-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Tuesday, April 2, 2013

အရက်နှင့်..သေခြင်းတရား

Zaw Thiha
အရက်နှင့်..သေခြင်းတရားဆိုတော့..အရက်သောက်ပြီးသေတာမဆန်းပါဘူးဟုပြောကြလိမ့်မည်..ဘာကြောင့်လဲ....သေတာတွေအမျိုးမျိုးရှိကြမှာပေါ့..အနှေးနဲ့အမြန်ဆိုသလို..ရောဂါရလာလို့..ကျွမ်းပြီးသေတာတွေ..အရက်သောက်ပြီးအနေအအထိုင်မဆင်ခြင်လို့သေတာတွေ...သောက်တဲ့အရက်..ကအဆိပ်သော်၎င်း..အစာနှင့်မတည့်လို့သော် ၄င်း..အဆိပ်သင့်သေတာတွေ..အမျိုးမျိုးပါ..မြန်မာနိုင်ငံမှာလည်းအရက်အဆိပ်သင့်လို့သေတဲ့သတင်းတွေအင်တာနက်မှာတွေ့ဘူးပါတယ်...ကဲ..အခုတော...့ မလေးရှားမှာ ဇာတ်လမ်းစလာပြန်ပါပြီ..ပြီးခဲ့သည့်တရုတ်နှစ်ကူးကာလ..ဖေဖေါ်ဝါရီလဆန်းပိုင်းကအစပြုလာတာ..ဘလက်ကောင်းနယ်မြေမှာ(၆)ဦးဆေးရုံတင်လိုက်ရပြီး (၅)ဦးမှာသေဆုံးသွားပါတယ်တဲ့..တစ်ယောက်ကတော့မျက်လုံးကွယ်သွားပါတယ်တဲ့..ဘယ်လိုဖြစ်လဲမေးကြည့်တော့..အဲ့ဒီ့အရက်ကိုသောက်ပြီးတာနဲ့..တခါထဲမူးသွားလိုက်တာ..ခေါင်းလဲမထောင်နိုင်..သတိလဲမရ..ဆေးရုံတင်လိုက်တော့ဆေးရုံးမှာသေသွားတယ်ပေါ့ဗျာ..သေဆုံးသူတွေကတော့ရခိုင်အမျိုးသား၃ဦးနှင့်မြန်မာအမျိုးသား၂ဦးပါတဲ့..သောက်လိုက်တဲ့အရက်က..မြန်မာဝီစကီ..တဲ့..ကဲဟုတ်ပါပြီ..ဒါနဲ့ပဲ..နောက်ထပ်ကြိုကြား..တစ်ယောက်.. နောက်တစ်နေရာမှာနောက်တစ်ယောက်..သေဆုံးတာတွေတွေ့နေရပါတယ်..သို့သော်အရက်အဆိပ်လေပဲလား...အရက်သောက်ပြီးဖြစ်သလိုအိပ်မိလို့လား...သို့သော်..အရက်ကြောင့်သေနေကြတာတွေကြီးပဲတွေ့နေရပါတယ်...ပြီးခဲ့သည့်မတ်လ ၁၉ ရက်နေ့က..ကလန်းဆေးရုံမှာနာရေးတစ်ခုသွားပြီးကူညီတော့.ဒီနိုင်ငံကနာရေးလုပ်ငန်းလုပ်ဆောင်သူကဘာပြောလဲဆိုရင်..မင်းတို့မြန်မာတွေအခုတလောအရက်တွေသောက်ပြီးသေနေကြတယ်လို့ပြောပါတယ်...မနေ့ကပဲ..မင်းတို့လိုအဖွဲ့တစ်ခုက ၃လောင်းတောင်သင်္ဂြိုလ်လိုက်တယ်လို့ပြောပါတယ်...ဒီလိုသေနေပါတယ်ဆိုတာတောင်..အရက်သောက်နေကြတုန်းပါပဲ...ဘာဖြစ်လို့လဲဆိုတော့..ရောင်းတဲ့သူရှိလို့သောက်တယ်..ရောင်းတဲ့သူကလဲသောက်တဲ့သူရှိလို့ရောင်းတယ်..ဟုတ်တယ်..ဒါဆိုရင်ဘယ်သူ့ကိုတားမလဲ...ဒီအရက်ကိုထုတ်လုပ်မိတဲ့သူတွေ..သူတို့ကိုယ်ကိုအသိဆုံးပါ...ပြီးတော့ရောင်းတဲ့သူတွေကလဲ..အမြတ်များများလိုချင်တော့ဈေးပေါပေါနဲ့ဝယ်ပြီးရောင်းကြပါတယ်...ကွာလီတီတွေဘာတွေမသိဘူး...သောက်လို့မူးရင်ပြီးရောပေါ့...မယုံမရှိနဲ့..အခုမလေးရှားရဲတပ်ဖွဲ့ကလဲ..မြန်မာဆိုင်တွေကိုအရက်တွေလိုက်ဖမ်းနေပြီလေ..၂၀ရက်နေ့ က ကလန်းမဲရူးဘက်မှာလိုက်ဖမ်းနေပါတယ်..ပြီတော့ရာဝမ်းဘက်တွေမှာလဲ..ဆိုင်လေးတွေမဖွင့်ရဲကြဘူး..အကောင်းဆုံးကတော့ဗျာ..အရက်ထုတ်လုပ်တဲ့သူတွေ..ကွာလီတီမှီအောင်ထုတ်ပေးကြဘို့ပြောရတော့မှာပါဘဲ..မလေးရှားမှာ..မြန်မာနိုင်ငံအရက်အမျိုးမျိုးတံဆိပ်ကပ်ပြီး..ကိုယ်တိုင်ထုတ်လုပ်နေကြတော့..အတော်ခက်ပါတယ်...ဒီတံဆိပ်ကိုပဲလူ သုံးလေးဦးက ထုတ်နေကြတာပါ...နေ့စဉ်အရက်သောက်နေကြတဲ့..မြန်မာနိုင်ငံကအလုပ်သမားလေးတွေလဲ..အထူးဂရုပြုသင့်ပါတယ်..သူရာထောင်ချောက်သဖွယ်..မသောက်ရရင်တစ်မျိုးလိုနေတာရယ်...အချိန်ကျလို့သောက်ချင်တာတွေရယ်...စိတ်ညစ်လို့သောက်တာတွေရယ်...အလုပ်ပင်ပန်းလွန်းလို့သောက်တာတွေရယ်..အသက်ကိုဥာဏ်စောင့် ဥစ္စာကိုကံစောင့်ဆိုသလို..သတိနဲ့ဆင်ဆင်ခြင်ခြင်သောက်သင့်ပါတယ်..နီးစပ်ရာကျန်းမာရေးအကြောင်းနားလည်သူတွေ၊ဆရာဝန်တွေကိုမေးမြန်းသင့်ပါတယ်...အခုဆိုရင်..ကပုန်း၇ရက်သားသမီးနာရေးကူညီမှုအသင်းက..အရက်ကြောင့်သေဆုံးသူတွေများပြားလာတော့..နာရေးတိုင်းမှာအလျဉ်းသင့်သလို..မြန်မာအလုပ်သမားလေးများကို သတိပေးစကားပြောကြားပေးပါတယ်..ဖေဖေါ်ဝါရီလမှ..ယခုမတ်လအထိ အရက်ကြောင့်သေဆုံးသူ..၂၀ ဦးထက်ကျော်လွန်သွားပြီဖြစ်ကြောင်း ကပုန်း၇ရက်သားသမီးနာရေးကူညီမှုအသင်းဥက္ကဌ ကိုဆန်းဝင်းမှပြောပါတယ်..အားလုံးကတော့..အဆိပ်ဖြစ်တာရော..ဦးနှောက်သွေးကြောပြတ်တာရော..အသဲ.နှင့်အစာအိမ်ထိခိုက်သွားတာတွေကောရောနေပါတယ်..ဒီ တစ်ပတ်ထဲမှာတင်..ဒီကနေ့ ၂လောင်းနဲ့..တနေ့က ၂လောင်း..၄ လောင်းဖြစ်နေပါတယ်....ဒါကြောင့်..ကျနော့်အမြင်ကလေးကိုဒီနေရာကတင်ပြရတာပါ..လာမဲ့သင်္ကြန်မှာ..သောက်ကြစားကြပျော်ကြဦးမှာမို့..ဘာကိုပဲလုပ်လုပ် သတိ ကလေးနှင့် ဆင်ခြင်တတ်ကြဘို့တိုက်တွန်းချင်ပါတယ်..အရက်ထုတ်တဲ့သူတွေ...အရက်ရောင်းတဲ့သူတွေ..အရက်သောက်တဲ့သူတွေ..မိမိတို့ ကိုယ်စီ..အသိကလေးတွေနှင့်ဆင်ခြင်ကြပါလို့ပြောကြားလိုက်ပါရစေ...(မိမိကြောင့်သူတစ်ပါးသေကြေမပျက်စီးပါစေနှင့်).....
သတ္တ၀ါအားလုံးကျန်းမာချမ်းသာကြပါစေ

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...