-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Monday, September 30, 2013

အချစ်ဆိုတာ နင့်မိခင်လား

ကာရံတွေသက်ပြင်းချတဲ့ညက
ကြယ်တာရာတွေ စောင်ခြုံကွေးလို့
 မိုးတိမ်တလိမ့်လိမ့်နဲ့
လမင်းတောင် ညပျောက်နေလေရဲ့ ။
ကြင်နာသူက နာကျင်သူအဖြစ်ထားခဲ့ပြန်တော့
ဒဏ်ရာမပေါ်တဲ့ ဝေဒနာအတွက်
ဘယ်သူကများဆေးစွမ်းတစ်လက်
ဖော်စပ်ပေးနိုင်မှာလဲ ။
သံသယမြေဆီလွှာပေါ်မှာ
အချစ်သစ်ပင်ဆိုပြီး
ခနော်ခနဲ့တိုးထွက်လာမှတော့
ဒီသစ်ပင်ဟာ ဘယ်လိုကြီးထွားရှင်သန်ရမလဲ ။
အတွေးတွေ ဟိုရောက် ဒီပေါက်နဲ့
ရင်ဘတ်အောက်က နှလုံးသားကို
ဓါးတုံးတုံးထောက် မေးကြည့်မိသည်
အချစ်ဆိုတာ နင့်မိခင်လား ။
လွင်ပြင်လှိုင်းငယ်

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...