-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Wednesday, March 27, 2013

“မမေ့ပါနဲ့”

*မင်းမမေ့ပါနဲ့မင်းကိုချစ်နေတဲ့
ငါတစ်ယောက်ရှိနေသေးတယ်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းကိုစောင့်မျှော်နေသူတစ်ယောက်
ရှိနေသေးတယ်ဆိုတာ …

*မင်းမမေ့ပါနဲ့မင်းနာကျင်မောပန်းတဲ့အခါ
မင်းနားခိုဖို့ငါ့ရင်ခွင်ရှိနေသေးတယ်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းတစ်ယောက်ဟာ
ငါ့အတွက်ပထမဦးဆုံးနဲ့ နောက်ဆုံးချစ်ရသူဆိုတာ …

*မင်းမမေ့ပါနဲ့ ငါ့ဘ၀ ငါ့ရင်ခွင် ငါ့အချစ်တွေအားလုံးက
မင်းတစ်ယောက်တည်းအတွက်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းနဲ့ဘ၀တစ်ခုကို
အတူတည်ဆောက်ချင်ခဲ့တယ်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းနဲ့ကောင်းခြင်းဆိုးခြင်းတွေကို
အတူမျှဝေခံစားချင်နေတဲ့ချစ်သူငါဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းဆီကဖုန်းခေါ်မယ့်အချိန်
မင်းဆီက msg တစ်စောင်ကို အချိန်တိုင်း
စောင့်မျှော်နေသူငါတစ်ယောက်ဆိုတာ …

*မင်းမမေ့ပါနဲ့ မင်းစွန့်ပစ်သွားသည့်တိုင်
မင်းကိုရူးလောက်အောင် စောင့်မျှော်ရင်း
ချစ်နေဆဲဆိုတာတွေကိုပါ …


မိုးညချမ်း
24.5.2012 (1:55 P.M)

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...