွန်းပြီး တောင်းဆိုပါရစေ။
အားလုံးကို ခင်မင်လေးစားလျက်
ပြည်ငြိမ်း
Myawady News

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...