ယုတ်မာပက်စက်မှုအောက်မှနေရတာများလာတော့
အတွေးတွေကလဲ စုတ်ပြတ်သတ်နေခဲ့ပြီ
ကြာခဲ့ဖူးတဲ့ စကား
အမြီးကျက် အမြီးစား
ခေါင်းကျက် ခေါင်းစားဆိုပဲ
ခုတော့ဖြင့် ကျက်ချိန်တောင်မတန်ပဲ
အားလုံးအစားခံလိုက်ရသလို
ခွေးကဖြင့်
သွေးမျက်ရည် ဘယ်မှာလာသိပါ့မလဲ
ကြိတ်ကြိတ်တိုးနေတဲ့ ဒုက္ခသည်တွေကြည့်ပြီး
တွေးရခက်ခက်ပါပဲ
တလမ်းမောင်းစနစ်အောက်မှာ
လွတ်လပ်ချင်တဲ့စိတ်က
အမှားနဲ့ အမှန်အတွက်
အမြဲ ဒွိဟ ဖြစ်နေခဲ့ရတယ်လေ
အမဲတွေကို ဖြူခဲ့ရပြီး
အဖြူတွေကို မဲခဲ့ရတာတွေလဲ
မနည်းတော့ပါလား
ကံငါးပါးကို အမြဲဖောက်ပြန်နေတဲ့စိတ်
ပြုပြင်မရအောင် နှလုံးသားထဲ
ကိန်းအောင်းနေလေရဲ့
ဆန္ဒတွေထုတ်ပိုးကာသိမ်း
အမြဲပြန်မရောက်ဖြစ်တဲ့ ဇာတိမြေ
ခုပြောကြတဲ့သူတို့စကား
သိန်း ၁၀၀ လဲဘာမှလုပ်မရပါလား
မပွင့်ခင် ကြွေတာ ခပ်များများ
ဘုရားစူးရပါစေရဲ့
အမှန်တရားတွေ
တကယ် လား တကယ်လားမေးသူများလာလဲ
မစို့ မပို့ ဗဟုသုတလေးတွေကို
တို့ကာထိကာ ထုတ်မသုံးရဲပဲ
တိတ်တိတ် ဆိတ်ဆိတ်လေး
ကလေးတွေး တွေးပြီး
အသွေးအသားထဲက ဆန္ဒ
အတွေးမမှားပဲ
ရုတ်သိမ်းထားပါ့မယ် ။
jasmine
အတွေးတွေကလဲ စုတ်ပြတ်သတ်နေခဲ့ပြီ
ကြာခဲ့ဖူးတဲ့ စကား
အမြီးကျက် အမြီးစား
ခေါင်းကျက် ခေါင်းစားဆိုပဲ
ခုတော့ဖြင့် ကျက်ချိန်တောင်မတန်ပဲ
အားလုံးအစားခံလိုက်ရသလို
ခွေးကဖြင့်
သွေးမျက်ရည် ဘယ်မှာလာသိပါ့မလဲ
ကြိတ်ကြိတ်တိုးနေတဲ့ ဒုက္ခသည်တွေကြည့်ပြီး
တွေးရခက်ခက်ပါပဲ
တလမ်းမောင်းစနစ်အောက်မှာ
လွတ်လပ်ချင်တဲ့စိတ်က
အမှားနဲ့ အမှန်အတွက်
အမြဲ ဒွိဟ ဖြစ်နေခဲ့ရတယ်လေ
အမဲတွေကို ဖြူခဲ့ရပြီး
အဖြူတွေကို မဲခဲ့ရတာတွေလဲ
မနည်းတော့ပါလား
ကံငါးပါးကို အမြဲဖောက်ပြန်နေတဲ့စိတ်
ပြုပြင်မရအောင် နှလုံးသားထဲ
ကိန်းအောင်းနေလေရဲ့
ဆန္ဒတွေထုတ်ပိုးကာသိမ်း
အမြဲပြန်မရောက်ဖြစ်တဲ့ ဇာတိမြေ
ခုပြောကြတဲ့သူတို့စကား
သိန်း ၁၀၀ လဲဘာမှလုပ်မရပါလား
မပွင့်ခင် ကြွေတာ ခပ်များများ
ဘုရားစူးရပါစေရဲ့
အမှန်တရားတွေ
တကယ် လား တကယ်လားမေးသူများလာလဲ
မစို့ မပို့ ဗဟုသုတလေးတွေကို
တို့ကာထိကာ ထုတ်မသုံးရဲပဲ
တိတ်တိတ် ဆိတ်ဆိတ်လေး
ကလေးတွေး တွေးပြီး
အသွေးအသားထဲက ဆန္ဒ
အတွေးမမှားပဲ
ရုတ်သိမ်းထားပါ့မယ် ။
jasmine

No comments:
Post a Comment
သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...