-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Thursday, September 12, 2013

တောင်းပန်ပါတယ်

 
~~~~~~~~~~~~
မိန်းခလေးရယ်....

အဆုံးသတ်မှာ


အမုန်းရမှတ်တွေ နဲ့

ဒူးထောက်နေရသည်ကို


အပြုံးတွေဖန်ဆင်းပြီး


အမုန်းတွေ မပေးလိုက်ပါနဲ့နော်♥♥♥


မြင်ရရုံနဲ့ပဲ ကျေနပ်နေသူပါ


တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ


ပိုင်ဆိုင်ဖို့ဆိုတဲ့ ဆန္ဒ တစ်ခုတည်းနဲ့


အတင်းလုပ်ယူလို့မရသလို


နမ်းရှိုက်ခွင့်ရမှလည်း


" အချစ် " မဟုတ်ပါဘူး


အချစ်လို့ ဆိုခဲ့ရင်တောင်


" စိုင်း " ငြင်းမိမှာ အမှန်ပဲ


ဘာကြောင့်လဲဆိုတော့


" မ " ကိုချစ်မိတဲ့ စိုင်း ဟာ


အမဲရောင်မဖက်တဲ့


အဖြူရောင်ပေးဆပ်ခြင်း

သက်သက်မို့ပါ " မမ " ရယ်
♥♥♥♥♥♥


Sai La Minn♥♥♥

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...