
တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ပြီး နှစ်တစ်ရာခန့် ကြာသောအခါ
ထိုတိုင်တန်းနစ်သင်္ဘောကြီးနစ်မြုပ်ရခြင်း၏ တရားခံကို သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထိုအရာက လ ဖြစ်သည်။
တိုင်တန်းနစ်သွားနေသော ရေလမ်းပေါ်သို့ ကြီးမားလှသော ရေခဲတောင်ကြီးများ လျှောဆင်းလာရခြင်းမှာ
လ နှင့်ဆက်စပ်နေကြောင်း တက်(က်)ဆက် တက္ကသိုလ် ပါမောက္ခ ရူပဘေဒပညာရှင် ဒေါ်နယ် အိုလ် ဆင်က ရှင်းပြခဲ့သည်။
သူနှင့်သူ့အဖွဲ့က လနှင့်ပတ်သက်သော အချက်အလက်များကိုသုတေသနပြုလျှက်ရှိကြသည်။
၁၉၁၂ခု၊ ဧပြီလ ၁၅ ရက်နေ့ ၌ တိုင်တန်းနစ်သင်္ဘောကြီးနစ်မြုပ်ခဲ့ပြီး လူပေါင်း ၁၅၁၇ ယောက် သေဆုံးခဲ့သည်။
ထိုစဉ်ကထဲက ကပ္ပတိန် အက်(ဒ်)ဝါ(ဒ် ) စမစ်၏ ရေခဲတောင်ကြီးများ သင်္ဘောခုတ်မောင်းရာ လမ်းပေါ်သို့ ရောက်ရှိနေကြောင်း သတိပေးစကားနှင့်ပတ်သက်ပြီး သုတေသနပညာရှင်များ စဉ်းစားမရဖြစ်နေခဲ့ကြသည်။
စမစ်သည် အတွေ့အကြုံအများဆုံး ကပ္ပတိန် ဖြစ်သဖြင့် ထိုခရီးကို ဦးဆောင်ရွက်လွှင့်ရန် အထူးရွေးချယ်ခံရသူလည်းဖြစ်သည်။အလွန်ဗဟုသုတကြွယ်ဝပြီး စေ့စပ်သေချာလှသူဖြစ်သည်။
ဤမျှများပြားသောရေခဲတောင်ကြီးများ ထိုညက အဘယ့်ကြောင့် သဘောင်္ခုတ်မောင်းရာလမ်းပေါ် ရောက်ရှိနေရသနည်း။ 1912 ခု ဇန်နဝါရီလ က ကမ္ဘာနှင့် လ အလွန်နီးကပ်နေခြင်းကြောင့်
ဒီရေ အဆမတန်တက်လာပြီး ထိုကြောင့်ပင် Greenland မှာရှိနေသောရေခဲတောင်ကြီးများ
ပင်လယ်ရေပြင်သို့ ထိုးဆင်းလာခဲ့ခြင်းဖြစ်နိုင်ကြောင်း အဏ္ဏဝါဗေဒပညာရှင် Fergus Woodက အကြံပြုခဲ့သည်။
၁၉၁၂ခု၊ ဇန်နဝါရီလ လေးရက်က အနေအထားသည် အလွန်ကြုံကြိုက်ခဲကြောင်း(Once-in-many-lives)၊
နေနှင့်လ အပြန်အလှန် ဆွဲငင်နေကြကြောင်း၊ ထို့ကြောင့်ပင် လ သည် လပြည့်ဖို့ ၆ မိနစ်အလိုတွင်
ကမ္ဘာမြေနှင့် နှစ် ၁၄၀၀ အတွင်း အနီးဆုံး၌ရှိနေခဲ့သည်။
ပို၍အရေးကြီးသောအချက်မှာ ဇန်နဝါရီလ သုံးရက်နေ့က နေသည်လည်းကမ္ဘာမြေနှင့်အနီးဆုံး၌ရှိနေခဲ့သည်။
"ဒီလို နေ နဲ့ လ တို့ အပြန်အလှန် ဆွဲငင်နေကြခြင်းကြောင့်
လ ဟာ ကမ္ဘာမြေနဲ့ အနီးကပ်ဆုံးမှာရှိနေပြီး
ဒီရေဟာလည်း အမြင့်ဆုံးမှာ ရှိနေပါတယ်၊
နောက်ပြီးတော့နေနဲ့ ကမ္ဘာမြေ အလွန်နီးခြင်းကြောင့်
ရေခဲတောင်တွေ ပဲ့ထွက်လာပြီး အဲဒီ ပဲ့ထွက်လာတဲ့ရေခဲတောင်တွေက
သဘောင်္ခုတ်မောင်းရာလမ်းပေါ် ရောက်ရှိနေရခြင်းဖြစ်ပါတယ်"
လို့ ပရော်ဖက်ဆာ အိုလ်ဆင် ကရှင်းပြခဲ့သည်။
ထို Greenland မှပဲ့ထွက်လာ ရေခဲတောင်များကပင် ဧပြီ လလယ်၌ရွက်လွှင့်ခဲ့သော တိုင်တန်းနစ်သင်္ဘောကြီးကို နစ်မြုပ်စေခဲ့ခြင်းဖြစ်သည်။
REUTERS.
The Strait Times. March 8, 2012.
Original Story >>What sank the Titanic? Scientists point to the moon
No comments:
Post a Comment
သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...