-->

ဘား

ဘား

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့ တောက်ပတဲ့ ကြယ်လေးကို ခူးဆွတ်ယူခွင့်ပြုပါ။ လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့ ရိုးသားဖြူစင်တဲ့ မင်းလေးကို ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။ (အလွမ်းပြေ နှစ်သိမ့်တဲ့တေး နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့ ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့ အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်... ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့် တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ အလွမ်းပြေစရာပေါ့ ယုံကလေးရယ်..... "ငိုနေသောနှလုံးသား"

Monday, April 22, 2013

တကယ်ပါဟာ

မတွေ့ရတဲ့နေ့တွေ များလာလို့ထင်ပါရဲ့
အလွမ်းတွေက ငါ့မာနကို
အနိုင်ယူသွားတာကြာပြီ...။

နင့်အတွက် မဟုတ်ဖုးလို့
ကြွေးကြော်ထားတဲ့ မျက်ရည်တွေတောင်
အခုထိ မစဲနိုင်သေးဘူး..။

ယုံကြည်လွန်းတဲ့ ငါ့အတွက်
အချစ်က ပေးတဲ့ သင်ခန်းစာဆိုရင်
အသည်းကွဲခြင်းဆိုတာ ငါမယူပါရစေနဲ့...
ငါနင့်ကို လိုအပ်နေတုန်းပဲလေ...။

တကယ်ပါဟာ
ငါက နင့်ကိုဗဟိုပြုပြီး
တစ်လောကလုံးကို တည်ဆောက်ထားခဲ့တာ...

နင်သာထွက်သွားမယ်ဆိုရင်...
ငါ့အတွက် မနက်ဖြန်ဆိုတာ
နေကြတ်တဲ့နေ့ ဖြစ်လိမ့်မယ်
ငါ့ကမ္ဘာကြီး အမှောင်ကျလို့...။

လွမ်းဝေ

No comments:

Post a Comment

သင့်ရဲ့Commentကိုမြင်ရတာအကျွနုပ်အတွက်အားဆေးတစ်ခွက်ပါ မိတ်ဆွေ...