နံနက်ခင်း
အလင်းနဲ့အတူ
နိုးထနေကြတဲ့
လူများ
စိတ်တွေ
မလင်းကြဘူး
ညအရောင်နဲ့
တောက်ပြောင်စွာ
အိပ်ယာဝင်နေကြ
သူများ
ညအမှောင်နဲ့
မွေ့ပျော်နေကြတယ်
နေ့ခင်းနေ့လည်
သံတရာထဲ
တ၀ဲလည်လည်
ဘ၀တွေ
ကမုန့်လုံးစက္ကူကပ်ပေါ့
အိပ်ချိန်တွေ
နဲနဲလာတယ်
အိပ်မက်တွေလဲ
မရှိသလောက်ပေါ့
စကားတွေလဲ
နဲနဲလာတယ်
နားထောင်ပေးမဲ့သူ
မရှိတော့သလိုပဲ
ငယ်ငယ်က
ကျောင်းမှာစာတွေစနစ်တကျသင်ခဲ့တယ်
လက်တွေ့ဘ၀မှာ
ဘာမှ
စနစ်တကျဖြစ်မလာခဲ့
အရာအားလုံး
လျော့တိလျော့ရဲ
ပိပိရိရိရှိနေပြီထင်နေတဲ့
သစ္စာတရားကလဲ
ထိထိမိမိ
ပျက်လို့နေတယ်
မှန်တချပ်ကိုသေချာကြည့်လိုက်တော့
ငါ
ဘယ်သူလဲ???
jasmine
No comments:
Post a Comment
သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...