-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Friday, April 19, 2013

စပ်မိစပ်ရာကျွန်တော်၏အတွေးများ ( ၁ )

 ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာတဲ့ 
ဒါဆိုငါက ကံကောင်းနေတာလား
(ဟင့် အင်း နေအရမ်းပူတယ်)
မိုးရွာတာကမှတော်ဦးမယ်
မနေ့ ကအိပ်မက်မက်တယ်
အိမ်မက်ထဲမှာ ငါကသူရဲကောင်း
အိမ်မက်ကနိုးတော့ ချွှေးတွေရွှဲလို့ 
ငါကိုကအခန်းတံခါး ပိတ်ပြီးအိပ်မိတာကို
ပြတင်းပေါက်ကိုထဖွင့် လိုက်တယ်
သတိရချင်းတွေက ခြေစုန်ပြစ်ပြီ
ငါ့ အတွေအိမ်ထဲကို ၀င်လာတယ်
သူ့ နောက်မှာအလွမ်းက ကပ်ပါလာတယ်
အလိုက်ကမ်းဆိုမသိတဲ့  ဧည့် သည်တွေဘဲ
ဒီညတော့  အိပ်ရေပျက်ဦးမယ်ထင်တယ်
အတွေး(၂)
မနေ့ ကတောက်တဲ့  အော်တယ်
မိုးနဲ့ လေ လိုက်အော်မိတာ မိုးတဲ့ 
ဒီနေ့  လေဘဲတိုက်တယ် မိုးမရွာဘူး
ဖေါက်ပြန်နေတဲ့ သဘောလား
ပိတောက်တွေခါတော် မှိမပွင့် နိုင်တော့ ဘူး
ပိတောက်ကသစ္စာရှိပါတယ်
မိုးကမှမရွာတာ
ကံကြမ္မာကိုကကောင်းသလိုလိုနဲ့ ကွက်ကြာမိုး ဘဲရွာတယ်
နှာစေး ချောင်းဆိုယုံနဲ့တော့ ဆေးမသောက်ချင်ဘူး
ငါကအမေမွေးကတဲ့ကငိုချင်နဲ့ကင်ပွန်းတတ်ခဲ့ ကောင်
မိုးမရွာလဲနေ
ပိတောက်မပွင့် လဲရှိပါစေ
ငါ့ ရင်ထဲမှာမင်းရှိနေခဲ့ရင်ပေါ့ 
ကဗျာတွေတောင်မှ
သွေးထွက်သံယိုမဖြစ်နိုင်တော့ ဘူး
ကြယ်ကြွေမှဆုတောင်းနေရင် ဘယ်တရားပါ့ မလဲ...
 
ဒီမိုရင်တွင်းဖြစ်

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...