-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Sunday, April 7, 2013

ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား ထိန်းသိမ်းနိုင်ကြ ပါရန် ကိုးရီးယားတွင် ဥပဒေထုတ်ပြန်

ခေတ်ကာလ မိန်းမပျိုတို့၏ ဝတ်စား ဆင်ယင်မှု အတင့်ရဲလာခြင်း၊ မိဘလူကြီး သူမတို့အပေါ် ဆက်ဆံရာတွင် ရိုင်းစိုင်းသည့် အသွင် ဆောင်လာခြင်း တို့ကို မိတ်ဆွေ စာပေသမားတို့ ဆုံဆည်းခိုက် ဆွေးနွေး မိကြသည်။

''ဟိုတုန်းက အနောက်တိုင်း ယဉ်ကျေးမှုဆိုပြီး အမေရိကနဲ့ ဥရောပ ဒေသများက လူတွေရဲ့ ဓလေ့ စရိုက် ကိုမှ အတုယူ အထင်ကြီး အားကျတဲ့ လူတန်းစား တစ်ရပ် ရှိခဲ့ကြောင်း၊ ပါတီပွဲ တွေမှာများ ရောနှော အရက် အတူတူသောက်၊ တွဲပြီးကခုန်ကြ၊ ညဥ့်နက်သန်းခေါင်မှ မူးယစ်ရီဝေစွာ အိမ်ပြန်ကြတဲ့ မိန်းကလေးတွေ ရှိခဲ့ ဖူးကြောင်း၊ ဒါကလည်း လူကုံထံ အသိုင်းအဝိုင်း နည်းနည်းကလေး များပင် ဖြစ်တာကြောင့် မြန်မာ တစ်မျိုး သားလုံး အတွက် မထောင်းသာကြောင်း၊ ခုများကျတော့ အရှေ့တိုင်းက ကိုရီးယား ယဉ်ကျေးမှုက မြန်မာ့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအပေါ် အကွက်ကျကျ အကြားအလပ်မရှိ လွှမ်းမိုးလာတာဟာ ရှေ့ အနာဂတ် အတွက် ရင်လေးစရာ ကောင်းလှကြောင်း'' မိတ်ဆွေ ရှေ့နေကြီးက ပြောပြပါသည်။

ခုခေတ် မိန်းကလေးတွေဟာ သူတို့ အထင်ကြီး လေးစားတဲ့ ပြည်တွင်း ပြည်ပ ရုပ်ရှင်နဲ့ ဂီတနယ်ပယ်က ပုဂ္ဂိုလ်တွေ (အထူးသဖြင့်) အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှု စတိုင်လ်တွေကို အားကျအတုခိုး မြန်လွန်း ကြောင်း၊ စီးပွားရေးသမားများ ကလည်း အကွက်မြင်သူများ ပီပီ ရုပ်ရှင်ထဲက အဝတ်အစား ဒီဇိုင်းတွေကို ချက်ချင်း ဆိုင်ပေါ်ရောက်အောင် စီမံနိုင်ကြလေတော့ အလွန် ကူးစက်မြန်တဲ့ ယဉ်ကျေးမှု ရေစီးကြောင်း ကြီးဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှု နောက်ကျတဲ့ နိုင်ငံက လူငယ်တွေကို နေ့စဉ် ဝါးမျို သိမ်းသွင်းလျက် ရှိကြောင်း ပင်စင်စား ကျောင်းဆရာကြီး ကလည်း ဝင်ပြီး ဆွေးနွေးပါသည်။

ထို ကိုရီးယားမှာပင် ယခုအခါ စကပ်တို ယဉ်ကျေးမှု (စကပ်တို ဝတ်စားမှု) ကို ကန့်ကွက်သည့် ဥပဒေများ ထုတ်ပြန် လာပြီ ဖြစ်ကြောင်း၊ ကိုရီးယားကို အတုခိုးသည့် မြန်မာမလေးများ သတိပြုကြ စေလိုကြောင်း၊ မိမိ၏ ဝတ်စား ဆင်ယင်မှုသည် တစ်ဖက်သား (အထူးသဖြင့် ယောက်ျားသား) များနှင့် မိဘ မောင်ဖားများကို မည်မျှ စိတ်အနှောင့်အယှက် ဖြစ်ရမည်ကို ကြို တွေးသင့်ကြောင်း၊ ဆရာကြီး ရွှေဥဒေါင်းတို့ ခေတ်ကဆိုလျှင် မိန်းကလေးများ စက်ဘီး စီးသည်ကိုပင် အချို့ မြန်မာကြီးများက မြန်မာ့ယဉ်ကျေးမှု ပျက်ပြားစေသည်ဟု ရှုတ်ချ ခဲ့ဖူးကြောင်း ရှေ့နေကြီးက ထောက်ပြ ဆွေးနွေးပါသည်။

စာရေးသူမှလည်း ''ခေတ်ကာလကို မဆန့်ကျင် လိုပါကြောင်း၊ သို့သော် မိမိ၏ ဝတ်စား ဆင်ယင်မှုနှင့် အပြု အမူသည် မိမိ သွားရမည့် လမ်းခရီး၊ နေရာဌာန၊ တွေ့ဆုံရမည့် လူပုဂ္ဂိုလ်နှင့် ပတ်သက်ပြီး ချင့်ချိန်သုံးသပ် ပြီးမှ ဝတ်စားဆင်ယင် သွားလာကြပါလျှင် အမြင်မတော်မှု များ လျော့နည်း နိုင်ပါကြောင်း၊ ယောက်ျား၊ မိန်းမ ဟူ၍ မဆိုလိုဘဲ အချို့ ယောက်ျားလေးများ သည်လည်း အင်တာဗျူး ဖြေဆိုရာတွင်ပင် ဘောင်းဘီတို၊ ဆံပင် စုတ်ဖွား နီကြောင်ကျား၊ နားကွင်းများ ဝတ်ဆင်လျက် လာကြကြောင်း၊ မိမိအား အလုပ်ခန့်အပ်မည့် ပုဂ္ဂိုလ်များအပေါ် ထီမထင်သည့် မျက်နှာပေး၊ အပြုအမူ၊ အပြောအဆိုများကို တွေ့ရသည့်အခါ စိတ်မ ကောင်း ဖြစ်မိကြောင်း၊ မြန်မာတို့၏ ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်သည် တိုင်းခြား ယဉ်ကျေးမှု တို့၏ တိုက်စား နင်းချေခြင်းကို လှလှပပကြီး ခံလိုက်ရပြီလားဟု သံသယ ဖြစ်မိပါကြောင်း'' ရင်ဖွင့် မိပါသည်။
အောင်ကျော်ပိုင်


No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...