-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Wednesday, April 17, 2013

ဂုဏ်ယူလိုက်ပါ အမေ-- -

လူငယ်  တခေတ်တဲ့
ထွန်းသစ်လို့ လာခဲ့ပြီ...။
ဘယ်လိုပင် နွံမှာနစ်စေတော့
အရောင်မညစ်တဲ့  ပြည်တန် ပတ္တမြားတွေပါ အမေ....။
အမေ့သားတွေကို

အမှောင်ပိတ် သံလှောင်ချိုင့်ထဲ ဘယ်လိုထည့်ထည့်
ပတ္တမြားလို  အရောင်တောက်
ကြယ်စင်လို ထွန်းလင်းတဲ့
သားတို့ရဲ့ ယုံကြည်ချက်တွေကို
သံကွန်ချာ ခုနစ်ထပ်၊ ကွပ်ညှပ်လို့ ထားပေမယ့်
လွတ်လပ်မှု လူ့အခွင့်ရေး
သားတို့  သွေးနဲ့  ရေးခဲ့ပြီ   အမေ..။
လူဆိုတာ.. ကိုယ့်လမ်း ကိုယ်ထွင်
ကိုယ့်လမ်း ကိုယ်ဖေါက်
ဇောက်နက်တဲ့ ချောက်ကမ်းပါး
ဘယ်လိုပင် တားတား
မြင့်မားတဲ့တောင်၊ ကျယ်ဝန်းတဲ့ မြစ်
ကျော်ဖြတ်ပစ်ပြီး
တောကြီးက  ဘယ်လိုပင် အမှောင်နက်
တောခွေးတွေ၊ ဘယ်လို  ဟောင်ပါစေ
သည်တော သည်တောင်
သည်အမှောင်ကို ကျော်ဖြတ်
သားတို့   ပြည်သူ့ အောင်ပွဲဆီ
သွေးနီနီနဲ့  ချီတက်ရမှာပဲ အမေ...။
ပြည်သူ့တာဝန်  တို့တာဝန် 
ပြည်သူ့ဘဝ   တို့ဘဝမို့
ပြည်သူ့ဘဝ  လွတ်မြောက်ရေး..
အသက်ပေးလို့ သွေးရဲတာကို
ဂုဏ်ယူလိုက်ပါ   အမေရယ်..။
                                   တက်နေထွဏ်း

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...