-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Saturday, March 30, 2013

ညီမလေးအတွက် စကားလက်ဆောင်(၃၀)

http://hansruinemans.files.wordpress.com/2009/08/shwedagon-temple-yangoon-myanmar3.jpg
ညီမလေးရေ.....
ပန်းသည်မလေး မနှင်းဆီ အကြောင်းကို ပြောပြမယ်။ မယုံလျှင် ပုံပြင်လို့ပဲ မှတ်ယူလိုက်ပါ။

 မနှင်းဆီပာာ အရွယ်ကလည်း ကောင်း။ အလှကလည်း မြင်တဲ့သူ နောက်တစ်ထပ် တစ်ခါ ထပ်ကြည့်ရလောက်အောင် ပျိုမျစ် လှပတယ်။

ကံအကြောင်းမလှတော့ ရွှေတိဂုံဘုရားမှာ ပန်းရောင်းနေရရှာတယ်။ အိုမင်းရင့်ရော်နေပြီဖြစ်တဲ့ အမေအိုကြီးနဲ့ ဆိုးမိုက် ပေတေနေတဲ့ အစ်ကိုတစ်ယောက်ရှိတယ်။ အိမ်ရဲ့ စားဝတ်နေရေးကို ပန်းရောင်းတဲ့ ငွေလေးနဲ့ပဲ အမှီပြုနေရတယ်။

မနှင်းဆီပာာ မနက်ပိုင်းကတည်းက ရွှေတိဂုံဘုရားကိုသွားပြီး ပန်းရောင်းတယ်။ တစ်နေကုန်ရောင်းတယ်။ မှောင်ရီပျိုးပြီဆိုရင်တော့ အိမ်ကို ပြန်လာလေ့ရှိတယ်။

အိမ်ရောက်မှ အိမ်ရဲ့ ဝေယျာ ၀စ္စတွေလုပ်ပြီး အနားယူလေ့ရှိတယ်။

မနှင်းဆ်ီပာာ ဘယ်တော့မှ ပန်းရောင်းမကောင်းခဲ့ဘူး။ စားဝတ်နေရေးကလည်း အဆင်မပြေလှဘူး။ ဂုဏ်တော်ကွန်ချာ ရွတ်ရင် ဈေးရောင်းကောင်းတယ်ပြောလို့ ရွတ်ဖတ်ရတာလည်း တစ်နေကုန်ပါ။ ဘယ်လောက် ရွတ်ရွတ် ဈေးရောင်း မကောင်းခဲ့ဘူး။

ဘာ့ကြောင့် ဈေးရောင်းမကောင်းတာလဲဆိုတာ ဘယ်လိုမှ စဉ်းစားလို့ မရဘူးဖြစ်နေတယ်။ ညနေပိုင်းမှ ခဏပဲ ပန်းလာရောင်တဲ့ အဒေါ်ကြီးတွေဆိုရင် ရောင်းရတာ လက်တောင်မလည်ဘူး။ သူတို့ရောင်းကောင်းနေတဲ့ အချိန်မှာ မနှင်းဆီပာာ ငေါင်တောင်တောင်နဲ့ မှိုင်နေရတယ်။

ဈေးကလည်း ရောင်းမကောင်း။ စားဝတ်နေရေးကလည်း မပြေလည်။ အစ်ကိုကလည်း တစ်မျိုး။ မနှင်းဆီ အင်မတန် စိတ်ညစ်နေရပါသည်။ စားဝတ်နေရေးကြောင့် ဆယ်တန်း တစ်ခါကျပြီး နောက်ထပ်မဖြေနိုင်တော့ဘူး။ အခွင့်အရေးလည်း မရတော့ဘူး။

မနှင်းဆီ အင်မတန် စိတ်ညစ်နေတုန်းမှာ ကယ်တင်ရှင် တစ်ယောက်ပေါ်လာတယ်။ ရွှေတိဂုံဘုရားမှာ တရားလာထိုင်တဲ့ ယောဂီတစ်ယောက်ပါ။ ယောဂီကြီးပာာ သူ့မဘ၀အတွက် လမ်းပြပေးခဲ့တယ်။ သူမမသိတာတွေကို သင်ပြပေးခဲ့တယ်။ စတွေ့တာက.....

"သမီးကို အန်တီ ကြည့်နေတာကြာပြီ။ သမီးက တော်တော်လှတာပဲ။ တစ်နေကုန်ပန်းရောင်းနေတာ ရောင်းလို့ကောင်းတယ်မထင်ဘူး။ အန်တီတွေ့နေလို့ပါ"

"ပာုတ်တယ်အန်တီ။ ဒီနေ့ပန်းရောင်းကောင်းမှ မနက်ဖြန် စားဝတ်နေရေးက ပြေလည်မှာ။ ပန်းကလည်း ရောင်းမကောင်းဘူး။ သမီးတော့ စိတ်တောင်ညစ်လာပြီ"

မနှင်းဆီပာာ သူမဘ၀အကြောင်းကို ယောဂီကြီးကို ပြောပြတယ်။ထို့နောက်...

"အန်တီ သဘောပေါက်ပြီ။ သမီးက အင်မတန် အလုပ်ကြိုးစားပေမယ့် နည်းလမ်းက မမှန်တော့ မအောင်မြင်ပဲ ဖြစ်နေတယ်။

သမီးက မနက်ကတည်းက ပန်းလာရောင်းတော့ ပင်ပန်းတာပေါ့ ။ဘုရားမှာ လူက ညကျမှ စည်ကားတာလေ။ နေ့ပိုင်းဆိုရင် လူတွေက လုပ်ငန်းခွင်ကို ၀င်ရတယ်။ ဘယ်လိုမှ မစည်ကားနိုင်ဘူး။

လူတွေရောက်လာတဲ့အခါဆိုရင် သမီးပန်းက မလန်းတော့ဘူး။ ဒါ့ကြောင့် လန်းတဲ့ တခြားဆိုင်တွေမှာပဲ သွားဝယ်ကြတယ်။ ဆိုလိုတာက သမီးပန်းပာာ အသုံးမ၀င်တဲ့အချိန်မှာ လန်းနေပြီး တကယ်အသုံးဝင်မယ့် အချိန်ရောက်တော့ မလန်းတော့ဘူး။ညှိုးသွားပြီ။ ဒါ့ကြောင့် ဘယ်သူမှ လာမ၀ယ်တာပါ။

နောက်နေ့က စပြီး သမီးပာာ ဆယ်တန်းပြန်ဖြေဖို့ တစ်နေကုန် စာကျက်ပါ။ အိမ်အလုပ် လုပ်ပါ။ ညပိုင်း နှစ်နာရီလောက်ပဲ ပန်းလာရောင်းပါ။ အင်မတန် ရောင်းကောင်းပါလိမ့်မယ်။

မိန်းကလေးဘ၀ပာာလည်း ဒီပန်းတွေရောင်းသလိုပါပဲ။ အသုံးမ၀င်တဲ့အချိန်မှာ ပျိုမျစ်လှပနေပြီး တကယ် အသုံးဝင်မယ့်အချိန်ရောက်တော့ အပျိုရည်ပျက်သွားရင် အဲ့ဒီမိန်းကလေးပာာ ဘ၀မှာ ကျရှုံးမှာပဲ။ အပျိုရည်မပျက်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းရမယ် သမီး။ ဒါမှ အခွင့်ကြုံလာရင် သမီးရဲ့ အလှပာာ တန်ဖိုးကြီးမားမှာပါ။ ဒီလောက်ဆို သမီး သဘောပေါက်ရောပေါ့ "

မနှင်းဆီ သဘောပေါက်သွားသည်။ နောက်နေ့က စပြီး ယောဂီ အန်တီပြောသလိုလုပ်မည်။

ညီမလေးရေ...
မနှင်းဆီပာာ ဆယ်တန်းအောင် တဲ့အပြင် ဘွဲ့တောင် ရသွားတယ်။ ကုမ္ပဏီပိုင်ရှင်တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ချမ်းသာသွားတယ်။

မိန်းကလေးပာာ အိမ်ထောင်မကျမချင်း အပျိုဂုဏ်ကို ထိန်းသိမ်းထားရမယ်။ ဒါမှ အခွင့်ကြုံရင် အလှပာာ ဘယ်လောက် အဖိုးတန်တယ်ဆိုတာ သိခွင့်ရလိမ့်မယ်။ နားလည် စောင့်ထိန်းပြီး အဖိုးတန်တဲ့ အမျိုးကောင်းသမီး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

ပြည်ငြိမ်း
Myawady News

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...