
အလွမ်းရဲ့ပြုစားခြင်းမှာ ရူးသွပ်နေတုန်း
ချစ်သူက အမုန်း စကားဆိုတယ် ...
မငိုပေမယ့် ...
အလိုလို ကျလာတဲ့ မျက်ရည်ရဲ့သဘာဝမှာ -
အိပ်စက်ခြင်းတွေ ပျောက်ရှခဲ့ရ ..... ။
လောလောဆယ်မှာတော့ -
လက်တွေ့ကျကျ မေးခွန်းတစ်ခုရှိတယ် ...
2 - 1 = ?
( နှစ် ထဲက တစ်ကို နုတ်ရင် ဘာကျန်မလဲ )
သင်္ချာလိုတွက်ရင်တော့ ရှင်းရှင်းလေးပေါ့ -
ဒါပေမယ့် ...
အချစ်စစ်ရဲ့ သီအိုရီမှာတော့ -
နှစ် ထဲက တစ်ကို နုတ်ရင် ရင်ကွဲပက်လက်ကျန်ခဲ့မှာပါ ..... ။
ကိုယ် ကိုယ်တိုင်က ကဗျာတစ်ပုဒ်ဆို -
အချစ် အက္ခရာကို ဘယ်မှာ သွားရှာမလဲ ... ?
သူ - မရှိလို့မဖြစ်တာသိရက်နဲ့
ဒီရင်ဘက်ကို ကြက်ခြေခတ်ဖို့ ကြိုးစားခဲ့တာလား ....
ရုပ်သေးတစ်ရုပ်ရဲ့ အနာဂါတ်အတွက်
ကကြိုးတွေ ပေးခဲ့ပါဦးသခင် ..... ။ ။
Posted by အလင်းရိုင်း
No comments:
Post a Comment
သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...