စမ်းရေလဲ စီးစေ
လမ်းတွေလဲ နီးစေ
ပန်းကြွေတဲ့ မှော်ရုံတောမှာသာ
နွမ်းနေတဲ့ လူတစ်ယောက်
မကြာခဏ ဆိုသလို
လမ်းပျောက်လို့ နေဆဲ
ဘယ်မှာလဲ .....
လူတွေ ကင်ပွန်းတပ်နေကြတဲ့
မြင့်မြတ်တဲ့ သစ္စာတရားတွေ .....
ဘယ်မှာလဲ ......
ကဗျာဆရာတွေ အသံကောင်းဟစ်နေကြတဲ့
ကြီးကျယ်ခမ်းနားတဲ့ မေတ္တာတရားတွေ .......
ကိုယ်ချင်းစာခြင်းတရား ဆိုတာကိုလဲ
တစ်ခါလောက်တော့ ငါတွေ့ဖူးချင်မိရဲ့ .....
အရာအားလုံးကပဲ ငါနဲ့ ဝေးနေတာလား ?
ငါကပဲ အရာအားလုံးနဲ့ ဝေးနေတာလား ?
များများမတွေးပဲ မျက်စိမှိတ်လိုက်ရင်ရော
ဒီည အိပ်လို့ ပျော်မှ ပျော်ပါ့မလား ?
ခါးတဲ့ဘ၀မှာ တမာလို
ချိုမလာနိုင်တာ သိရဲ့သားနဲ့
ဇွတ်တိုး မျှော်မိတဲ့ ငမိုက်သား
သြော် ..... ဒီဒုက္ခကရော
ကျွတ်မှ ကျွတ်ပါ့မလား ?
No comments:
Post a Comment
သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...